Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 81–100 of 1,415 words

    ရ

    ရင်ခေါင်းခဲနာ

    [ɹɪ̀ɴkʰèàɪ́ɴkʰɛnà]
    ဝမ်းခြင့်၍ ရင်ခေါင်းထဲမာ ရစ်လှည့်ပြီးကေ မခံမရပ်ဖြစ်ရေ ရောဂါဝေဒနာ
    ဗိုက်အောင့်၍ ရင်ခေါင်းထဲ၌ ရစ်လှည့်ပြီး မခံမရပ်ဖြစ်သော ရောဂါဝေဒနာ
    chestache
    နာမ်

    ရင်ချင်းထပ်

    [ɹɪ̀ɴɕɪ́ɴtʰaʔ]
    လူပရိတ်သတ် များပြား စည်ကားရေ။ လမ်းစျီးအရပ်၊ လူတိကေလေ့၊ ရင်ချင်းထပ်မျှ (ဥဒိန်သာ)
    လူပရိတ်သတ် များပြား စည်ကားသည်။ လမ်းစျီးအရပ်၊ လူများလျှင်လည်း၊ ရင်ချင်းထပ်မျှ (ဥဒိန်သာ)
    be alive with teeming crowd
    ကြိယာ

    ရင်းချာ

    [ɹɪ́ɴɕà]
    ပိုပြီးကေ သွီးနီးစပ်သော။ အဆယ်အသွယ်ပြုမှုမာ တိုးပြီးကေ ကျွမ်းဝင်သော
    ပို၍ သွေးနီးစပ်သော။ အဆယ်အသွယ်ပြုမှုတွင် တိုး၍ ကျွမ်းဝင်သော
    be close (in relationaship)
    နာမဝိသေသန

    ရင်ချိုင့်

    [ɹɪ̀ɴɕa̰ɪɴ]
    ရင်ဖတ်၏ အလယ်ကြား၌ ဟိုက်ခွက်နိန်ရေ အရာ
    ရင်ဘတ်၏ အလယ်ကြား၌ ရှိုက်ခွက်နေသော အရာ
    xiphoid process of the sternum
    နာမ်

    ရင်ချောင်

    [ɹɪ̀ɴɕàʊɴ]
    အစာပြွန်၊ အသက်ရှူပြွန် ဆီးဆို့ခြင်းမဟိ ဖြစ်တေ
    အစာပြွန်၊ အသက်ရှူပြွန် ဆီးဆို့ခြင်းမရှိ ဖြစ်သည်
    feel comfortable in the chest [fig.] be relieved
    ကြိယာ

    ရင်ခွင်

    [ɹɪ̀ɴkʰwɪ̀ɴ]
    ရင်ဖတ် ဝန်းကျင်နီရာ။ ချစ်မပြေကေ၊ သက်ဝေသားလှ၊ မရင်ခွင်ကို၊ ဝင်ပါလတ်လေ (နာရဒ)
    ရင်ဘတ် ဝန်းကျင်နေရာ။ ချစ်မပြေကေ၊ သက်ဝေသားလှ၊ မရင်ခွင်ကို၊ ဝင်ပါလတ်လေ (နာရဒ)
    bosom
    နာမ်

    ရင်ခွင်ပိုက်

    [ɹɪ̀ɴkʰwɪ̀ɴpaɪʔ]
    အရွယ်မရောက်သိမ့်ပဲ နန်းမွေကို ဆက်ခံရရေ ဘုရင်၏ အခွင့် အာဏာကို လွှဲယူ အုပ်ချုပ်ရသူ။ (၉ နှစ်သားအရွယ် ဘုရင်ငယ် မင်းထီးကို ဝရီးတော် အနန္တဘယက ရင်ခွင်မာ တင်ပနာ တရား စီရင်ရရေ။) ၂၊ အရွယ် မရောက်သိမ့်သော ဘုရင်ငယ်
    အရွယ်မရောက်သေးပဲ နန်းမွေကို ဆက်ခံရသော ဘုရင်၏ အခွင့် အာဏာကို လွှဲယူ အုပ်ချုပ်ရသူ။ (၉ နှစ်သားအရွယ် ဘုရင်ငယ် မင်းထီးကို ဦးရီးတော် အနန္တဘယက ရင်ခွင်တွင် တင်၍ တရား စီရင်ရသည်။) ၂၊ အရွယ် မရောက်သေးသော ဘုရင်ငယ်
    nursing infant regent - regency ( king who is a minor)
    နာမ်

