Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,121–1,140 of 1,415 words

    ရ

    ရွာစဉ်

    [ɹwàsɪ̀ɴ]
    မဝီးမပါး စီတန်းဗျာယ် ဟိနိန်ရေ ရပ်ရွာတိ
    မနီးမဝေး စီတန်းလျက် ရှိနေသော ရပ်ရွာများ
    long stretch of dwellings from a village
    နာမ်

    ရွာစဉ်တရိုး

    [ɹwàsɪ̀ɴtɹó]
    ရွာစဉ်တလျှောက်။ ၂ ရွာလမ်းမတလျှောက်။ ရွာမားအနှံ အပြား
    ရွာစဉ်တစ်လျှောက်။ ၂ ရွာလမ်းမတစ်လျှောက်။ ရွာတွင်းအနှံ အပြား
    long stretch of dwellings from a village
    နာမ်

    ရွာစား

    [ɹwàsá]
    ရခိုင်မင်း လက်ထက်မာ ကျေးလက်နယ်မြီကို သတ်မှတ်ပနာ အခွန်ကောက်ခံ ယူပိုင်ခွင့် ပီးအပ်ခြင်းခံရသူ။ (ကျေးစား၊ မြို့စားဆိုပနာလည်း ဟိရေ။
    ရခိုင်မင်း လက်ထက်တွင် ကျေးလက်နယ်မြေကို သတ်မှတ်၍ အခွန်ကောက်ခံ ယူပိုင်ခွင့် ပေးအပ်ခြင်းခံရသူ။ (ကျေးစား၊ မြို့စားဟူ၍လည်း ရှိသည်။
    person entitled to a portion of revenue collected from a village (honourable) leader of ဆိုင်းဝိုင်း
    နာမ်

    ရွာစုတ်ပီစုတ်

    [ɹwàsoʊʔpísoʊʔ]
    လူနီအိမ်ခြီ မများရေ ကျေးလက်ရွာငယ်
    လူနေအိမ်ခြေ မများသော ကျေးလက်ရွာငယ်
    hamlet
    နာမ်

    ရွှ့

    [ɹW့̯]
    သစ်သား သတ္တုကို ဖြတ်ရန် ပိုင်ပါရေ လက်သမားကိရိယာ။
    သစ်သား သတ္တုကို ဖြတ်ရန် အသွားပါသော လက်သမားကိရိယာ။
    saw
    နာမ်

    ရွှံ့

    [ɹW̯ံ့]
    အထဲကို ကျုံ့ဝင် တွန့်ခေါက်သော။ အနံ ကျဉ်းလားရေ။
    အတွင်းသို့ ကျုံ့ဝင် တွန့်ခေါက်သော။ အနံ ကျဉ်းသွားသော။
    shrunken / rumpled
    နာမဝိသေသန

    ရွှင်

    [ɹW̯ɪ̀ɴ]
    ကိုယ်စိတ် ကြည်သာ တက်ကြွရေ။ မြူးတူးသည်
    ကိုယ်စိတ် ကြည်သာ တက်ကြွသည်။ မြူးတူးသည်
    be joyful - rejoice be plentiful - abound (as in လာဘ်~၊ ငွီ- )
    ကြိယာ

    ရွှင့်

    [ɹW̯ɪ̰ɴ]
    ရွက်ကို လီတိုး ပင့်စီခြင်းနန့် ရေယာဉ်ကို ရွိစီရေ။ ရွက်ကြီးတင်ပနာ၊ ကြာမြင့်မနီ၊ ရွှင့်ကြလီသော် (ထွန်းတိ)။ ပင်လင်မြစ်ကြီး၊ သင်္ဘောစီးပနာ ရွှင့်ပြီး ယူလားပါက (ဒေးဝန်း)။ တဆတ်ဆတ်ရွှင့် လတ်ခါ၊ မာန်အောင်မြို့မာ လျင်ဆော ဆိုက်ရောက်ကေ (ဗမာချီ)။ လေပြင်၌ ရွင့်
    ရွက်ကို လေတိုး ပင့်စေခြင်းဖြင့် ရေယာဉ်ကို ရွေ့လျားစေသည်။ ရွက်ကြီးတင်၍၊ ကြာမြင့်မနီ၊ ရွှင့်ကြလီသော် (ထွန်းတိ)။ ပင်လင်မြစ်ကြီး၊ သင်္ဘောစီး၍ ရွှင့်ပြီး ယူသွားပါက (ဒေးဝန်း)။ တဆတ်ဆတ်ရွှင့် လတ်ခါ၊ မာန်အောင်မြို့တွင် လျင်ဆော ဆိုက်ရောက်ပါက (ဗမာချီ)။ လေပြင်၌ လွင့်
    spread - disseminate - propagate - fling out fly (as in အလံ~- ) (of sails) hoist (as in ရွက်~-)
    ကြိယာ

    ရွှင့်စဉ်

    [ɹW̯ɪ̰ɴsɪ̀ɴ]
    အရာ တပါးသို့ အဟုန်ပြင်းစွာ ရောက်ရေ
    အခြား တစ်ပါးသို့ အဟုန်ပြင်းစွာ ရောက်သည်
    be blown away - be thrown off (as in ကားပေါ်က~၍ကျ-) - be flung off
    ကြိယာ

