Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 941–960 of 1,415 words

    ရ

    ရုံးလက်ခံ

    [ɹóʊɴlɛʔkʰံ]
    ရုံးလုပ်ငန်းဆိုင်ရာ ထုတ်ပြန် အကြောင်းကြားချက် အမိန့် အစဟိစွာ ရို့ကို ရုံးမှတ်တမ်းအဖြစ် သိမ်းဆည်းထားရေ မိတ္တူ
    ရုံးလုပ်ငန်းဆိုင်ရာ ထုတ်ပြန် အကြောင်းကြားချက် အမိန့် စသည် တို့ကို ရုံးမှတ်တမ်းအဖြစ် သိမ်းဆည်းထားသော မိတ္တူ
    office copy
    နာမ်

    ရုံဝင်

    [ɹòʊɴwɪ̀ɴ]
    ဇာတ်၊ အငြိမ့် အစဟိစွာ ရုံအထဲမာ စတင်ကပြရေ
    ဇာတ်၊ အငြိမ့် စသည် ရုံအတွင်း၌ စတင်ကပြသည်
    stage a premiere show
    ကြိယာ

    ရုံဝင်ခ

    [ɹòʊɴwɪ̀ɴkʰ]
    ရုံအထဲမာ ပြသသော တစုံတရာ ပွဲသဘင်ကို ဝင်ရောက် ကြည့်ရှုရန် ပီးရရေ အခ
    ရုံအတွင်း၌ ပြသသော တစ်စုံတရာ ပွဲသဘင်ကို ဝင်ရောက် ကြည့်ရှုရန် ပေးရသော အခ
    admission fee ( to a theatre or cinema )
    နာမ်

    ရုံးသုံး

    [ɹóʊɴθóʊɴ]
    ရုံး၌ တရားဝင် လက်ခံသုံးစွဲသော (စာရီးကိရိယာ ပရိဘောက စရေ။
    ရုံး၌ တရားဝင် လက်ခံသုံးစွဲသော (စာရေးကိရိယာ ပရိဘောက စသည်။
    official (i.e. designated for official use ) ( as in ~ ဘာသာစကား၊ ~ ဝေါဟာရ၊ ~စာရေးကိရိယာ)
    နာမဝိသေသန

    ရူး

    [ɹùး]
    စိတ်မတည် ဖောက်ပြန်သော။ ပကတိသဖောတိုင်းမှု မဟိ ပျက်ယွင်းသော။ အာသာ ဆန္ဒ ပြင်းပြသော။ လိုချင်မြင်ချင်ခြင်း အားကြီးရေ။ ရနံ့လှုံကေ၊ အစုံပွင့်ဖူး၊ ပန်းကိုမြင်သော်၊ လိုချင်ရူးလို့ (ဆဒ္ဒန်)။ အိမ်ထက်ထက်က၊ လင်သခင်ကို၊ မြင်ချင်ရူးကေ၊ လူးကာကျက (ရာမ)
    စိတ်မတည် ဖောက်ပြန်သော။ ပကတိသဘော တည်ငြိမ်မှု မရှိ ယွင်းပျက်သော။ အာသာ ဆန္ဒ ပြင်းပြသော။ လိုချင်မြင်ချင်ခြင်း အားကြီးသော။ ရနံ့လှုံကေ၊ အစုံပွင့်ဖူး၊ ပန်းကိုမြင်သော်၊ လိုချင်ရူးလို့ (ဆဒ္ဒန်)။ အိမ်ပေါ်ထက်က၊ လင်သခင်ကို၊ မြင်ချင်ရူးကေ၊ လူးကာကျက (ရာမ)
    mad - insane
    နာမဝိသေသန

