Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 881–900 of 1,415 words

    ရ

    ရုန်းရင်းခတ်

    [ɹóʊɴɹɪ́ɴkʰaʔ]
    အသံ လူသူ အစဟိစွာရို့ ကျီရောင်ဘာရောင်။ ပွဲရှုသူလေ၊ လူအများရို့၊ အံ့ဩမဆုံး၊ ပျားပိတုန်းသို့၊ ရုန်းရင်းခတ်မျှ၊ ဩဘာသံလေ၊ ညံမစဲအောင်၊ ပေးတုံကြက (မျိုးက်)။ ၂၊ ဆူဆူညံညံ။ အဟောတကြော်။ အချင်းချင်းလျှင်၊ ရုန်းရင်းခတ်က၊ ထောင်ကွပ်အာဏာ၊ ဘရဝါရို့ ဖမ်းကာနှောင်ခတ် (ဥဒိန်သာ)
    အသံ လူသူ စသည်တို့ ဆူညံစွာ။ ပွဲရှုသူလေ၊ လူအများတို့၊ အံ့ဩမဆုံး၊ ပျားပိတုန်းသို့၊ ရုန်းရင်းခတ်မျှ၊ ဩဘာသံလေ၊ ညံမစဲအောင်၊ ပေးတုံကြက (မျောက်)။ ၂၊ ဆူဆူညံညံ။ ကျယ်ကျယ်လောင်လောင်။ အချင်းချင်းလျှင်၊ ရုန်းရင်းခတ်က၊ ထောင်ကွပ်အာဏာ၊ ဘရဝါတို့ ဖမ်းကာနှောင်ခတ် (ဥဒိန်သာ)
    noisy
    ကြိယာဝိသေသန

    ရုန်းရင်းဆန်ခတ်

    [ɹóʊɴɹɪ́ɴsʰàɴkʰaʔ]
    အန္တရာယ် တခုခုကြောင့် လူအများ ထိတ်လန့် ချောက်ချားစွာဖြင့် လှုပ်ယှားဗျာယ်။ အသံ လူသူစစွာကို ကျီရောင်ဘာရောင်။ ယှောင်ကာသွားရင်၊ နီငြားဝှက်ပုန်း၊ တိုင်းဌာနီလေ၊ ပြည်ဘအုံးမာ၊ ရုန်းရင်းဆန်ခတ် (ကော်)
    အန္တရာယ် တစ်ခုခုကြောင့် လူအများ ထိတ်လန့် ချောက်ချားစွာဖြင့် လှုပ်ရှားလျက်။ အသံ လူသူစသည်ကို ဆူညံစွာ။ ယှောင်ကာသွားကေ၊ နီငြားဝှက်ပုန်း၊ တိုင်းဌာနီလေ၊ ပြည်ဘအုံးမှာ၊ ရုန်းရင်းဆန်ခတ် (ကော်)
    in a tangled mass - in confusion
    ကြိယာဝိသေသန

    ရုန်းရင်းဗြုန်းဗြင်း

    [ɹóʊɴɹɪ́ɴbɹóʊɴbɹɪ́ɴ]
    ရုန်းရင်းဗြုန်းဗြင်း ဆူညံဗလဗွီသတ်စွာ လှုပ်ယှားဗျာယ်
    ရုန်းရင်းဗြုန်းဗြင်း ဆူညံရှုပ်ထွေးစွာ လှုပ်ရှားလျက်
    in a commotion - rowdily - tumultuously
    ကြိယာဝိသေသန

    ရုန်းရုန်းညံ

    [ɹóʊɴɹóʊɴɲံ]
    အပေါ်မှ အောက်ကို ပြင်းစွာ ကျလှာရေ မြည်သော အသံ။ ရုန်းရုန်းညံယောင်၊ ကျသံကြားကေ(ယင်း)
    အပေါ်မှ အောက်သို့ ပြင်းစွာ ကျလာသည့် မြည်သော အသံ။ ရုန်းရုန်းညံယောင်၊ ကျသံကြားကေ(၎င်း)
    drumming
    နာမ်

    ရုန်းရုန်းတီး

    [ɹóʊɴɹóʊɴtï]
    ဆူညံ ဗလဗွီသတ်စွာ ဆူဆူညံညံ
    ဆူညံ ရှုပ်ထွေးစွာ ဆူဆူညံညံ
    in a commotion - rowdily - tumultuously
    ကြိယာဝိသေသန

