Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 841–860 of 1,415 words

    ရ

    ရီအုန်း

    [ɹíʔóʊɴ]
    အုန်းရွက်နန့်တူသော အရွက်ရည်ကို ပျစ်၍ မောင်းကာ လုပ်ရယောင် ဒေချောင်း အပင်။ ကုလားအုန်းပင်၊ ရီအုန်းပင်၊ နော်ဇာဦးဘ၊ လူရတတ်၊ တန်းကားတရာ၊ ခါးမာနီပါ (တေး)
    အုန်းရွက်နှင့်တူသော အရွက်ရည်ကို ပျစ်၍ အမိုးအကာ လုပ်ရအောင် ဒီချောင်း အပင်။ ကုလားအုန်းပင်၊ ရီအုန်းပင်၊ နော်ဇာဦးဘ၊ လူရတတ်၊ တန်းကားတစ်ရာ၊ ခါးမှာပါ (တေး)
    reioun: nipa palm Nipa fruticans
    နာမ်

    ရီအုန်းခိုင်

    [ɹíʔóʊɴkʰàɪɴ]
    ရီအုန်းပင်၏ အသီးခိုင်။ မူးတူးမှိုင်တိုင်၊ ရီအုန်းခိုင်ယောင်၊ ပြိုကာလည်းလဲ (ကော်)
    ဓနိပင်၏ အသီးခိုင်။ မူးတူးမှိုင်တိုင်၊ ရီအုန်းခိုင်ယောင်၊ ပြိုကာလည်းလဲ (ကော်)
    nipa palm fruit
    နာမ်

    ရီအုန်းတော

    [ɹíʔóʊɴtɔ́]
    ရီအုန်းပင်များ ပေါက်ရောက်သော နီရာ။ အုန်းတော
    ဓနိပင်များ ပေါက်ရောက်သော နေရာ။ ဓနိတော
    nipa plam forest
    နာမ်

    ရီအုန်းထိုး

    [ɹíʔóʊɴtʰó]
    အုန်းရွက်ကို အပျစ်ဖြစ်ယောင် လုပ်ရေ
    ဓနိရွက်ကို အပျစ်ဖြစ်အောင် လုပ်သည်
    stitch the leaves of nipa palm into thatch
    ကြိယာ

    ရီအုန်းပျစ်

    [ɹíʔóʊɴprɪʔ]
    (အုန်းရွက်ကို) ပျစ်ထားရေ အုန်း
    (ဓနိရွက်ကို) ပျစ်ထားသော ဓနိ
    stitched nipa palm leaf flaps to be used for roofing
    နာမ်

    ရီအုန်းဘောင်

    [ɹíʔóʊɴbʱàʊɴ]
    အုန်းကိုင်းကို ခုတ်ပြီးပနာ ကျန်နီရေ ပင်ရင်းမ အငုတ်။ အုန်း လက်၏ အရင်းပိုင်း
    ဓနိကိုင်းကို ခုတ်ပြီး၍ ကျန်နေသည့် ပင်ရင်းမ အငုတ်။ ဓနိ လက်၏ အရင်းပိုင်း
    nipa palm frame
    နာမ်

    ရီအောင်

    [ɹíʔàʊɴ]
    ရေအခက်အခဲမဟိ အလွယ်ချေ ပေါများစွာရရေ။ အမြဲတမ်း ရေပြည့်် နိန်ရေ
    ရေအခက်အခဲမရှိ အလွယ်တကူ ပေါများစွာရသော။ အမြဲတမ်း ရေပြည့်် နေသော
    strike water
    နာမဝိသေသန

    ရီအောင်၂

    [ɹíʔàʊɴ၂]
    လိုအပ်ရေ ရေပြည့််ဝစွာ ရဟိရေ
    လိုအပ်သော ရေပြည့််ဝစွာ ရရှိသည်
    have abundant water
    ကြိယာ

    ရီဦးပေါက်

    [ɹíʔúpaʊʔ]
    မိုးခါသား အစ၌ မြစ်ချောင်းရို့မာ ရှေးဖျား ရွာသော မိုးရီ စီးဆင်းလှာသည်
    မိုးရာသီ အစ၌ မြစ်ချောင်းတို့တွင် ရှေးဖျား ရွာသော မိုးရေ စီးဆင်းလာသည်
    (of rivers and streams) be filled with first showers of rain
    ကြိယာ

