Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 61–80 of 1,415 words

    ရ

    ရင်း၃

    [ɹɪ́ɴ၃]
    ဆွီမျိုး တော်စပ်မှုမာသွီးနံဖီးစပ်ဆုံး ဖြစ်ရေ။ အဆက်အသွယ် ပြုမှုမာ တိုးပြီးကေ နီးစပ် ကျွမ်းဝင်သော
    ဆွေမျိုး တော်စပ်မှုတွင် သွေးအနီးစပ်ဆုံး ဖြစ်သော။ အဆက်အသွယ် ပြုမှုတွင် တိုး၍ နီးစပ် ကျွမ်းဝင်သော
    be closely related (as in အဆွေစပ်ကေ ပို~)
    နာမဝိသေသန

    ရင်ကန်

    [ɹɪ̀ɴkàɴ]
    ထက်-အောက် တဖြောင့်တည်း နီးပါး ဒေါင်လိုက် တည်သော။ ဗေါင်းဇောက် တည်ဟိနိန်ရေ။ (တောင်၊ အပင် အစဟိစွာရို့ကို တက်ရရေအခါမျိုး) တောင်နီတောင်ကို ရပ်စောက်ရင်ကန် တက်ရစွာရာ မလားယေ (အရပ်)
    ထက်-အောက် တဖြောင့်တည်း နီးပါး ဒေါင်လိုက် တည်သော။ မတ်စောက် တည်ရှိနေသော။ (တောင်၊ သစ်ပင် စသည်တို့ကို တက်ရသောအခါမျိုး) တောင်နီတောင်ကို ရပ်စောက်ရင်ကန် တက်ရစွာရာ မလားယေ (အရပ်)
    steep (bank etc.)
    နာမဝိသေသန

    ရင်ကန့်

    [ɹɪ̀ɴkàɴ့]
    ထဘီကို ရင်ပတ်အထက် နို့သီးကို ဖုံးလွှမ်း၍ ဝတ်ရေ
    ထဘီကို ရင်ပတ်အထက် သားမြတ်ကို ဖုံးလွှမ်း၍ ဝတ်သည်
    clothe on chest
    ကြိယာ

    ရင်ကပ်ထဗိန်

    [ɹɪ̀ɴkaʔtʰbèɪɴ]
    ရင်ဝတ်ထဗိန် ဘိန် (ကွင်းချုပ်ထားခြင်း မဟုတ်ဘဲနန့်) ၆တောင်လောင်းာက်ဟိ ဟကွဲ ထဘီ(ဗလာထဘီ)မာ ရင်ဖုံးကို ဖျင်အမည်း တပ်ပြီး၊ ဖျင်ကြမ်းအဖြူကို အထဲခံ၍ ခြုပ်ထားရေ ရှီးဟောင်း ရခိုင်သက်ကြီး၊ အဘောင်သျှင်မကြီးရို့ ဝတ်ဆင်သော ထဘီတမျိုး၊ ယင်းတဘီကို ခါးမာနှစ်ပတ်ရစ်ကာ ခါးကြို
    ရင်ဝတ်ထဗိန် ဘိန် (ကွင်းချုပ်ထားခြင်း မဟုတ်တော့ပဲ) ၆တောင်ခန့်ရှိ ဟကွဲ ထဘီ(ဗလာထဘီ)တွင် ရင်ဖုံးကို ဖျင်အမည်း တပ်ပြီး၊ ဖျင်ကြမ်းအဖြူကို အတွင်းခံ၍ ချုပ်ထားသော ရှေးဟောင်း ရခိုင်သက်ကြီး၊ အဖွားကြီးတို့ ဝတ်ဆင်သော ထဘီတစ်မျိုး၊ ၎င်းတဘီကို ခါးတွင်နှစ်ပတ်ရစ်ကာ ခါးကြို
    woman’s skirt
    နာမ်

    ရင့်ကျက်

    [ɹɪ̰ɴt͡ɕɛʔ]
    အလိအထုံ ဝါသနာ အနိန်နန့် တည်တံ့သော။ ကြံ့ကြံ့ တည်နေနှိုင်ရေ။ သည်းခံနှိုင်ရေ အစွမ်းသတ္တိ ဟိရေ
    အလေ့အထုံ ဝါသနာ အားလျော်စွာ တည်တံ့သော။ ကြံ့ကြံ့ တည်နေနိုင်သော။ သည်းခံနိုင်သော အစွမ်းသတ္တိ ရှိသော
    experienced - mature
    နာမဝိသေသန