    ရုံပ

    [ɹòʊɴp]
    မောင်းကာ ဟိရေ် ပင်ဖြစ်ဖြစ်၊ မဟိရေ် ပင်ဖြစ်ဖြစ် ပတ်လည် ကာထားရေ ရုံထဲမာ လူရို့ပါးမှ ဝင်ကြီးယူပနာ ပြသော ပွဲသဘင်
    အမိုးအကာ ရှိသော် လည်းကောင်း၊ မရှိသော် လည်းကောင်း ပတ်လည် ကာထားသော ရုံထဲတွင် လူတို့ထံမှ ဝင်ကြေးယူ၍ ပြသော ပွဲသဘင်
    requiring payment for admission
    နာမ်

    ရုံပိတ်

    [ɹòʊɴpeɪʔ]
    ရုံမား၌ လူစုများ ပြည့််နှက်၍ နောက်ထပ် ဝင်ရောက်လိုသူကို ဝင်ခွင့်မပြုပဲ ထားရေ
    ရုံတွင်း၌ လူစုများ ပြည့််နှက်၍ နောက်ထပ် ဝင်ရောက်လိုသူကို ဝင်ခွင့်မပြုပဲ ထားသည်
    not pass any more theatrical show
    ကြိယာ

    ရုံးပိတ်ရက်

    [ɹóʊɴpeɪʔɹɛʔ]
    အစိုးရ လုပ်ငန်းဆိုင်ရာ စက်ရုံအလုပ်ရုံ ရုံးအစဟိစွာ ဆောင်ရွက်မှု ကိစ္စအဝဝကို ရပ်နားထားရန် အစိုးရက ခွင့်ပြု သတ်မှတ် ထားရေရက်
    အစိုးရ လုပ်ငန်းဆိုင်ရာ စက်ရုံအလုပ်ရုံ ရုံးစသည် ဆောင်ရွက်မှု ကိစ္စအဝဝကို ရပ်နားထားရန် အစိုးရက ခွင့်ပြု သတ်မှတ် ထားသောရက်
    gazetted holiday
    နာမ်

    ရုပ်

    [ɹoʊʔ]
    ပုံသဏ္ဍာန်။ ကိုယ်ရီခြုံချက်။ ၂၊ အသွင်အပြင်။ အခြီအရဲ။ မောင်သာဖြူ ကျောင်းကို လားရုပ်က မမြင်။ ဝက်သားဟင်း စားရုပ်စားစွာက မဟောက် (အရပ်)။ ၃၊ လှပရေ အဆင်းအဝါ
    ပုံသဏ္ဍာန်။ အယောင်ဆောင်ချက်။ ၂၊ အသွင်အပြင်။ အခြေအနေ။ မောင်သာဖြူ ကျောင်းကို လားရုပ်က မမြင်။ ဝက်သားဟင်း စားရုပ်စားရေက မဟောက် (အရပ်)။ ၃၊ လှပသော အဆင်းအဝါ
    physical form - matter - material appearance - looks (as in သူ~လှ- ) Same as အရုပ် n. (as in ဆင် ~ ၊ မြင်း~ etc ) [ Pali ရူပ]
    နာမ်

    ရုပ်၂

    [ɹoʊʔ၂]
    ပြန်ပနာ သိမ်းစုရေ။ မိုဃ်းပါလတ်တေ၊ လီပါလတ်ကေ၊ စပါးကိုရုပ်၊ ဆန်ကိုရုပ် (တေး)။ ၂၊ သိမ်းဖယ်ရေ။ မလ္လာ ကျွန်းသူ၊ ခြီလက် ရုပ်၍၊ လှုပ်တော်မူကေ (ကော်)။ (ဒယောရုပ်၊ လက်ခြီရုပ်၊ အဝတ်ရုပ် စရေ။
    ပြန်လည် သိမ်းစုသည်။ မိုဃ်းပါလတ်တေ၊ လီပါလတ်ကေ၊ စပါးကိုရုပ်၊ ဆန်ကိုရုပ် (တေး)။ ၂၊ သိမ်းဖယ်သည်။ မလ္လာ ကျွန်းသူ၊ ခြီလက် ရုပ်၍၊ လှုပ်တော်မူကေ (ကော်)။ (ဒယောရုပ်၊ လက်ခြီရုပ်၊ အဝတ်ရုပ် စသည်။
    withdraw - retract (as in လက်~၊ ခြီ~) bring in - collect - gather (as in စပါးကို~၊ အဝတ်ကို~)
    ကြိယာ

