Dictionary Entries
Showing 781–800 of 1,415 words
ရ
ရီရီ
[ɹíɹí]
Arakanese:
မှုန်ဝါးစွာ။ မှိန်မှေးစွာ။ သိမြင်သာရုံ။ ဆီးနှင်းကေဝီဝီ၊ မှိုင်းရီရီ (ဓမ္မက)
Burmese:
မှုန်ဝါးစွာ။ မှိန်မှေးစွာ။ သိမြင်သာရုံ။ ဆီးနှင်းကေဝီဝီ၊ မှိုင်းရီရီ (ဓမ္မက)
English:
hazily - dimly - indistinctly
Grammar Note:
ကြိယာဝိသေသန
ရီးရီးရာရာ
[ɹïɹïɹàɹà]
Arakanese:
အရီးထားစရာ အနိန်နန့်။ ဂရုတစိုက် အရီးပြုဗျာယ်
Burmese:
အရေးထားစရာ အနေဖြင့်။ ဂရုတစိုက် အရေးပြုလျက်
English:
hazily - dimly - faintly - vaguely - take care
Grammar Note:
ကြိယာဝိသေသန
ရီရီရောရော
[ɹíɹíɹɔ́ɹɔ́]
Arakanese:
ကြည်လင်ပြတ်သား ထင်းထင်းကြီး မမြင်သာပဲ
Burmese:
ကြည်လင်ပြတ်သား ထင်ထင်ရှားရှား မမြင်သာပဲ
English:
hazily - dimly - indistinctly
Grammar Note:
ကြိယာဝိသေသန
ရီရီသျှေ
[ɹíɹíʃè]
Arakanese:
မြင်ကွင်း မကြည်လင် မှုန်ဆိုင်းသော။ အမြင်မှုန်သော။ အပင်ဆိုင်းဆိုင်း၊ နှင်းဖြိုင်းဖြိုင်း၊ ဆီးနှင်းကေဝီဝီ၊ မှိုင်းရီရီ (ဓမ္မက)
Burmese:
မြင်ကွင်း မကြည်လင် မှုန်ဆိုင်းသော။ အမြင်မှုန်သော။ သစ်ပင်ဆိုင်းဆိုင်း၊ နှင်းဖြိုင်းဖြိုင်း၊ ဆီးနှင်းကေဝီဝီ၊ မှိုင်းရီရီ (ဓမ္မက)
English:
hazy - dim - misty
Grammar Note:
နာမဝိသေသန
ရီရှက်
[ɹíʃɛʔ]
Arakanese:
ရေမာ ပေါက်သော ရေတိကရုံးပင်
Burmese:
ရေတွင် ပေါက်သော ရေထိကရုံး
English:
water sensitive-plant
Grammar Note:
နာမ်
ရီရှင်
[ɹíʃɪ̀ɴ]
Arakanese:
အလျဉ်မပြတ် စီးဆင်နိန်ရေ ရေ၊ ရေအလျဉ်
Burmese:
အလျဉ်မပြတ် စီးဆင်နေသော ရေ၊ ရေအလျဉ်
English:
running water
Grammar Note:
နာမ်
ရီရှုး
[ɹíʃoʊး]
Arakanese:
မို့လို့ထန်စွာ ရွာသနန့် အဟုန်ပြင်းစွာ စီးကျလှာရေ ရေ
Burmese:
မိုးသည်းထန်စွာ ရွာသဖြင့် အဟုန်ပြင်းစွာ စီးကျလာသော ရေ
English:
flowed water
Grammar Note:
နာမ်
ရီလက်ကြား
[ɹílɛʔt͡ɕá]
Arakanese:
ရီပြင်ကြီး နှစ်ခုကို ဖြတ်ပနာ ဆက်စပ်ကေလည်းဟိရေ ကျိုင်းမြောင်းရေ ရီပြင်
Burmese:
ရေပြင်ကြီး နှစ်ခုကို ဖြတ်၍ ဆက်စပ်လျက်ရှိသော ကျဉ်းမြောင်းသည့် ရေပြင်
English:
strait - channel
Grammar Note:
နာမ်
ရီလက်ဝါးခတ်
[ɹílɛʔwàးkʰaʔ]
Arakanese:
မြစ်ချောင်း နှစ်မြွှာ စကပင် အဟုန်နန့် စီးဆင်းလှာသော ရေကြောချင်း ထိစပ်၍ လှုပ်လှုပ်ရွရွအချေ လှုပ်ရှားနိန်ရေ ရီလှိုင်းစု
Burmese:
မြစ်ချောင်း နှစ်မြွှာ စသည်မှ အဟုန်နှင့် စီးဆင်းလာသော ရေကြောချင်း ထိစပ်၍ လှုပ်လှုပ်ရွရွကလေး လှုပ်ရှားနေသော ရေလှိုင်းစု
English:
wave
Grammar Note:
နာမ်
ရီလမ်း
[ɹíláɴ]
Arakanese:
ရီလားဖို့ ရီစီးကြောင်း။ ရေလမ်းခရီး
Burmese:
ရေသွားရန် ရေစီးကြောင်း။ ရေလမ်းခရီး
English:
riverine route - sea route - voyage
Grammar Note:
နာမ်
ရီလားခရီးစဉ်
[ɹílákʰɹïsɪ̀ɴ]
Arakanese:
အသက်မွီး ဝမ်းကျောင်း တရွာဝင် တရွာထွက် ဖောက်ကား ရောင်းဝယ်လားရာမာ ရေလမ်းခရီး၏ သာယာပုံ အတွိအမြင် အစဟိစွာ ရေနန့် ပတ်သက်ပြီးကေ ဖွဲ့ဆိုထားရေ ကဗျာ
