Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 101–120 of 1,415 words

    ရ

    ရင်ညွန့်

    [ɹɪ̀ɴɲʊ̀ɴ့]
    ရှေ့ဖက်မာ ညှပ်ရိုး နှစ်ဘက်ကြား ရင်ရိုး အောက်ဘက် နီရာ။ မမြင်ဝံ့ဝံ့၊ မြင်ဝံ့ဝံ့ကေ၊ ရင်ညွှန့် လှိုက်ဆူ၊ ဝမ်းထဲပူကေ (ရာမ)
    ရှေ့ဘက်တွင် ညှပ်ရိုး နှစ်ဘက်ကြား ရင်ရိုး အောက်ဘက် နေရာ။ မမြင်ဝံ့ဝံ့၊ မြင်ဝံ့ဝံ့ကေ၊ ရင်ညွှန့် လှိုက်ဆူ၊ ဝမ်းထဲပူကေ (ရာမ)
    xiphoid process of the sternum
    နာမ်

    ရင်တင်

    [ɹɪ̀ɴtɪ̀ɴ]
    တခုတရီသော အလုပ်ကို လုပ်ရာမာ လုံးချင်းတည်း ချပါသပါ ဟိနိန်ရေ။ အလုပ်လုပ်ဖို့စွာက တဦး လုံးချင်းတည်း ရင်တင် ကျနီရေဂု (အရပ်)
    တစ်စုံတစ်ခုသော အလုပ်ကို လုပ်ရာ၌ တစ်ဦးတစ်ယောက်တည်း မနိုင်မနင်း ရှိနေသည်။ အလုပ်လုပ်ဖို့စွာက တစ်ဦး တစ်ယောက်တည်း ရင်တင် ကျနီရေဂု (အရပ်)
    cannot carry by only one
    ကြိယာ

    ရင်တမမ

    [ɹɪ̀ɴtmm]
    စိုးရိမ် ကြောင့်ကြမှု တကြီးနန့် စောင့်ငန်း မျှော်လင့်ရေ။ တုန်လှုပ် ချောက်ချားရေ။ ရင်တမမနန့် မောင်ကြီးသျှင်သျှင်လာဖို့ လမ်းကို မျှော်နီကတ်တေ (အရပ်)
    စိုးရိမ် ကြောင့်ကြမှု တကြီးနှင့် စောင့်ငန်း မျှော်လင့်သည်။ တုန်လှုပ် ချောက်ချားသည်။ ရင်တမမနန့် မောင်ကြီးသျှင်လာဖို့ လမ်းကို မျှော်နီကတ်တေ (အရပ်)
    in a state of suspense or impatience
    ကြိယာ

    ရင်တား

    [ɹɪ̀ɴtá]
    အိမ်၏ အပြင်တန်းခါး၌ ပင်ဖြစ်ဖြစ်၊ မြို့ရိုး အပြင်တန်းခါး၌ ပင်ဖြစ်ဖြစ်၊ တိုင်နှစ်ချောင်းမာ တန်း၃ဆင့် ပင်ဖြစ်ဖြစ်၊ ၄ဆင့် ပင်ဖြစ်ဖြစ် လျှိုကန့်ထားရေ အရာ။ ရန်သူ။ သခိုးအစဟိစွာရို့ မဝင်နှိုင်ယောင် ရှေ့ဦး ကာရံ တားထားရေ အကာအရံတမျိုး
    အိမ်၏ အပြင်တံခါး၌ လည်းကောင်း၊ မြို့ရိုး အပြင်တံခါး၌ လည်းကောင်း၊ တိုင်နှစ်ချောင်းတွင် တန်း၃ဆင့် လည်းကောင်း၊ ၄ဆင့် လည်းကောင်း လျှိုကန့်ထားသော အရာ။ ရန်သူ။ သူခိုးစသည်တို့ မဝင်နိုင်အောင် ရှေ့ဦး ကာရံ တားထားသော အကာအရံတစ်မျိုး
    palisade or strong barricade outside the gate of a fortification breast beam (of a loom)
    နာမ်

    ရင်တားတပ်

    [ɹɪ̀ɴtátaʔ]
    မြို့၏ အပြင်ဘက်၌ ရန်သူရို့အား တိုက်ခိုက်ရန် ကင်းစောင့်ပိုင် ထားရေ တပ်။ ၂၊ ရှီးဦးစွာ ကာဆီးသော ခံတပ်
    မြို့၏ အပြင်ဘက်၌ ရန်သူတို့အား တိုက်ခိုက်ရန် ကင်းစောင့်သဖွယ် ထားသော တပ်။ ၂၊ ရှေးဦးစွာ ကာဆီးသော ခံတပ်
    enemy fort
    နာမ်

