Dictionary Entries
Showing 821–840 of 1,415 words
ရ
ရီသို
[ɹíθÒ]
Arakanese:
တခုတရီသော အရာဝတ္တု၌ အမြဲတမ်း ရီစွတ်သော။ သုံးနှုန်း၍ မရရေ
Burmese:
တစ်စုံတစ်ခုသော အရာဝတ္တု၌ အမြဲတမ်း ရေစိုစွတ်သော။ သုံးနှုန်း၍ မရသော
English:
stale
Grammar Note:
နာမဝိသေသန
ရီသိုတုံး
[ɹíθÒtóʊɴ]
Arakanese:
(ဥပစာ) (ဆွေးမြည့်နိန်ရေ တုံးထဲကို ရေဝင်နီသနန့် သုံးနှုန်း၍ မရ ပိုင်) ဗဟရီ အသုံးမဝင် သုံးနှုန်း၍ မရဖြစ်တေ။ လူမြင်တိုင်းမုန်း၊ အညေ့စိုကေ၊ ရီသိုတုံးသို့၊ ဖုန်းဆီဖုန်းဆိုး (ကော်)
Burmese:
(ဥပစာ) (ဆွေးမြည့်နေသော တုံးထဲသို့ ရေဝင်နေသဖြင့် သုံးနှုန်း၍ မရ သကဲ့သို့) အသုံးမကျ အသုံးမဝင် သုံးနှုန်း၍ မရဖြစ်သည်။ လူမြင်တိုင်းမုန်း၊ အညေ့စိုကေ၊ ရီသိုတုံးသို့၊ ဖုန်းဆီဖုန်းဆိုး (ကော်)
English:
become stale
Grammar Note:
ကြိယာ
ရီသီ
[ɹíθí]
Arakanese:
အနိမ့်ဆုံး ကျဆင်းနိန်ရေ ဖြားရီ။ ၂၊ စီးဆင်းခြင်း မဟိရေ ရေ။ ထွက်ပေါက် မဟိရေ အင်းအိုင် ရီကန် အစဟိစွာမာ ဟိရေ ရေ
Burmese:
အနိမ့်ဆုံး ကျဆင်းနေသော ဒီရေ။ ၂၊ စီးဆင်းခြင်း မရှိသော ရေ။ ထွက်ပေါက် မရှိသော အင်းအိုင် ရေကန် စသည်တွင် ရှိသော ရေ
English:
neap-tide still waters
Grammar Note:
နာမ်
ရီသီတံ
[ɹíθítံ]
Arakanese:
အဖျော်ယ မကာ သောက်သော ရေပိုက် လုံးငယ်မျိုး။ (ရီခွက်ကိုမပြီးကေ မသောက် သုံးနှိုင်ရေ လူမမာတိအား ယင်းပိုက်လုံးငယ်ဖြင့် တိုက်ကျွေးရေ။
Burmese:
အဖျော်ယ မကာ သောက်သော ရေပိုက် လုံးငယ်မျိုး။ (ရေခွက်ကိုမ၍ မသောက် သုံးနိုင်သည့် လူနာများအား ယင်းပိုက်လုံးငယ်ဖြင့် တိုက်ကျွေးသည်။
English:
pipe
Grammar Note:
နာမ်
ရီသီရက်
[ɹíθíɹɛʔ]
Arakanese:
ဖြားရီ အနိမ့်ဆုံး ကျဆင်းနိန်ရေ ရက်
Burmese:
ဒီရေ အနိမ့်ဆုံး ကျဆင်းနေသော ရက်
English:
period of neap-tide - time of ebb
Grammar Note:
နာမ်
ရီသောက်နွယ်
[ɹíθɔ́ɛʔnwɛ̀]
Arakanese:
ခုတ်ဖြတ်လိုက်ကေ ရေတသွက်သွက် စီးကျသော နွယ်တမျိုး။ (တောတောင်၌ ရေရှာပြီးကေ မရကေ ယင်းအနွယ်အား ခုတ်ဖြတ်ပနာ ရီသောက်ကြလေ့ ဟိရေ။ ယင်းနွယ်သည် အမြဲစိမ်းစိုနီ၏။ အိုးခက်တင်ရန် ကရွတ်ခွေအဖြစ် အသုံးပြုလေ့ ဟိကတ်တေ
Burmese:
ခုတ်ဖြတ်လိုက်လျှင် ရေတသွက်သွက် စီးကျသော နွယ်တစ်မျိုး။ (တောတောင်၌ ရေရှာ၍ မရလျှင် ၎င်းအနွယ်အား ခုတ်ဖြတ်၍ ရေသောက်ကြလေ့ ရှိသည်။ ယင်းနွယ်သည် အမြဲစိမ်းစိုနေ၏။ ရေအိုးတင်ရန် ကရွတ်ခွေအဖြစ် အသုံးပြုလေ့ ရှိကြသည်
