Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,181–1,200 of 1,415 words

    ရ

    ရွှီကိုယ်တော်

    [ɹW̯íkÒɛ̀tɔ̀]
    မင်းညီ မင်းသားရို့ကို ဂုဏ်တင်ပနာ ခေါ်သော စကားလုံး
    မင်းညီ မင်းသားတို့ကို ဂုဏ်တင်၍ ခေါ်သော စကားလုံး
    prince
    နာမ်

    ရွှီကျင်

    [ɹW̯ít͡ɕɪ̀ɴ]
    ရွှီမှုန့် ရွှီစများ ပါရေမြီကို ရေနန့်ဖျော်၍ အလယ်၌ ဇရုံကျင်ခွက်ဖြင့် လှုပ်ကာဝေ့ကာ ရွှီမှုန့်များခြည်း စုကျန်အောင် ပြုသည်
    ရွှေမှုန့် ရွှေစများ ပါသောမြေကို ရေနှင့်ဖျော်၍ အလယ်၌ ဇလားကျင်ခွက်ဖြင့် လှုပ်ကာဝေ့ကာ ရွှေမှုန့်များချည်း စုကျန်အောင် ပြုသည်
    pan for gold - gold filter
    ကြိယာ

    ရွှီကျင်ခတ်

    [ɹW̯ít͡ɕɪ̀ɴkʰaʔ]
    ရွှီနန်းကြိုးမျှင် တိနန့် ထည့်သွင်း ရက်လုပ်ထားရေ အထည်
    ရွှေနန်းကြိုးမျှင် များဖြင့် ထည့်သွင်း ရက်လုပ်ထားသော အထည်
    a silver lame evening gown
    နာမ်

    ရွှီခတ်

    [ɹW̯íkʰaʔ]
    ရွှီတုံကို ပါးလွှာသော ရွှီပြား ဖြစ်ယောင် ပုံစံတကျ ထုသတ်ရေ
    ရွှေတုံကို ပါးလွှာသော ရွှေပြား ဖြစ်အောင် ပုံစံတကျ ထုရိုက်သည်
    beat gold into thin leaf
    ကြိယာ

    ရွှီခနွယ်

    [ɹW̯íkʰnwɛ̀]
    ခြုံပင် အပင်တိကို မှီတွယ်၍ ပေါက်တတ်ပြီး၊ အဝါရောင် အနွယ်တံရှည်များ ယှက်ဖြာဟိ အရွက်မဟိပဲ သုပ်၍စားနှိုင်ရေ ကပ်ပါးပင် တမျိုး
    ချုံပင် သစ်ပင်များကို မှီတွယ်၍ ပေါက်တတ်ပြီး၊ အဝါရောင် အနွယ်တံရှည်များ ယှက်ဖြာရှိ အရွက်မယှိပဲ သုပ်၍စားနိုင်သော ကပ်ပါးပင် တစ်မျိုး
    parasite
    နာမ်

    ရွှီချ

    [ɹW̯íɕ]
    စာတီတော် ရုပ်ပွားတော် စစွာကို သစ်စိများ သုတ်ပနာ ရွှီပါရေ အချပ်တိနန့် ကပ်သည်
    စေတီတော် ရုပ်ပွားတော် စသည်ကို သစ်စေ့များ သုတ်၍ ရွှေပါသည့် အချပ်များနှင့် ကပ်သည်
    gild
    ကြိယာ

    ရွှီခြည်ထိုး

    [ɹW̯íkʰɹɛtʰó]
    ရွှီနန်းကြိုး၊ ငွီနန်းကြိုး စစွာနန့် အဝတ်အထည် ထက်မာ ပုံစံ အမျိုးမျိုး ခြယ်လှယ် ထိုးချုပ်သည်
    ရွှေနန်းကြိုး၊ ငွေနန်းကြိုး စသည်နှင့် အဝတ်အထည် ပေါ်တွင် ပုံစံ အမျိုးမျိုး ခြယ်လှယ် ထိုးချုပ်သည်
    gold embroider
    ကြိယာ

