Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 861–880 of 1,415 words

    ရ

    ရုံးစိုက်

    [ɹóʊɴsaɪʔ]
    တခုတရီသော နီရာဒေသမာ ရုံးတည်ထား စတင် ဖွင့်လှစ်၍ အစိုးရလုပ်ငန်း အဝဝကို ဆောင်ရွက်သည်
    တစ်စုံတစ်ခုသော နေရာဒေသတွင် ရုံးတည်ထား စတင် ဖွင့်လှစ်၍ အစိုးရလုပ်ငန်း အဝဝကို ဆောင်ရွက်သည်
    establish headquarters
    ကြိယာ

    ရုံးတက်

    [ɹóʊɴtɛʔ]
    မှုခင်းရီးရာ တခုတရီကို ရုံးပေါက်အောင်ထိ တင်ပြ အဆုံး အဖြတ်ခံသည်
    မှုခင်းရေးရာ တစ်စုံတစ်ရာကို ရုံးပေါက်အောင်ထိ တင်ပြ အဆုံး အဖြတ်ခံသည်
    go to office litigate - take a matter to court
    ကြိယာ

    ရုံတင်

    [ɹòʊɴtɪ̀ɴ]
    ဇာတ်ပွဲ၊ ရုပ်ရှင်ကား စစွာကို ရုံမား၌ စုဝေး ရောက်ဟိနိန်ရေ လူစု လူဝီးကို ပြရေ
    ဇာတ်ပွဲ၊ ရုပ်ရှင်ကား စသည်ကို ရုံတွင်း၌ စုဝေး ရောက်ရှိနေသော လူစု လူဝေးကို ပြသည်
    stage a film show
    ကြိယာ

    ရုံးတင်

    [ɹóʊɴtɪ̀ɴ]
    တခုတရီပြစ်မှု ဥပဒေကို ဖောက်ဖျက်ယင့်အတွက် ဖောက်ဖျက်သူ အဖြစ် ရုံး၌ စစ်ဆီးရန် တင်ပြရေ
    တစ်စုံတစ်ရာပြစ်မှု ဥပဒေကို ဖောက်ဖျက်သည့်အတွက် ဖောက်ဖျက်သူ အဖြစ် ရုံး၌ စစ်ဆေးရန် တင်ပြသည်
    put up a case before a court of law
    ကြိယာ

    ရုံးတံဆိပ်

    [ɹóʊɴtံsʰìaʔ]
    ရုံး၏ တရားဝင် အမှတ်အသား တံဆိပ်ပုံစံ အမျိုးမျိုး
    ရုံး၏ တရားဝင် အမှတ်အသား တံဆိပ်ပုံစံ အမျိုးမျိုး
    office or court seal - official seal
    နာမ်

    ရုတ်

    [ɹoʊʔ]
    (ကြောင်၊ ခွီး အစဟိစွာရို့) ကိုယ့်စားနိန်ရေ အစားအစာကို လူတိက လုယက် စားသောက်မည် ထင်၍ ရန်စောင်ရေ။ စားရာမာ ခွီးပိုင် ရုတ်လို့ နီရေကာ (အရပ်)
    (ကြောင်၊ ခွေး စသည်တို့) မိမိစားနေသော အစားအစာကို သူတစ်ပါးက လုယက် စားသောက်မည် ထင်၍ ရန်စောင်သည်။ စားရာမှာ ခွီးပိုင် ရုတ်လို့ နီရေကာ (အရပ်)
    growl
    ကြိယာ

    ရုတ်ကနဲ

    [ɹoʊʔknɛ]
    တချက်ချေအနိန်နန့်။ မမျှော်လင့်သောအနိန်နန့်
    တခဏချင်း အားဖြင့်။ မမျှော်လင့်သော အားဖြင့်
    suddenly - abruptly
    ကြိယာဝိသေသန

    ရုတ်ခြည်

    [ɹoʊʔkʰɹɛ]
    တချက်ချေ။ အဂု
    တခဏချင်း။ ချက်ချင်း
    instantly - at once - immediately
    ကြိယာဝိသေသန

