Dictionary Entries
Showing 1,021–1,040 of 1,415 words
ရ
ရောင်းတောင်းဂျောင်း
[ɹáʊɴtáʊɴdʑáʊɴ]
Arakanese:
ဆူဆူညံညံ ကြားရရေ အသံ။ ၂၊ ရီထဲကို တခုတရီ ကျလှားရေ အသံ
Burmese:
ဆူဆူညံညံ ကြားရသော အသံ။ ၂၊ ရေထဲသို့ တစ်စုံတစ်ခု ကျသွားသော အသံ
English:
noise
Grammar Note:
နာမ်
ရောင်တော်ဖွင့်
[ɹàʊɴtɔ̀pʰwɪ̰ɴ]
Arakanese:
မြတ်စွာ ဘုရား၏ ရုပ်ပွားတော်ကို ဂျီးချွတ်ဆီးဖြင့် သန့်စင်အောင် ပြုလုပ်ရေ
Burmese:
မြတ်စွာ ဘုရား၏ ရုပ်ပွားတော်ကို ဂျီးချွတ်ဆေးဖြင့် သန့်စင်အောင် ပြုလုပ်သည်
English:
clean pagoda or statues of the Buddha
Grammar Note:
ကြိယာ
ရောင်နီ
[ɹàʊɴní]
Arakanese:
မိုးထ စောစောအခါ ထွက်ပေါ်လှာသော နီ၏ ရောင်ခြည်
Burmese:
နံနက် စောစောအခါ ထွက်ပေါ်လာသော နေ၏ ရောင်ခြည်
English:
red glow of dawn - sunshine
Grammar Note:
နာမ်
ရောင်နီပေါ်
[ɹàʊɴnípɔ̀]
Arakanese:
အာရုဏ်တက်ပြီးးကေ နီဝန်း၏ မရင့်သိမ့်ရေ ရောင်ခြည်နီလေး ထွက်ပြူစ ပြုသည်
Burmese:
အရုဏ်တက်ပြီးနောက် နေဝန်း၏ မရင့်သေးသော ရောင်ခြည်နီလေး ထွက်ပြူစ ပြုသည်
English:
dawn
Grammar Note:
ကြိယာ
ရောင်နီလာ
[ɹàʊɴnílà]
Arakanese:
အာရုဏ်တက်ပြီးးကေ နီဝန်း၏ မရင့်သိမ့်ရေ ရောင်ခြည်နီလေး ထွက်ပြူစ ပြုသည်
Burmese:
အရုဏ်တက်ပြီးနောက် နေဝန်း၏ မရင့်သေးသော ရောင်ခြည်နီလေး ထွက်ပြူစ ပြုသည်
English:
dawn
Grammar Note:
ကြိယာ
ရောင်းပန်းလှ
[ɹáʊɴpáɴɬ]
Arakanese:
ဝယ်ယူသူရို့ နှစ်သက် စုံမက်ဖွယ် အသွင်ဆောင်သော။ ရောင်းချရန် အမြင် ကောင်းရေ
Burmese:
ဝယ်ယူသူတို့ နှစ်သက် စုံမက်ဖွယ် အသွင်ဆောင်သော။ ရောင်းချရန် အမြင် ကောင်းသော
English:
be saleable
Grammar Note:
နာမဝိသေသန
ရောင်းပေါင်
[ɹáʊɴpèàɪ̀ɴ]
Arakanese:
ဝန် တစုံတရာကို နိရက် စရေ အပိုင်းအရာ ကာလအထဲ မရွီးနှိုင်ကေ ရောင်းချပြီးရေ အနေသို့ ရောက်စီရန် အာမခံချက် ထားပနာ ပေါင်နှံခြင်း
Burmese:
ပစ္စည်း တစ်စုံတရာကို နေ့ရက် စသည့် အပိုင်းအခြား ကာလအတွင်း မရွေးနိုင်လျှင် ရောင်းချပြီးသော အနေသို့ ရောက်စေရန် အာမခံချက် ထား၍ ပေါင်နှံခြင်း
