Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,321–1,340 of 1,415 words

    ရ

    ရှိ.ရီးနောက်ရီး

    [ʃḭ.ɹïnɔ́ɛʔɹï]
    ဖြစ်ပြီးကေစွာနန့် ဖြစ်အံ့သော အကြောင်းအရာ
    ဖြစ်ပြီးသည်နှင့် ဖြစ်လတ္တံ့သော အကြောင်းအရာ
    past and present
    နာမ်

    ရှိ.လက်

    [ʃḭ.lɛʔ]
    အခြီ လေးချောင်း သတ္တဝါ၏ ရှေ့ဘက် (လက်) နှစ်ချောင်း
    အခြေ လေးချောင်း သတ္တဝါ၏ ရှေ့ဘက် (လက်) နှစ်ချောင်း
    hand
    နာမ်

    ရှိ.သွား

    [ʃḭ.θWà]
    ကိုက်ဖြတ်ရရေ ရှေ့အလယ် သွား
    ကိုက်ဖြတ်ရသော ရှေ့အလယ် သွား
    front teeth
    နာမ်

    ရှိ.သွားနောက်လိုက်ညီ

    [ʃḭ.θWànɔ́ɛʔlaɪʔɲí]
    အတွဲအဖက် အဆင်ပြေရေ။ လိုက်ဖက်ရေ
    အတွဲအဖက် အဆင်ပြေသည်။ လိုက်ဖက်သည်
    (of couples) be well-matched
    ကြိယာ

    ရှိ.အထက်ကျော်ကာရိက

    [ʃḭ.ʔtʰɛʔt͡ɕɔ̀kàɹìk]
    ရှေး အယင် ကာလ။ ဟိ.အထက် ကျော်ကာရီကပင် ဖိုးဖွားပိုင် လယ်မြီပါရာ (အရပ်)
    ရှေး ယခင် ကာလ။ ရှိ.အထက် ကျော်ကာရီကပင် ဖိုးဖွားပိုင် လယ်မြီပါရာ (အရပ်)
    long long ago
    နာမ်

    ရှိ.အနှုန်း

    [ʃḭ.ʔn̥óʊɴ]
    ထပ်တူထပ်မျှ။ တနည်း တဖုံတည်း။ ပစ်ကာလတ်ကေ၊ ပြတ်ကာလည်းကျ ဟိ.အနှုန်း ကေ၊ နှစ်လုံးရက (ရာမ)
    ထပ်တူထပ်မျှ။ တစ်နည်း တစ်ဖုံတည်း။ ပစ်ကာလတ်ကေ၊ ပြတ်ကာလည်းကျ ရှိ.အနှုန်း ကေ၊ နှစ်လုံးရက (ရာမ)
    same
    ကြိယာဝိသေသန

    ရှိ.ဦးဂေါင်းဆောင်

    [ʃḭ.ʔúɡèàɪ́ɴsʰàʊɴ]
    လမ်းပြ ဦးဆောင်သော ပုဂ္ဂိုလ်
    လမ်းပြ ဦးဆောင်သော ပုဂ္ဂိုလ်
    leader
    နာမ်

    ရှိ.ဦးတင်

    [ʃḭ.ʔútɪ̀ɴ]
    ရိုသေ လေးမြတ်သော ကိုယ်အမူအရာဖြင့် လက်အုပ်ချီ၍ ကန်လီရေ
    ရိုသေ လေးမြတ်သော ကိုယ်အမူအရာဖြင့် လက်အုပ်ချီ၍ ကန်တော့သည်
    homage
    ကြိယာ

    ရှိ.ဦးရှိ.ဖျား

    [ʃḭ.ʔúʃḭ.pʰrá]
    ပထမ ဦးဆုံးသော အရာ။ ရှီးဦး ပထမ
    ပထမ ဦးဆုံးသော အရာ။ ရှေးဦး ပထမ
    first
    နာမ်

    ရှိခိုး

    [ʃḭkʰó]
    ရိုသေ လေးမြတ်သော ကိုယ်အမူအရာဖြင့် လက်အုပ်ချီ၍ ကန်လီရေ
    ရိုသေ လေးမြတ်သော ကိုယ်အမူအရာဖြင့် လက်အုပ်ချီ၍ ကန်တော့သည်
    do obeisance (with palms raised together on the forehead)
    ကြိယာ

    ရှိခိုးဦးတင်

    [ʃḭkʰóʔútɪ̀ɴ]
    အထူးအားဖြင့် တောင်းပန် ခယဗျာယ်။ ဟိခိုးဦးတင်၊ ကြည်လင်မြတ်လေး၊ သိမ်းမြန်းမွေး၍ (လောကပျို့)
    အထူးအားဖြင့် တောင်းပန် ခယလျက်။ ရှိခိုးဦးတင်၊ ကြည်လင်မြတ်လေး၊ သိမ်းမြန်းမွေး၍ (လောကပျို့)
    imploringly
    ကြိယာဝိသေသန

    ရှိတ်ကနဲ

    [ʃḭaʔknɛ]
    ကကောင်းလျင် တိုတောင်းစွာ။
    လျင်မြန် တိုတောင်းစွာ။
    in a flash
    ကြိယာဝိသေသန