    ရွှီစကြာဖြန့်

    [ɹW̯íst͡ɕàpʰɹàɴ့]
    ဘုရင်၊ မင်းသား၊ မင်းသမီးသူရို့ ခရီးထွက်သည်
    ဘုရင်၊ မင်းသား၊ မင်းသမီးသူတို့ ခရီးထွက်သည်
    tour
    ကြိယာ

    ရွှီစင်

    [ɹW̯ísɪ̀ɴ]
    အညစ်အကြီး သန့်စင် ထုတ်ပြီးရေ ရွှီကောင်း
    အညစ်အကြေး သန့်စင် ထုတ်ပြီးသော ရွှေကောင်း
    pure gold
    နာမ်

    ရွှီစင်ရုပ်တု

    [ɹW̯ísɪ̀ɴɹoʊʔtoʊ]
    ရခိုင်ပြည် ဒွာရဝတီ သံတွဲမြို့မာ ရှေးအယင် အထက်ကျော်ကာရီကပင် ရွှီဖြင့် ထုလုပ်ထားရေ အတောင်သျှစ်ဆယ် (၈ဝ) မြင့်သော အရိမေတေ္တယျ ရွှီစင် ရုပ်တုတော်။ (ယင်းရွှီစင် ရုပ်တုတော်ကို ပုဂံပြည်သားရို့ ဖျက်ဆီး ယူလားကတ်ရာ နူဝဲ၍ သီကြီ ပျက်စီးကတ်တေ ဆို၏။) (ရာဇော်ဝါဒ)
    ရခိုင်ပြည် ဒွာရဝတီ သံတွဲမြို့တွင် ရှေးယခင် အထက်ကျော်ကာရီကပင် ရွှေဖြင့် ထုလုပ်ထားသော အတောင်သျှစ်ဆယ် (၈ဝ) မြင့်သော အရိမေတေ္တယျ ရွှေစင် ရုပ်တုတော်။ (၎င်းရွှေစင် ရုပ်တုတော်ကို ပုဂံပြည်သားတို့ ဖျက်ဆီး ယူသွားကြရာ နူဝဲ၍ သေကြေ ပျက်စီးကြသည် ဆို၏။) (ရာဇော်ဝါဒ)
    gold trophy
    နာမ်

    ရွှီစငွီစ

    [ɹW̯ísŋwís]
    လက်ဝတ် လက်စားအစဟိရေ ရွှီထည် ငွီထည် ပါးပါးချေ့များ
    လက်ဝတ် လက်စားစသော ရွှေထည် ငွေထည် အသေးအဖွဲ့များ
    jewel
    နာမ်

    ရွှီဇဝါ

    [ɹW̯ízwà]
    နှီးထည်၊ သံထည် အစဟိစွာ၌ အရာ အရောင်မပါရာနန့် ရွှီရောင်ဖြင့်သာ ပန်းခက် ပန်းတက်အစဟိစွာအနိန်နန့် ခြယ်ရီးခြစ်ရီး
    နှီးထည်၊ သံထည် စသည်၌ အခြား အရောင်မပါပဲ ရွှေရောင်ဖြင့်သာ ပန်းခက် ပန်းတက်စသည်ဖြင့် ခြယ်ရေးခြစ်ရေး
    gold painting on lacquer iron or leather surface - damask See also ဇဝါ
    နာမ်

    ရွှီဇဝါချ

    [ɹW̯ízwàɕ]
    တပြင်တည်း ရွှီပျံ့နှံ့စွာ (ရွှီပိန်း) ချထားရေ အရာ
    တစ်ပြင်တည်း ရွှေပျံ့နှံ့စွာ (ရွှေပိန်း) ချထားသော အရာ
    gold plated
    နာမ်