    ရင်ကျပ်

    [ɹɪ̀ɴt͡ɕaʔ]
    အသက်ရှု ချောမြေ့ခြင်း မဟိရေ ဝေဒနာကို ခံစားရရေ။ အသက်ရှုရ ပင်ပန်း နွမ်းရိသည်
    အသက်ရှု ချောမြေ့ခြင်း မရှိသော ဝေဒနာကို ခံစားရသည်။ အသက်ရှုရ ပင်ပန်း နွမ်းနယ်သည်
    be tired - feel congested in the chest
    ကြိယာ

    ရင့်ကျူး

    [ɹɪ̰ɴt͡ɕùး]
    သာယာသော အသံဖြင့် မြည်ရေ။ ငှက်ကေမောင်နှံ၊ ရင့်ကျူးသံကို၊ ကြားပြန်လတ်ကေ (ချစ်မပြေ)
    သာယာသော အသံဖြင့် မြည်သည်။ ငှက်ကေမောင်နှံ၊ ရင့်ကျူးသံကို၊ ကြားပြန်လတ်ကေ (ချစ်မပြေ)
    talk or sing sweetly or melodiously
    ကြိယာ

    ရင်ကွာ့

    [ɹɪ̀ɴkwa̰]
    (ဥပစာ) ရဲရင့် ဝင့်ကြွားသော အမူအရာကို ပြရေ
    (ဥပစာ) ရဲရင့် ဝင့်ကြွားသော အမူအရာကို ပြသည်
    boast - swagger
    ကြိယာ

    ရင်ကွဲ

    [ɹɪ̀ɴkwɛ]
    မခံမရပ်နှိုင်ယောင် နာကျဉ်းမှုကြောင့် ရင်ထဲ ဆူလီာင်မှု ခံစားရရေ။ (ဥပစာ) အကြီးအကျယ် ဆုံးယှုံးမှုကြောင့် ဖြေဆည် မရနှိုင်ယောင် ခံစားရရေ
    မခံမရပ်နိုင်အောင် နာကျဉ်းမှုကြောင့် ရင်ထဲ ဆူလောင်မှု ခံစားရသည်။ (ဥပစာ) အကြီးအကျယ် ဆုံးရှုံးမှုကြောင့် ဖြေဆည် မရနိုင်အောင် ခံစားရသည်
    be heart-broken
    ကြိယာ

    ရင်ကွဲထပိန်

    [ɹɪ̀ɴkwɛtʰpèɪɴ]
    သားသေ၊ လင်ဆုံး၊ အပူလုံး ဆို့ပြီး ပြင်းပြစွာ ပူဆွီးပနာ သေလုမျိုးပါး မခံမရပ် နှိုင်ယောင် ခံစားရရေဖြစ်ပနာ
    သားသေ၊ လင်ဆုံး၊ အပူလုံး ဆို့ပြီး ပြင်းပြစွာ ပူဆွေး၍ သေလုမျောပါး မခံမရပ် နိုင်အောင် ခံစားရသည်ဖြစ်၍
    pine away with a broken heart
    နာမ်

    ရင်ကွဲမျောပါး

    [ɹɪ̀ɴkwɛmrɔ́pàး]
    မျှော်လင့်ချက် ပျက်ပြား၍ ဆုတ်ကိုင်ရာမရ ဝမ်းနည်း ကျေကွဲရေ
    မျှော်လင့်ချက် ပျက်ပြား၍ ဆောက်တည်ရာမရ ဝမ်းနည်း ကျေကွဲသည်
    in utter desolation
    ကြိယာ

    ရင်ကွဲအင်္ကျီ

    [ɹɪ̀ɴkwɛʔŋ̇karí]
    ရှေ့ဖက်မာ အထက်-အောက် တောက်လျှောက် နှစ်ခြမ်းခွဲပြီးကေ ခြုပ်ထားရေ အင်္ကျီ
    ရှေ့ဘက်တွင် အထက်-အောက် တောက်လျှောက် နှစ်ခြမ်းခွဲ၍ ချုပ်ထားသော အင်္ကျီ
    open-fronted jacket
    နာမ်