    ရူးကွန်ဆောင်

    [ɹùးkʊ̀ɴsʰàʊɴ]
    ပကတိအတိုင်း မဟုတ်ရေ အမူအရာ အသွင်အပြင် ပေါ်ယောင် လုပ်ကြံ ကြိုးစားရေ။ တုပ ပြုမူရေ။ ရူးဟန် ဆောင်ရေ။ ညီတော်ဇတ၊ ပဏ္ဍိတသည်၊ နောင်တော်၏ စိုးရိမ်ခြင်းကို၊ ပယ်လိုအတွက်နန့်၊ ရူးကွန်ဆောင်ပနာ၊ ငါ့ယုန်ပေး ငါ့ယုန်ပေးဆိုရေ စကားဖြင့် ဒွာရာဝတီမြို့လုံး ချောက်ချား စေလျက
    ပကတိအတိုင်း မဟုတ်သော အမူအရာ အသွင်အပြင် ပေါ်အောင် လုပ်ကြံ ကြိုးစားသည်။ တုပ ပြုမူသည်။ ရူးဟန် ဆောင်သည်။ ညီတော်ဇတ၊ ပဏ္ဍိတသည်၊ နောင်တော်၏ စိုးရိမ်ခြင်းကို၊ ပယ်လိုသောကြောင့်၊ ရူးကွန်ဆောင်၍၊ ငါ့ယုန်ပေး ငါ့ယုန်ပေးဟူသော စကားဖြင့် ဒွာရာဝတီမြို့လုံး ချောက်ချား စေလျက
    pretend
    ကြိယာ

    ရူးခြင်းပြ

    [ɹùးkʰɹɪ́ɴpɹ]
    လရူးပိုင် ပြောဆိုပြုမူ နီထိုင်သည်
    လူရူးကဲ့သို့ ပြောဆိုပြုမူ နေထိုင်သည်
    fool
    ကြိယာ

    ရူးဇနားငါး

    [ɹùးznáŋàး]
    ပြားချပ်သော ကိုယ်ဟိ၍ ပတုံးခွ စောက်နက်ရေ ပင်လယ်ငါး တမျိုး။ ငါးကန့်ပျိုင်ကေ၊ မျှိုင်သျှေတိက၊ ရူးဇနားငါးဒူလာ၊ သာလိကာကို၊ စိတ်ကာလှမ်းမြောက် (ငါး)
    ပြားချပ်သော ကိုယ်ယှိ၍ အမြီးခွ စောက်နက်သော ပင်လယ်ငါး တစ်မျိုး။ ငါးကန့်ပျိုင်ကေ၊ မျှိုင်သျှေများက၊ ရူးဇနားငါးဒူလာ၊ သာလိကာကို၊ စိတ်ကာလှမ်းမြောက် (ငါး)
    type of fish
    နာမ်

    ရူးဇနားပါးမည်း

    [ɹùးznápàးmɛ́]
    အညိုရင့် တနည်း မည်းပြာရောင် သမ်းသော ကိုယ်၊ အညိုရောင် စူးတောင်၊ အဝါရောင် ပတုံးမာ အညိုရောင် လန့်ဆန့်စင်း သုံးစင်းဟိရေ ငါးတမျိုး
    အညိုရင့် သို့မဟုတ် မည်းပြာရောင် သမ်းသော ကိုယ်၊ အညိုရောင် ဆူးတောင်၊ အဝါရောင် အမြီးတွင် အညိုရောင် ကန့်လန့်စင်း သုံးစင်းရှိသော ငါးတစ်မျိုး
    type of fish
    နာမ်

    ရူးဇနားဖြူ

    [ɹùးznápʰɹù]
    ပြားချပ်သော ကိုယ်ဟိ၍ ပတုံးခွ စောက်နက်ရေ ပင်လယ်ငါး တမျိုး။ ငါးကန့်ပျိုင်ကေ၊ မျှိုင်သျှေတိက၊ ရူးဇနားငါးဒူလာ၊ သာလိကာကို၊ စိတ်ကာလှမ်းမြောက် (ငါး)
    ပြားချပ်သော ကိုယ်ယှိ၍ အမြီးခွ စောက်နက်သော ပင်လယ်ငါး တစ်မျိုး။ ငါးကန့်ပျိုင်ကေ၊ မျှိုင်သျှေများက၊ ရူးဇနားငါးဒူလာ၊ သာလိကာကို၊ စိတ်ကာလှမ်းမြောက် (ငါး)
    type of fish
    နာမ်