English:
none
Grammar Note:
နာမ်
ရီသောက်မြစ်
[ɹíθɔ́ɛʔmɹɪʔ]
Arakanese:
အပင်ရို့မာ မြီအောက်ကို အနက်ဆုံး စွဲဝင်သော မူလ အခြီခံရာ မြစ်မကြီး
Burmese:
အပင်တို့တွင် မြေအောက်သို့ အနက်ဆုံး စွဲဝင်သော မူလ အခြေခံရာ မြစ်မကြီး
English:
tap root [fig.] main source
Grammar Note:
နာမ်
ရီသျှံ
[ɹíʃံ]
Arakanese:
ကမ်းတနည်း အတားအဆီး ဘောင်အထဲကို ဖိတ်ကျ စီးဆင်းရေ
Burmese:
ကမ်းသို့မဟုတ် အတားအဆီး ဘောင်အတွင်းသို့ ဖိတ်ကျ စီးဆင်းသည်
English:
overflow
Grammar Note:
ကြိယာ
ရီသွင်းမြောင်း
[ɹíθwɪ́ɴmɹáʊɴ]
Arakanese:
မြစ်၊ ချောင်း၊ ကျုံးအစဟိစွာရို့မှ လယ်ယာ အစဟိစွာရို့ကို ရီတိ သယ်ပို့သော ရီစီးလမ်းကြောင်း
Burmese:
မြစ်၊ ချောင်း၊ ကျုံးစသည်တို့မှ လယ်ယာ စသည်တို့ကို ရေများ သယ်ပို့သော ရေစီးလမ်းကြောင်း
English:
irrigation canal
Grammar Note:
နာမ်
ရီသွန်း
[ɹíθʊ́ɴ]
Arakanese:
မင်္ဂလာပြုလုပ်ခြင်း၊ သိဒ္ဓိတင်ခြင်း အစဟိရေ မြင့်မြတ်သော ကိစ္စ၌ ရေဖျန်း ဆွတ်လောင်းရေ။ (ဘိသိက်သွန်း၊ ရေစင်သွန်း စရေ။
Burmese:
မင်္ဂလာပြုလုပ်ခြင်း၊ သိဒ္ဓိတင်ခြင်း စသော မြင့်မြတ်သော ကိစ္စ၌ ရေဖျန်း ဆွတ်လောင်းသည်။ (ဘိသိက်သွန်း၊ ရေစင်သွန်း စသည်။
English:
make a libation on a person for ceremonial purpose pour water on images of Buddha or Banyan-tree
Grammar Note:
ကြိယာ
ရီသွန်ခံ
[ɹíθʊ̀ɴkʰံ]
Arakanese:
သင်္ကြန်အခါ၌ ပျော်ပွဲရွှင်ပွဲအဖြစ် ရေနန့် ပတ်သက်ရေ သင်္ကြန်ပွဲမာ အပြန်အလှန် ရေနန့် ပက်ဖျန်းသည်
Burmese:
သင်္ကြန်အခါ၌ ပျော်ပွဲရွှင်ပွဲအဖြစ် ရေနှင့် ပတ်သက်သည့် သင်္ကြန်ပွဲတွင် အပြန်အလှန် ရေနှင့် ပက်ဖျန်းသည်
English:
make a libation on a person for ceremonial purpose
Grammar Note:
ကြိယာ
ရီဟွှန်
[ɹíhW̯àɴ]
Arakanese:
ရီတိရေ။ လိုအပ်စွာထက် ရီတိရေ။ အပြင်သို့ လျှံကျသော
Burmese:
ရေများပြားသော။ လိုအပ်သည်ထက် ရေများသော။ အပြင်သို့ လျှံကျသော
English:
be filled with water
Grammar Note:
နာမဝိသေသန
ရီအင့်
[ɹíʔɪ̰ɴ]
Arakanese:
ဖြားရီ အကျဆုံး အချိန်နန့် အတက်ဆုံး အချိန်ရို့မာ ပြန်ပနာ မတက်မီ၊ မကျမီ အခိုက်အတန့်၌ ရေငြိမ်တန့်နိန်ရေ။ ၂၊ ဖြားရီ ရှေ့မတိုး နောက်မဆုတ် ငြိမ်တန့်နိန်ရေ
Burmese:
ဒီရေ အကျဆုံး အချိန်နှင့် အတက်ဆုံး အချိန်တို့တွင် ပြန်၍ မတက်မီ၊ မကျမီ အခိုက်အတန့်၌ ရေငြိမ်တန့်နေသည်။ ၂၊ ဒီရေ ရှေ့မတိုး နောက်မဆုတ် ငြိမ်တန့်နေသည်