    ရင်ခံ

    [ɹɪ̀ɴkʰံ]
    အစာမကြေ သနန့် ရင်ထဲမာ ပြည့််တင်း နိန်ရေ
    အစာမကြေ သဖြင့် ရင်ထဲတွင် ပြည့််တင်း နေသည်
    be full in the stomach - suffer indigestion
    ကြိယာ

    ရင့်ခရော်

    [ɹɪ̰ɴkʰɹɔ̀]
    ကြမ်းတမ်း မာကျောသော
    ကြမ်းတမ်း မာကျောသော
    hardened - coarsened (due to long exposure to weather etc)
    နာမဝိသေသန

    ရင်ခံအင်္ကျီ

    [ɹɪ̀ɴkʰံʔŋ̇karí]
    အသားနှင့် ကပ်၍ ဝတ်ရရေ မမာ့အဝတ် အထဲခံအင်္ကျီ။ ရင်ခံမပါ၊ ပျိုကညာ၊ ဗရချာလည်း ဖြစ်လိမ့်မေ (ကျောက်ရိုး)
    အသားနှင့် ကပ်၍ ဝတ်ရသော မိန်းမအဝတ် အတွင်းခံအင်္ကျီ။ ရင်ခံမပါ၊ ပျိုကညာ၊ ဗရချာလည်း ဖြစ်လိမ့်မည် (ကျောက်ရိုး)
    underwear
    နာမ်

    ရင်ခိုက်

    [ɹɪ̀ɴkʰaɪʔ]
    လွန်ကဲစွာ ဖြစ်ပေါ်သော လိုချင် တောင့်တမှု။ ဝိသမ လောဘ
    လွန်ကဲစွာ ဖြစ်ပေါ်သော လိုချင် တောင့်တမှု။ ဝိသမ လောဘ
    avarice
    နာမ်

    ရင်ခုန်

    [ɹɪ̀ɴkʰòʊɴ]
    ကြောင့်ကြ ဖွယ်ရာ တခုတရီကြောင့် နှလုံးသွေး ဖြုတ်ခြည်း ပြင်းထန်စွာ ကကောင်းလျင်ခြင်းနန့် ရင်မား၌ ပိုပြီးကေလှုပ်ရှားသည်
    ကြောင့်ကြ ဖွယ်ရာ တစ်စုံတစ်ခုကြောင့် နှလုံးသွေး ဖြုတ်ချည်း ပြင်းထန်စွာ လျင်မြန်ခြင်းဖြင့် ရင်တွင်း၌ ပိုမိုလှုပ်ရှားသည်
    (of heart) palpitate [ fig ] be excited or agitated
    ကြိယာ

    ရင်ခေါက်

    [ɹɪ̀ɴkʰaʊʔ]
    နို့အောက်တန်းဗျာယ် အရစ်ကြောင်း ပေါ်နိန်ရေ အရာ
    နို့အောက်တန်းလျက် အရစ်ကြောင်း ပေါ်နေသော အရာ
    breast under line
    နာမ်

    ရင်ခေါင်း

    [ɹɪ̀ɴkʰèàɪ́ɴ]
    ရင်၏ အထဲပိုင်း အခေါင်း
    ရင်၏ အတွင်းပိုင်း အခေါင်း
    upper portion of the chest chest cavity
    နာမ်

    ရင်ခေါင်းခဲ

    [ɹɪ̀ɴkʰèàɪ́ɴkʰɛ]
    ဝမ်းခြင့်၍ ရင်ခေါင်းထဲမာ ရစ်လှည့်ပြီးကေ မခံမရပ် နှိုင်လောက်ယောင် ထိုးကျင်သော ဝေဒနာကို ခံစားရရေ
    ဗိုက်အောင့်၍ ရင်ခေါင်းထဲ၌ ရစ်လှည့်ပြီး မခံမရပ် နိုင်လောက်အောင် ထိုးကျင်သော ဝေဒနာကို ခံစားရသည်
    chestache
    ကြိယာ