Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 961–980 of 1,415 words

    ရ

    ရူးရင်း

    [ɹùးɹɪ́ɴ]
    လျင်သော အဟုန်ဖြင့်။ အယင့်ယင် ရွိဗျာယ်။ မလွဲသဘော၊ ဗြီးခသောဟူ၊ မိမောမှိုင်တွေ၊ စိတ်ကြီးဝေဗျာယ်၊ မြစ်ရီကမ်းထောင်း၊ ရူးရင်းသွားဗျာယ် (ကင်းမဟော်)
    လျင်သော အဟုန်ဖြင့်။ လျင်မြန်စွာ ရွေ့လျားလျက်။ မလွဲသဘော၊ ပြေးခဲ့သောဟူ၊ မိမောမှိုင်တွေ၊ စိတ်ကြီးဝေလျက်၊ မြစ်ရေကမ်းပါး၊ ရူးရင်းသွားလျက် (ကင်းမဟော်)
    quickly
    ကြိယာဝိသေသန

    ရူးရားဒူးရား

    [ɹùးɹádùးɹá]
    ဗြုန်းခနဲလောလော ဆယ်အားဖြင့်။ မဆိုင်းမစောင့်ပဲ
    ရုတ်တရက်လောလော ဆယ်အားဖြင့်။ မဆိုင်းမစောင့်ပဲ
    instantly
    ကြိယာဝိသေသန

    ရူးရူး

    [ɹùးɹùး]
    လျင်သော အဟုန်ဖြင့်။ မောင်လှ ရူးရူးနန့်ပင် ဆီးရုံလားခယင့် (အရပ်)
    လျင်သော အဟုန်ဖြင့်။ မောင်လှ ရူးရူးနှင့်ပင် ဆီးရုံလားခယင့် (အရပ်)
    quickly
    ကြိယာဝိသေသန

    ရူရူပင်ပင်

    [ɹùɹùpɪ̀ɴpɪ̀ɴ]
    ဖော်ရွေ လိမ္မာသော။ ပြေလည်စွာ ပေါင်းသင်း ဆက်ဆံတတ်ရေ။ အရီးတယူ ဂရုတစိုက် ပြုမူသော
    ဖော်ရွေ လိမ္မာသော။ ပြေလည်စွာ ပေါင်းသင်း ဆက်ဆံတတ်သော။ အရေးတယူ ဂရုတစိုက် ပြုမူသော
    matey
    နာမဝိသေသန

    ရူးသီးရူးသွပ်

    [ɹùးθïɹùးθwaʔ]
    စိကေချေ အနှမ်းပဲ
    အနည်းငယ် စိတ်မနှံ့ပဲ
    maddingly
    ကြိယာဝိသေသန

    ရူးသီးရူးသွပ်၂

    [ɹùးθïɹùးθwaʔ၂]
    ပကတိ စိတ်ယွင်း ဖောက်သော
    ပကတိ စိတ်ယွင်း ဖောက်သော
    mad
    နာမဝိသေသန

    ရေ

    [ɹè]
    ထွက်ခွာရာ ပုဒ်ကို လီးနက်စီရန် သုံးသော စကားလုံး။ ခရီးသည်ရို့၊ ဦးကြာရေ လမ်းမာ၊ လှသသည်းအူကေ၊ ဖြူနှမကို၊ လွမ်းတဗျာယ်ပင် (ရီလား)
    ထွက်ခွာရာ ပုဒ်ကို လေးနက်စေရန် သုံးသော စကားလုံး။ ခရီးသည်တို့၊ ဦးကြာရေ လမ်းမှာ၊ လှသသည်းအူကေ၊ ဖြူနှမကို၊ လွမ်းတလျက်ပင် (ရီလား)
    word expressing indignation threat frustration etc
    ပစ္စည်း

