Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 921–940 of 1,415 words

    ရ

    ရုပ်ရည်

    [ɹoʊʔɹɛ̀]
    အဆင်းသွင်ပြင်။ ရုပ်သွင်။ အဆင်းနန့် ဆိုင်ရေ အရည်အသွီး။ ရုပ်ရည်ရူပ၊ လှပစွာနှင့်၊ သနားစဖွယ် (ချစ်မပြေ)
    အဆင်းသွင်ပြင်။ ရုပ်သွင်။ အဆင်းနှင့် ပတ်သက်သော အရည်အသွေး။ ရုပ်ရည်ရူပ၊ လှပစွာနှင့်၊ သနားစဖွယ် (ချစ်မပြေ)
    looks - appearance
    နာမ်

    ရုပ်ရည်၂

    [ɹoʊʔɹɛ̀၂]
    တခုတရီသော ဖြစ်ပျက်မှု သဘောသို့ ရောက်နှိုင်ရေ အခြီအရဲကို ပြဖို့ ကြိယာနောက်မာ စပ်၍သုံးသော စကားလုံး။ (သီရုပ်ရုပ်၊ ရောက်ရုပ်ရုပ်၊ ကိုက်ရုပ်ရုပ် အစဟိစွာအနိန်နန့် သုံးရေ။
    တစ်စုံတစ်ခုသော ဖြစ်ပျက်မှု သဘောသို့ ရောက်နိုင်သော အခြေအနေကို ပြရန် ကြိယာနောက်၌ စပ်၍သုံးသော စကားလုံး။ (သီရုပ်ရုပ်၊ ရောက်ရုပ်ရုပ်၊ ကိုက်ရုပ်ရုပ် စသည်ဖြင့် သုံးသည်။
    none
    ပစ္စည်း

    ရုပ်ရည်မရ

    [ɹoʊʔɹɛ̀mɹ]
    အဆင်း မလှသော။ ၂၊ ကိုယ်ခန္ဓာ ပိန်ခြုံး လျော့ပါး လားရေ။ ၃၊ လိုလား နှစ်သက်ဖွယ်မဟိအောင် အခြီပျက်ယွင်းသော။ အဲ - မလှဖြူက အယင်ကနန့် မတူ ရုပ်ရည်မရ ဖြစ်လှားခဗျာယ် (အရပ်)
    အဆင်း မလှသော။ ၂၊ ကိုယ်ခန္ဓာ ပိန်ချုံး လျော့ပါး သွားသော။ ၃၊ လိုလား နှစ်သက်ဖွယ်မရှိအောင် အခြေပျက်ယွင်းသော။ အဲ - မလှဖြူက အယင်ကနန့် မတူ ရုပ်ရည်မရ ဖြစ်လားခဗျာယ် (အရပ်)
    lost weight
    နာမဝိသေသန

    ရုပ်ရည်ဟိ

    [ɹoʊʔɹɛ̀hì]
    အဆင်း အင်္ဂါနန့် ပြည့််စုံသော
    အဆင်း အင်္ဂါနှင့် ပြည့််စုံသော
    pretty
    နာမဝိသေသန

    ရုပ်ရုပ်သဲ့သဲ့

    [ɹoʊʔɹoʊʔθéθé]
    လူအများ မငြိမ်မသက် ဆူပူ လှုပ်ယှားဗျာယ်
    လူအများ မငြိမ်မသက် ဆူပူ လှုပ်ရှားလျက်
    in an uproar - in confusion
    ကြိယာဝိသေသန

    ရုပ်ရှင်တော်

    [ɹoʊʔʃɪ̀ɴtɔ̀]
    သွန်းစက် ရုပ်တုတော် မြတ်မုနိသည် အသက် ဝိညာဉ်ဝင် ပိုင် နောင်တော်မြတ် ဘုရားအား ခရီးဦး ကြိုပြုအံ့သော အခြင်းအရာကို မြင်လီသော် (မုနိကာ)။ မဟာမုနိ ရုပ်ရှင်တော် မြတ်၏ ဒါယကာ စန္ဒသူရိယမင်းသည်
    သွန်းစက် ရုပ်တုတော် မြတ်မုနိသည် အသက် ဝိညာဉ်ဝင် သကဲ့သို့ နောင်တော်မြတ် ဘုရားအား ခရီးဦး ကြိုပြုအံ့သော အခြင်းအရာကို မြင်လေသော် (မုနိကာ)။ မဟာမုနိ ရုပ်ရှင်တော် မြတ်၏ ဒါယကာ စန္ဒသူရိယမင်းသည်
    the lifelike sacred image of the Lord Buddha (as in မဟာမုနိ~)
    နာမ်