    ရုတ်တရက်

    [ɹoʊʔtɹɛʔ]
    ဗြုန်းကနဲအနိန်နန့်။ ခဏအဂု။ အမှတ်မထင် ဖြစ်ပေါ်သောအနိန်နန့်။ ခဏအဂု။ အမှတ်မထင် ဖြစ်ပေါ်သောအနိန်နန့်။ ဂုပင် ရုတ္တရက်၊ ရထားထက်သို့၊ တက်ပနာ သိကြာ၊ နန့်လေလားရေ (ကင်းမဟော်)။ နှမချောညက်၊ ဗြုန်းခနဲဖြင့်၊ နှုတ်ဆက်မည်မာ၊ အဂုမြင်ဗျာယ် (ပန်း)
    ဗြုန်းကနဲ အားဖြင့်။ ခဏချက်ချင်း။ အမှတ်မထင် ဖြစ်ပေါ်သော အားဖြင့်။ ခဏချက်ချင်း။ အမှတ်မထင် ဖြစ်ပေါ်သော အားဖြင့်။ ခုပင် ရုတ္တရက်၊ ရထားထက်သို့၊ တက်၍ သိကြာ၊ နှင့်လေသွား၏ (ကင်းမဟော်)။ နှမချောညက်၊ ရုတ်တရက်ဖြင့်၊ နှုတ်ဆက်မည်တွင်၊ ယခုမြင်လျက် (ပန်း)
    unexpectedly - at once
    ကြိယာဝိသေသန

    ရုတ်တုတ်ရုတ်တုတ်

    [ɹoʊʔtoʊʔɹoʊʔtoʊʔ]
    လူအများ မငြိမ်မသက် လှုပ်ယှားဗျာယ်။ ၂၊ ဗလဗွီသတ်စီပြီးကေ။ နောက်ပွေဗျာယ်
    လူအများ မငြိမ်မသက် လှုပ်ရှားလျက်။ ၂၊ ရှုပ်ထွေးစေလျက်။ နောက်ပွေလျက်
    in a turmoil - in confusion
    ကြိယာဝိသေသန

    ရုတ်ရက်ရုတ်ရက်

    [ɹoʊʔɹɛʔɹoʊʔɹɛʔ]
    လူအများ မငြိမ်မသက် လှုပ်ယှားဗျာယ်။ ၂၊ ဗလဗွီသတ်စီပြီးကေ။ နောက်ပွေဗျာယ်
    လူအများ မငြိမ်မသက် လှုပ်ရှားလျက်။ ၂၊ ရှုပ်ထွေးစေလျက်။ နောက်ပွေလျက်
    in a turmoil - in confusion
    ကြိယာဝိသေသန

    ရုတ်ရုတ်သုတ်သုတ်

    [ɹoʊʔɹoʊʔθoʊʔθoʊʔ]
    လူအများ မငြိမ်မသက် ဆူပူလှုပ်ယှားဗျာယ်
    လူအများ မငြိမ်မသက် ဆူပူလှုပ်ရှားလျက်
    in an uproar
    ကြိယာဝိသေသန

    ရုံးထိုင်

    [ɹóʊɴtʰàɪɴ]
    ရုံးမာ တရား စစ်ဆီးသည်
    ရုံးတွင် တရား စစ်ဆေးသည်
    sit as a judge in a court of law - discharge one’s official duty
    ကြိယာ

    ရုန်

    [ɹòʊɴ]
    ကျား၊ ခွီး တိရစ္ဆာန်အစဟိစွာ တခုတရီကို တိုက်ခိုက်ရန် ခံမားမှမြည်သော အသံ။ နန္တရာပုတ်က၊ ကျားရုန်ရေ၊ ထွက်လတ်မောင်ကြီးသျှင်၊ အယင်ပြီး (တေး)
    ကျား၊ ခွေး တိရစ္ဆာန်စသည် တစ်စုံတစ်ခုကို တိုက်ခိုက်ရန် ခံတွင်းမှမြည်သော အသံ။ နန္တရာပုတ်က၊ ကျားရုန်ရေ၊ ထွက်လတ်မောင်ကြီး၊ အယင်ပြီး (တေး)
    roar
    နာမ်

