Dictionary Entries
Showing 1,241–1,260 of 1,415 words
ရ
ရှက်ပင်မရှက်
[ʃɛʔpɪ̀ɴmʃɛʔ]
Arakanese:
အရှက်မဟိသည်၏ အဖြစ်။ ရှက်တတ်ရေ စိတ်နည်းပါးခြင်း။ သားသျှင်မာတာ။ မေ့ကိုရာကေ၊ လာလှာပြီးကေ၊ ခေါ်လှာကျင်သည်၊ တိကရုံးပင်မရှက်
Burmese:
အရှက်မယှိသည်၏ အဖြစ်။ ရှက်တတ်သော စိတ်နည်းပါးခြင်း။ သားသျှင်မာတာ။ မေ့ကိုသာကေ၊ လာလာပြီးလျှင်၊ ခေါ်လှာကျင်သည်၊ ရှက်ပင်မရှက်
English:
no shame
Grammar Note:
နာမ်
ရှက်အင့်အင့်
[ʃɛʔʔɪ̰ɴʔɪ̰ɴ]
Arakanese:
ရှက်စိတ်ကြောင့် တွန့်ဆုတ် ချေကျောက်ပြီးကေ။ ရှက်သနန့် ပြုမူ ဆိုဆဲအမူအရာ တန့်တန်ရပ်ဗျာယ်
Burmese:
ရှက်စိတ်ကြောင့် တွန့်ဆုတ် လေးကန်လျက်။ ရှက်သဖြင့် ပြုမူ ဆိုဆဲအမူအရာ ဆိုင်းငံ့ တန်ရပ်လျက်
English:
feel shy and embarrassed
Grammar Note:
ကြိယာ
ရှက်အားကျ
[ʃɛʔát͡ɕ]
Arakanese:
အရှက်ကို၊ ခံစားရရေ။ ရှက်အား ရရေ
Burmese:
အရှက်ကို၊ ခံစားရသည်။ ရှက်အား ရသည်
English:
shame
Grammar Note:
ကြိယာ
ရှက်အားချီနန့်ယောက်ဖခေါ်
[ʃɛʔáɕína̰ɴjɔ́ɛʔpʰkʰɔ̀]
Arakanese:
အရှက်ရရေ အဖြစ်ကို ပျက်ပြယ်စီရေ သဘောနန့်
Burmese:
အရှက်ရသည့် အဖြစ်ကို ပျက်ပြယ်စေသော သဘောဖြင့်
English:
delightedly big shame
Grammar Note:
ကြိယာဝိသေသန
ရှက်အားနန့်ယမ်းတုတ်
[ʃɛʔána̰ɴjáɴtoʊʔ]
Arakanese:
အရှက်ရသနန့် ဆင်ခြင်မှုကင်းမဲ့ဗျာယ် ဗရဗရီ ယမ်းကား ပြုမှုသည်
Burmese:
အရှက်ရသဖြင့် ဆင်ခြင်မှုကင်းမဲ့လျက် ထင်မိထင်ရာ ယမ်းကား ပြုမှုသည်
English:
delightedly big shame
Grammar Note:
ကြိယာ
ရှက်အားရ
[ʃɛʔáɹ]
Arakanese:
အရှက်ရဗျာယ်။ အရှက်တကွဲ ဖြစ်ရေအနိန်နန့်။ မင်းကျော် ထွေးလည်း၊ အဲအဲဆိုမှ၊ ရှက်အားရပြီးကေ
Burmese:
အရှက်ရလျက်။ အရှက်တကွဲ ဖြစ်သော အားဖြင့်။ မင်းကျော် ထွေးလည်း၊ အဲအဲဆိုမှ၊ ရှက်အားရ၍
English:
ignominy
Grammar Note:
ကြိယာဝိသေသန
ရှက်အားသန်
[ʃɛʔáθàɴ]
Arakanese:
အရှက် လွန်ကဲရေ။ ရှက်အား ကြီးရေ
Burmese:
အရှက် လွန်ကဲသည်။ ရှက်အား ကြီးသည်
English:
shame
Grammar Note:
ကြိယာ
ရှက်အိုးပြို
[ʃɛʔʔópɹÒ]
Arakanese:
အကျိုးယုတ် အရှက်ရဗျာယ်။ အယိုးရိုးမာ၊ မမြင်လှာသည်၊ ငါရာရှက်အိုးပြိုမှ
Burmese:
အကျိုးယုတ် အရှက်ရလျက်။ အယိုးရိုးမှာ၊ မမြင်လှာသည်၊ ငါသာရှက်အိုးပြိုမှ
English:
ignominy
Grammar Note:
ကြိယာဝိသေသန
ရှင်
[ʃɪ̀ɴ]
Arakanese:
အသက်မသေ မပျောက် ဟိရေ။ အသက် တည်ဆဲ ဖြစ်တေ။ အသက်နန့်တကွ တည်ရေ။ ၂၊ ဖြစ်ထွန်း စည်ပင်ရေ။ ၃၊ (မြင်ခြင်း၊ ကြားခြင်း၌) လျင်လျားရေ။ (မျက်စိရှင်၊ နားရှင် စရေ သုံးနှုန်းလေ့ ဟိရေ။
Burmese:
အသက်မသေ မပျောက် ယှိသည်။ အသက် တည်ဆဲ ဖြစ်သည်။ အသက်နှင့်တကွ တည်သည်။ ၂၊ ဖြစ်ထွန်း စည်ပင်သည်။ ၃၊ (မြင်ခြင်း၊ ကြားခြင်း၌) လျင်လျားသည်။ (မျက်စိရှင်၊ နားရှင် စသည့် သုံးနှုန်းလေ့ ယှိသည်။
English:
live - be alive [of sight] be sharp (as in မျက်စိ~) [of light in gems] flash
Grammar Note:
ကြိယာ
ရှင်ကျော်မုနိ
[ʃɪ̀ɴt͡ɕɔ̀moʊnì]
Arakanese:
(Hrin ကျော် မုနိဖတ်ပါ။ Shin ကျော် ယှင်၊ သျှင်၊ ချင်ကျော်ဟု မဖတ်ရပါ။) သက်တော် ထင်ရှား ဘုသျှင်ဟိတော်မူကပင် မဟာစန္ဒသူရိယမင်း သွန်းလုပ်ခသော သွန်းစက်တော် မဟာမြတ်မုနိနန့် တထည်ရာတည်း တူကြောင့် အလွန်သပ္ပာယ်တော် မူပြီးကေ သက်တော် ထင်ရှား ဟိနေဘိ ပိုင် ထင်မြင်ရသ
Burmese:
(Hrin ကျော် မုနိဖတ်ပါ။ Shin ကျော် ယှင်၊ သျှင်၊ ချင်ကျော်ဟု မဖတ်ရပါ။) သက်တော် ထင်ရှား ဘုသျှင်ယှိတော်မူကပင် မဟာစန္ဒသူရိယမင်း သွန်းလုပ်ခဲ့သော သွန်းစက်တော် မဟာမြတ်မုနိနှင့် တစ်ထည်ရာတည်း တူကြောင့် အလွန်သပ္ပာယ်တော် မူ၍ သက်တော် ထင်ရှား ယှိနေဘိ သကဲ့သို့ ထင်မြင်ရသ
English:
image of Buddha
Grammar Note:
နာမ်
ရှင်ရဲရဲ
[ʃɪ̀ɴɹɛɹɛ]
Arakanese:
အသက် ရှင်ဆဲ။ အသက် ဟိနီတုန်းပင်။
Burmese:
အသက် ရှင်ဆဲ။ အသက် ယှိနေဆဲပင်။
English:
alive
Grammar Note:
ကြိယာဝိသေသန
ရှင်ရှင်
[ʃɪ̀ɴʃɪ̀ɴ]
Arakanese:
အသံကုန် အားစိုက်ပနာ ကျကျယ်လောင်လောင် ဟစ်အော်ဗျာယ်။ သွီးစိမ်း ရှင်ရှင် ထွက်ဗျာယ်
Burmese:
အသံကုန် အားစိုက်၍ ကျယ်လောင်စွာ ဟစ်အော်လျက်။ သွီးစိမ်း ရှင်ရှင် ထွက်လျက်
English:
freely (as in blood flowing)
Grammar Note:
ကြိယာဝိသေသန
ရှင်ရှင်ကျီး
[ʃɪ̀ɴʃɪ̀ɴt͡ɕï]
Arakanese:
တင်သက်ရှည်ကြာစွာ ပြင်းစွာ ဟိုက်ဗျာယ် (ငိုရေ။)
Burmese:
တင်သက်ရှည်ကြာစွာ ပြင်းစွာ ရှိုက်လျက် (ငိုသည်။)
English:
snivel
Grammar Note:
ကြိယာဝိသေသန
ရှင်ရှင်ကျွီး
[ʃɪ̀ɴʃɪ̀ɴt͡ɕwï]
Arakanese:
တင်သက်ရှည်ကြာစွာ ပြင်းစွာ ဟိုက်ဗျာယ် (ငိုရေ။) ကြောက်ရွံ့အားကြီးပြီးကေ ဟစ်ကြွီးရေ။
Burmese:
တင်သက်ရှည်ကြာစွာ ပြင်းစွာ ရှိုက်လျက် (ငိုသည်။) ကြောက်ရွံ့အားကြီး၍ ဟစ်ကြွေးသည်။
English:
snivel
Grammar Note:
ကြိယာ