    ရုပ်လုံး

    [ɹoʊʔlóʊɴ]
    ဖောင်း၊ ချိုင့်၊ ကြစီရေ လိုရာပုံ ပေါ်ယောင် ထွင်းထုထားရေ ပပု
    ဖောင်း၊ ချိုင့်၊ ကြစေသည့် လိုရာပုံ ပေါ်အောင် ထွင်းထုထားသော ပန်းပု
    figure or statue in the round
    နာမဝိသေသန

    ရုပ်လုံးပေါ်

    [ɹoʊʔlóʊɴpɔ̀]
    အကောင်အထည်အနိန်နန့် ပုံစံ ဖြစ်ပေါ်လှာရေ
    အကောင်အထည် အားဖြင့် ပုံစံ ဖြစ်ပေါ်လာသည်
    take shape become distinct (of character) appear in true colours - materialize
    ကြိယာ

    ရုပ်လုံးဖော်

    [ɹoʊʔlóʊɴpʰɔ̀]
    ထင်ရှား သိမြင်ယောင် ပြလိုရင်း အကောင်အထည် ပေါ်လွင်အောင် ရုပ်လုံး ထွင်းထု ထားရေ
    ထင်ရှား သိမြင်အောင် ပြလိုရင်း အကောင်အထည် ပေါ်လွင်အောင် ရုပ်လုံး ထွင်းထု ထားသည်
    (of carving) bring out the shape of the figure [ fig ] achieve ones aims and objects
    ကြိယာ

    ရုပ်သိမ်း

    [ɹoʊʔθéɪɴ]
    အဆုံး သတ်ရေ။ ဟိကိုတိုးပြီးကေ ဆောင်ရွက်ခြင်းက ရပ်တန့်သည်
    အဆုံး သတ်သည်။ ရှေ့သို့တိုး၍ ဆောင်ရွက်ခြင်းမှ ရပ်တန့်သည်
    withdraw - retreat end - conclude (a meeting)
    ကြိယာ

    ရုပ်သီ

    [ɹoʊʔθí]
    လှုပ်ရှားခြင်း လှုပ်ယှားမှုကို မပြနိူင် မပြုနှိုင်ရေ ရုပ်ပုံ။ မြေဝန်းရုပ်သီ ရှုမငြိမ်းအောင် (ဦးရာဇ်မိုင်း)။ ရုပ်သီတခန်း ၊ မြေဝန်းအခြား (ကော်)။ ဝိဉာဏ်ဝင်လေ၊ အသျှင်ပြောယောင်၊ သစ်သားကိုခုတ်၊ ပပုဆရာ၊ လူပမာသို၌၊ တူစွာလုပ်လို့၊ အရုပ်ထုပြီး၊ ကြိုးနန့်သီ၍၊ ချီ
    လှုပ်ရှားခြင်း လှုပ်ရှားမှုကို မပြနိုင် မပြုနိုင်သော ရုပ်ပုံ။ မြေဝန်းရုပ်သီ ရှုမငြိမ်းအောင် (ဦးရာဇ်မိုင်း)။ ရုပ်သီတခန်း ၊ မြေဝန်းတခြား (ကော်)။ ဝိဉာဏ်ဝင်လေ၊ အရှင်ပြောယောင်၊ သစ်သားကိုခုတ်၊ ပန်းပုဆရာ၊ လူပမာသို၌၊ တူစွာလုပ်လို့၊ အရုပ်ထုပြီး၊ ကြိုးနှင့်သီ၍၊ ချီ
    still picture tableau
    နာမ်

    ရုပ်သီကြိုးပြတ်

    [ɹoʊʔθít͡ɕópɹaʔ]
    (ဥပစာ) နာလန် မထူနှိုင်ယောင် ဖြစ်ရဖို့။ တဖန် လုပ်ဆောင်ခြင်းငှာ မစွမ်းနှိုင်ပနာ ကြံရာမဲ့ အခြီအရဲသို့ ဆိုက်ရောက်ရေ
    (ဥပစာ) နာလန် မထူနိုင်အောင် ဖြစ်ရမည်။ တစ်ဖန် လုပ်ဆောင်ခြင်းငှာ မစွမ်းနိုင်၍ ကြံရာမဲ့ အခြေအနေသို့ ဆိုက်ရောက်သည်
    [fig.] collapse - in a state of collapse
    ကြိယာ

    ရုပ်ဟိ

    [ɹoʊʔhì]
    အဆင်း အင်္ဂါနန့် ပြည့််စုံသည်
    အဆင်း အင်္ဂါနှင့် ပြည့််စုံသည်
    have good looks - be good-looking
    ကြိယာ

