Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 761–780 of 1,415 words

    ရ

    ရီမွိန့်

    [ɹímwèɪɴ့]
    ကတော့ သဏ္ဍာန် အထက်ကျယ်ပနာ အထဲ အောက်ကို နိမ့်ဟိုင်း ရစ်လည်သော ရေဝဲ တမျိုး
    ကတော့ သဏ္ဍာန် အထက်ကျယ်၍ အတွင်း အောက်သို့ နိမ့်ရှိုင်း ရစ်လည်သော ရေဝဲ တစ်မျိုး
    whirlpool - eddy
    နာမ်

    ရီမွီ.

    [ɹímwí.]
    နှာပိတ်ကေ ရီမွီ.ခံက နှာပွင့်ရေ (အရပ်)
    နှာပိတ်ကေ ရီမွီ.ခံက နှာပွင့်ရေ (အရပ်)
    steam - water-vapour
    နာမ်

    ရီမွီ.ခံ

    [ɹímwí.kʰံ]
    ရေကို ဆူဆူကြီး ဖြစ်ယောင် ဆောက်လုပ်ပြီး ယင်းရေငွီ့၏ အခိုးကို လူမမာအား အဝတ်လေးဘက် ကာရံ၍ ခံစီရေ
    ရေကို ဆူဆူကြီး ဖြစ်အောင် ဆောက်လုပ်ပြီး ယင်းရေငွေ့၏ အခိုးကို လူနာအား အဝတ်လေးဘက် ကာရံ၍ ခံစေသည်
    be steam - be water-vapour
    ကြိယာ

    ရီမွှီး

    [ɹímW̯ï]
    ကိုယ်ခန္ဓာ အဝတ်အစားမာ ဆွတ်ဖျန်းရန် အမျိုးမျိုးသော အမွှီးအထုံမျိုး နံ့သာရို့မှ စစ်ထုတ်ပနာ ဖော်စပ်ထားရေ အရည်
    ကိုယ်ခန္ဓာ အဝတ်အစားတွင် ဆွတ်ဖျန်းရန် အမျိုးမျိုးသော အမွှေးအထုံမျိုး နံ့သာတို့မှ စစ်ထုတ်၍ ဖော်စပ်ထားသော အရည်
    scent - perfume
    နာမ်

    ရီးမှတ်

    [ɹïm̥aʔ]
    အစိုင်အဆက် သိဟိနှိုင်ဖို့ စာနန့်ရီးပနာ ထားရေ
    အစဉ်အဆက် သိရှိနိုင်ရန် စာနှင့်ရေး၍ ထားသည်
    take notes - note down
    ကြိယာ

    ရီမှုတ်

    [ɹím̥oʊʔ]
    အုန်းသီး အဆန်ကို ခြစ်ထုတ်ပြီး လုံးဝိုင်း၍ မာသော အထဲခွံကို လက်ကိုင်ရိုး တပ်ထားရေ ရီခွက်
    အုန်းသီး အဆန်ကို ခြစ်ထုတ်ပြီး လုံးဝိုင်း၍ မာသော အတွင်းခွံကို လက်ကိုင်ရိုး တပ်ထားသော ရေခွက်
    coconut shell half shell of a coconut used as a cup
    နာမ်

    ရီမှုတ်ခွံ

    [ɹím̥oʊʔkʰwံ]
    အုန်းသီး အဆန်ကို ခြစ်ထုတ်ပြီး လုံးဝိုင်း၍ မာသော အထဲခွံ
    အုန်းသီး အဆန်ကို ခြစ်ထုတ်ပြီး လုံးဝိုင်း၍ မာသော အတွင်းခွံ
    coconut shell half shell of a coconut used as a cup
    နာမ်