    ရင်တိုက်

    [ɹɪ̀ɴtaɪʔ]
    အသက်ရှု ဆို့ပိတ်ပနာ မသက်မသာ ခံစားရရေ
    အသက်ရှု ဆို့ပိတ်၍ မသက်မသာ ခံစားရသည်
    have difficult in breathing
    ကြိယာ

    ရင်းတိုက်

    [ɹɪ́ɴtaɪʔ]
    အနှစ်မာသော အပင်ကြီး တမျိုး
    အနှစ်မာသော သစ်ပင်ကြီး တစ်မျိုး
    kind of timber tree Dolbergia fusca
    နာမ်

    ရင်းတွန်း

    [ɹɪ́ɴtʊ́ɴ]
    ပိုက်ကွန်ကို ယက်သဲ့ပိုင် သုံးဒေါင့် ပြုလုပ်ထားရေ ငါးရှာကိရိယာ တမျိုး။ ၂၊ ပိုက်ကွန်ကို ယက်သဲ့ပိုင် သုံးဒေါင့်ပြုပနာ ရင်နန့် တိုက်ကာ ဟိကို တွန်းထိုးရရေ ပိုက်ချကိရိယာ တမျိုး။ သမိန်းစားဖို့၊ သားစားဖို့၊ ချောင်ဖျားသျှေ၊ မျှိုင်သျှေ ရင်းတွန်း ထိုးကတ်မည
    ပိုက်ကွန်ကို ယက်သဲ့ကဲ့သို့ သုံးထောင့် ပြုလုပ်ထားသော ငါးရှာကိရိယာ တစ်မျိုး။ ၂၊ ပိုက်ကွန်ကို ယက်သဲ့ကဲ့သို့ သုံးထောင့်ပြု၍ ရင်နှင့် တိုက်ကာ ရှေ့သို့ တွန်းထိုးရသော ငါးဖမ်းကိရိယာ တစ်မျိုး။ သမီးစားမည်၊ သားစားမည်၊ ချောင်ဖျားသျှေ၊ မျှိုင်သျှေ ရင်းတွန်း ထိုးကတ်မည
    fishnet
    နာမ်

    ရင်ထုမနာ

    [ɹɪ̀ɴtʰoʊmnà]
    စိတ်ထဲမာ အလွန်အကျွံ နှမြိုးတသမှုဖြင့် ခံစားရဗျာယ်
    စိတ်ထဲတွင် အလွန်အမင်း နှမြောတသမှုဖြင့် ခံစားရလျက်
    beat one’s breast in consolably
    ကြိယာဝိသေသန

    ရင်ထုသတ်

    [ɹɪ̀ɴtʰoʊθaʔ]
    ပူပင်ခြင်း ကြီးစွာဖြင့် ရင်ဖတ်ကို ပြင်းစွာ ထုခတ်ဗျာယ်။ ရင်မာထုသတ်၊ ထိုနီရာကို မြင်ပြန်လတ်က၊ ကျလတ်မျက်ရည်၊ စီးကာသွယ်ကေ (နာရဒ)
    ပူပန်ခြင်း ကြီးစွာဖြင့် ရင်ဘတ်ကို ပြင်းစွာ ထုခတ်လျက်။ ရင်တွင်ထုသတ်၊ ထိုနေရာကို မြင်ပြန်လတ်က၊ ကျလတ်မျက်ရည်၊ စီးကာသွယ်ကေ (နာရဒ)
    beat one’s breast in sorrow
    ကြိယာဝိသေသန

    ရင်ထောင်း

    [ɹɪ̀ɴtʰáʊɴ]
    စိတ်လှုပ်ရှားဖွယ် တခုတရီကြောင့် နှလုံးသွေး ဗြုန်းခနဲ ပြင်းထန် ကကောင်းလျင်လာခြင်း ရင်မား၌ ပိုပြီးကေလှုပ်ရှားသည်
    စိတ်လှုပ်ရှားဖွယ် တစ်စုံတစ်ရာကြောင့် နှလုံးသွေး ရုတ်တရက် ပြင်းထန် လျင်မြန်လာခြင်း ရင်တွင်း၌ ပိုမိုလှုပ်ရှားသည်
    excited
    ကြိယာ