Burmese:
အသက်မွေး ဝမ်းကျောင်း တစ်ရွာဝင် တစ်ရွာထွက် ဖောက်ကား ရောင်းဝယ်သွားရာ၌ ရေလမ်းခရီး၏ သာယာပုံ အတွေ့အမြင် စသည် ရေနှင့် ပတ်သက်၍ ဖွဲ့ဆိုထားသော ကဗျာ
English:
voyage
Grammar Note:
နာမ်
ရီလာမြောင်းပီး
[ɹílàmɹáʊɴpï]
Arakanese:
(ဥပစာ) ကိုယ့် ပြောစေလိုရာသို့ တယောက်ယောက်အား လမ်းကြောင်း ဖွင့်ပီးသည်
Burmese:
(ဥပစာ) မိမိ ပြောစေလိုရာသို့ တစ်စုံတစ်ဦးအား လမ်းကြောင်း ဖွင့်ပေးသည်
English:
(elicit a favourable response) by throwing broad hint
Grammar Note:
ကြိယာ
ရီးလာဝတ်လာ
[ɹïlàwaʔlà]
Arakanese:
တဦးက တဦးကို ဖော်ရွေပျူငှာမှု။ ၂၊ ဖော်ရွေ ပျူငှာဟန် ပြုမူပြောဆိုမှု
Burmese:
တစ်ဦးက တစ်ဦးအပေါ်တွင် ဖော်ရွေပျူငှာမှု။ ၂၊ ဖော်ရွေ ပျူငှာဟန် ပြုမူပြောဆိုမှု
English:
suavity
Grammar Note:
နာမ်
ရီးလားဝတ်လား
[ɹïláwaʔlá]
Arakanese:
လူအချင်းချင်း ဆက်ဆံရာမာ စောင့်စည်းလိုက်နာ အပ်ရေ ပြုကျင့်ပြောဆိုဖွယ်
Burmese:
လူအချင်းချင်း ဆက်ဆံရာတွင် စောင့်စည်းလိုက်နာ အပ်သော ပြုကျင့်ပြောဆိုဖွယ်
English:
ethic
Grammar Note:
နာမ်
ရီးလာဝတ်လာချော်
[ɹïlàwaʔlàɕɔ̀]
Arakanese:
လိုအပ်စွာထက် ပိုပြီးကေ ပဇာယန ပြုရေ။ ပဇာယန မပြုသင့်စွာကို ပြုသည်
Burmese:
လိုအပ်သည်ထက် ပို၍ လောကဝတ် ပြုသည်။ လောကဝတ် မပြုသင့်သည်ကို ပြုသည်
English:
flatter
Grammar Note:
ကြိယာ
ရီးလာဝတ်လာဂျီ
[ɹïlàwaʔlàdʑí]
Arakanese:
ပြုသင့်ပြုအပ်ရေ ပဇာယနကို အားလုံးပြုရေ။ ပဇာယန ပြုစု အရာမာသည်
Burmese:
ပြုသင့်ပြုအပ်သော လောကဝတ်ကို အကုန်အစင်ပြုသည်။ လောကဝတ် ပြုစု ပြီးမြောက်သည်
English:
treat
Grammar Note:
ကြိယာ
ရီးလာဝတ်လာလုပ်
[ɹïlàwaʔlàloʊʔ]
Arakanese:
မျက်နှာသာ ရဟိရန် ပဇာယန ပျူငှာမှုဖြင့် ဆက်ဆံရေ။ ပြုထိုက်သော ဝတ်ကျီယောင် ရပေါ်ဆီအနိန်နန့် ပြုသည်
Burmese:
မျက်နှာသာ ရရှိရန် လောကဝတ် ပျူငှာမှုဖြင့် ဆက်ဆံသည်။ ပြုထိုက်သော ဝတ်ကျေအောင် အပေါ်ယံ အားဖြင့် ပြုသည်
English:
time-serving
Grammar Note:
ကြိယာ
ရီလိုက်ငါးလိုက်
[ɹílaɪʔŋàးlaɪʔ]
Arakanese:
(ဥပစာ) တခုတရီသော ဒေသအလိုက် တူညီရေ သဘာဝ ဟိဗျာယ်။ ဒေသ အလိုက် စရိုက်အစဟိစွာ တူညီစွာ
Burmese:
(ဥပစာ) တစ်စုံတစ်ခုသော ဒေသအလိုက် တူညီသော သဘာဝ ရှိလျက်။ ဒေသ အလိုက် စရိုက်စသည် တူညီစွာ
English:
[fig.] accommodatingly - obligingly
Grammar Note:
ကြိယာဝိသေသန
ရီလိုက်သင့်
[ɹílaɪʔθɪ̰ɴ]
Arakanese:
ဖြားရီ တက်သော ဒေသ၌ လောင်း၊ သင်္ဘော အစဟိစွာ စုန်ရန် ရီစီးအလိုက် သင့်ချိန်
Burmese:
ဒီရေ တက်သော ဒေသ၌ လှေ၊ သင်္ဘော စသည် စုန်ရန် ရေစီးအလိုက် သင့်ချိန်
English:
scales
Grammar Note:
နာမ်
ရီလောင်
[ɹílàʊɴ]
Arakanese:
သစ်သီးသစ်ရွက် အစဟိစွာရို့ စွတ်မှုတိ၍ နွမ်းရောလားရေ
Burmese:
သစ်သီးသစ်ရွက် စသည်တို့ စိုစွတ်မှုများ၍ နွမ်းရောသွားသည်
English:
(of fruits or vegetables) ret
Grammar Note:
ကြိယာ