    ရုံးပြင်ကနား

    [ɹóʊɴpɹɪ̀ɴkná]
    မှုခင်း စစ်ဆီးရာ တရားရုံး
    မှုခင်း စစ်ဆေးရာ တရားရုံး
    court of law
    နာမ်

    ရုံပြို

    [ɹòʊɴpɹÒ]
    ဇာတ်ပွဲ အစဟိစွာ တခေါက် ကပြ ပြီးဆုံးရေ။ ၂၊ (ဥပစာ) လက်စသတ်ရေ။ စခန်းသတ်ရေ
    ဇာတ်ပွဲ စသည် တစ်ကြိမ် ကပြ ပြီးဆုံးသည်။ ၂၊ (ဥပစာ) လက်စသတ်သည်။ စခန်းသတ်သည်
    the end
    ကြိယာ

    ရုရု

    [ɹoʊɹoʊ]
    လူအများ မငြိမ်မသက် လှုပ်ယှားဗျာယ်
    လူအများ မငြိမ်မသက် လှုပ်ရှားလျက်
    in a tangled mass - in confusion
    ကြိယာဝိသေသန

    ရုရုဆာ

    [ɹoʊɹoʊsʰà]
    လူအများ မငြိမ်မသက်ဖြစ်ဗျာယ်။ ပြည်လုံးသားသည်၊ သောသော ရုရု ဆာဗျာယ်၊ ဆိုက်ရောက်လှာတုံပေက (ဗမာချီ)။ ၂၊ နောက်ပွေဗျာယ်။ ယှုတ်ထွေးစီပြီးကေ
    လူအများ မငြိမ်မသက်ဖြစ်လျက်။ ပြည်လုံးသားသည်၊ သောသော ရုရု ဆာလျက်၊ ဆိုက်ရောက်လာတုံပေက (ဗမာချီ)။ ၂၊ နောက်ပွေလျက်။ ယှုတ်ထွေးစေလျက်
    in a tangled mass - in confusion
    ကြိယာဝိသေသန

    ရုရုမြည်

    [ɹoʊɹoʊmɹɛ]
    တရုရု မပြတ်မစဲ (မြည်တွန်ရေ။ ပြောဆိုရေ။ ကြိုင်းရေ။) လရူးသွင်သို့၊ သီချင်သီစီ၊ ငါမနေဟု၊ ရုရုမြည်ကာ၊ ရောက်လှာသမျှ၊ ငဆငယာ (ဘူရီဒတ်)
    တတွတ်တွတ် မပြတ်မစဲ (မြည်တွန်သည်။ ပြောဆိုသည်။ ညည်းညူသည်။) အရူးသွင်သို့၊ သေချင်သေစေ၊ ငါမနေဟု၊ ရုရုမြည်ကာ၊ ရောက်လာသမျှ၊ ငဆငယာ (ဘူရီဒတ်)
    groan
    ကြိယာဝိသေသန

    ရုရုသောင်းသောင်း

    [ɹoʊɹoʊθáʊɴθáʊɴ]
    ဆူဆူညံညံ။ အဟောတကြော်။ ဗိုလ်ပါများစု၊ စည်းဝေးပြုပနာ၊ ရုရုသောင်းသောင်း၊ လူအပေါင်းနှင့် (ရခိုင်ကာ)
    ဆူဆူညံညံ။ ကျယ်ကျယ်လောင်လောင်။ ဗိုလ်ပါများစု၊ စည်းဝေးပြု၍၊ ရုရုသောင်းသောင်း၊ လူအပေါင်းနှင့် (ရခိုင်ကာ)
    noisy
    ကြိယာဝိသေသန

    ရုရုသဲ့သဲ့

    [ɹoʊɹoʊθéθé]
    လူအများ မငြိမ်မသက် ဆူပူ လှုပ်ယှားဗျာယ်။ ညီညာရုံးစု၊ အားအံပြုပနာ၊ ရုရုသဲ့သဲ့၊ အဲကွဲကွဲလျင်၊ စစ်ပွဲဆင်လိုက်၊ ထွီးယှက်တိုက်ဗျာယ် (ရခိုင်ကာ)
    လူအများ မငြိမ်မသက် ဆူပူ လှုပ်ရှားလျက်။ ညီညာရုံးစု၊ အားအံပြု၍၊ ရုရုသဲ့သဲ့၊ အဲကွဲကွဲလျင်၊ စစ်ပွဲဆင်လိုက်၊ ထွေးယှက်တိုက်လျက် (ရခိုင်ကာ)
    [poetic] in a chaotic mix (as in ညီညာရုံးစု၊ အားအံပြု၍၊ ~)
    ကြိယာဝိသေသန