    ရုပ်ကလာပ်

    [ɹoʊʔklàaʔ]
    ကိုယ်ခန္ဓာ ရုပ်စု။ ၂၊ လူသီအလောင်း။ ကိုယ်ကောင်
    ကိုယ်ခန္ဓာ ရုပ်စု။ ၂၊ လူသေအလောင်း။ ကိုယ်ကောင်
    corpse - dead body - cadaver [ Pali ရူပ + ကလာပ ]
    နာမ်

    ရုပ်ကောင်

    [ɹoʊʔkàʊɴ]
    အသက်ဟိ အသက်မဟိ သတ္တဝါ
    အသက်ရှိ အသက်မရှိ သတ္တဝါ
    corpse
    နာမ်

    ရုပ်ကျ

    [ɹoʊʔt͡ɕ]
    မူလရုပ် အဆင်း လျော့နည်း လားရေ
    နဂိုရုပ် အဆင်း လျော့နည်း သွားသည်
    age - look haggard
    ကြိယာ

    ရုပ်ကြွ

    [ɹoʊʔt͡ɕw]
    မျက်နှာပြင် ပေါ်၌ ခုံးမောက်အောင် ထွင်းထု လုပ်ထားရေ ရုပ်ပုံ
    မျက်နှာပြင် ပေါ်၌ ခုံးမောက်အောင် ထွင်းထု လုပ်ထားသော ရုပ်ပုံ
    relief
    နာမ်

    ရုပ်ကြွင်း

    [ɹoʊʔt͡ɕwɪ́ɴ]
    သီလွန်လားဗျာယ်ဖြစ်တေ သတ္တဝါရို့မှ ကျန်ရစ်နီခရေ ကိုယ်ခန္ဓာ
    သေလွန်လေ ပြီးသော သတ္တဝါတို့မှ ကျန်ရစ်နေခဲ့သော ကိုယ်ခန္ဓာ
    remains (of a deceased person) fossil Also ကျောက်ဖြစ်ရုပ်ကြွင်း
    နာမ်

    ရုပ်ချော

    [ɹoʊʔɕɔ́]
    ရုပ်ရည် ရူပကာယ အဆင်း လှပရေ။ ချောမွိ့ ပြေပြစ်သော
    ရုပ်ရည် ရူပကာယ အဆင်း လှပသော။ ချောမွေ့ ပြေပြစ်သော
    pretty - good looking - handsome
    နာမဝိသေသန

    ရုပ်စု

    [ɹoʊʔsoʊ]
    ရုပ်အပေါင်း
    ရုပ်အပေါင်း
    save variety of pictorial
    နာမ်

    ရုပ်စုံ

    [ɹoʊʔsòʊɴ]
    အရုပ်အမျိုးမျိုး ပုံဖော်ပနာ ပြုလုပ်ထားရေ အရာ
    အရုပ်အမျိုးမျိုး ပုံဖော်၍ ပြုလုပ်ထားသော အရာ
    sth with a variety of figures carved on it - lacquer box with a variety of figures inlaid or in relief
    နာမ်

    ရုပ်စွပ်

    [ɹoʊʔswaʔ]
    တထပ်တည်း။ တသဝေမတိမ်း။ တထီရာတည်း။ ဖုတ် ချိတ်ချွတ် ခြင်းမာ (ဗမာချီ)
    တထပ်တည်း။ တသဝေမတိမ်း။ တထေရာတည်း။ ဖုတ် ရုပ်စွပ် ခြင်းတွင် (ဗမာချီ)
    exactly
    ကြိယာဝိသေသန

    ရုပ်ဆင်းသဏ္ဍာန်

    [ɹoʊʔsʰɪ́ɴθnə́dʌààɴ]
    ပုံဟန်အသွင်။ ရုပ်သွင်ဟန်ပန်
    ပုံဟန်အသွင်။ ရုပ်သွင်ဟန်ပန်
    appearance - looks (of a person)
    နာမ်