Dictionary Entries
Showing 1,101–1,120 of 1,415 words
ရ
ရွ့ကိရွ့က
[ɹw့kìɹw့k]
Arakanese:
မလျင်မမြန် ကြာစွာ။ တဆတ်ဆတ်အနိန်နန့်
Burmese:
မလျင်မမြန် နှေးကွေးစွာ။ ဖြည်းဖြည်း အားဖြင့်
English:
slowly
Grammar Note:
ကြိယာဝိသေသန
ရွ့ကိုယ်တတ်
[ɹw့kÒɛ̀taʔ]
Arakanese:
ဝေဒနာ တခုခုကြောင့် ကိုယ်ခန္ဓာ အသားအရီ ဖောင်းကြွ စူမို့သည်
Burmese:
ဝေဒနာ တစ်ခုခုကြောင့် ကိုယ်ခန္ဓာ အသားအရေ ဖောင်းကြွ စူမို့သည်
English:
swell
Grammar Note:
ကြိယာ
ရွ့နာ
[ɹw့nà]
Arakanese:
ဝေဒနာ တခုခုကြောင့် ကိုယ်ခန္ဓာ အသားအရီ ဖောင်းကြွ စူမို့သော အနာ
Burmese:
ဝေဒနာ တစ်ခုခုကြောင့် ကိုယ်ခန္ဓာ အသားအရေ ဖောင်းကြွ စူမို့သော အနာ
English:
injury
Grammar Note:
နာမ်
ရွ့ပိုး
[ɹw့pó]
Arakanese:
အလွန် ငယ်ရေ ပိုးကောင်ငယ် တမျိုး။ မှိုပွင့်များမာ ကျက်စားသော ပိုးငယ်တမျိုး
Burmese:
အလွန် သေးငယ်သော ပိုးကောင်ငယ် တစ်မျိုး။ မှိုပွင့်များတွင် ကျက်စားသော ပိုးငယ်တစ်မျိုး
English:
mite
Grammar Note:
နာမ်
ရွ့ပိုးတက်
[ɹw့pótɛʔ]
Arakanese:
ဣန္ဒြေပျက်သော မျက်နှာ အမူအရာနန့်။ အပိုး မသတ်သီာ မျက်နှာ ထားနန့်။ ဖလာစီာငေါ့၊ အိမ်သို့လားရေ်၊ မျက်နှာ ရွ့ပိုးတက်နန့် (ကုသတု)
Burmese:
ဣန္ဒြေပျက်သော မျက်နှာ အမူအရာနှင့်။ အပိုး မသတ်သော မျက်နှာ ထားနှင့်။ ဖလာစောငေါ့၊ အိမ်ကိုသွားသော်၊ မျက်နှာ ရွ့ပိုးတက်နှင့် (ကုသတု)
English:
get randy
Grammar Note:
ကြိယာဝိသေသန
ရွ့ပိုးတက်၂
[ɹw့pótɛʔ၂]
Arakanese:
မငြိမ်မသက် ဖြစ်တေ။ ၂၊ တစုံတရာ ဆောင်ရွက် လုပ်ကိုင်ရန် တက်ကြွသော ဆန္ဒကို ထိန်းချုပ်ပနာ မနိုင်ဖြစ်တေ
Burmese:
မငြိမ်မသက် ဖြစ်သည်။ ၂၊ တစ်စုံတရာ ဆောင်ရွက် လုပ်ကိုင်ရန် တက်ကြွသော ဆန္ဒကို ထိန်းချုပ်၍ မနိုင်ဖြစ်သည်
English:
get randy
Grammar Note:
ကြိယာ
ရွမ်းစည်
[ɹʊ̀ɴsɛ̀]
Arakanese:
ဟိးရက္ခိုင် ဘုရင်များ လက်ထက်မာ အချိန်နာရီ အချက်ပီး တီးခတ်ရေ စည်ကြီး။ (ယွမ်းစည်၊ ဗဟိုရ်စည်၊ ဗဟိုစည်)ဟု လည်း သုံးနှုန်းကတ်သိမ့်ရေ။ နီဝန်းဝင်ချိန်၊ ညမှိုင်းရီဝယ်၊ ဘေရီစည်ကြီး၊ တပိုရ်မာလေ၊ ခတ်ကာတီးလို့ (ဥဒိန်သာ)။ ၂၊ ဟိးရက္ခိုင် ဘုရင်များ လက်ထက်က နိလေးပိုရ်
Burmese:
ရှေးရခိုင် ဘုရင်များ လက်ထက်တွင် အချိန်နာရီ အချက်ပေး တီးခတ်သည့် စည်ကြီး။ (ယွမ်းစည်၊ ဗဟိုရ်စည်၊ ဗဟိုစည်)ဟု လည်း သုံးနှုန်းကြသေးသည်။ နေဝန်းဝင်ချိန်၊ ညမှိုင်းရီဝယ်၊ ဘေရီစည်ကြီး၊ တပိုရ်တွင်လေ၊ ခတ်ကာတီးလို့ (ဥဒိန်သာ)။ ၂၊ ရှေးရခိုင် ဘုရင်များ လက်ထက်က နေ့လေးပိုရ်
English:
vat
Grammar Note:
နာမ်
ရွမ်းတောင်
[ɹʊ̀ɴtàʊɴ]
Arakanese:
ရခိုင် မြောက်ဦး နန်းတော်၏ အဟိတောင်ဒေါင့်၌ ရွမ်းစည် တနည်း ယွမ်းစည် (ဗဟိုရ်စည်) ထားရာ တောင်ညိုတောင်ကို ခေါ်သော အမည်
Burmese:
ရခိုင် မြောက်ဦး နန်းတော်၏ အရှေ့တောင်ထောင့်၌ ရွမ်းစည် သို့မဟုတ် ယွမ်းစည် (ဗဟိုရ်စည်) ထားရာ တောင်ညိုတောင်ကို ခေါ်သော အမည်
English:
jwan mountain
Grammar Note:
နာမ်
ရွမ်းပြင်း
[ɹʊ̀ɴpɹɪ́ɴ]
Arakanese:
ကြိုးလုံး ဖြစ်ယောင် ကျစ်ဖွဲ့ရန် ကြိုတင် ရစ်ဝါထားရေ အမျှင်စု
Burmese:
ကြိုးလုံး ဖြစ်အောင် ကျစ်ဖွဲ့ရန် ကြိုတင် ရစ်လိမ်ထားသည့် အမျှင်စု
English:
rope of shuttle (of a loom)
Grammar Note:
နာမဝိသေသန
ရွမ်းရောင်
[ɹʊ̀ɴɹàʊɴ]
Arakanese:
ရွမ်းပြင်းသို့ ရောက်ခါနီးဖြစ်ရေ (သစ်သီး)
Burmese:
ရွမ်းပြင်းသို့ ရောက်ခါနီးဖြစ်သော (သစ်သီး)
English:
succulent
Grammar Note:
နာမဝိသေသန
ရွ့ရွ့
[ɹw့ɹw့]
Arakanese:
အသက်ရှင်ဆဲ (ပိုင်) မဟာမြတ်မုနိ ရုပ်ရှင်တော်သည် အသျှင် ရွ့ရွ့ သွားဘိပိုင် ကြွတော်မူလီ၏ (ဓညသစ်ပဲခူး)။ အသာအယာ ဖြည်းညှင်းစွာ။ ရွ့ရွ့ လားကျင်၊ မြီးအပြင်ဝယ်
Burmese:
အသက်ရှင်ဆဲ (ကဲ့သို့) မဟာမြတ်မုနိ ရုပ်ရှင်တော်သည် အရှင် ရွ့ရွ့ သွားဘိသကဲ့သို့ ကြွတော်မူလေ၏ (ဓညသစ်ပဲခူး)။ အသာအယာ ဖြည်းညှင်းစွာ။ ရွ့ရွ့ သွားကျင်၊ မြီးအပြင်ဝယ်
English:
softly
Grammar Note:
ကြိယာဝိသေသန
ရွ့ရွ့မိုး
[ɹw့ɹw့mó]
Arakanese:
အသာအယာ ထိတင်ရေ။ ကော်ကော်နူထ၊ နတ်စောင်းလှကို ရွ့ရွ့ ရင်ခွင်တင်ပနာ
Burmese:
အသာအယာ ထိတင်သည်။ ကော်ကော်နူထ၊ နတ်စောင်းလှကို ရွ့ရွ့ ရင်ခွင်တင်၍
English:
hold sth over the head - hold sth over sb or sth ( as in ထီး~-၊ ဓား~-) roof (as in အိမ်ကို~-) tower(as in သူ့အရပ်က ~ နေ-)
Grammar Note:
ကြိယာ
ရွ့ရွ့ရွ့ရွ့
[ɹw့ɹw့ɹw့ɹw့]
Arakanese:
မျက်နှာပြင် တခုတည်းဟိ နီရာများစွာ ကွက်ငယ်၌ တက်ခြည်နိမ့်ခြည် မညီမညာ လှုပ်ယှားဗျာယ်။ မငြိမ်မသက် လှုပ်ယှားဗျာယ်