    ရှိတ်ရှိတ်

    [ʃḭaʔʃḭaʔ]
    လျင်သော အဟုန်ဖြင့်။ မှုန်ဝါးသော အသွင်နန့်။
    လျင်သော အဟုန်ဖြင့်။ မှုန်ဝါးသော အသွင်ဖြင့်။
    rapidly / fleetingly
    ကြိယာဝိသေသန

    ရှိတ်ရှိတ်ရှိတ်ရှိတ်

    [ʃḭaʔʃḭaʔʃḭaʔʃḭaʔ]
    အယင့်ယင် ရွိဗျာယ်။
    လျင်မြန်စွာ ရွေ့လျားလျက်။
    moving quickly
    ကြိယာဝိသေသန

    ရှိနီကိုင်

    [ʃḭníkàɪɴ]
    အမှုအခင်း အစဟိစွာမာ တရားဥပဒေ ကျနရီးအတွက် ပါဝင် လျောက်လဲ ဆောင်ရွက်ရန် ငှားရမ်းထားရေ။ ၂၊ (ဥပစာ) တယောက်ယောက် ဘက်မှ လိုက်ပြီးကေ အကြောင်းရှာကာ ထောက်ခံ ပြောဆိုဖို့ ငှားရမ်းထားရေ
    အမှုအခင်း စသည်တွင် တရားဥပဒေ ကျနရေးအတွက် ပါဝင် လျောက်လဲ ဆောင်ရွက်ရန် ငှားရမ်းထားသည်။ ၂၊ (ဥပစာ) တစ်စုံတစ်ဦး ဘက်မှ လိုက်၍ အကြောင်းရှာကာ ထောက်ခံ ပြောဆိုရန် ငှားရမ်းထားသည်
    rent lawyer
    ကြိယာ

    ရှိသနှစ်

    [ʃḭθn̥ɪʔ]
    လာဖို့ (၁၃၉၉)ခုနှစ် ကာလအခါ။ လာလတ္တံသော နောင်နှစ်အခါ
    လာမည့် (၁၃၉၉)ခုနှစ် ကာလအခါ။ လာလတ္တံသော နောင်နှစ်အခါ
    future
    နာမ်

    ရှိုတ်

    [ʃḭoʊʔ]
    အယင့်ယင် ကွယ်ပျောက်သော အမြင်မျိုးဖြင့်။
    လျင်မြန်စွာ ကွယ်ပျောက်သော အမြင်မျိုးဖြင့်။
    fleetingly
    ကြိယာဝိသေသန

    ရှို့ထောက်နောက်ခံ

    [ʃḭoʊ့tʰɔ́ɛʔnɔ́ɛʔkʰံ]
    ပံ့ပိုး ဆောင်ရွက်ပီးသူ ရံရွေအသင်းအပင်း အသိုင်း အဝိုင်း
    ပံ့ပိုး ဆောင်ရွက်ပေးသူ ရံရွေအသင်းအပင်း အသိုင်း အဝိုင်း
    person attending on royalty
    နာမ်

    ရှီ

    [ʃí]
    ရဟီန HREE ဆိုပနာသာ အသံထွက်ရေ။ ယှီ၊ သျှီ၊ ချီဟု အသံမထွက်ရပါ) အသရေ။ ကျက်သရေ။ မွန်မြတ်ခြင်း။ တင့်ရေခြင်း စရေ။ ရှီ သည် သီရိမှ သျှရီ၊ သျှရီမှ - သျှပျောက်၍ ဟထိုး ရသို့ ကပ်ပြီး ရှီ ဟု (သီရိမှ) ဆင့်ကဲပြောင်းပြီးကေ လာရေ ရှီ ဖြစ်တေ။ အမည်ပီးရာမာ စ၊ လယ်၊ အဆုံးသုံးပါးလုံ
    ရဟီန HREE ဟူ၍သာ အသံထွက်သည်။ ယှီ၊ သျှီ၊ ချီဟု အသံမထွက်ရပါ) အသရေ။ ကျက်သရေ။ မွန်မြတ်ခြင်း။ တင့်တယ်ခြင်း စသည်။ ရှီ သည် သီရိမှ သျှရီ၊ သျှရီမှ - သျှပျောက်၍ ဟထိုး ရသို့ ကပ်ပြီး ရှီ ဟု (သီရိမှ) ဆင့်ကဲပြောင်း၍ လာသော ရှီ ဖြစ်သည်။ အမည်ပေးရာ၌ စ၊ လယ်၊ အဆုံးသုံးပါးလုံ
    proper
    နာမ်

    ရှီး

    [ʃï]
    ရှီး ဟုသာ ရခိုင်အသံ ထွက်ရေ။ ယှီး၊ သျှီး၊ ချီး ဟု အသံမထွက်ရပါ။) ရှည်မြင့်စွာသော ကာလ ကုန်လွန် ခလီဗျာယ်းရေ အချိန်။ ကွာဝီး (ဝီးကွာ)သော ကာလ။ အယင်ကာလ
    ရှီး ဟုသာ ရခိုင်အသံ ထွက်သည်။ ယှီး၊ သျှီး၊ ချီး ဟု အသံမထွက်ရပါ။) ရှည်မြင့်စွာသော ကာလ ကုန်လွန် ခဲ့လေပြီးသော အချိန်။ ကွာဝေး (ဝေးကွာ)သော ကာလ။ ယခင်ကာလ
    past
    နာမ်