Dictionary Entries
Showing 801–820 of 1,415 words
ရ
ရီလဲ
[ɹílɛ]
Arakanese:
ရီချိုးရာမာ အစိုခံ ဝတ်ဆင်သော ခါးဝတ်ရေလဲပိုင်း။ ၂၊ တိုင်းရင်းဆီးဝါးများ သောက်သုံးရာမာ ရောဂါ ဝေဒနာအလိုက် ဆီးဖက်ကူပနာ ဆီးနန့်တတူ သောက်သုံးရဖို့ အရည်အဖတ်စရေ တခုတရီ
Burmese:
ရေချိုးရာ၌ အစိုခံ ဝတ်ဆင်သော ခါးဝတ်ရေလဲပိုင်း။ ၂၊ တိုင်းရင်းဆေးဝါးများ သောက်သုံးရာတွင် ရောဂါ ဝေဒနာအလိုက် ဆေးဖက်ကူ၍ ဆေးနှင့်အတူ သောက်သုံးရမည့် အရည်အဖတ်စသည့် တစ်စုံတစ်ရာ
English:
garment used for bathing in or changing into after a bath watershed - divide (as in ခါးဝတ်~) same drug applied in various ways for different ailments
Grammar Note:
နာမ်
ရီလဲဒယော
[ɹílɛdjɔ́]
Arakanese:
ရီချိုးရာမာ အစိုခံ ဝတ်ဆင်ရရေ ခါးဝတ် (ထဘီ) ခတောင်း အစဟိစွာ
Burmese:
ရေချိုးရာ၌ အစိုခံ ဝတ်ဆင်ရသော ခါးဝတ် (ထဘီ) ပုဆိုး စသည်
English:
waistcloth used by men for bathing in
Grammar Note:
နာမ်
ရီလွတ်မြောင်း
[ɹílwaʔmɹáʊɴ]
Arakanese:
လွန်ကဲ ပြည့််လျှံခြင်း မဟိစီရန် ရေပမာဏ လျော့နှိုင်ယောင် ဖောက်သွယ်ထားရေ ရီစီးလမ်းကြောင်း၊ ရေ မတင်စေလိုရာမာ စီးထွက် လားလီရန် လမ်းကြောင်း ပီးထားရေ ရီစီးဝှမ်းရာ
Burmese:
လွန်ကဲ ပြည့််လျှံခြင်း မရှိစေရန် ရေပမာဏ လျော့နိုင်အောင် ဖောက်သွယ်ထားသော ရေစီးလမ်းကြောင်း၊ ရေ မတင်စေလိုရာ၌ စီးထွက် သွားစေရန် လမ်းကြောင်း ပေးထားသော ရေစီးဝှမ်းရာ
English:
water course - drain - gutter (by the roadside)
Grammar Note:
နာမ်
ရီလွှမ်း
[ɹílW̯áɴ]
Arakanese:
အများအနိန်နန့် ရေမရောက်သော လယ်ယာမြီ၊ စိုက်ခင်း အဆောက် အအုံ စစွာကို တစိတ်တဒီသအနိန်နန့် နစ်မြုပ်အောင် ရေဖြည့် ဖုံးရေ။ လိုလားဖွယ်မဟိ လောက်ယောင် ရေပြည့််ဖုံးသည်
Burmese:
များသော အားဖြင့် ရေမရောက်သော လယ်ယာမြေ၊ စိုက်ခင်း အဆောက် အအုံ စသည်ကို တစ်စိတ်တစ်ဒေသ အားဖြင့် နစ်မြုပ်အောင် ရေဖြည့် ဖုံးသည်။ လိုလားဖွယ်မရှိ လောက်အောင် ရေပြည့််ဖုံးသည်
English:
flood - inundate
Grammar Note:
ကြိယာ
ရီလွှဲပေါက်
[ɹílW̯ɛpaʊʔ]
Arakanese:
ရီကြောင်းကို လိုရာနီရာသို့ ရွိ့ပြောင်းပြီးကေ စီးဆင်းအောင် လုပ်ရေ
Burmese:
ရေကြောင်းကို လိုရာနေရာသို့ ရွေ့ပြောင်း၍ စီးဆင်းအောင် လုပ်သည်
English:
sluice gate - flood gate - spillway
Grammar Note:
ကြိယာ
ရီဝ
[ɹíw]
Arakanese:
လိုအပ်သလောက် ရီသွန်လောင်း ပေးခြင်း ခံရရေ။ ရေအပြည့်် စိမ့်ဝင် နိုင်သမျှ စိမ့်ဝင်သော
Burmese:
လိုအပ်သလောက် ရေသွန်းလောင်း ပေးခြင်း ခံရသော။ ရေအပြည့်် စိမ့်ဝင် နိုင်သမျှ စိမ့်ဝင်သော
