Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 901–920 of 1,415 words

    ရ

    ရုပ်တင်

    [ɹoʊʔtɪ̀ɴ]
    အသက် ကြီးရင့်ကေလေ့ အဆင်းရုပ်ရည် လျော့ပါး နည်းလားခြင်း မဟိ ဖြစ်တေ
    အသက် ကြီးရင့်သော်လည်း အဆင်းရုပ်ရည် လျော့ပါး နည်းသွားခြင်း မရှိ ဖြစ်သည်
    look youthful - keep one’s age well - look young for one’s age
    ကြိယာ

    ရုပ်တု

    [ɹoʊʔtoʊ]
    တယောက်တလီသော ပုဂ္ဂိုလ်နန့် တူယောင် ထုလုပ်ထားရေ ပပု ရုပ်လုံး။ ဖော်ပြလိုရေ သဖောပေါ်လွင်အောင် ထုလုပ်ထားရေ လူရုပ်လုံး
    တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်နှင့် တူအောင် ထုလုပ်ထားသော ပန်းပု ရုပ်လုံး။ ဖော်ပြလိုသော သဘော ပေါ်လွင်အောင် ထုလုပ်ထားသော လူရုပ်လုံး
    image - idol - starue - sculpture
    နာမ်

    ရုပ်တူ

    [ɹoʊʔtù]
    တသဝေမတိမ်း တထပ်တည်း ကျရေ
    တသဝေမတိမ်း တစ်ပုံစံတည်း ကျသည်
    alike
    ကြိယာ

    ရုပ်ပိုင်း

    [ɹoʊʔpáɪɴ]
    ရုပ်နန့် သက်ဆိုင်ရေ အခန်းကဏ္ဍ။ ရုပ်နန့် ဆိုင်ရေ အကြောင်းကို ပြဆိုရေအခန်း
    ရုပ်နှင့် သက်ဆိုင်သော အခန်းကဏ္ဍ။ ရုပ်နှင့် ပတ်သက်သော အကြောင်းကို ပြဆိုသောအခန်း
    physical matters
    နာမ်

    ရုပ်ပိုင်ပြင်

    [ɹoʊʔpàɪɴpɹɪ̀ɴ]
    ရုပ်ဆင်းသွင်ပြင်။ အဆင်းနန့် ဆိုင်ရေ အရည်အခြင်း။ ဆီးတားကာကွယ်၊ ရုပ်ပိုင်ပြင်ကို၊ မမြင်ရရောင်၊ သင်ပြလီကေ (ဥဒိန်သာ)။ အားရပါးရ၊ ရုပ်ပိုင်ပြင်ကို၊ မမြင်ရကေ၊ စိတ်ကမကြည် (ဥဒိန်သာ)
    ရုပ်ဆင်းသွင်ပြင်။ အဆင်းနှင့် ပတ်သက်သော အရည်အချင်း။ ဆီးတားကာကွယ်၊ ရုပ်ပိုင်ပြင်ကို၊ မမြင်ရအောင်၊ သင်ပြလေကေ (ဥဒိန်သာ)။ အားရပါးရ၊ ရုပ်ပိုင်ပြင်ကို၊ မမြင်ရကေ၊ စိတ်ကမကြည် (ဥဒိန်သာ)
    character
    နာမ်

    ရုပ်ပုံ

    [ɹoʊʔpòʊɴ]
    သက်မဲ့ ဝတ္တုဝန်၊ သက်ဟိ သတ္တဝါ အစဟိစွာရို့၏ ပုံပန်းသဏ္ဍာန်အဖြစ် ရီးခြယ် ရိုက်နှိပ်ထားရေပုံ
    သက်မဲ့ ဝတ္တုပစ္စည်း၊ သက်ရှိ သတ္တဝါ စသည်တို့၏ ပုံပန်းသဏ္ဍာန်အဖြစ် ရေးခြယ် ရိုက်နှိပ်ထားသောပုံ
    picture (of an animate or inanimate object)
    နာမ်