Burmese:
မျက်နှာပြင် တစ်ခုတည်းရှိ နေရာများစွာ ကွက်ငယ်၌ တက်ချည်နိမ့်ချည် မညီမညာ လှုပ်ရှားလျက်။ မငြိမ်မသက် လှုပ်ရှားလျက်
English:
lightly
Grammar Note:
ကြိယာဝိသေသန
ရွာ
[ɹwà]
Arakanese:
လူအများ အိုးအိမ် တည်ဆောက်ပနာ မြို့ထက် ငယ်သော ရပ်ကွက်စု။ (ဥပစာ) ၂၊ နီထိုင်ရာ ဒေသ အပိုင်းအရာ
Burmese:
လူအများ အိုးအိမ် တည်ဆောက်၍ မြို့ထက် ငယ်သော ရပ်ကွက်စု။ (ဥပစာ) ၂၊ နေထိုင်ရာ ဒေသ အပိုင်းအခြား
English:
village [ fig ] abode (as in နတ်~)
Grammar Note:
နာမ်
ရွာ၂
[ɹwà၂]
Arakanese:
မိုးကျောက်မိုးကျောက်ပေါက်များ သဘာဝ ရာသီဥတု အလျောက် ထက်ဝဠာ အာကာသမှ ကျလှာရေ
Burmese:
မိုးသီးမိုးပေါက်များ သဘာဝ ရာသီဥတု အလျောက် ထက်ဝဠာ အာကာသမှ ကျလာသည်
English:
(of rain) fall
Grammar Note:
ကြိယာ
ရွာကတီပါ
[ɹwàktípà]
Arakanese:
ကျေးရွာမာ ရပ်မှု ရွာမှုရို့မာ နှိုးဆော်သူ။ ရပ်ရွာဒေသ တခွင်လုံး သိဟိဗျာယ်။ ရပ်ရွာ၌ ထင်ရှားဗျာယ်
Burmese:
ကျေးရွာတွင် ရပ်မှု ရွာမှုတို့၌ နှိုးဆော်သူ။ ရပ်ရွာဒေသ တခွင်လုံး သိရှိလျက်။ ရပ်ရွာ၌ ထင်ရှားလျက်
English:
village crier
Grammar Note:
နာမ်
ရွာကျော်ရပ်ကြား
[ɹwàt͡ɕɔ̀ɹaʔt͡ɕá]
Arakanese:
ရပ်ရွာဒေသ တခွင်လုံး သိဟိဗျာယ်။ ရပ်ရွာ၌ ထင်ရှားဗျာယ်
Burmese:
ရပ်ရွာဒေသ တခွင်လုံး သိရှိလျက်။ ရပ်ရွာ၌ ထင်ရှားလျက်
English:
be widely known
Grammar Note:
ကြိယာဝိသေသန
ရွာခံ
[ɹwàkʰံ]
Arakanese:
ရွာမာ အမြဲနီထိုင်သူ။ (ရွာခံသား ဆိုပနာလည်း သုံးနှုန်းရေ။
Burmese:
ရွာတွင် အမြဲနေထိုင်သူ။ (ရွာခံသား ဟူ၍လည်း သုံးနှုန်းသည်။
English:
permanent resident of a village
Grammar Note:
နာမ်
ရွာခေါင်းရပ်ခေါင်း
[ɹwàkʰèàɪ́ɴɹaʔkʰèàɪ́ɴ]
Arakanese:
ရပ်ရွာမာ အုပ်ချုပ်ရေ အကြီးအကဲ။ ရွာလူကြီး
Burmese:
ရပ်ရွာတွင် အုပ်ချုပ်သော အကြီးအကဲ။ ရွာလူကြီး
English:
headman
Grammar Note:
နာမ်
ရွာချ
[ɹwàɕ]
Arakanese:
တခုတရီသော နီရာဒေသမာ ရပ်ရွာတည်သည်
Burmese:
တစ်စုံတစ်ခုသော နေရာဒေသတွင် ရပ်ရွာတည်သည်
English:
propitiate evil spirits or witches with food to desist from casting a spell or take away a spell already cast
Grammar Note:
ကြိယာ