Dictionary Entries
Showing 1,201–1,220 of 1,415 words
ရ
ရွှီနားတော်သွင်း
[ɹW̯ínátɔ̀θwɪ́ɴ]
Arakanese:
ငယ်ရွယ်သော ဘုရင်သားတော် သမီးတော်တိကို ဇာတိ မာန်တက်ကြွစီရန် ကိုယ့် မျိုးရိုးစဉ်ဆက် ထွန်းပြောင်ခပုံ၊ ဘုန်းတောက် ခပုံတိကို ဖော်ဆို သီးကျူး ဖွဲ့ဆိုရေ ယိုင်းလွှဲဧချင်း၊ ကဗျာတမျိုး
Burmese:
ငယ်ရွယ်သော ဘုရင်သားတော် သမီးတော်များကို ဇာတိ မာန်တက်ကြွစေရန် မိမိ၏ မျိုးရိုးစဉ်ဆက် ထွန်းပြောင်ခဲ့ပုံ၊ ဘုန်းတောက် ခဲ့ပုံများကို ဖော်ဆို သီးကျူး ဖွဲ့ဆိုသော ပုခက်လွှဲဧချင်း၊ ကဗျာတစ်မျိုး
English:
none
Grammar Note:
နာမ်
ရွှီးနားဗီ
[ɹW̯ïnábí]
Arakanese:
ရွှီနန့်ပြုလုပ်ထားရေ နားပေါက်မာ ပန်ဆင်ရရေ နားတန်ဆာ တမျိုး။ ရွှီနားဗီကို၊ နားဗီထိုး လို့လာ … လာ (တေး)
Burmese:
ရွှေဖြင့်ပြုလုပ်ထားသော နားပေါက်တွင် ပန်ဆင်ရသော နားတန်ဆာ တစ်မျိုး။ ရွှီနားဗီကို၊ နားဗီထိုး လို့လာ … လာ (တေး)
English:
earring
Grammar Note:
နာမ်
ရွှီနွယ်
[ɹW̯ínwɛ̀]
Arakanese:
ခြုံပင် အပင်တိကို မှီတွယ်၍ ပေါက်တက်ပြီးး၊ အဝါရောင် အနွယ်တံရှည်များ ယှက်ဖြာဟိ အရွက်မဟိပဲ သုပ်၍ စားနှိုင်ရေ ကပ်ပါးပင် တမျိုး
Burmese:
ချုံပင် သစ်ပင်များကို မှီတွယ်၍ ပေါက်တက်ပြီး၊ အဝါရောင် အနွယ်တံရှည်များ ယှက်ဖြာရှိ အရွက်မယှိပဲ သုပ်၍ စားနိုင်သော ကပ်ပါးပင် တစ်မျိုး
English:
dodder plant Cuscuta reflexa - parasite plant
Grammar Note:
နာမ်
ရွှီပန်းထိမ်
[ɹW̯ípáɴtʰèɪɴ]
Arakanese:
ရွှီကို လက်ဝတ် ရတနာမှအစ အထည်ပုံစံ အမျိုးမျိုး သွန်းလုပ်ခြင်း၊ မွမ်းမံခြင်း အစဟိစွာ ပြုလုပ်ရေ အတတ်ပညာ
Burmese:
ရွှေကို လက်ဝတ် ရတနာမှအစ အထည်ပုံစံ အမျိုးမျိုး သွန်းလုပ်ခြင်း၊ မွမ်းမံခြင်း စသည် ပြုလုပ်သော အတတ်ပညာ
English:
goldsmith
Grammar Note:
နာမ်
ရွှီပိန်း
[ɹW̯ípéɪɴ]
Arakanese:
တပြင်လုံး ရွှီပျံ့နှံ စီပြီးကေ
Burmese:
တစ်ပြင်လုံး ရွှေပျံ့နှံ စေလျက်
English:
(cover) completely with gold
Grammar Note:
ကြိယာဝိသေသန
ရွှီပိန်းပီး
[ɹW̯ípéɪɴpï]
Arakanese:
ထိပ်ဖျား နှစ်ဘက်နန့် ဖီးတောင် အားလုံးကို တပြင်တည်း ရွှီအပြည့်် ချထားရေ ပီစာထုပ် အမျိုးအစား
Burmese:
ထိပ်ဖျား နှစ်ဘက်နှင့် ဘေးတောင် အားလုံးကို တပြင်တည်း ရွှေအပြည့်် ချထားသော ပေစာထုပ် အမျိုးအစား
English:
gold pack of chain-letters - packet of palm leaf manuscript with gold painted edges
Grammar Note:
နာမ်
ရွှီပီ
[ɹW̯ípí]
Arakanese:
စာရီးရန် အချပ်အလွှာ ပြုလုပ်ထားရေ ရွှီချပ်
Burmese:
စာရေးရန် အချပ်အလွှာ ပြုလုပ်ထားသော ရွှေချပ်
English:
gold parchment royal order written on palm leaf
Grammar Note:
နာမ်
ရွှီပီလွှာ
[ɹW̯ípílW̯à]
Arakanese:
နောင် အနာဂတ် ကာလမာ ဖြစ်ပျက်ဖို့ အဖြစ်ဆိုးမည် ကောင်းမည်ကို ကြိုတင် ဖော်ထုတ် ရီးသားခရေ ပီစာမျိုး
Burmese:
နောင် အနာဂတ် ကာလတွင် ဖြစ်ပျက်မည့် အဖြစ်ဆိုးမည် ကောင်းမည်ကို ကြိုတင် ဖော်ထုတ် ရေးသားခဲ့သော ပေစာမျိုး
English:
gold parchment - [infml.] chain-letter
Grammar Note:
နာမ်
ရွှီပေါ်မြတင်
[ɹW̯ípɔ̀mɹtɪ̀ɴ]
Arakanese:
(ဥပစာ) အမြတ်တနိုး မြှောက်စား တန်ဖိုးထား အရီးပီးဗျာယ်
Burmese:
(ဥပစာ) အမြတ်တနိုး မြှောက်စား တန်ဖိုးထား အရေးပေးလျက်
English:
(handle sb) with kid-gloves - in the manner of placing someone on a pedestal
Grammar Note:
ကြိယာဝိသေသန
ရွှီပြားခတ်
[ɹW̯ípɹákʰaʔ]
Arakanese:
ရွှီအတိုးအခကို ပါးလွှာသော အပြားဖြစ်ယောင် ပုံစံတကျ ထုရိုက် ပြုပျင်သည်
Burmese:
ရွှေအတိုးအခကို ပါးလွှာသော အပြားဖြစ်အောင် ပုံစံတကျ ထုရိုက် ပြုပြင်သည်
English:
beat gold pieces into gold leaf
Grammar Note:
ကြိယာ
ရွှီဖရုံ
[ɹW̯ípʰɹòʊɴ]
Arakanese:
မှည့်လျှင် အသားအဝါရောင် ဟိပြီး အမြှောင့်ဟိ၍ အလုံးပိပြားသော ဟင်းချက် စားသုံးရရေ အသီးတမျိုး
Burmese:
မှည့်လျှင် အသားအဝါရောင် ယှိပြီး အမြှောင့်ယှိ၍ အလုံးပိပြားသော ဟင်းချက် စားသုံးရသည့် အသီးတစ်မျိုး
English:
pumpkin Cucurbita maxima
Grammar Note:
နာမ်
ရွှီဖြူ
[ɹW̯ípʰɹù]
Arakanese:
အရောင်ဖြူ၍ မာတောင့်ပြီး လေးသော ဓါတ်သတ္တု တမျိုး
Burmese:
အရောင်ဖြူ၍ မာတောင့်ပြီး လေးသော ဓါတ်သတ္တု တစ်မျိုး
English:
platinum
Grammar Note:
နာမ်
ရွှီမင်
[ɹW̯ímɪ̀ɴ]
Arakanese:
ရီးခြယ်ရန် ပျောင်းသော အစီးအဆီ အမျိုးမျိုးနန့် ရောစပ်ထားရေ ရွှီရောင် တောက်ရေ ရောစပ်ထားရေ ရွှီရောင် တောက်ရေ အမှုန့်ပါရေ မင်ဆီးရည် တမျိုး
Burmese:
ရေးခြယ်ရန် စေးကပ်သော အစေးအဆီ အမျိုးမျိုးနှင့် ရောစပ်ထားသော ရွှေရောင် တောက်သည့် ရောစပ်ထားသော ရွှေရောင် တောက်သည့် အမှုန့်ပါသော မင်ဆေးရည် တစ်မျိုး