    ရုပ်ပုံပြင်

    [ɹoʊʔpòʊɴpɹɪ̀ɴ]
    ရုပ်ဆင်းသွင်ပြင်။ အဆင်းနန့် ဆိုင်ရေ အရည်အခြင်း။ ဆီးတားကာကွယ်၊ ရုပ်ပိုင်ပြင်ကို၊ မမြင်ရရောင်၊ သင်ပြလီကေ (ဥဒိန်သာ)။ အားရပါးရ၊ ရုပ်ပိုင်ပြင်ကို၊ မမြင်ရကေ၊ စိတ်ကမကြည် (ယင်း)။ ဝီးရပ်ရွာက၊ တခါတရံထူး၊ ရုပ်ပုံပြင်ကို မမြင်ဖူးပဲ (ဥဒိန်သာ)။ ရယ်ကာပြုံးချို၊ ရု
    ရုပ်ဆင်းသွင်ပြင်။ အဆင်းနှင့် ပတ်သက်သော အရည်အချင်း။ ဆီးတားကာကွယ်၊ ရုပ်ပိုင်ပြင်ကို၊ မမြင်ရအောင်၊ သင်ပြလေကေ (ဥဒိန်သာ)။ အားရပါးရ၊ ရုပ်ပိုင်ပြင်ကို၊ မမြင်ရကေ၊ စိတ်ကမကြည် (၎င်း)။ ဝီးရပ်ရွာက၊ တစ်ခါတရံထူး၊ ရုပ်ပုံပြင်ကို မမြင်ဖူးပဲ (ဥဒိန်သာ)။ ရယ်ကာပြုံးချို၊ ရု
    character
    နာမ်

    ရုပ်ပုံပြာ

    [ɹoʊʔpòʊɴpɹà]
    မျက်နှာ အမူအရာ အဆိုးဘက်ကို ဗြုန်းခနဲ ပြောင်းလဲဗျာယ်။ မလှသော မျက်ကြောနန့်။ မနီလျင်လျား၊ ရုပ်ဖုံပြာနန့်၊ ဝင်လှာငြားက၊ ဖမ်းလောအဂု (နာရဒ)
    မျက်နှာ အမူအရာ အဆိုးဘက်သို့ ရုတ်တရက် ပြောင်းလဲလျက်။ မလှသော မျက်နှာထားနှင့်။ မနေလျင်လျား၊ ရုပ်ဖုံပြာနှင့်၊ ဝင်လာငြားက၊ ဖမ်းလောယခု (နာရဒ)
    change to bad face
    ကြိယာဝိသေသန

    ရုပ်ပျက်

    [ɹoʊʔprɛʔ]
    (ဥပစာ) ပြင်ပန်း အမြင်အားဖြင့် တင့်ရေခြင်း မဟိ ဖြစ်တေ
    (ဥပစာ) ပြင်ပန်း အမြင်အားဖြင့် တင့်တယ်ခြင်း မရှိ ဖြစ်သည်
    become a caricature of ones former self [fig] ( a ) be embarrassed - be disconcerted - be discomfited - (b) look awkward
    ကြိယာ

    ရုပ်ပျက်ဆင်းပျက်

    [ɹoʊʔprɛʔsʰɪ́ɴprɛʔ]
    မူလ မူလရုပ်သွင် ပျက်ယွင်းစွာ။ လိုချင် နှစ်သက်စရာ မဟိအောင် မူလ ပုံပန်း ပျက်ယွင်းစွာ
    မူလ နဂိုရုပ်သွင် ပျက်ယွင်းစွာ။ လိုချင် နှစ်သက်စရာ မရှိအောင် မူလ ပုံပန်း ပျက်ယွင်းစွာ
    (look) no longer like the former self - in a hideous grotesque or disfigured condition [fig ] (act do sth ) in an unbecoming way
    ကြိယာဝိသေသန