English:
full
Grammar Note:
နာမဝိသေသန
ရီဝခွက်
[ɹíwkʰwɛʔ]
Arakanese:
ရေထည့်ရန် အိုး။ ရေထည့်အိုး။ (ရီရခွက်၊ ရီဝခွက် လို့လေ့ သုံးနှုန်း ကတ်သိမ့်ရေ။) လက်ချိတ်ထပိန်၊ ခြီဗျားသိန်၊ ရီအိုးခွက်ကို၊ လှမ်းမမှိန် (တေး)။ လက်ချိတ်ထပိန်၊ ခြီဖျားသိန်၊ ရီဝခွက်ကို၊ လှမ်းမမှိန် (တေး)
Burmese:
ရေထည့်ရန် အိုး။ ရေထည့်အိုး။ (ရီရခွက်၊ ရီဝခွက် ဟုလည်း သုံးနှုန်း ကြသေးသည်။) လက်ချိတ်ထပိန်၊ ခြီဗျားသိန်၊ ရီအိုးခွက်ကို၊ လှမ်းမမှိန် (တေး)။ လက်ချိတ်ထပိန်၊ ခြီဖျားသိန်၊ ရီဝခွက်ကို၊ လှမ်းမမှိန် (တေး)
English:
water pot
Grammar Note:
နာမ်
ရီဝပ်
[ɹíwaʔ]
Arakanese:
မစီးဆင်းဘဲ တင်ကျန်နီရေ။ ရီစီးကြောင်းမှ လွတ်ပနာ စီးရာမပါ ငြိမ်သက် နိန်ရေ
Burmese:
မစီးဆင်းဘဲ တင်ကျန်နေသည်။ ရေစီးကြောင်းမှ လွတ်၍ စီးရာမပါ ငြိမ်သက် နေသည်
English:
(of water) collect accumulate without drainage or outlet
Grammar Note:
ကြိယာ
ရီဝေ
[ɹíwè]
Arakanese:
ရီတိရေ။ လိုအပ်စွာထက် များရေ
Burmese:
ရေများပြားသော။ လိုအပ်သည်ထက် များပြားသော
English:
overflow
Grammar Note:
နာမဝိသေသန
ရီဝေကုန်ဘောင်
[ɹíwèkòʊɴbʱàʊɴ]
Arakanese:
ဆင်ခြီလျော တောင်စောင်း တဖက်စီမှ စီးဆင်းလှားရေ မြစ်၊ ချောင်းများ အဖျားခံရာ တောင်ရိုးကြော
Burmese:
ဆင်ခြေလျော တောင်စောင်း တစ်ဘက်စီမှ စီးဆင်းသွားသော မြစ်၊ ချောင်းများ အဖျားခံရာ တောင်ရိုးကြော
English:
ridge - spine - divide
Grammar Note:
နာမ်
ရီဝှန်
[ɹíʍàɴ]
Arakanese:
ရေတင်းကျန်း ပြည့််တက် လွန်းသနန့် ကမ်းကိုလွန်၍ မြေနိမ့်ကွင်းသို့ လျှံကျ စီးဆင်းနိန်ရေ ရီစွတ်င်
Burmese:
ရေတင်းကျန်း ပြည့််တက် လွန်းသဖြင့် ကမ်းကိုလွန်၍ မြေနိမ့်ကွင်းသို့ လျှံကျ စီးဆင်းနေသော ရေစိုင်
English:
overflow
Grammar Note:
နာမ်
ရီသံ
[ɹíθံ]
Arakanese:
သဘာဝ ဓါတ်ဖြင့် ဖြစ်ပေါ်လှာသာ ရီအောက်ဟိ သံတမျိုး
Burmese:
သဘာဝ ဓါတ်ဖြင့် ဖြစ်ပေါ်လာသာ ရေအောက်ရှိ သံတစ်မျိုး
English:
water sound
Grammar Note:
နာမ်
ရီသင့်
[ɹíθɪ̰ɴ]
Arakanese:
ဖြားရီ တက်သော ဒေသ၌ လောင်း၊ သင်္ဘော အစဟိစွာ စုန်ရန် ရီစီးအလိုက် သင့်ချိန်
Burmese:
ဒီရေ တက်သော ဒေသ၌ လှေ၊ သင်္ဘော စသည် စုန်ရန် ရေစီးအလိုက် သင့်ချိန်
English:
scales
Grammar Note:
ကြိယာ
ရီသင့်လီသင့်
[ɹíθɪ̰ɴlíθɪ̰ɴ]
Arakanese:
ဖြားရီ တက်သော ဒေသ၌ လောင်း၊ သင်္ဘော အစဟိစွာ စုန်ရန် ရီစီးအလိုက် ရေရော-လေပါ အလိုက် သင့်ချိန်
Burmese:
ဒီရေ တက်သော ဒေသ၌ လှေ၊ သင်္ဘော စသည် စုန်ရန် ရေစီးအလိုက် ရေရော-လေပါ အလိုက် သင့်ချိန်