English:
stable
Grammar Note:
ကြိယာ
ရီအိမ်
[ɹíʔèɪɴ]
Arakanese:
လူရို့ ကျင်ကြီး ကျင်ငယ် စွန့်ရာ အဆောက်အအုံ။ ဘီလူးနန်းကို၊ စံမြန်းစွာထက် လွန်ပုပ်ညှကေ၊ ရီအိမ်ပျက်သို့၊ စက်ဆုတ်လှပြန် (ကော်)
Burmese:
လူတို့ ကျင်ကြီး ကျင်ငယ် စွန့်ရာ အဆောက်အအုံ။ ဘီလူးနန်းကို၊ စံမြန်းသည်ထက် လွန်ပုပ်ညှကေ၊ ရီအိမ်ပျက်သို့၊ စက်ဆုတ်လှပြန် (ကော်)
English:
latrine - lavatory - water-closet
Grammar Note:
နာမ်
ရီအိုး
[ɹíʔó]
Arakanese:
ရေထည့်ရန် အိုး။ ရေထည့်အိုး
Burmese:
ရေထည့်ရန် အိုး။ ရေထည့်အိုး
English:
water pot
Grammar Note:
နာမ်
ရီအိုးခွက်
[ɹíʔókʰwɛʔ]
Arakanese:
ရေထည့်ရန် အိုး။ ရေထည့်အိုး။ (ရီရခွက်၊ ရီဝခွက် လို့လေ့ သုံးနှုန်းကြ သိရေ။) လက်ချိတ်ထပိန်၊ ခြီဗျားသိန်၊ ရီအိုးခွက်ကို၊ လှမ်းမမှိန် (တေး)
Burmese:
ရေထည့်ရန် အိုး။ ရေထည့်အိုး။ (ရီရခွက်၊ ရီဝခွက် ဟုလည်း သုံးနှုန်းကြ သေးသည်။) လက်ချိတ်ထပိန်၊ ခြီဗျားသိန်၊ ရီအိုးခွက်ကို၊ လှမ်းမမှိန် (တေး)
English:
water pot
Grammar Note:
နာမ်
ရီအိုင်
[ɹíʔàɪɴ]
Arakanese:
ရီတိ မစီးထွက်ပဲ စုတင်နိန်ရေ။ ရီအိုင် နီလို့ စပါးပင်တိ မြုပ်တေ
Burmese:
ရေများ မစီးထွက်ပဲ စုတင်နေသည်။ ရီအိုင် နီလို့ စပါးပင်တိ မြုပ်တေ
English:
(a ) (of water liquid) collect on a surface - (b) (of tears) flood swamp [ fig] (of dramatic and literary works ) be drawn out. resound (as in ငိုနီစွာ မျက်ရည်~ဖြစ်ဗျာယ်)
Grammar Note:
ကြိယာ
ရီအိုင်၂
[ɹíʔàɪɴ၂]
Arakanese:
မစီးဆင်းပဲ တင်ကျန်နီသော ရေ။ ရီစီးကြောင်းမှ လွတ်ပနာ စီးရာမပါ ငြိမ်သက် နိန်ရေ ရေ
Burmese:
မစီးဆင်းပဲ တင်ကျန်နေသော ရေ။ ရေစီးကြောင်းမှ လွတ်၍ စီးရာမပါ ငြိမ်သက် နေသော ရေ
English:
pond - puddle - pool
Grammar Note:
နာမ်
ရီအိုးစင်
[ɹíʔósɪ̀ɴ]
Arakanese:
လူများ သောက်သုံးနိုင်ဖို့ သောက်ရီအိုး တင်ထားရေ စင်၊ အဆောက် အအုံ
Burmese:
လူများ သောက်သုံးနိုင်ရန် သောက်ရေအိုး တင်ထားသော စင်၊ အဆောက် အအုံ
English:
stand (for drinking water pot) Same as ရီဖြုန်းစင်
Grammar Note:
နာမ်
ရီအီ
[ɹíʔí]
Arakanese:
အဟုန် ပြင်းထန်ခြင်းမဟိ ညင်သာသော စီးဆင်းသော ရေ
Burmese:
အဟုန် ပြင်းထန်ခြင်းမရှိ ညင်သာသော စီးဆင်းသော ရေ
English:
water course
Grammar Note:
နာမ်