    ရေ၂

    [ɹè၂]
    ပြုသူကို ညွှန်ပြသော စကားလုံး။ ၂၊ တိကျဗျာယ် အဆုံးသတ် ကြိယာကို ပြသော စကားလုံး။ ဖန်ရည်စွန်းဗျာယ်၊ သင်္ကန်းကိုလျင်၊ ဇာအတွက်ကြောင့်၊ သင်ဝတ်ဆင်ရေ (ဆဒ္ဒန်)။ ဤပြည်သာသို့၊ ရောက်ပါရရေ (နရဒေ)။ (လားရေ၊ လာရေ၊ စားသည်၊ အစဟိစွာ)
    ပြုသူကို ညွှန်ပြသော စကားလုံး။ ၂၊ တိကျလျက် အဆုံးသတ် ကြိယာကို ပြသော စကားလုံး။ ဖန်ရည်စွန်းလျက်၊ သင်္ကန်းကိုလျင်၊ ဘယ်အတွက်ကြောင့်၊ သင်ဝတ်ဆင်ရေ (ဆဒ္ဒန်)။ ဤပြည်သာသို့၊ ရောက်ပါရရေ (နရဒေ)။ (လားရေ၊ လာရေ၊ စားရေ၊ စသည်)
    colloquial form of the sentence final (as in ရောက်ပါရ~)
    ဝိသေသန

    ရေးတီရေးတေး

    [ɹétíɹété]
    သိသာမြင်သာရုံမျှ။ အရီးအကြောင်း။ အမှတ်အသား။ ပုံပန်းပေါ်ရုံမျှ
    သိသာမြင်သာရုံမျှ။ အရေးအကြောင်း။ အမှတ်အသား။ ပုံပန်းပေါ်ရုံမျှ
    markedly
    ကြိယာဝိသေသန

    ရေးထီရေးထေး

    [ɹétʰíɹétʰé]
    အရီးအရော ရောက်လီာက်ဖွယ် ဟိဗျာယ်။ အခွင့်လမ်း ရနိုင်လောက်ဖွယ် ဟိဗျာယ်။ ပိုင်အလာ ပေါ်ဗျာယ်
    အရေးအရော ရောက်လောက်ဖွယ် ရှိလျက်။ အခွင့်လမ်း ရနိုင်လောက်ဖွယ် ရှိလျက်။ အလားအလာ ပေါ်လျက်
    propensity
    ကြိယာဝိသေသန

    ရေရာ

    [ɹèɹà]
    လိုရာကို တွေ့ဟိအောင် လိုက်လံ စစ်ဆီး ကြည့်ရှုရေ။ ၂၊ ရယောင် အားထုတ်ရေ။ ကလောင်တံကို၊ ရှာကြံရေရာ (မျိုးက်)
    လိုရာကို တွေ့ရှိအောင် လိုက်လံ စစ်ဆေး ကြည့်ရှုသည်။ ၂၊ ရအောင် အားထုတ်သည်။ ကလောင်တံကို၊ ရှာကြံရေရာ (မျောက်)
    be definite - scrutinise
    ကြိယာ

    ရေရေလည်လည်

    [ɹèɹèlɛ̀lɛ̀]
    တတ်ကျွမ်း ပိုင်နိုင်စွာ။ ရှင်းလင်း ပြတ်သားစွာ။ လူက ရည်ရည်လည်လည် တတ်ပုံက မပေါ် (အရပ်)
    ကျွမ်းကျင် ပိုင်နိုင်စွာ။ ရှင်းလင်း ပြတ်သားစွာ။ လူက ရည်ရည်လည်လည် တတ်ပုံက မပေါ် (အရပ်)
    conspicuous
    ကြိယာဝိသေသန

    ရေးရေးသျှေ

    [ɹéɹéʃè]
    မှုန်ဝါးစွာ။ မှိန်မှေးစွာ။ သိမြင်သာရုံ။ အဝီကြည့်ကေ ရီးရီးသျှေရာ မြင်ရေ (အရပ်)
    မှုန်ဝါးစွာ။ မှိန်မှေးစွာ။ သိမြင်သာရုံ။ အဝီကြည့်ကေ ရေးရေးသျှေရာ မြင်ရေ (အရပ်)
    dimly
    ကြိယာဝိသေသန

    ရေရွတ်

    [ɹèɹwaʔ]
    စာကိုကြည့်လို့ ပင်ဖြစ်ဖြစ်၊ နှုတ်လွတ်ရစွာကို ပင်ဖြစ်ဖြစ်၊ အစီအစိုင် အတိုင်း မြွတ်ဆိုရေ။ နှုတ်မာတွတ်တွတ်၊ ကျက်မှတ်အံရွတ် (ဆုံးမ)
    စာကိုကြည့်၍ လည်းကောင်း၊ နှုတ်လွတ်ရသည်ကို လည်းကောင်း၊ အစီအစဉ် အတိုင်း မြွတ်ဆိုသည်။ နှုတ်တွင်တွတ်တွတ်၊ ကျက်မှတ်အံရွတ် (ဆုံးမ)
    recite
    ကြိယာ