ရှင်သန်
[ʃɪ̀ɴθàɴ]
Arakanese:
ပျက်စီးမှုမဟိပဲ ဆက်ပနာ စည်ပင် ကြီးထွားဆဲ ဖြစ်တေ။
Burmese:
ပျက်စီးမှုမယှိပဲ ဆက်လက် စည်ပင် ကြီးထွားဆဲ ဖြစ်သည်။
English:
thrive / flourish
Grammar Note:
ကြိယာ
ရှည်
[ʃɛ̀]
Arakanese:
(HRAIY hrniy ဟုသာ ရခိုင်အသံထွက် ပီပီ ရွတ်ဖတ် ရပါဖို့။ Shaiy ယှည်၊ သျှည်၊ ခြည် ဟု အသံမထွက်ရပါ။) အလျား အနံ၊ အရပ်၊ ပမာဏအားဖြင့် အကွာအဝီး ပိုကဲလာရေ
Burmese:
(HRAIY hrniy ဟုသာ ရခိုင်အသံထွက် ပီပီ ရွတ်ဖတ် ရပါမည်။ Shaiy ယှည်၊ သျှည်၊ ချည် ဟု အသံမထွက်ရပါ။) အလျား အနံ၊ အရပ်၊ ပမာဏအားဖြင့် အကွာအဝေး ပိုကဲလာသော
English:
long (of linear measure time or age)
Grammar Note:
နာမဝိသေသန
ရှည်လယား
[ʃɛ̀ljá]
Arakanese:
(ကာလပမာဏအစဟိစွာ) အလွန် ကွာလှမ်းသော။ ဝေးသော။ အလျား စန့်ကွာသော
Burmese:
(ကာလပမာဏစသည်) အလွန် ကွာလှမ်းသော။ ဝေးသော။ အလျား စန့်ကွာသော
English:
very long
Grammar Note:
နာမဝိသေသန
ရှည်ဝီး
[ʃɛ̀wï]
Arakanese:
ရှည်သင့်ထက် ပိုကဲ၍ ရှည်သော။ မူလ အခြီခံအချက် (လိုရင်း)သို့ ရောက်နိုင်ဖို့ ခဲ့ယဉ်းသော။ မူလ အခြီခံအချက် (လိုရင်း)သို့ ရောက်နိုင်ဖို့ ခဲယဉ်းသော
Burmese:
ရှည်သင့်ထက် ပိုကဲ၍ ရှည်သော။ မူလ အခြေခံအချက် (လိုရင်း)သို့ ရောက်နိုင်ရန် ခဲ့ယဉ်းသော။ မူလ အခြေခံအချက် (လိုရင်း)သို့ ရောက်နိုင်ရန် ခဲယဉ်းသော
English:
remote - distant (of time and space ) long-winded
Grammar Note:
နာမဝိသေသန
ရှည်သွယ်
[ʃɛ̀θwɛ̀]
Arakanese:
အလျားရှည်သော
Burmese:
အလျားရှည်သော
English:
long
Grammar Note:
နာမဝိသေသန
ရှယ်
[ʃɛ̀]
Arakanese:
(HRAIY hrniy ဟုသာ ရခိုင်အသံထွက် ပီပီ ရွတ်ဖတ် ရပါဖို့။) Shaiy ယှယ်၊ သျှယ်၊ ချယ်ဟု အသံထွက် မဖတ်ရွတ်ရပါ။) ၁၊ ရက်ကန်း တိုက်ခြည်အဖြစ်သို့ ရောက်ယောင် တညင်လုံး (ရောက်လုံး) ထဲက ခြည်တိကို ဟိုဘက်ဒေဘက် အစွန်းသို့ တုံ့ခြည် ပြန်ခြည် သွယ်တန်းရေ။ ၂၊ အဖန်ဖန် အထပ်ထပ်
Burmese:
(HRAIY hrniy ဟုသာ ရခိုင်အသံထွက် ပီပီ ရွတ်ဖတ် ရပါမည်။) Shaiy ယှယ်၊ သျှယ်၊ ချယ်ဟု အသံထွက် မဖတ်ရွတ်ရပါ။) ၁၊ ယက်ကန်း တိုက်ချည်အဖြစ်သို့ ရောက်အောင် တညင်လုံး (ရောက်လုံး) ထဲမှ ချည်များကို ထိုဘက်ဒီဘက် အစွန်းသို့ တုံ့ချည် ပြန်ချည် သွယ်တန်းသည်။ ၂၊ အဖန်ဖန် အထပ်ထပ်
English:
stretch threads on a frame to prepare the warp
Grammar Note:
ကြိယာ