Dictionary Entries
Showing 1,261–1,280 of 1,415 words
ရ
ရှာ
[ʃà]
Arakanese:
ကိုယ့်လိုရာကို တွေ့ဟိအောင် လိုက်လံ ကြည့်ရှုရေ။ ရန်သူကောင်ကို၊ ယှာစီာင်မလိုက်၊ ကိုယ့်ရင်ခွင်မာ၊ တင်ကာပစ်လို့ (ဆဒ္ဒန်)။ ၂၊ ရဟိနှိုင်ယောင် အားထုတ်ရေ။ ၃၊ အမျိုးမျိုး အထွီထွီ ခိုင်းစီရေ။ အကြောင်းဆိုက်ရာကို ဉာဏ်ရှာပြီးကေ ဒါဂါးစား ကြံသည်အမှုသာ ဖြစ်ပါရေ (တောင်)
Burmese:
မိမိလိုရာကို တွေ့ရှိအောင် လိုက်လံ ကြည့်ရှုသည်။ ရန်သူကောင်ကို၊ ရှာစောင်မလိုက်၊ ကိုယ့်ရင်ခွင်မှာ၊ တင်ကာပစ်လို့ (ဆဒ္ဒန်)။ ၂၊ ရရှိနိုင်အောင် အားထုတ်သည်။ ၃၊ အမျိုးမျိုး အထွေထွေ စေခိုင်းသည်။ အကြောင်းဆိုက်ရာကို ဉာဏ်ရှာ၍ ဒါဂါးစား ကြံသည်အမှုသာ ဖြစ်ပါသည် (တောင်)
English:
search - look for
Grammar Note:
ကြိယာ
ရှား
[ʃá]
Arakanese:
စူးရှ ထက်မြက်ရေ အရသာဟိရေ (SHAR - ယှား၊ သျှား၊ ချား ဟု အသံမထွက်ရ)
Burmese:
စူးရှ ထက်မြက်သော အရသာရှိသော (SHAR - ယှား၊ သျှား၊ ချား ဟု အသံမထွက်ရ)
English:
rara - scarce expensive
Grammar Note:
နာမဝိသေသန
ရှား၂
[ʃá၂]
Arakanese:
စူးရှ ထက်မြတ်သော အရသာ။ လျှာမာ တင်ကေ အရသာ ရှားနီရဖို့ (အရပ်)။ ရှား - (ရဟား) – နရှား စူးရှ ထက်မြက်ရေ အရသာကို ခံစားရရေ
Burmese:
စူးရှ ထက်မြတ်သော အရသာ။ လျှာမှာ တင်ကေ အရသာ ရှားနီရဖို့ (အရပ်)။ ရှား - (ရဟား) – နရှား စူးရှ ထက်မြက်သော အရသာကို ခံစားရသည်
English:
cutch Acacia catechu
Grammar Note:
နာမ်
ရှား၃
[ʃá၃]
Arakanese:
ကြော့ လှပတင့်ရေသော။ ယိုင်ကျေး ဖွယ်ရာသော။ ရှင်ပြုပွဲမာ ပိုးဒုံး ဒယောနန့် ထိုင်မသိမ်း အင်္ကျီဝတ်လို့ မောင်သာဖြူကို ရှားလို့ မြင်ခီစွာရာ မလား (အရပ်)
Burmese:
ကြွကြွရွရွ လှပတင့်တယ်သော။ ယဉ်ကျေး ဖွယ်ရာသော။ ရှင်ပြုပွဲမှာ ပိုးဒုံး ဒယောနန့် ထိုင်မသိမ်း အင်္ကျီဝတ်လို့ မောင်သာဖြူကို ရှားလို့ မြင်ခီစွာရာ မလား (အရပ်)
English:
proper
Grammar Note:
နာမဝိသေသန
ရှား၄
[ʃá၄]
Arakanese:
ဝင့်ကြွားပလွှားမှု။ ကိုယ့်ဂုဏ်ကို ပိုပြီးကေကဲမြှင့်၍ အယောင်ဆောင်မှု။ မောင်လှဖြူ ဒယောသစ်၊ အင်္ကျီသစ်နန့် ရှားပါလတ်စွာရာ မလား (အရပ်)
Burmese:
ဝင့်ကြွားပလွှားမှု။ မိမိဂုဏ်ကို ပိုမိုကဲမြှင့်၍ ဟန်ဆောင်မှု။ မောင်လှဖြူ ဒယောသစ်၊ အင်္ကျီသစ်နန့် ရှားပါလတ်စွာရာ မလား (အရပ်)
English:
boast
Grammar Note:
နာမ်
ရှားကောင်
[ʃákàʊɴ]
Arakanese:
တောဆိတ်နက် တနည်း ရှားကို ခေါ်သောအမည်
Burmese:
တောဆိတ်နက် သို့မဟုတ် တောင်ဆိတ်ကို ခေါ်သောအမည်
English:
name of goat