    ရေရှည်

    [ɹèʃɛ̀]
    ကာလ ကြာမြင့်စွာ။ ကာလ တာရှည် လေးမြင့်စွာ
    ကာလ ကြာမြင့်စွာ။ ကာလ တာရှည် လေးမြင့်စွာ
    in the long run
    ကြိယာဝိသေသန

    ရေရှည်ဆွဲ

    [ɹèʃɛ̀sʰwɛ]
    (ဥပစာ) အချိန် ကာလ ဖြင့်ကေလေ့ တိုးလို့တန်းလန်းအောင် ပြုရေ။ တမင် အချိန်ကြာအောင် လုပ်ရေ
    (ဥပစာ) အချိန် ကာလ ဖြင့်သော်လည်း မပြီးမပြတ်အောင် ပြုသည်။ တမင် အချိန်ကြာအောင် လုပ်သည်
    [ fig ] procrastinate - be dilatory - drag (it) out
    ကြိယာ

    ရေလည်

    [ɹèlɛ̀]
    ထိန်းနိုင်သိမ်းနိုင် တတ်ကျွမ်းရေ။ ကွဲကွဲပြားပြား ပပြတ်သသား သဖောပေါက်ရေ။ ဖြားတက်ရာမှ ကျရာသို့ စတင် ပြောင်းလဲရေ
    ထိန်းနိုင်သိမ်းနိုင် ကျွမ်းကျင်သည်။ ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း သဘောပေါက်သည်။ ရေတက်ရာမှ ကျရာသို့ စတင် ပြောင်းလဲသည်
    (of things or problems) become clear - comprehend - understand fully - expert (of tide )turn
    ကြိယာ

    ရေးအားရာရာ

    [ɹéáɹàɹà]
    အရီး ထားစရာ အနိန်နန့်။ ဂရုတစိုက် အရီး ပြုဗျာယ်
    အရေး ထားစရာ အနေဖြင့်။ ဂရုတစိုက် အရေး ပြုလျက်
    take care
    ကြိယာဝိသေသန

    ရော

    [ɹɔ́]
    တခုနန့်တခု နှောရေ။ ပေါင်းစပ်ရေ။ ၂၊ တတူတကွ တည်ရေ။ ရောထွီး ယှက်စပ်ရေ
    တစ်ခုနှင့်တစ်ခု နှောသည်။ ပေါင်းစပ်သည်။ ၂၊ အတူတကွ တည်သည်။ ရောထွေး ယှက်စပ်သည်
    mix - adulterate try to fraternize (as in သူတို့နှင့် မ~ပါနှင့်။) - speak in a language which is not ones own
    ကြိယာ

    ရောက်

    [ɹɔ́ɛʔ]
    တယောက်တလီသော သူ ကိုယ့်လားလိုရာသို့ ဆိုက်ရေ။ မောင်လှအိမ်သို့ ရောက်နီဗျာယ် (အရပ်)။ ၂၊ ကာလရာသီ ကြုံတွိရေ။ တပေါင်းလွန်မြောက်၊ တန်ခူးရောက်သော် (ရာသီဖွဲ့)။ ၃၊ (ဖီးအန္တရာယ်အစဟိစွာ) သင့်ရေ။ ၄၊ (အပင်၊ ဝါးပင်အစဟိစွာ) ပေါက်ရေ။ ၅၊ အပါယ်ကျရေ။ အပါယ်ငရဲ၌ ကျရောက်ရ
    တစ်စုံတစ်ယောက်သော သူ မိမိသွားလိုရာသို့ ဆိုက်သည်။ မောင်လှအိမ်ကို ရောက်နီဗျာယ် (အရပ်)။ ၂၊ ကာလရာသီ ကြုံကြိုက်သည်။ တပေါင်းလွန်မြောက်၊ တန်ခူးရောက်သော် (ရာသီဖွဲ့)။ ၃၊ (ဘေးအန္တရာယ်စသည်) သင့်သည်။ ၄၊ (သစ်ပင်၊ ဝါးပင်စသည်) ပေါက်သည်။ ၅၊ အပါယ်ကျသည်။ အပါယ်ငရဲ၌ ကျရောက်ရ
    arrive - reach come - arrive (as in အချိန်~၊ နွေ~ဗျာယ်) amount to (as in ကော်ဆဲရာ~လားခဗျာယ်)
    ကြိယာ