    ရင်ခွင်ပိုက်၂

    [ɹɪ̀ɴkʰwɪ̀ɴpaɪʔ၂]
    ရင်ခွင်ထက်မာ ပွေ့သိမ်း ထားရေ။ ၂၊ (ဥပစာ) အမြတ်တနိုး ယုယစွာ စောင့်စည်းရေ။ ထိန်းသိမ်းသည်
    ရင်ခွင်ထက်တွင် ပွေ့သိမ်း ထားသည်။ ၂၊ (ဥပစာ) အမြတ်တနိုး ယုယစွာ စောင့်စည်းသည်။ ထိန်းသိမ်းသည်
    regent
    ကြိယာ

    ရင်ခွင်ပိုက်သျှေ

    [ɹɪ̀ɴkʰwɪ̀ɴpaɪʔʃè]
    မွီးဖွားခါစ အချေ
    မွေးဖွားခါစ ကလေးငယ်
    baby
    နာမ်

    ရင်းငွီရ

    [ɹɪ́ɴŋwíɹ]
    ပျောက်ဆုံး လျော့ပါးသော အရာနန့် ထပ်တူအရာကို ပြန်ပနာ ရဟိရေ။ လျော့ပါးစွာကို ပြန်ပနာ ဖြည့်နိုင်ခွင့် ရဟိရေ
    ပျောက်ဆုံး လျော့ပါးသော အရာနှင့် ထပ်တူအရာကို ပြန်၍ ရရှိသည်။ လျော့ပါးသည်ကို ပြန်လည် ဖြည့်နိုင်ခွင့် ရရှိသည်
    recover or recoup the loss
    ကြိယာ

    ရင်စည်း

    [ɹɪ̀ɴsɛ́]
    ရင်နို့သီး အစုံကို အဝတ်ချာ ပုဝါရှည် အစဟိစွာအနိန်နန့် ပတ်ချိုင်ရေ
    ရင်သားမြတ် အစုံကို အဝတ်စ ပုဝါရှည် စသည်ဖြင့် ပတ်ချည်သည်
    strapless bodice worn under a chemise
    ကြိယာ

    ရင်စည်း၂

    [ɹɪ̀ɴsɛ́၂]
    ရင်နို့သီး အစုံကို စည်းခြည်ရန် အသုံးပြုရေ အဝတ်ချာ အရှည်။ ပုဝါရှည် အစဟိစွာ
    ရင်သားမြတ် အစုံကို စည်းချည်ရန် အသုံးပြုသော အဝတ်စ အရှည်။ ပုဝါရှည် စသည်
    strapless bodice worn under a chemise ornamental band round the bell - shaped dome of a pagoda Also ရင်ဖွဲ့ (See illus at စေတီ)
    နာမ်

    ရင်စည်တီး

    [ɹɪ̀ɴsɛ̀tï]
    ပူပင်ခြင်း ကြီးစွာဖြင့် ရင်ဖတ်ကို ပြင်းစွာ ထုခတ်ဗျာယ်
    ပူပန်ခြင်း ကြီးစွာဖြင့် ရင်ဘတ်ကို ပြင်းစွာ ထုခတ်လျက်
    beat one’s breast in sorrow
    ကြိယာဝိသေသန

    ရင်းစား

    [ɹɪ́ɴsá]
    တခုတရီကို လုပ်ကိုင် စားသောက်ဖို့ ရင်းနှီးငွီ
    တစ်စုံတစ်ခုကို လုပ်ကိုင် စားသောက်ရန် ရင်းနှီးငွေ
    recoupment of past loss
    နာမ်