English:
property pledged or pawned for a fixed period on the expiry of which the creditor has the right to sell
Grammar Note:
နာမ်
ရောင်ပြန်
[ɹàʊɴpɹàɴ]
Arakanese:
အရာဝတ္တု တခုခုကို အလင်းရောင် ဟပ်ရာမှ ပြန်ပနာ ပြန့်ကား ဖြာထွက်လှာသော အလင်း
Burmese:
အရာဝတ္တု တစ်ခုခုကို အလင်းရောင် ဟပ်ရာမှ ပြန်၍ ပြန့်ကား ဖြာထွက်လာသော အလင်း
English:
reflection [fig.] repercussion
Grammar Note:
နာမ်
ရောင်ပြန်ဟပ်
[ɹàʊɴpɹàɴhaʔ]
Arakanese:
အရာဝတ္တု တခုခုကို အလင်းရောင် ဟပ်ရာမှ ပြန်ပနာ ပြန့်ကား ဖြာထွက်လှာသော အလင်း
Burmese:
အရာဝတ္တု တစ်ခုခုကို အလင်းရောင် ဟပ်ရာမှ ပြန်၍ ပြန့်ကား ဖြာထွက်လာသော အလင်း
English:
reflect (as in လမ္မကြီးတွင် ရောင်စုံ မီးများ ~နေရေ) [fig.] reflect (as in စာဆို၏ စိတ်ဓါတ်က ယင်းသူ့စာပေမှာ~လေ့ ရှိပါရေ)
Grammar Note:
ကြိယာ
ရောင်ပြီး
[ɹàʊɴpɹï]
Arakanese:
(အရောင်) အမျိုးမျိုး ပြောင်းလဲပနာ ရှုမြင်ရရေ အရောင်
Burmese:
(အရောင်) အမျိုးမျိုး ပြောင်းလဲ၍ ရှုမြင်ရသော အရောင်
English:
indescence
Grammar Note:
နာမ်
ရောင်ဖြူ
[ɹàʊɴpʰɹù]
Arakanese:
မိုးထ စောစောအခါ ရောင်နီ မထိုးမီ မြင်ရရေ အလင်းရောင်
Burmese:
နံနက် စောစောအခါ ရောင်နီ မထိုးမီ မြင်ရသော အလင်းရောင်
English:
first flush of light at the crack of dawn ( before the East turns red )
Grammar Note:
နာမ်
ရောင်ဖြူထက်
[ɹàʊɴpʰɹùtʰɛʔ]
Arakanese:
မိုးထ လင်းခါနီး အချိန်မာ အာရုဏ်တက်ခါစ နပျိုးဖက်နု ရောင်ပိုင် အလင်းရောင် ပေါ်ရေ။ တညအိပ်သော်၊ ညည့်သုံးပွါမာ၊ ကျော်လီတုံပြီး၊ ရောင်ဖြူလာလို့၊ လင်းခါနီးကေ၊ ကြယ်ကြီးထွက်ပြန် (ရီလား)
Burmese:
နံနက် လင်းခါနီး အချိန်၌ အရုဏ်တက်ခါစ ငှက်ပျောရွက်နု ရောင်ကဲ့သို့ အလင်းရောင် ပေါ်သည်။ တညအိပ်သော်၊ ညည့်သုံးပွါမှာ၊ ကျော်လေတုံပြီး၊ ရောင်ဖြူလာလို့၊ လင်းခါနီးကေ၊ ကြယ်ကြီးထွက်ပြန် (ရီလား)
English:
first flush of light at the crack of dawn ( before the East turns red )
Grammar Note:
ကြိယာ