    ရင်နာ

    [ɹɪ̀ɴnà]
    ဆင်းရဲမှုကို ခံစားရရေ။ စိတ်နှလုံး ထိခိုက်ရေ။ ယင်းတိုင်သျှင်ရို့ အပြုအမူကို မြင်လို့ မခံမရပ်နိုင်ယောင် ရင်ဆာမိရေ (အရပ်)
    ဆင်းရဲမှုကို ခံစားရသည်။ စိတ်နှလုံး ထိခိုက်သည်။ ယင်းသူရို့ အပြုအမူကို မြင်လို့ မခံမရပ်နိုင်ယောင် ရင်နာမိရေ (အရပ်)
    feel pain in the chest be sore or bitter at heart
    ကြိယာ

    ရင်းနီ

    [ɹɪ́ɴní]
    စာပဓိ တမျိုး၏ အမည်
    ကောက်လတ်စပါး တစ်မျိုး၏ အမည်
    paddy
    နာမ်

    ရင်းနီးပါးစပ်

    [ɹɪ́ɴnïpàးsaʔ]
    အသင့်အတင့် ဆွီမျိုး တော်စပ်သူ။ မနီးလွန်း မဝီးလွန်းသော အကွာအဝီး
    အသင့်အတင့် ဆွေမျိုး တော်စပ်သူ။ မနီးလွန်း မဝေးလွန်းသော အကွာအဝေး
    relative
    နာမ်

    ရင်နှစ်

    [ɹɪ̀ɴn̥ɪʔ]
    ကိုယ့်ကေ၌ ဖြစ်ရေ သား၊ သမီး။ သားရင်း၊ သမီးရင်း
    မိမိရင်၌ ဖြစ်သော သား၊ သမီး။ သားရင်း၊ သမီးရင်း
    [fig.] off spring
    နာမ်

    ရင်းနှီး

    [ɹɪ́ɴn̥ï]
    အလွန် ခင်မင် အကျွမ်းဝင်ရေ။ ၂၊ မူလ အရင်းခံအားဖြင့် ငွီရင်း ထည့်သွင်း မြှုပ်နှံသည်
    အလွန် ခင်မင် အကျွမ်းဝင်သည်။ ၂၊ မူလ အရင်းခံအားဖြင့် ငွေရင်း ထည့်သွင်း မြှုပ်နှံသည်
    be close - be familiar - be intimate invest
    ကြိယာ

    ရင်းပိုး

    [ɹɪ́ɴpó]
    နပျိုးပင် ပင်ရင်း အောက်ခြီမာ ကျသော ပိုးတမျိုး
    ငှက်ပျောပင် ပင်ရင်း အောက်ခြေတွင် ကျသော ပိုးတစ်မျိုး
    insect
    နာမ်

    ရင်ပူ

    [ɹɪ̀ɴpù]
    အစာကြီညက်မှု မဟိခြင်းကြောင့် ရင်ထဲမာ ပူလောင်မှုကို ခံစားရရေ။ ၂၊ (ဥပစာ) ရင်ထဲမာ ပူပင်စိုးရိမ်မှု ခံစားရရေ
    အစာကြေညက်မှု မရှိခြင်းကြောင့် ရင်ထဲ၌ ပူလောင်မှုကို ခံစားရသည်။ ၂၊ (ဥပစာ) ရင်ထဲ၌ ပူပင်စိုးရိမ်မှု ခံစားရသည်
    have heartburn feel hot sensation in the chest [ fig ] be worried
    ကြိယာ

    ရင်းပူ

    [ɹɪ́ɴpù]
    အမျှင်နည်း၍ အသားတိ ဟင်းချက် စားရရေ ကတ်လားနပျိုး တခု၏ အမည်
    အမျှင်နည်း၍ အသားများ ဟင်းချက် စားရသည့် ရခိုင်ငှက်ပျော တစ်ခု၏ အမည်
    banana
    နာမ်

    ရင်ပူနာလိုက်

    [ɹɪ̀ɴpùnàlaɪʔ]
    ဖြစ်ပြီးကေ ဖြစ်နီဆဲ လတ္တံ အမှုရို့အတွက် စိုးရိမ်ခြင်း၊ သံသယဖြစ် ခြင်းရို့နန့် နိူင်း၍ စိတ်မတည်မငြိမ် ခံစားရရေ
    ဖြစ်ပြီး ဖြစ်ဆဲ လတ္တံ အမှုတို့အတွက် စိုးရိမ်ခြင်း၊ သံသယဖြစ် ခြင်းတို့နှင့် ယှဉ်၍ စိတ်မတည်မငြိမ် ခံစားရသည်
    feeling worry
    ကြိယာ