    ရွှင့်တင်

    [ɹW̯ɪ̰ɴtɪ̀ɴ]
    တင်းခွန်အလံ စစွာကို အမြင့်မာ လှုပ်ရှားအောင် ပြုသည်
    တံခွန်အလံ စသည်ကို အမြင့်တွင် လှုပ်ရှားအောင် ပြုသည်
    (of a flag) hoist
    ကြိယာ

    ရွှင့်ထူ

    [ɹW̯ɪ̰ɴtʰù]
    တင်းခွန်အလံ စစွာကို တိုင်မာ ခြည်၍ စိုက်ထူရေ
    တံခွန်အလံ စသည်ကို တိုင်တွင် ချည်၍ စိုက်ထူသည်
    (of sails or flag) hoist
    ကြိယာ

    ရွှင့်ပစ်

    [ɹW̯ɪ̰ɴpɪʔ]
    အရာ တပါးသို့ ရောက်ယောင် ပစ်သည်
    အခြား တစ်ပါးသို့ ရောက်အောင် ပစ်သည်
    throw away - fling
    ကြိယာ

    ရွှင်ပြ

    [ɹW̯ɪ̀ɴpɹ]
    ကိုယ်စိတ် ကြည်လင် လန်းဆန်းရေ။ ကိုယ်နေဟန်ပန် သွက်လက် တက်ကြွသည်
    ကိုယ်စိတ် ကြည်လင် လန်းဆန်းသည်။ ကိုယ်နေဟန်ပန် သွက်လက် တက်ကြွသည်
    be joyful - be meny - be happy
    နာမဝိသေသန

    ရွှင့်ပြင်

    [ɹW̯ɪ̰ɴpɹɪ̀ɴ]
    ညီညာသော မြေပြန့်ကျယ်
    ညီညာသော မြေပြန့်ကျယ်
    plain
    နာမ်

    ရွှင်မြူး

    [ɹW̯ɪ̀ɴmɹú]
    စိတ်အား ထက်သန် တက်ကြွ လှုပ်ရှားသော။ နှစ်သက် အားရမှုဖြင့် မြူးကြွလှုပ်ယှားသော
    စိတ်အား ထက်သန် တက်ကြွ လှုပ်ရှားသော။ နှစ်သက် အားရမှုဖြင့် မြူးကြွလှုပ်ယှားသော
    be jubilant - be joyous - be merry
    နာမဝိသေသန

    ရွှင်ရွှင်ကျီး

    [ɹW̯ɪ̀ɴɹW̯ɪ̀ɴt͡ɕï]
    တင်သက် ရှည်ကြာစွာ ပြင်းစွာ ဟိုက်ဗျာယ် (ငိုရေ။) ရှင်ရှင်ကျီး လို့ (ဝီဇယ)
    တင်သက် ရှည်ကြာစွာ ပြင်းစွာ ရှိုက်လျက် (ငိုသည်။) ရှင်ရှင်ကျီး လို့ (ဝီဇယ)
    snivel
    ကြိယာဝိသေသန

    ရွှင်ရွှင်ပြုံးပြုံး

    [ɹW̯ɪ̀ɴɹW̯ɪ̀ɴpɹóʊɴpɹóʊɴ]
    ကြည်နူး နှစ်လို အားရစွာ
    ကြည်နူး နှစ်လို အားရစွာ
    cheerfully
    ကြိယာဝိသေသန

    ရွှင်လန်း

    [ɹW̯ɪ̀ɴláɴ]
    လိုလား တောင့်တရေ အတိုင်း ပြည့််စုံသနန့် မျက်နှာသွင်ပြင် ကြည်လင် ချမ်းမြေ့သော။ စိတ်ဖြင့် အနှောင့်အယှက် ဖီးရန် ကင်းစင်သော။ စိတ်ပျော်ရွှင်လန်း၊ သဒ္ဓါပန်းဖြင့် လှူဒါန်းပါ၏
    လိုလား တောင့်တသည့် အတိုင်း ပြည့််စုံသဖြင့် မျက်နှာသွင်ပြင် ကြည်လင် ချမ်းမြေ့သော။ စိတ်ဖြင့် အနှောင့်အယှက် ဘေးရန် ကင်းစင်သော။ စိတ်ပျော်ရွှင်လန်း၊ သဒ္ဓါပန်းဖြင့် လှူဒါန်းပါ၏
    feel fresh and cheerful
    နာမဝိသေသန

    ရွှ့စက်

    [ɹW့̯sɛʔ]
    သစ်ခွဲစက်ရုံ။
    သစ်ခွဲစက်ရုံ။
    sawmill
    နာမ်

    ရွှ့စင်

    [ɹW့̯sɪ̀ɴ]
    သစ်တိကို လက်ဆွဲလွှဖြင့် ခွဲဖြတ်ရာနီရာ။
    သစ်များကို လက်ဆွဲလွှဖြင့် ခွဲဖြတ်ရာနေရာ။
    saw pit
    နာမ်