    ရုပ်ပြ

    [ɹoʊʔpɹ]
    ထူထွေခြင်းမဟိ အမြင်အားဖြင့် လိုက်ဖက် ဆီလျော်ရုံမျှ ရည်ရွယ်သော
    ထူထွေခြင်းမရှိ အမြင်အားဖြင့် လိုက်ဖက် ဆီလျော်ရုံမျှ ရည်ရွယ်သော
    illustrated
    နာမဝိသေသန

    ရုပ်ပြ၂

    [ɹoʊʔpɹ၂]
    အမှန်အကန် မဟုတ်ဘဲ သာမန်အနိန်နန့် အမည်ခံ ယူထားရေ ပုဂ္ဂိုလ်
    အမှန်တကယ် မဟုတ်ပဲ သာမန်အားဖြင့် အမည်ခံ ယူထားသော ပုဂ္ဂိုလ်
    show - figure-head - front man
    နာမ်

    ရုပ်ပြီရုပ်ပြက်

    [ɹoʊʔpɹìɹoʊʔpɹɛʔ]
    (လမ်းကျိချွဲအောင်) ပြတ်တောင်း ပြတ်တောင်း ရွာသော မိုဃ်း။ လမ်းဖျက်မိုး။ နမူနာပုံ ဇာနန့်တူ၊ ရုပ်ပြီရုပ်ပြက် လမ်းကိုဖျက်၊ သာယာမိုး ရုပ်ပြင် (ဓမ္မက)
    (လမ်းကျိချွဲအောင်) ပြတ်တောင်း ပြတ်တောင်း ရွာသော မိုဃ်း။ လမ်းဖျက်မိုး။ ဥပမာပုံ ဇာနန့်တူ၊ ရုပ်ပြီရုပ်ပြက် လမ်းကိုဖျက်၊ သာယာမိုး ရုပ်ပြင် (ဓမ္မက)
    (look) no longer like the former self - in a hideous grotesque or disfigured condition [fig ] (act do sth ) in an unbecoming way
    နာမ်

    ရုပ်ပြောင်း

    [ɹoʊʔpɹáʊɴ]
    တစုံ တယောက်သော သူ၏ ရုပ်သဏ္ဍာန် ပေါ်ယောင် ပြုပျင်ဖန်တီး ဝတ်ဆင်ရေ။ ၂၊ အရာ တပါး အသွင်ဆောင်ရေ
    တစ်စုံ တစ်ယောက်သော သူ၏ ရုပ်သဏ္ဍာန် ပေါ်အောင် ပြုပြင်ဖန်တီး ဝတ်ဆင်သည်။ ၂၊ အခြား တစ်ပါး အသွင်ဆောင်သည်
    be chaned in appearance - disguise
    ကြိယာ

    ရုပ်ပြောင်းရုပ်လွှဲ

    [ɹoʊʔpɹáʊɴɹoʊʔlW̯ɛ]
    တမျိုးမှ တမျိုးမျိုးသို့ ရုပ်သွင် ပြောင်းလွဲခြင်း အတတ်။ ရုပ်သွင် ပြောင်းလဲနှိုင်ရေ စွမ်းရည်။ ယောက်ျားကားညဉ့်၊ မေသုဝဏ်နန့်၊ စံပျော်မွိကေ၊ နိကိုမမာ့ (ဓမ္မသာ)။ ညဉ့်ကိုကားမောင်၊ နိကိုကြောင်(ယင်း)။ လက်စွပ်၏ အစွမ်းသတ္တိမာ လက်ျာဘက်က ဝတ်လျှင် ယောက်ျား၊
    တစ်မျိုးမှ တစ်မျိုးမျိုးသို့ ရုပ်သွင် ပြောင်းလွဲခြင်း အတတ်။ ရုပ်သွင် ပြောင်းလဲနိုင်သော စွမ်းရည်။ ယောက်ျားကားညဉ့်၊ မေသုဝဏ်နှင့်၊ စံပျော်မွေ့ကေ၊ နေ့ကိုမိန်းမ (ဓမ္မသာ)။ ညဉ့်ကိုကားမောင်၊ နေ့ကိုကြောင်(၎င်း)။ လက်စွပ်၏ အစွမ်းသတ္တိမှာ လက်ျာဘက်က ဝတ်လျှင် ယောက်ျား၊
    disguise
    နာမ်