    ရွှီညာလွမ်း

    [ɹW̯íɲàlʊ̀ɴ]
    တစွန်းတစ သိစွာကို အတိကျ သိလေဟန် ပြောဆိုရေ။ ၂၊ ပေါ့လွင်သော စကား(မမှန်ကန်သော စကား)ရို့ကို ရွှန်းဝေအောင် ပြောရေ။ လူစကားနန့် ရွှီညာလွမ်းရေ (ရိုးရာ)
    တစ်စွန်းတစ်စ သိသည်ကို အတိကျ သိလေဟန် ပြောဆိုသည်။ ၂၊ ပေါ့လွင်သော စကား(မမှန်ကန်သော စကား)တို့ကို ရွှန်းဝေအောင် ပြောသည်။ လူစကားနန့် ရွှီညာလွမ်းရေ (ရိုးရာ)
    exaggerate
    ကြိယာ

    ရွှီတင်္ကာ

    [ɹW̯ítŋ̇kaà]
    ဒင်္ဂါးပြား။
    ရွှေဒင်္ဂါး။
    gold coin
    နာမ်

    ရွှီတိုက်

    [ɹW̯ítaɪʔ]
    ရခိုင်ဘုရင်တိ၏ ဘဏ္ဍာနန့် မှတ်တမ်းများ ထိန်းသိမ်းရာ တိုက်။
    ရခိုင်ဘုရင်များ၏ ဘဏ္ဍာနှင့် မှတ်တမ်းများ ထိန်းသိမ်းရာ တိုက်။
    royal treasury
    နာမ်

    ရွှီတောင်စက္ကူ

    [ɹW̯ítàʊɴskə́kəù]
    ရွှီကို ထုခတ်ရာမာ အောက်ကခံသော စက္ကူတမျိုး။ ၂၊ (ဥပစာ) ပါးလွှာစွာကို တင်စားပနာ သုံးသောအမည်
    ရွှေကို ထုခတ်ရာတွင် အောက်ကခံသော စက္ကူတစ်မျိုး။ ၂၊ (ဥပစာ) ပါးလွှာသည်ကို တင်စား၍ သုံးသောအမည်
    onionskin – paper produced domestically (often used metaphorically in connexion with a sharp fellow or some diaphanous material)
    နာမ်

    ရွှီတွဲလွဲငွီတွဲလွဲ

    [ɹW̯ítwɛlwɛŋwítwɛlwɛ]
    ရွှီငွီ လက်ဝတ်လက်စား အတန်အသင့် ဝတ်ဆင်နိုင် လောက်ယောင် စီးပွားရီး အခြီအရဲ ကောင်းမွန်ဗျာယ် ဟိနီရေအနိန်နန့်
    ရွှေငွေ လက်ဝတ်လက်စား အတန်အသင့် ဝတ်ဆင်နိုင် လောက်အောင် စီးပွားရေး အခြေအနေ ကောင်းမွန်လျက် ယှိနေသော အားဖြင့်
    being rich enough to be decked with jewellery
    ကြိယာဝိသေသန

    ရွှီထီး

    [ɹW̯ítʰï]
    မင်းခမ်းမင်းနား၊ သာသနာရီး ပွဲသဘင်၊ သျှင်လောင်း လှည့်ဖို့ သျှင်လောင်း အစဟိစွာရို့မာ အသုံးပြုလေ့ဟိသော ရွှီချထားရေ ထီးရွက်၊ ထီးရိုး၊ ထီးချက် တပ်ဆင်ထားရေ အဆောင်အယောင် ထီးကြီးတမျိုး
    မင်းခမ်းမင်းနား၊ သာသနာရေး ပွဲသဘင်၊ သျှင်လောင်း လှည့်မည့် သျှင်လောင်း စသည်တို့တွင် အသုံးပြုလေ့ယှိသော ရွှေချထားသည့် ထီးရွက်၊ ထီးရိုး၊ ထီးချက် တပ်ဆင်ထားသည့် အဆောင်အယောင် ထီးကြီးတစ်မျိုး
    ceremonial golden umbrella
    နာမ်

    ရွှီနား

    [ɹW̯íná]
    (ဥပစာ) နားမကြား၊ နထိုင်းသူကို တင်စားပနာ ခေါ်ဝေါ်သော အမည်
    (ဥပစာ) နားမကြား၊ နားထိုင်းသူကို တင်စား၍ ခေါ်ဝေါ်သော အမည်
    rhode island fowl - deafest
    နာမ်