    ရီဦးရီဖျား

    [ɹíʔúɹípʰrá]
    အမြတ်တနိုး (အမွန်အမြတ်) လှူဒါန်းရန် ရည်မှန်းထားရေ ရေ
    အမြတ်တနိုး (အမွန်အမြတ်) လှူဒါန်းရန် ရည်မှန်းထားသော ရေ
    early rain water flowing down rivers and streams the first rise and fall of a flood or tide
    နာမ်

    ရု

    [ɹoʊ]
    မြည်သော အသံတမျိုး။ ဝမ်းထဲက လေ လှုပ်ယှားမှုကြောင့် ပင်ဖြစ်ဖြစ်၊ အစာ ဆာမွတ်မှုကြောင့် ပင်ဖြစ်ဖြစ်၊ မြည်သော အသံ ဝမ်း ရုရေ အစာ တောင်းနီဗျာယ် (အရပ်)
    မြည်သော အသံတစ်မျိုး။ ဝမ်းဗိုက်ထဲမှ လေ လှုပ်ရှားမှုကြောင့် လည်းကောင်း၊ အစာ ဆာမွတ်မှုကြောင့် လည်းကောင်း၊ မြည်သော အသံ ဝမ်း ရုရေ အစာ တောင်းနီဗျာယ် (အရပ်)
    fizzle
    နာမ်

    ရုံ

    [ɹòʊɴ]
    ရတနာစိန်လုံး၊ မြပန်းသိန် ဇာလူကုံးလီရုံ (ဓမ္မက)။ သုဝဏ္ဏ ဇာပုံ၊ ရွှီတောင်နန်းမာ၊ ဘဇာဖြစ်လီရုံ (ဓမ္မက)
    ရတနာစိန်လုံး၊ မြပန်းကုံး ဇာလူကုံးလီရုံ (ဓမ္မက)။ သုဝဏ္ဏ ဘယ်ပုံ၊ ရွှီတောင်နန်းမှာ၊ ဘဇာဖြစ်လီရုံ (ဓမ္မက)
    particle suffixed to a verb to convey the sense of being limited in degree or extent (equivalent in usage to adverbs just only) (as in တော်~သင့်~၊ မသေ~တစ်မေ၊ ခေါင်းလွတ်~သာရှိ-)
    ပစ္စည်း

    ရုံး

    [ɹóʊɴ]
    သိမ်းဆည်း စုဆောင်းရေ။ ၂၊ စုပေါင်း ဖွဲ့စည်းသည်
    သိမ်းဆည်း စုဆောင်းသည်။ ၂၊ စုပေါင်း ဖွဲ့စည်းသည်
    assemble - gather
    ကြိယာ

    ရုံ၂

    [ɹòʊɴ၂]
    အပေါ်မှ လွှမ်း၍ခြုံရေ။ ဝတ်ဆင်ရေ။ သင်္ဃာတော်ရို့၊ ကိုယ်မာရုံမြန်း၊ ဝတ်သင်္ကန်းနန့် (ဆဒ္ဒန်)။ ၂၊ ကျယ်လောင် ပြင်းထန်သော အသံ ဖြစ်ပေါ်ရေ။ ကြီးလှကေ သံဟုန်၊ မိုးပဇ္ဇုန်ကေ၊ ရုံကာ ထပ်ရိုက်ကြိုး၍ (မေတ္တာတု)။ ၃၊ လက်ဆယ်ချောင်း စုအုံရေ။ ရုပ်ပွားတော်လေ၊ မဟာထီးကို
    အပေါ်မှ လွှမ်း၍ခြုံသည်။ ဝတ်ဆင်သည်။ သင်္ဃာတော်တို့၊ ကိုယ်မှာရုံမြန်း၊ ဝတ်သင်္ကန်းနှင့် (ဆဒ္ဒန်)။ ၂၊ ကျယ်လောင် ပြင်းထန်သော အသံ ဖြစ်ပေါ်သည်။ ကြီးလှကေ သံဟုန်၊ မိုးပဇ္ဇုန်ကေ၊ ရုံကာ ထပ်ရိုက်ကြိုး၍ (မေတ္တာတု)။ ၃၊ လက်ဆယ်ချောင်း စုအုံသည်။ ရုပ်ပွားတော်လေ၊ မဟာထီးကို
    wear or put on (a cloak or robe)
    ကြိယာ

