Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,301–1,320 of 1,415 words

    ရ

    ရှိ.တင်

    [ʃḭ.tɪ̀ɴ]
    တစုံ တယောက်သော သူ၏ ရှေ့၌ တည်စေ လားလီသည်
    တစ်စုံ တစ်ယောက်သော သူ၏ ရှေ့၌ တည်စေ သွားစေသည်
    lead
    ကြိယာ

    ရှိ.တည်

    [ʃḭ.tɛ̀]
    နံဖီးမာ ရောက်ဟိရေ။ ရောက်ဟိ ရပ်နိန်ရေ။ ၂၊ ရှီးရှုရေ။ မျက်နှာ မူရေ။ ဦးတည်ရေ။ ကေသာရာမာပြီး၊ မွီးဖက်တော်လေ၊ ကုန်းပေါ်ထက်မာ၊ တက်ကာစီးလို့၊ ခရီးဟိုတည်၊ လာတုံလီကေ (ကော်)
    အနီး၌ ရောက်ရှိသည်။ ရောက်ရှိ ရပ်နေသည်။ ၂၊ ရှေးရှုသည်။ မျက်နှာ မူသည်။ ဦးတည်သည်။ ကေသာရာတွင်ပြီး၊ ဖွားဖက်တော်လေ၊ ကုန်းပေါ်ထက်မှာ၊ တက်ကာစီးလို့၊ ခရီးရှိုတည်၊ လာတုံလေကေ (ကော်)
    frontage
    ကြိယာ

    ရှိ.တည့်တည့်

    [ʃḭ.tɛ̰tɛ̰]
    တူရူမျက်နှာ မူရာ။ တတည့် မျက်နှာချင်း ဆိုင်ဗျာယ်။ လူဟို့တတည့်က ကွယ်လို့ထိုင်နီရေ (အရပ်)။ ၂၊ လက်ငင်းဟိဆိုင်။ မျက်မြင်တင်အပ်
    တူရူမျက်နှာ မူရာ။ တည့်တည့် မျက်နှာချင်း ဆိုင်လျက်။ လူရှို့တည့်တည့်က ကွယ်လို့ထိုင်နီရေ (အရပ်)။ ၂၊ လက်ငင်းရင်ဆိုင်။ မျက်မြင်တင်အပ်
    front
    ကြိယာဝိသေသန

    ရှိ.တန်း

    [ʃḭ.táɴ]
    ဟိပိုင်းမာ စီတန်းဗျာယ် ဟိနိန်ရေ ထိုင်ခုံ လူ အစဟိစွာ
    ရှေ့ပိုင်းတွင် စီတန်းလျက် ရှိနေသော ထိုင်ခုံ လူ စသည်
    front row
    နာမ်

    ရှိ.တိုးနောက်ဆုတ်

    [ʃḭ.tónɔ́ɛʔsʰoʊʔ]
    ဟိကိုတိုးခြည် နောက်ကိုပြန်ခြည် ပြုဗျာယ်။ ၂၊ အတက်အဆုတ်ကို ပိုင်းခြား မရပဲဗျာယ်
    ရှေ့သို့တိုးချည် နောက်သို့ပြန်ချည် ပြုလျက်။ ၂၊ အတက်အဆုတ်ကို ပိုင်းခြား မရပဲလျက်
    (move) backwards and forwards undecidedly
    ကြိယာဝိသေသန

    ရှိ.တော်ပြီး

    [ʃḭ.tɔ̀pɹï]
    ဘုရင်မင်းမြတ် ထွက်တော်မူဖို့အခါ အလျင် ကြိုတင်ပနာ ထွက်ကာ လိုအပ်ချက်တိကို တိုက်တွန်း ပြင်ဆင်ရရေ အမှုထမ်း။ ၂၊ (ဥပစာ) ရှီးဦး ကြိုတင် ပြုလုပ်သူ
    ဘုရင်မင်းမြတ် ထွက်တော်မူမည့်အခါ အလျင် ကြိုတင်၍ ထွက်ကာ လိုအပ်ချက်များကို တိုက်တွန်း ပြင်ဆင်ရသော အမှုထမ်း။ ၂၊ (ဥပစာ) ရှေးဦး ကြိုတင် ပြုလုပ်သူ
    royal herald - forerunner precursor - harbinger advance party (as in ~အဖွဲ့)
    နာမ်

    ရှိ.တော်မှောက်

    [ʃḭ.tɔ̀m̥ɔ́ɛʔ]
    မျက်စိ.အောက်။ မျက်မြင် လင်းဟိရေ အပိုင်းအရာ။ နီးကပ်စွာ မြင်သာသော ဝန်းကျင်
    မျက်စိ.အောက်။ မျက်မြင် လင်းရှိသော အပိုင်းအခြား။ နီးကပ်စွာ မြင်သာသော ဝန်းကျင်
    one’s presence
    နာမ်