    ရုန့်

    [ɹòʊɴ့]
    အထဲကို ကျုံ့ဝင် တွန့်ခေါက်သော
    အတွင်းသို့ ကျုံ့ဝင် တွန့်ခေါက်သော
    contracted
    နာမဝိသေသန

    ရုန်း

    [ɹóʊɴ]
    ဖီးအန္တရာယ် တခုခုကြောင့် အနှောင်အဖွဲ့ အစဟိစွာရို့မှ လွတ်ယောင် ယှောင်ဗြီးရေ။ ၂၊ ကျွဲ၊ နွား အစဟိစွာရို့ ဝန်ဝန် တခုခုကို တနီရာမှ တနီရာသို့ ရွိအောင် ပက်ခုံးဖြင့် ဆွဲငင်သည်
    ဘေးအန္တရာယ် တစ်ခုခုကြောင့် အနှောင်အဖွဲ့ စသည်တို့မှ လွတ်အောင် တိမ်းရှောင်သည်။ ၂၊ ကျွဲ၊ နွား စသည်တို့ ဝန်ပစ္စည်း တစ်ခုခုကို တစ်နေရာမှ တစ်နေရာသို့ ရွေ့လျားအောင် ပခုံးဖြင့် ဆွဲငင်သည်
    (of draught animals)pull - struggle struggle free (from danger entanglement etc) (of wood fabric etc.) shrink - warp
    ကြိယာ

    ရုန့်၂

    [ɹòʊɴ့၂]
    အထဲကို ကျုံ့ဝင် တွန့်ခေါက်အောင် ပြုသည်
    အတွင်းသို့ ကျုံ့ဝင် တွန့်ခေါက်အောင် ပြုသည်
    contract
    ကြိယာ

    ရုန့်၃

    [ɹòʊɴ့၃]
    ချောမွိ့ခြင်း မဟိရေ။ ၂၊ ပြေပြစ် သာယာခြင်း ကင်းသော။ ရိုင်းပျ ခက်ထန်သော
    ချောမွေ့ခြင်း မရှိသော။ ၂၊ ပြေပြစ် သာယာခြင်း ကင်းသော။ ရိုင်းပျ ခက်ထန်သော
    contract
    နာမဝိသေသန

    ရုန်းကန်

    [ɹóʊɴkàɴ]
    တခုတရီကို ဖိတွန်း ပင့်ကန်အားပြုပနာ လွတ်ထွက်လှားယောင် အားထုတ်ရေ။ ၂၊ (ဥပစာ) အခက်အခဲ အကျပ်အတည်းကို ကျော်လွန်နှိုင်ယောင် တွန်းကန် ထွက်သည်
    တစ်စုံတစ်ရာကို ဖိတွန်း ပင့်ကန်အားပြု၍ လွတ်ထွက်သွားအောင် အားထုတ်သည်။ ၂၊ (ဥပစာ) အခက်အခဲ အကျပ်အတည်းကို ကျော်လွန်နိုင်အောင် တွန်းကန် ထွက်သည်
    struggle violently struggle free (from danger entanglement etc)
    ကြိယာ

    ရုန်ရင်း

    [ɹòʊɴɹɪ́ɴ]
    ကြမ်းတမ်း ရိုင်းပျသော။ ၂၊ တုန်လှုပ် ချောက်ချားဖွယ် ကောင်းရေ။ လဝယ်ဂြိုဟ်ခွင်၊ ကြယ်ပြိုခြင်းနန့်၊ ရုန့်ရင်းသတ္တဝါ၊ ထိတ်လန့်စွာနန့် (ကျောက်ရိုး)
    ကြမ်းတမ်း ရိုင်းပျသော။ ၂၊ တုန်လှုပ် ချောက်ချားဖွယ် ကောင်းသော။ လဝယ်ဂြိုဟ်ခွင်၊ ကြယ်ပြိုခြင်းနှင့်၊ ရုန့်ရင်းသတ္တဝါ၊ ထိတ်လန့်စွာနှင့် (ကျောက်ရိုး)
    rough
    နာမဝိသေသန