    ရုံး၂

    [ɹóʊɴ၂]
    မင်းမှုရီးရာ အစိုးရ လုပ်ငန်း တာဝန် ဆောင်ရွက်ရာ အဆောက်အအုံ
    မင်းမှုရေးရာ အစိုးရ လုပ်ငန်း တာဝန် ဆောင်ရွက်ရာ အဆောက်အအုံ
    office court
    နာမ်

    ရုံ၃

    [ɹòʊɴ၃]
    (ယင်များ စုအုံ၍) မြည်သော အသံ။ အဆန်းတကြယ်၊ ယင်များရုံပျာ၊ ဖုံသောသောနန့်၊ ရယ်မောစဖွယ် (ဂုတ္တိလ)။ ၂၊ (ဥပစာ) အရီးမစိုက်ပဲ ထားမှု
    (ယင်များ စုအုံ၍) မြည်သော အသံ။ အဆန်းတကြယ်၊ ယင်များရုံပျာ၊ ဖုံသောသောနှင့်၊ ရယ်မောစဖွယ် (ဂုတ္တိလ)။ ၂၊ (ဥပစာ) အရေးမစိုက်ပဲ ထားမှု
    clump ( as in ဝါး~) - bush ( as in ပန်း~) generic term for shelter shed building (as in ထင်း~၊ ရုပ်ရှင်~၊ ဘူတာ~၊ ကုန်လှောင်~၊ သားသတ်~ etc.)
    နာမ်

    ရုံ၄

    [ɹòʊɴ၄]
    ဗူး၊ ဖရုံ၊ သခွားအစဟိရေ အပင်အုပ်စု။ သခွားတရုံ၊ ဗူးတရုံကေ၊ နှစ်ရုံ စိုက်ထား (တေး)
    ဗူး၊ ဖရုံ၊ သခွားစသော အပင်အုပ်စု။ သခွားတရုံ၊ ဗူးတရုံကေ၊ နှစ်ရုံ စိုက်ထား (တေး)
    clump ( as in ဝါး~) - bush ( as in ပန်း~) generic term for shelter shed building (as in ထင်း~၊ ရုပ်ရှင်~၊ ဘူတာ~၊ ကုန်လှောင်~၊ သားသတ်~ etc.)
    နာမ်

    ရုံ၅

    [ɹòʊɴ၅]
    တခုတရီသော အတိုင်းအတာ အကန့်အသတ်ကို ဖော်ပြသော စကားလုံး။ ကံကြီးစွား၍၊ ခါးပါမကျိုး၊ အရိုးအခြင်၊ နာကြင်ရုံမျှ (ဂုတ္တိလ)။ (စားရုံ သောက်ရုံ နီထိုင်ရုံ စရေ။
    တစ်စုံတစ်ခုသော အတိုင်းအတာ အကန့်အသတ်ကို ဖော်ပြသော စကားလုံး။ ကံကြီးတား၍၊ ခါးပါမကျိုး၊ အရိုးအခြင်၊ နာကြင်ရုံမျှ (ဂုတ္တိလ)။ (စားရုံ သောက်ရုံ နီထိုင်ရုံ စသည်။
    particle suffixed to a verb to convey the sense of being limited in degree or extent (equivalent in usage to adverbs just only ) (as in စား~သောက်~၊ မသေ~တစ်မေ၊ ခေါင်းလွတ်~သာရှိ-)
    ပစ္စည်း

    ရုံးချိန်း

    [ɹóʊɴɕéɪɴ]
    မှုခင်း စစ်ဆီးရန် နိ၊ ရက် သတ်မှတ်ချက်
    မှုခင်း စစ်ဆေးရန် နေ့၊ ရက် သတ်မှတ်ချက်
    appointment at court - day fixed for hearing of a case in a court of law
    နာမ်

    ရုံးစာ

    [ɹóʊɴsà]
    တခုတရီသော အကြောင်းကိစ္စနန့် ပတ်သက်ပြီးကေ ရုံးမှပီးရေ စာ
    တစ်စုံတစ်ခုသော အကြောင်းကိစ္စနှင့် ပတ်သက်၍ ရုံးမှပေးသော စာ
    paperwork
    နာမ်