Grammar Note:
နာမ်
ရှာခိမေ
[ʃàkʰìmè]
Arakanese:
ကိုယ့်လိုရာကို ရဟိစီနှိုင်ဖို့ နည်းလမ်းကို မျှော်ခေါ် စိုင်းစားရေ။ ၂၊ လိုရာကို ရဟိစီနှိုင်ဖို့ နည်းလမ်းဖြင့် ကြိုးစားလုပ်ကိုင် ဆောင်ရွက်ရေ။ မြို့ဓညမာ၊ ဥစ္စာမြတ်ကို၊ ရှာခိမေဟု (ရီလား)
Burmese:
မိမိလိုရာကို ရရှိစေနိုင်မည့် နည်းလမ်းကို မျှော်ခေါ် စဉ်းစားသည်။ ၂၊ လိုရာကို ရရှိစေနိုင်မည့် နည်းလမ်းဖြင့် ကြိုးစားလုပ်ကိုင် ဆောင်ရွက်သည်။ မြို့ဓညမှာ၊ ဥစ္စာမြတ်ကို၊ ရှာခိမေဟု (ရီလား)
English:
contrive - find ways and means
Grammar Note:
ကြိယာ
ရှားခြည်
[ʃákʰɹɛ]
Arakanese:
အရဲရောင် ဆိုးထားရေ ဝါခြည်မျှင်
Burmese:
အနီရောင် ဆိုးထားသော ဝါချည်မျှင်
English:
cloth woven from fawn coloured cotton
Grammar Note:
နာမ်
ရှာစား
[ʃàsá]
Arakanese:
ကိုယ်တိုင် ကိုယ်ကျ လုပ်ကိုင်ခြင်းနန့် အသက် မွီးရေ
Burmese:
ကိုယ်တိုင် ကိုယ်ကျ လုပ်ကိုင်ခြင်းဖြင့် အသက် မွေးသည်
English:
make a living - earn one’s living
Grammar Note:
ကြိယာ
ရှားစီး
[ʃásï]
Arakanese:
ဆီးဝါးအဖြစ် သုံးစားရခြင်း အစဟိစွာ အမျိုးမျိုးအဖုံဖုံ အသုံးဝင်သော ရှားပင် မှ ထုတ်ယူရရေ အစီး
Burmese:
ဆေးဝါးအဖြစ် သုံးစားရခြင်း စသည် အမျိုးမျိုးအဖုံဖုံ အသုံးဝင်သော ရှားပင် မှ ထုတ်ယူရသည့် အစေး
English:
cutch - catechu
Grammar Note:
နာမ်
ရှားစီးရောင်
[ʃásïɹàʊɴ]
Arakanese:
ယှားစေး၏ အရောင်ဖြစ်ရေ နီညိုရောင်
Burmese:
ရှားစေး၏ အရောင်ဖြစ်သော နီညိုရောင်
English:
reddish brown colour - russet - maroon
Grammar Note:
နာမ်
ရှာစောင်
[ʃàsàʊɴ]
Arakanese:
ကိုယ့်လိုရာကို တွေ့ဟိအောင် လိုက်လံ ကြည့်ရှုရေ။ ရန်သူကောင်ကို၊ ယှာစီာင်မလိုက်၊ ကိုယ့်ရင်ခွင်မာ၊ တင်ကာပစ်လို့ (ဆဒ္ဒန်)။ ၂၊ ရဟိနှိုင်ယောင် အားထုတ်ရေ။ ရန်သူကောင်ကို၊ ယှာစီာင် လားကတ်မေ (ဓမ္မက)
Burmese:
မိမိလိုရာကို တွေ့ရှိအောင် လိုက်လံ ကြည့်ရှုသည်။ ရန်သူကောင်ကို၊ ရှာစောင်မလိုက်၊ ကိုယ့်ရင်ခွင်မှာ၊ တင်ကာပစ်လို့ (ဆဒ္ဒန်)။ ၂၊ ရရှိနိုင်အောင် အားထုတ်သည်။ ရန်သူကောင်ကို၊ ရှာစောင် လားကတ်မေ (ဓမ္မက)
English:
find
Grammar Note:
ဝိသေသန
ရှားထည်
[ʃátʰɛ̀]
Arakanese:
အရဲရောင် ရှားပန်းထည်။ အရဲရောင် ဆိုးထားရေ ရှားခြည်ဖြင့် ရက်လုပ်သော အထည်
Burmese:
အနီရောင် ရှားပန်းထည်။ အနီရောင် ဆိုးထားသော ရှားချည်ဖြင့် ရက်လုပ်သော အထည်
English:
shawl
Grammar Note:
နာမ်
ရှားနီစောင်
[ʃánísàʊɴ]
Arakanese:
ရှားနီစောင် ရှားခြည်ဖြင့် ရက်လုပ်သော ခြုံစရာအထည်
Burmese:
ရှားနီစောင် ရှားချည်ဖြင့် ရက်လုပ်သော ခြုံစရာအထည်
English:
shawl
Grammar Note:
နာမ်
ရှားပင်
[ʃápɪ̀ɴ]
Arakanese:
အပူပိုင်းဒေသမာ ပေါက်လိဟိရေ နီညိုရောင်ဟိပြီးကေ ဖန်သော အရသာဟိရေ အစီး ထုတ်ယူရရေ အနှစ်မာ ပင်မကြီးတမျိုး
Burmese:
အပူပိုင်းဒေသတွင် ပေါက်လေ့ရှိသော နီညိုရောင်ရှိ၍ ဖန်သော အရသာရှိသော အစေး ထုတ်ယူရသည့် အနှစ်မာ ပင်စည်တစ်မျိုး
English:
cutch Acacia catechu plant
Grammar Note:
နာမ်
ရှာပုံတော်
[ʃàpòʊɴtɔ̀]
Arakanese:
ပင်ပင်ပန်းပန်း လိုက်လံ စူးစမ်း ရှာဖွီရရေ ကိစ္စ။ ၂၊ မင်းသား တနည်း မင်းသမီးက ပျောက်နိန်ရေ လင် တနည်း မယားအား ရှာဖွီရာမာ ခရီး အဝှမ်း ပေါက်ရောက်ပုံကို ဆိုထားရေ အလွမ်း ကဗျာရှည်
Burmese:
ပင်ပင်ပန်းပန်း လိုက်လံ စူးစမ်း ရှာဖွေရသော ကိစ္စ။ ၂၊ မင်းသား သို့မဟုတ် မင်းသမီးက ပျောက်နေသော လင် သို့မဟုတ် မယားအား ရှာဖွေရာ၌ ခရီး အနှံ့အပြား ပေါက်ရောက်ပုံကို ဆိုထားသော အလွမ်း ကဗျာရှည်
English:
great quest - odyssey [ lit] poem narrating the quest for a long-lost loved one
Grammar Note:
နာမ်
ရှာဖွီ
[ʃàpʰwí]
Arakanese:
ကိုယ့်လိုရာကို တွေ့ဟိအောင် လိုက်လံ ကြည့်ရှုရေ။ ရန်သူကောင်ကို၊ ယှာစီာင်မလိုက်၊ ကိုယ့်ရင်ခွင်မာ၊ တင်ကာပစ်လို့ (ဆဒ္ဒန်)။ ၂၊ ရဟိနှိုင်ယောင် အားထုတ်သည်
Burmese:
မိမိလိုရာကို တွေ့ရှိအောင် လိုက်လံ ကြည့်ရှုသည်။ ရန်သူကောင်ကို၊ ရှာစောင်မလိုက်၊ ကိုယ့်ရင်ခွင်မှာ၊ တင်ကာပစ်လို့ (ဆဒ္ဒန်)။ ၂၊ ရရှိနိုင်အောင် အားထုတ်သည်
English:
look for - search
Grammar Note:
ကြိယာ
ရှာမရ
[ʃàmɹ]
Arakanese:
ရှာဖွီ မတွိရပဲ ဟိရေ။ ပျောက်ဆုံးရေ။ တောင်သူဒါးမ၊ ရီဝယ်ကျ၊ ယှာလို့မရ၊ မှိုကိုးလ (ဘောင်)။ ၂၊ ခဲယဉ်းရေ။ ခက်ခဲရေ။ မလွယ် ငြိုငြင်ဖွယ် ဖြစ်တေ
Burmese:
ရှာဖွေ မတွေ့ရပဲ ရှိသည်။ ပျောက်ဆုံးသည်။ တောင်သူဒါးမ၊ ရီဝယ်ကျ၊ ရှာလို့မရ၊ မှိုကိုးလ (ဘောင်)။ ၂၊ ခဲယဉ်းသည်။ ခက်ခဲသည်။ မလွယ် ငြိုငြင်ဖွယ် ဖြစ်သည်
English:
lost
Grammar Note:
ကြိယာ
ရှားမီး
[ʃámï]
Arakanese:
ရိုးရိုး ထင်းမီးထက် အပူဟိန်ပြင်းစွာ ရဲရဲနီနိန်ရေ မီး
Burmese:
ရိုးရိုး ထင်းမီးထက် အပူရှိန်ပြင်းစွာ ရဲရဲနီနေသော မီး
English:
fire
Grammar Note:
နာမ်
ရှားမီးကျည့်
[ʃámït͡ɕɛ̰]
Arakanese:
အပူဟိန်ပြင်းစွာ ရဲရဲနီနိန်ရေ ရှားထင်း မီးလောင်ခဲ
Burmese:
အပူရှိန်ပြင်းစွာ ရဲရဲနီနေသော ရှားထင်း မီးလောင်ခဲ
English:
fire
Grammar Note:
နာမ်