    ရှိ.ထိုး

    [ʃḭ.tʰó]
    အော သရကို အော် သရအဖြစ် ပြောင်းလဲရာမာ ရီးချ၏ အထက်မှ ဖြည့်သွင်းရရေ လက္ခဏာ။ သဝေထိုးကြီးယေး ချ ဟို့ကို ထိုးကော်
    အော သရကို အော် သရအဖြစ် ပြောင်းလဲရာတွင် ရေးချ၏ အထက်မှ ဖြည့်သွင်းရသော လက္ခဏာ။ သဝေထိုးကြီးယေး ချ ရှို့ကို ထိုးကော်
    [ orth ] short forward arc ( -် ) superscripted on a postscripted loop ( -ာ ၊ -ါ) to change the vowel sound (ဩ၊ ေဩာ၊ အော)-o:- to ( ဪ၊ အော်) - ဝ - cf အသတ်
    နာမ်

    ရှိ.ထိုးနောက်ငင်

    [ʃḭ.tʰónɔ́ɛʔŋɪ̀ɴ]
    ဟိကိုတိုးခြည် နောက်ကိုဆွဲ ခြည်ပြုဗျာယ်
    ရှေ့သို့တွန်းချည် နောက်သို့ဆွဲ ချည်ပြုလျက်
    spasmodically (jerking back and forth) - (move) backwards and forwards undecidedly
    ကြိယာဝိသေသန

    ရှိ.ထိုးဖိနပ်

    [ʃḭ.tʰópʰìnaʔ]
    ဦးပိုင်း၌ ထိပ်လုံး အအုပ်ပါ၍ ခြီချောင်းများ စု၍ သွင်းကာစီးရရေ ဖိနပ်တမျိုး
    ဦးပိုင်း၌ ထိပ်လုံး အအုပ်ပါ၍ ခြေချောင်းများ စု၍ သွင်းကာစီးရသော ဖိနပ်တစ်မျိုး
    footwear
    နာမ်

    ရှိ.နီ

    [ʃḭ.ní]
    တရားဥပဒေနန့် အညီ မှန်ကန် တိကျစွာ စီရင်နိုင်ရီးအတွက် ရွက်ဆောင် ကူညီသော အာဏာပိုင်ရို့က ချမှတ်ထားရေ ကျင့်စဉ် တတ်ကျွမ်းသူ။ ဇိမ်သတ်ကိုပေ၊ ဟိ.နီ ပြုလုပ်ပြီးကေလျှင်၊ ခေါ်ယူပြီးလာပြီးကေသာ (ဗမာချီ)
    တရားဥပဒေနှင့် အညီ မှန်ကန် တိကျစွာ စီရင်နိုင်ရေးအတွက် ရွက်ဆောင် ကူညီသော အာဏာပိုင်တို့က ချမှတ်ထားသည့် ကျင့်စဉ် ကျွမ်းကျင်သူ။ ဇိမ်သတ်ကိုပေ၊ ရှိ.နီ ပြုလုပ်ပြီးလျှင်၊ ခေါ်ယူပြီးလာ၍သာ (ဗမာချီ)
    lawyer - pleader - advocate - attorney
    နာမ်

    ရှိ.နီရှိ.ဖျား

    [ʃḭ.níʃḭ.pʰrá]
    တရားဥပဒေနန့် အညီ မှန်ကန် တိကျစွာ စီရင် နိုင်ရီးအတွက် ရွက်ဆောင် ကူညီသော အာဏာပိုင်ရို့က ချမှတ်ထားရေ ကျင့်စဉ် တတ်ကျွမ်းသူ။ ဇိမ်သတ်ကိုပေ၊ ဟိ.နီ ပြုလုပ်ပြီးကေလျှင်၊ ခေါ်ယူပြီးလာပြီးကေသာ (ဗမာချီ)
    တရားဥပဒေနှင့် အညီ မှန်ကန် တိကျစွာ စီရင် နိုင်ရေးအတွက် ရွက်ဆောင် ကူညီသော အာဏာပိုင်တို့က ချမှတ်ထားသည့် ကျင့်စဉ် ကျွမ်းကျင်သူ။ ဇိမ်သတ်ကိုပေ၊ ရှိ.နီ ပြုလုပ်ပြီးလျှင်၊ ခေါ်ယူပြီးလာ၍သာ (ဗမာချီ)
    lawyer - pleader - advocate - attorney
    နာမ်