English:
none
Grammar Note:
နာမ်
ရီသတ္တဝါ
[ɹíθt̪t̪a̰wà]
Arakanese:
ရီထဲမာ ကျက်စားသော သတ္တဝါ
Burmese:
ရေထဲ၌ ကျက်စားသော သတ္တဝါ
English:
aquatic creature
Grammar Note:
နာမ်
ရီသပ္ပါယ်
[ɹíθpʰa̰àɛ̀]
Arakanese:
ဆင်းတု ရုပ်ပွားတော်ရို့ကို ရေနန့် သန့်ရှင်း စင်ကြယ်အောင် ပြုသည်
Burmese:
ဆင်းတု ရုပ်ပွားတော်တို့ကို ရေနှင့် သန့်ရှင်း စင်ကြယ်အောင် ပြုသည်
English:
wash Buddha’s images and miniature pagoda - pour water on image of Buddha
Grammar Note:
ကြိယာ
ရီသဘင်
[ɹíθbʱɪ̀ɴ]
Arakanese:
ရခိုင်ရိုးရာ ဓလိ့ နှစ်သစ်ကူးအခါ လူအများ ရီလောင်းဖျန်း သွန်းလောင်းသော ရာသီပွဲ။ မင်းမိဖုရား၊ မင်းညီမင်းသား၊ မင်းသမီးများ အစဟိစွာရို့ ရေ၌ ပျော်ပါးသော ပွဲ
Burmese:
ရခိုင်ရိုးရာ ဓလေ့ နှစ်သစ်ကူးအခါ လူအများ ရေပက်ဖျန်း သွန်းလောင်းသော ရာသီပွဲ။ မင်းမိဖုရား၊ မင်းညီမင်းသား၊ မင်းသမီးများ စသည်တို့ ရေ၌ ပျော်ပါးသော ပွဲ
English:
royal water sports water festival held just before the Arakan-Rakhine New Years day make a libation on a person for ceremonial purpose
Grammar Note:
နာမ်
ရီးသား
[ɹïθá]
Arakanese:
အက္ခရာ၊ စာ၊ သင်္ကေတ အမှတ်အသား အစဟိစွာရို့ကို တခုတရီ မျက်နှာပြင် ထက်မာ ဆွဲခြစ်စရာ တမျိုးမျိုးဖြင့် ထင်သာယောင် ပြုလုပ်ရေ။ ၂၊ စီကုံး ဖွဲ့နွဲ့ရေ။ တခုတရီ၏ ဖြစ်ပျက်ခြင်း ရာကို စာဖြင့် မှတ်သားထားရေ
Burmese:
အက္ခရာ၊ စာ၊ သင်္ကေတ အမှတ်အသား စသည်တို့ကို တစ်စုံတစ်ခု မျက်နှာပြင် ပေါ်တွင် ဆွဲခြစ်စရာ တစ်မျိုးမျိုးဖြင့် ထင်သာအောင် ပြုလုပ်သည်။ ၂၊ စီကုံး ဖွဲ့နွဲ့သည်။ တစ်စုံတစ်ခု၏ ဖြစ်ပျက်ခြင်း ရာကို စာဖြင့် မှတ်သားထားသည်
English:
write - compose
Grammar Note:
ကြိယာ
ရီးသားပြုစု
[ɹïθápɹoʊsoʊ]
Arakanese:
စာအုပ်စာတမ်း စစွာကို စီကုံး ရီးဖွဲ့သည်
Burmese:
စာအုပ်စာတမ်း စသည်ကို စီကုံး ရေးဖွဲ့သည်
English:
write - compose
Grammar Note:
ကြိယာ
ရီသိမ်
[ɹíθèɪɴ]
Arakanese:
သဘာဝ အလျောက် ရေမပြတ်တည်ဟိရေ မြစ်ချောင်း အင်းအိုင် ကန်အစဟိစွာရို့ အထဲမာ ရဟန်းတော်ရို့ ကံဆောင်ခြင်း၊ ဥပုသ်ပြုခြင်း အစဟိစွာ ပြုလုပ်ဖို့ ဝိနည်းတော်နန့်အညီ ဆောက်လုပ်ထားရေ အဆောက်အအုံ
Burmese:
သဘာဝ အလျောက် ရေမပြတ်တည်ရှိသော မြစ်ချောင်း အင်းအိုင် ကန်စသည်တို့ အတွင်း၌ ရဟန်းတော်တို့ ကံဆောင်ခြင်း၊ ဥပုသ်ပြုခြင်း စသည် ပြုလုပ်ရန် ဝိနည်းတော်နှင့်အညီ ဆောက်လုပ်ထားသော အဆောက်အအုံ
English:
ordination hall erected in shallow water
Grammar Note:
နာမ်