English:
gold ink - gold paint
Grammar Note:
နာမ်
ရွှီမျဉ်းဓမ္မသတ်
[ɹW̯ímrɪ́ɴdʱm̪a̰m̪a̰θaʔ]
Arakanese:
မင်းထီးလက်ထက် မနူဓမ္မသတ်ကို ရွှီမျှိုင်းဓမ္မသတ်ဟု ပြုပျင်ပြောင်းလဲပနာ ရီးသားသော အမည်
Burmese:
မင်းထီးလက်ထက် မနူဓမ္မသတ်ကို ရွှီမျဉ်းဓမ္မသတ်ဟု ပြုပြင်ပြောင်းလဲ၍ ရေးသားသော အမည်
English:
laws codified by King Min Hti
Grammar Note:
နာမ်
ရွှီရင်သွီး
[ɹW̯íɹɪ̀ɴθwï]
Arakanese:
ကိုယ့်ကေသွီးကို ချစ်မြတ်နိုးစွာ ခေါ်သောအမည်
Burmese:
မိမိရင်သွေးကို ချစ်မြတ်နိုးစွာ ခေါ်သောအမည်
English:
baby
Grammar Note:
နာမ်
ရွှီရီငွီရီ
[ɹW̯íɹíŋwíɹí]
Arakanese:
စာတီပုထိုး သာသနာ အဆောက်အအုံ အုတ်မြစ်ချရာ အဓိကရ အပင်ကြီး စိုက်ပျိုးရာ၊ မင်္ဂလာယူရာ အစဟိစွာရို့မာ ကောင်းရေ နိမတ်ရို့ကို ယူပနာ လောင်းရရေ ရွှီငွီရတနာ စိမ်ထားရေ ရီကောင်းရီသန့်
Burmese:
စေတီပုထိုး သာသနာ အဆောက်အအုံ အုတ်မြစ်ချရာ အဓိကရ သစ်ပင်ကြီး စိုက်ပျိုးရာ၊ မင်္ဂလာယူရာ စသည်တို့၌ ကောင်းသော နိမတ်တို့ကို ယူ၍ လောင်းရသည့် ရွှေငွေရတနာ စိမ်ထားသော ရေကောင်းရေသန့်
English:
water with gold silver and jewellery immersed in it for auspicious use
Grammar Note:
နာမ်
ရွှီရေးဆောင်မိဖုရား
[ɹW̯íɹésʰàʊɴmìpʰoʊɹá]
Arakanese:
အထူး မြှောက်စား ထားရေ မိဖုရား။ အထူး မြှောက်စားခြင်းကို ခံရရေ မိဖုရား
Burmese:
အထူး မြှောက်စား ထားသော မိဖုရား။ အထူး မြှောက်စားခြင်းကို ခံရသော မိဖုရား
English:
queen
Grammar Note:
နာမ်
ရွှီလှော်ဦး
[ɹW̯íɬɔ̀ʔú]
Arakanese:
မီးဖြင့် အထပ်ထပ် ကြိုပျာ အညစ်အကြီးကို အခေါက်ခေါက် သန့်စင် ထုတ်ပြီးရေ ရွှီကောင်း
Burmese:
မီးဖြင့် အထပ်ထပ် ကျို၍ အညစ်အကြေးကို အကြိမ်ကြိမ် သန့်စင် ထုတ်ပြီးသော ရွှေကောင်း
English:
purified gold
Grammar Note:
နာမ်
ရွှီသား
[ɹW̯íθá]
Arakanese:
ရွှီအထည်ကို ပုံစံ တစုံတရာ ပြုလုပ်ခြင်း မဟိသိမ့်ရေ ပကတိ ရွှီအတုံးအခဲ
Burmese:
ရွှေအထည်ကို ပုံစံ တစ်စုံတရာ ပြုလုပ်ခြင်း မယှိသေးသော ပကတိ ရွှေအတုံးအခဲ
English:
solid gold
Grammar Note:
နာမ်
ရွှေ့
[ɹW̯ḛ]
Arakanese:
တနီရာမှ တနီရာသို့ တချိန်မှ တချိန်သို့ ကူးပြောင်းသည်
Burmese:
တစ်နေရာမှ တစ်နေရာသို့ တစ်ချိန်မှ တစ်ချိန်သို့ ကူးပြောင်းသည်
English:
move
Grammar Note:
ကြိယာ