    ရုပ်ပွားတော်

    [ɹoʊʔpWàtɔ̀]
    ဗုဒ္ဓ ကိုယ်တော်ပွားအဖြစ် ကိုးကွယ်သော ဆင်းတုတော်
    ဗုဒ္ဓ ကိုယ်တော်ပွားအဖြစ် ကိုးကွယ်သော ဆင်းတုတော်
    image or statue of the Buddha
    နာမ်

    ရုပ်ဖမ်း

    [ɹoʊʔpʰáɴ]
    (တာရှည် ကွဲကွာနေသနန့် မမှတ်မိ၍ မိဘ၊ ဆွီမျိုးရို့၏ ရုပ်ရည်ကို မှန်း၍) ရုပ်သွင်ကို မြင်ရာမာ ဇာသူဇာဝါ ဖြစ်ကတ်ောင်း ခွဲခြားပနာ ကြံဆ တွေးယူရေ
    (ကြာရှည်စွာ ကွဲကွာနေသဖြင့် မမှတ်မိ၍ မိဘ၊ ဆွေမျိုးတို့၏ ရုပ်ရည်ကို မှန်း၍) ရုပ်သွင်ကို မြင်ရာ၌ မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြား၍ ကြံဆ တွေးယူသည်
    guess the identity of a person assume the mannerisms of another person (as in သူဌေး~-)
    ကြိယာ

    ရုပ်ဖျက်

    [ɹoʊʔpʰrɛʔ]
    မူလ မူလရုပ်သွင်ကို မှတ်ပနာ မရနှိုင်လောက်ယောင် ပုံစံတမျိုး ပြုပျင် ပြောင်းလဲ ထားရေ
    နဂို မူလရုပ်သွင်ကို မှတ်၍ မရနိုင်လောက်အောင် ပုံစံတစ်မျိုး ပြုပြင် ပြောင်းလဲ ထားသည်
    disguise
    ကြိယာ

    ရုပ်ဖျောက်

    [ɹoʊʔpʰrɔ́ɛʔ]
    မူလ မူလရုပ်သွင် မထင်၊ မမှတ်မိစီရန် အရာတမျိုး ပြောင်းလဲ ပြုပျင်ရေ။ ၂၊ မတွိရ မမြင်ရရောင် တနီရာရာသို့ တိမ်းဖယ် နိန်ရေ
    မူလ နဂိုရုပ်သွင် မထင်၊ မမှတ်မိစေရန် အခြားတစ်မျိုး ပြောင်းလဲ ပြုပြင်သည်။ ၂၊ မတွေ့ရ မမြင်ရအောင် တစ်နေရာရာသို့ တိမ်းဖယ် နေသည်
    disguise keep under cover become invisible (by supernatural means)
    ကြိယာ

    ရုပ်မျိုးသုံးဆယ်

    [ɹoʊʔmróθóʊɴsʰɛ̀]
    လူမှုရီးအနိန်နန့် သင့်တင့် လျော်ကန်မှု မဟိရေ အပြုအမူ။ အပြောအဆို။ အထင်အရှားလင်၊ မယားလုပ်လို့ ရုပ်မျိုးသုံးဆယ်၊ အဂုဝယ်မူ (ဝိဇယ)
    လူမှုရေး အားဖြင့် သင့်တင့် လျော်ကန်မှု မရှိသော အပြုအမူ။ အပြောအဆို။ အထင်အရှားလင်၊ မယားလုပ်လို့ ရုပ်မျိုးသုံးဆယ်၊ ယခုဝယ်မူ (ဝိဇယ)
    character
    နာမ်