    ရူးဇနားမည်း

    [ɹùးznámɛ́]
    ပြားချပ်ပြီး အမဲရောင် သမ်းသော ကိုယ်ဟိ၍ ပတုံးခွ စောက်နက်ရေ ပင်လယ်ငါး တမျိုး
    ပြားချပ်ပြီး အမည်းရောင် သမ်းသော ကိုယ်ယှိ၍ အမြီးခွ စောက်နက်သော ပင်လယ်ငါး တစ်မျိုး
    type of fish
    နာမ်

    ရူးဇနားသံပူ

    [ɹùးznáθံpù]
    အညိုရင့် တနည်း မည်းပြာရောင် သမ်းသော ကိုယ်၊ အညိုရောင် စူးတောင်၊ အဝါရောင် ပတုံးမာ အညိုရောင် လန့်ဆန့်စင်း သုံးစင်းဟိရေ ငါးတမျိုး
    အညိုရင့် သို့မဟုတ် မည်းပြာရောင် သမ်းသော ကိုယ်၊ အညိုရောင် ဆူးတောင်၊ အဝါရောင် အမြီးတွင် အညိုရောင် ကန့်လန့်စင်း သုံးစင်းရှိသော ငါးတစ်မျိုး
    type of fish
    နာမ်

    ရူးဇာ

    [ɹùးzà]
    (ဗုဒ္ဓ ဘာသာဝင်ရို့မာ ဝါမားကာလကို အလီးအနက် ထားပနာ ဥပုသ်ဆောက် တည် ပိုင်) မူဆလင်ရို့မာလေ့သော့ ယင်းပိုင် (ဝါကျွတ်) လမျိုး
    (ဗုဒ္ဓ ဘာသာဝင်တို့မှာ ဝါတွင်းကာလကို အလေးအနက် ထား၍ ဥပုသ်ဆောက် တည် သကဲ့သို့) မူဆလင်တို့မှာလည်း ယင်းကဲ့သို့ (ဝါကျွတ်) လမျိုး
    none
    နာမ်

    ရူးဇာတိုင်

    [ɹùးzàtàɪɴ]
    (ဗုဒ္ဓ ဘာသာဝင်ရို့မာ ဝါမားကာလကို ဗွေယူပနာ ဥပုသ် ဆောက်တည် ပိုင်) မူဆလင် ရို့မာလည်း ယင်းပိုင် ဗွေယူပနာ တတ်နိုင်သလောက် (၁ဝ)ရက် လခွဲ၊ တလ အစဟိစွာအနိန်နန့် ကျင့်ကြံ အားထုတ် ကတ်တေ။ နိအခါ၌ကား ရေကိုတောင်က မသောက်မစားရ၊ ထမင်းကို ညဇာ ဝတ်ပြုချိန်နန့် မိုးထ ဝတ
    (ဗုဒ္ဓ ဘာသာဝင်တို့တွင် ဝါတွင်းကာလကို အလေးထား၍ ဥပုသ် ဆောက်တည် သကဲ့သို့) မူဆလင် တို့တွင်လည်း ယင်းကဲ့သို့ အလေးထား၍ တတ်နိုင်သလောက် (၁ဝ)ရက် လခွဲ၊ တစ်လ စသည်ဖြင့် ကျင့်ကြံ အားထုတ် ကြသည်။ နေ့အခါ၌ကား ရေကိုတောင်မှ မသောက်မစားရ၊ ထမင်းကို ညနေ ဝတ်ပြုချိန်နှင့် နံနက် ဝတ
    none
    နာမ်

    ရူးဇာပစ်

    [ɹùးzàpɪʔ]
    (ဗုဒ္ဓ ဘာသာဝင်ရို့၏ ဝါကျွတ် ပိုင်ပင်) မူဆလင်ရို့မာလေ့သော့ ယင်းပိုင်ပင် လအပိုင်းအရာနန့် ညဇာ အနောက်ဘက်မှ လကို မြင်ရအခါမာ ရူးဇာပြီး ဆုံးခြင်းသို့ ရောက်လှား လီရေ
    (ဗုဒ္ဓ ဘာသာဝင်တို့၏ ဝါကျွတ် သကဲ့သို့ပင်) မူဆလင်တို့မှာလည်း ယင်းကဲ့သို့ပင် လအပိုင်းအခြားနှင့် ညနေ အနောက်ဘက်မှ လကို မြင်သောအခါတွင် ရူးဇာပြီး ဆုံးခြင်းသို့ ရောက်သွား လေသည်
    none
    ကြိယာ