ရောင်ဖြူလာ
[ɹàʊɴpʰɹùlà]

ရောင်းရင်း
[ɹáʊɴɹɪ́ɴ]
Arakanese:
အသက်နုစဉ်က စပြီးကေ ပေါင်းသင်း လာခရေ ငယ်ပေါင်း မိတ်ဆွီ
Burmese:
အသက်နုစဉ်က စ၍ ပေါင်းသင်း လာခဲ့သော ငယ်ပေါင်း မိတ်ဆွေ
English:
childhood friend cf ရိုးရင်း
Grammar Note:
နာမ်
ရောင်းရင်းခတ်
[ɹáʊɴɹɪ́ɴkʰaʔ]
Arakanese:
အသံ ကျကျယ်လောင်လောင် အခဲမကျီ ပြောဆို ဟစ်ကြွီးဗျာယ်
Burmese:
အသံ ကျယ်လောင်စွာ မကျေမနပ် ပြောဆို ဟစ်ကြွေးလျက်
English:
weep loudly
Grammar Note:
ကြိယာဝိသေသန
ရောင်ရင်ငှက်
[ɹàʊɴɹɪ̀ɴŋ̊ɛʔ]
Arakanese:
အသံကျယ်ပနာ မြည်တတ်ရေ (ခြည်ခင်စွပ်မျိုးဝင်) ရှည်သော နှုတ်သီးဝါ၊ ရှည်သော လိုင်တံဖြူ၊ ရှည်သော ခြေတံနီ၊ နက်ကျောသော အတောင်ပံဟိပြီးကေ ရေစပ်နားမာ ကျက်စားသော ငှက်ကြီးတမျိုး၊ ကြောက်အားကြီးလှ၍ ငှက်ကြီးရောင်ရင် ဝမ်းမာ ဝင်ရန် ကြံလတ်သော် (ကျောက်ရိုး)
Burmese:
အသံကျယ်၍ မြည်တတ်သော (ငှက်ကျားမျိုးဝင်) ရှည်သော နှုတ်သီးဝါ၊ ရှည်သော လည်တံဖြူ၊ ရှည်သော ခြေတံနီ၊ နက်ကျောသော အတောင်ပံရှိ၍ ရေစပ်နားတွင် ကျက်စားသော ငှက်ကြီးတစ်မျိုး၊ ကြောက်အားကြီးလှ၍ ငှက်ကြီးရောင်ရင် ဝမ်းတွင် ဝင်ရန် ကြံလတ်သော် (ကျောက်ရိုး)
English:
Chinese madpie
Grammar Note:
နာမ်
ရောင်းရင်းသတ်
[ɹáʊɴɹɪ́ɴθaʔ]
Arakanese:
အသံ ကျကျယ်လောင်လောင် အခဲမကျီ ပြောဆို ဟစ်ကြွီးဗျာယ်
Burmese:
အသံ ကျယ်လောင်စွာ မကျေမနပ် ပြောဆို ဟစ်ကြွေးလျက်
English:
weep loudly
Grammar Note:
ကြိယာဝိသေသန
ရောင်းရေးဝယ်ရေး
[ɹáʊɴɹéwɛ̀ɹé]
Arakanese:
ကုန် ကူးသန်း ရောင်းဝယ်မှု လုပ်ငန်း
Burmese:
ကုန် ကူးသန်း ရောင်းဝယ်မှု လုပ်ငန်း
English:
trading
Grammar Note:
နာမ်
ရောင်းရောင်းခတ်
[ɹáʊɴɹáʊɴkʰaʔ]
Arakanese:
ဆူဆူညံညံ။ ကျကျယ် လောင်လောင်ဖြစ်ရေ
Burmese:
ဆူဆူညံညံ။ ကျယ်ကျယ် လောင်လောင်ဖြစ်သော
English:
noisy - very loud
Grammar Note:
နာမဝိသေသန
ရောင်းရောင်းတီး
[ɹáʊɴɹáʊɴtï]
Arakanese:
အသံ လူသူ အစဟိစွာရို့ ဆူညံသော
Burmese:
အသံ လူသူ စသည်တို့ ဆူညံသော
English:
noisy - very loud
Grammar Note:
နာမဝိသေသန