    ရှိ.နီလိုက်

    [ʃḭ.nílaɪʔ]
    အမှုအခင်း အစဟိစွာမာ တရားဥပဒေ ကျနသေချာရီးအတွက် ပါဝင် ဆောင်ရွက်ရေ။ ၂၊ (ဥပစာ) တဦးတယောက်ဘက်မှ လိုက်ပြီးကေ အကြောင်းရှာကာ ထောက်ခံ ပြောဆိုရေ
    အမှုအခင်း စသည်တွင် တရားဥပဒေ ကျနသေချာရေးအတွက် ပါဝင် ဆောင်ရွက်သည်။ ၂၊ (ဥပစာ) တစ်ဦးတစ်ယောက်ဘက်မှ လိုက်၍ အကြောင်းရှာကာ ထောက်ခံ ပြောဆိုသည်
    practise law - plead in court [fig.] speak for someone in some matter
    ကြိယာ

    ရှိ.ပေါက်နှစ်လုံး

    [ʃḭ.paʊʔn̥ɪʔlóʊɴ]
    ဟိ.ကပေါက် သဝေထိုး ကကြီးယေးချ ငသတ်ကောင် ဟိ.ပေါက်နှစ်လုံးကောင်း
    ရှိ.ကပေါက် သဝေထိုး ကကြီးယေးချ ငသတ်ကောင် ရှိ.ပေါက်နှစ်လုံးကောင်း
    [orth.] diacritic mark made up of two dots like the English colon indicating a falling tone
    နာမ်

    ရှိ.ပြီး

    [ʃḭ.pɹï]
    ဘုရင်မင်းမြတ် ထွက်တော် မူဖို့အခါ အလျင်ကြိုတင်ပနာ ထွက်ကာ လိုအပ်ချက်တိကို တိုက်တွန်း ပြင်ဆင်ရရေ အမှုထမ်း။ ၂၊ (ဥပစာ) ရှီးဦး ကြိုတင် ပြုလုပ်သူ
    ဘုရင်မင်းမြတ် ထွက်တော် မူမည့်အခါ အလျင်ကြိုတင်၍ ထွက်ကာ လိုအပ်ချက်များကို တိုက်တွန်း ပြင်ဆင်ရသော အမှုထမ်း။ ၂၊ (ဥပစာ) ရှေးဦး ကြိုတင် ပြုလုပ်သူ
    royal herald - forerunner precursor - harbinger advance party (as in ~အဖွဲ့)
    နာမ်

    ရှိ.ဖျား

    [ʃḭ.pʰrá]
    ရှေ့ဆုံးကျသော အပိုင်း
    ရှေ့ဆုံးကျသော အပိုင်း
    source
    နာမ်

    ရှိ.ဖြစ်

    [ʃḭ.pʰɹɪʔ]
    အတိတ် ကာလမာ ဖြစ်ပျက် ခပြီးကေသော အကြောင်းအရာ
    အတိတ် ကာလတွင် ဖြစ်ပျက် ခဲ့ပြီးသော အကြောင်းအရာ
    [astrol ] future things to come
    နာမ်

    ရှိ.မှောက်

    [ʃḭ.m̥ɔ́ɛʔ]
    မျက်စိ.အောက်။ မျက်မြင်လင်းဟိရေ အပိုင်းအရာ။ နီးကပ်စွာ မြင်သာသော ဝန်းကျင်။ ကြိုးတန်းကြိုးလျှောက်၊ လူဟိ.မှောက်မာ၊ အံ့လောက်စဖွယ် (ရာသီဖွဲ့)
    မျက်စိ.အောက်။ မျက်မြင်လင်းရှိသော အပိုင်းအခြား။ နီးကပ်စွာ မြင်သာသော ဝန်းကျင်။ ကြိုးတန်းကြိုးလျှောက်၊ လူရှိ.မှောက်မှာ၊ အံ့လောက်စဖွယ် (ရာသီဖွဲ့)
    one’s presence
    နာမ်

    ရှိ.ရ

    [ʃḭ.ɹ]
    ရည်ရွယ်ချက်၊ ရည်မှန်းချက်ထားပနာ အာရုံစိုက်သည်
    ရည်ရွယ်ချက်၊ ရည်မှန်းချက်ထား၍ အာရုံစိုက်သည်
    focus
    ကြိယာ

    ရှိ.ရီး

    [ʃḭ.ɹï]
    နောင်တချိန် ဖြစ်ပေါ်ဖို့ အကြောင်းကိစ္စ။ အနာဂတ်အရီး
    နောင်တစ်ချိန် ဖြစ်ပေါ်မည့် အကြောင်းကိစ္စ။ အနာဂတ်အရေး
    future
    နာမ်