    ရင်စိတ်အင်္ကျီ

    [ɹɪ̀ɴseɪʔʔŋ̇karí]
    ရှေ့ဖက်မာ အထက်-အောက် တောက်လျှောက် နှစ်ခြမ်းခွဲပြီးကေ ခြုပ်ထားရေ အင်္ကျီ
    ရှေ့ဘက်တွင် အထက်-အောက် တောက်လျှောက် နှစ်ခြမ်းခွဲ၍ ချုပ်ထားသော အင်္ကျီ
    Arakan-Rakhine jacket buttoned down the front
    နာမ်

    ရင်ဆာ

    [ɹɪ̀ɴsʰà]
    စိတ်ထဲမာ အလွန်အကျွံ ထိခိုက် ခံစားရရေ။ ၂၊ ဒုက္ခရောက်နီသူ တဦး တယောက် ကို စာနာစိတ်ဖြင့် ရှုမြင် ခံစားရရေ။ ကရုဏာ သက်ရေ။ သနား ချစ်ခင်ရေ။ ဂေါင်းဆယ်ခွကေ၊ ဒဿရာဇာ၊ ရင်ဆာဆာနန့်၊ ကြင်နာဆပွား၊ ငါမင်းဖျားမာ (ရာမ)
    စိတ်ထဲ၌ အလွန်အမင်း ထိခိုက် ခံစားရသည်။ ၂၊ ဒုက္ခရောက်နေသူ တစ်ဦး တစ်ယောက် အပေါ်တွင် စာနာစိတ်ဖြင့် ရှုမြင် ခံစားရသည်။ ကရုဏာ သက်သည်။ သနား ချစ်ခင်သည်။ ဂေါင်းဆယ်ခွကေ၊ ဒဿရာဇာ၊ ရင်ဆာဆာနှင့်၊ ကြင်နာဆပွား၊ ငါမင်းဖျားမှာ (ရာမ)
    have heartburn feel hot sensation in the chest [ fig ] be worried
    ကြိယာ

    ရင်ဆို့

    [ɹɪ̀ɴsʰo̰]
    အားအင် ကုန်ခန်းမှုကြောင့် ဖြစ်စီ၊ စိတ်နှလုံး စိုးရိမ် ပင်ပန်းမှုကြောင့် ဖြစ်စီ ရင်မား၌ တိုက်ဆိုင် ခံစားရရေ
    အားအင် ကုန်ခန်းမှုကြောင့် ဖြစ်စေ၊ စိတ်နှလုံး စိုးရိမ် ပင်ပန်းမှုကြောင့် ဖြစ်စေ ရင်တွင်း၌ တိုက်ဆိုင် ခံစားရသည်
    choke with exhaustion or emotion
    ကြိယာ

    ရင်ဆိုင်

    [ɹɪ̀ɴsʰàɪɴ]
    ထက်ပက်တွိရေ။ ကြုံတွိရေ။ ဟိဆိုင် တိုက်ပွဲ ဝင်ခကတ်တေ။
    ပက်ပင်းတွေ့သည်။ ကြုံတွေ့သည်။ ရင်ဆိုင် တိုက်ပွဲ ဝင်ခဲ့ကြသည်။
    face - confront
    ကြိယာ

    ရင်ဆိုင်၂

    [ɹɪ̀ɴsʰàɪɴ၂]
    မျက်နှာချင်း ဆိုင်ဗျာယ်။ မျက်နှာချင်း မူဗျာယ်
    မျက်နှာချင်း ဆိုင်လျက်။ မျက်နှာချင်း မူလျက်
    face to face
    ကြိယာဝိသေသန

    ရင့်ညောင်း

    [ɹɪ̰ɴɲáʊɴ]
    ကာလ ရှည်ကြာရေ။ ကာလ ကြာမြင့်သည်
    ကာလ ရှည်ကြာသည်။ ကာလ ကြာမြင့်သည်
    be long in time - grow old
    ကြိယာ