    ရီမှုတ်ခွက်

    [ɹím̥oʊʔkʰwɛʔ]
    ခွက်အဖြစ် အသုံးပြုရေ အုန်းမှုတ်။ ခတော်ကို လက်ကိုင်ရိုးတပ်ထားရေ ရီခွက်
    ခွက်အဖြစ် အသုံးပြုသော အုန်းမှုတ်။ အုန်းမှုတ်ခွက်ကို လက်ကိုင်ရိုးတပ်ထားသော ရေခွက်
    coconut shell half shell of a coconut used as a cup
    နာမ်

    ရီယက်

    [ɹíjɛʔ]
    သင်္ဘော အစဟိစွာ၏ နောက်ပိုင်းမာ ရေကို ယက်ကန်အားဖြင့် တိုးရွေ့ စီရေ လည်ပတ်သော အရီပြားပါ ကိရိယာ။ ၂၊ ငါး သတ္တဝါရို့၏ ကိုယ်ထည်၌ အတောင်ပိုင် ရေ၌ လှုပ်ရှား၍ ကူးခပ် လားလာနှိုင်ရေ အစိတ်အပိုင်း
    သင်္ဘော စသည်၏ နောက်ပိုင်းတွင် ရေကို ယက်ကန်အားဖြင့် တိုးရွေ့ စေသည့် လည်ပတ်သော အရေပြားပါ ကိရိယာ။ ၂၊ ငါး သတ္တဝါတို့၏ ကိုယ်ထည်၌ အတောင်သဖွယ် ရေ၌ လှုပ်ရှား၍ ကူးခပ် သွားလာနိုင်သည့် အစိတ်အပိုင်း
    fin ( of fish) paddle-wheel
    နာမ်

    ရီယက်ကြောင်း

    [ɹíjɛʔt͡ɕáʊɴ]
    လောင်း၊ သင်္ဘော လားလာရာ အစဟိစွာမာ နောက်ဘက် ရီပြင်၌ ထင်၍ ကျန်ခသော ရီစီး
    လှေ၊ သင်္ဘော သွားလာရာ စသည်တွင် နောက်ဘက် ရေပြင်၌ ထင်၍ ကျန်ခဲ့သော ရေစီး
    water course
    နာမ်

    ရီယက်ပန်း

    [ɹíjɛʔpáɴ]
    လောင်း၊ သင်္ဘော အစဟိစွာ လားလာရာမာ ဦးပိုင် ဝဲယာရီပြင်မာ ရီထု ဖြာကွဲပနာ ဝေကျသော ရေမှုန်ရေမွှား
    လှေ၊ သင်္ဘော စသည် သွားလာရာ၌ ဦးပိုင် ဝဲယာရေပြင်တွင် ရေထု ဖြာကွဲ၍ ဝေကျသော ရေမှုန်ရေမွှား
    water sprinkler - spray fountain
    နာမ်

    ရီယင့်

    [ɹíjɪ̰ɴ]
    ဖြားရီ အကျဆုံး အချိန်နန့် အတက်ဆုံး အချိန်ရို့မာ ပြန်ပနာ မတက်မီ၊ မကျမီ အခိုက်အတန့်၌ ရေငြိမ်တန့် နိန်ရေ။ ၂၊ ဖြားရီ ရှေ့မတိုး နောက်မဆုတ် ငြိမ်တန့်နိန်ရေ
    ဒီရေ အကျဆုံး အချိန်နှင့် အတက်ဆုံး အချိန်တို့တွင် ပြန်၍ မတက်မီ၊ မကျမီ အခိုက်အတန့်၌ ရေငြိမ်တန့် နေသည်။ ၂၊ ဒီရေ ရှေ့မတိုး နောက်မဆုတ် ငြိမ်တန့်နေသည်
    stable
    နာမ်