    ရူတ

    [ɹùt]
    တမ်းတ လွမ်းတရေ။ လိုလား အောင်းမေ့။ တသမြည်တမ်းရေ။ ဓညမည်ကေ၊ ပြည်တော်ထဲက၊ မျှော်တွေးတရူ (ရီလား)။ မင်းသားဥပရာ၊ မြင်သောခါလျင်၊ ကြင်ရာနှမ၊ ပင်နန်းသူကို၊ လွမ်းရူတလို့ (ဓမ္မသာ)။ သားမြီးကစ၊ ဟူသမျှကို၊ ရူတချစ်ကျွမ်း၊ ဆွတ်မျှလွမ်း၍ (ရခိုင်ကာ)
    တမ်းတ လွမ်းဆွတ်သည်။ လိုလား အောက်မေ့သည်။ တသမြည်တမ်းသည်။ ဓညမည်ကေ၊ ပြည်တော်ထဲက၊ မျှော်တွေးတရူ (ရီလား)။ မင်းသားဥပရာ၊ မြင်သောခါလျင်၊ ကြင်ရာနှမ၊ ပင်နန်းသူကို၊ လွမ်းရူတလို့ (ဓမ္မသာ)။ သားမြီးကစ၊ ဟူသမျှကို၊ ရူတချစ်ကျွမ်း၊ ဆွတ်မျှလွမ်း၍ (ရခိုင်ကာ)
    [ arch ] lament - mourn
    ကြိယာ

    ရူးထီရူးထား

    [ɹùးtʰíɹùးtʰá]
    ဆင်ခြင်နိုင်ခြင်း ကင်းကွာခြင်းကြောင့် ပြုမိပြုရာ ပြုရေအနိန်နန့်။ ဆင်ခြင်ဉာဏ် မဟိဘဲ
    ဆင်ခြင်နိုင်ခြင်း ကင်းကွာခြင်းကြောင့် ပြုမိပြုရာ ပြုသော အားဖြင့်။ ဆင်ခြင်ဉာဏ် ကင်းမဲ့စွာ
    irrationality
    ကြိယာဝိသေသန

    ရူပင်

    [ɹùpɪ̀ɴ]
    အာဂန္တုကဝတ် ပျူငှာသော။ လှိုက်လှဲ ခင်မင်မှု ဆောင်သော
    ဧည့်ဝတ် ပျူငှာသော။ လှိုက်လှဲ ခင်မင်မှု ဆောင်သော
    suavity
    နာမဝိသေသန

    ရူးပင်

    [ɹùးpɪ̀ɴ]
    ရိုးတံ ကြီးပြီးကေ ခေါင်းလောင်း အပွင့်နန့်တကွ ပုချွန် အပြည့််ဟိရေ အသီးသီးသော ဆီးဖက်ဝင် အပင်ငယ်တမျိုး
    ရိုးတံ ကြီး၍ ခေါင်းလောင်း အပွင့်နှင့်တကွ ပုချွန် အပြည့််ယှိသည့် အသီးသီးသော ဆေးဖက်ဝင် အပင်ငယ်တစ်မျိုး
    species of Datura plant angel’s trumpet Datura suaveolens
    နာမ်

    ရူးပိရူးပင်

    [ɹùးpìɹùးpɪ̀ɴ]
    စိတ်မငြိမ်ပဲ ပေါ့ပေါ့ တန်တန် ပြောဆို ပြုမူဗျာယ်
    စိတ်မငြိမ်ပဲ ပေါ့ပေါ့ တန်တန် ပြောဆို ပြုမူလျက်
    dally with
    ကြိယာဝိသေသန