    ရီယင်ကျား

    [ɹíjɪ̀ɴt͡ɕá]
    ရီကန် အစဟိစွာ၏ ရီပြင်ပေါ်၌ အယင့်ယင် ပြေးသွား ကျက်စားတတ်ရေ ခြေလေးဘက်ဟိ ပိုးကောင်ငယ်
    ရေကန် စသည်၏ ရေပြင်ပေါ်၌ လျင်မြန်စွာ ပြေးသွား ကျက်စားတတ်သော ခြေလေးဘက်ရှိ ပိုးကောင်ငယ်
    mosquito
    နာမ်

    ရီယားနာ

    [ɹíjánà]
    မသန့်သော ရေရို့မပြတ် ထိစိုရာမှ ခြီချောင်းလက်ချောင်းရို့ အကြား အရီပြား၌ ယားယံ နာကြင်စီရေ ရီနာတမျိုး
    မသန့်သော ရေတို့မပြတ် ထိစိုရာမှ ခြေချောင်းလက်ချောင်းတို့ အကြား အရေပြား၌ ယားယံ နာကျင်စေသော ရီနာတစ်မျိုး
    itch
    နာမ်

    ရီယုန်နာ

    [ɹíjòʊɴnà]
    လူတိုင်း၏ ကိုယ်ခန္ဓာ အရီပြား၊ နှုတ်ခမ်းဝန်းကျင်၌ မခံချိမခံသာ နာကြင်စီပြီးကေ အရီပြား ဖုတွန့်ရာ ကချေတိ နီရဲစွာ ပေါ်တတ်ရေ အနာတမျိုး
    လူတိုင်း၏ ကိုယ်ခန္ဓာ အရေပြား၊ နှုတ်ခမ်းဝန်းကျင်၌ မခံချိမခံသာ နာကျင်စေလျက် အရေပြား ဖုတွန့်ရာ ကလေးများ နီရဲစွာ ပေါ်တတ်သော အနာတစ်မျိုး
    herpes facialis - herpes
    နာမ်

    ရီယောင်ချောင်း

    [ɹíjàʊɴɕáʊɴ]
    အနာရောဂါ ကင်းရှင်သော။ မာချာသော။ အီသာသော။ ညီဘုန်းခေါင်လျှင်၊ သံယောင်ကကျိုင်း၊ ရီယောင်းချိုင်းအောင်၊ မှန်းဆပြီးခါ (ကော်)
    အနာရောဂါ ကင်းရှင်သော။ မာချာသော။ အီသာသော။ ညီဘုန်းခေါင်လျှင်၊ သံယောင်ကကျိုင်း၊ ရီယောင်းချိုင်းအောင်၊ မှန်းဆပြီးခါ (ကော်)
    health
    နာမဝိသေသန

    ရီရခွက်

    [ɹíɹkʰwɛʔ]
    ရေထည့်ရန်အိုး။ အိုးခက်
    ရေထည့်ရန်အိုး။ ရေအိုး
    water pot
    နာမ်

    ရီရာ

    [ɹíɹà]
    ရေပြည့်် တက်ကြောင်း သိသာ ထင်ရှားစီသော အမှတ်အသား
    ရေပြည့်် တက်ကြောင်း သိသာ ထင်ရှားစေသော အမှတ်အသား
    reach at full marker river
    နာမ်

    ရီးရာ

    [ɹïɹà]
    အကြောင်းကိစ္စ။ အဖြစ်အပျက်
    အကြောင်းကိစ္စ။ အဖြစ်အပျက်
    matters relating to sth - affairs (as in ရဲဘော်~၊ အလုပ်သမား~)
    နာမ်

    ရီရာထင်

    [ɹíɹàtʰɪ̀ɴ]
    ကမ်းထောင်းယံနန့် လျောဆင်း လားရေ ရေမျက်နှာပြင်တွိထိရာ အနားကြောင်း ထင်ကျန်သည်
    ကမ်းပါးယံနှင့် လျောဆင်း သွားသော ရေမျက်နှာပြင်တွေ့ထိရာ အနားကြောင်း ထင်ကျန်သည်
    water level - water mark
    နာမ်