Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,341–1,360 of 1,415 words

    ရ

    ရှီး၂

    [ʃï၂]
    အတိတ် ကာလက ဖြစ်ခသော။ အယင် ကာလက ဖြစ်ခသော
    အတိတ် ကာလက ဖြစ်ခဲ့သော။ ယခင် ကာလက ဖြစ်ခဲ့သော
    past
    နာမဝိသေသန

    ရှီးကရီစက်

    [ʃïkɹísɛʔ]
    လွန်ခရေ အတိတ်ဘဝက ပြုခဖူးသော ကောင်းမှု။ ထိုကောင်းမှု၏ အကျိုးဆက်။ အဂုဘဝမာ တွိကြုံ ဆုံဆည်းရရေ ရှေးကောင်းမှု၏ အကြောင်းရင်း။ ရှီးကရီစက်၊ အကြောင်းပါ၊ ပြီးရို့မလွတ်ပါ (ရိုးရာ)
    လွန်ခဲ့သော အတိတ်ဘဝက ပြုခဲ့ဖူးသော ကောင်းမှု။ ယင်းကောင်းမှု၏ အကျိုးဆက်။ ယခုဘဝတွင် တွေ့ကြုံ ဆုံဆည်းရသော ရှေးကောင်းမှု၏ အကြောင်းရင်း။ ရှီးကရီစက်၊ အကြောင်းပါ၊ ပြီးရို့မလွတ်ပါ (ရိုးရာ)
    merit
    နာမ်

    ရှီးကျ

    [ʃït͡ɕ]
    လွန်ခရေ ကာလက ကျရောက်ရေ လက်ဟိကာလ ရို့ထက် ဖြစ်ပျက်မှု စောရေ
    လွန်ခဲ့သော ကာလက ကျရောက်သည့် မျက်မှောက်ကာလ တို့ထက် ဖြစ်ပျက်မှု စောသည်
    once upon a time - be ancient - be antiquated - be outmoded (as in အတွေးအခေါ်~-)
    ကြိယာ

    ရှီးစကား

    [ʃïská]
    ရှီးလူကြီး သူမရို့ ဆုံးမခရေ စကား
    ရှေးလူကြီး သူမတို့ ဆုံးမခဲ့သော စကား
    saying - adage fable -punish
    နာမ်

    ရှီးဆန်

    [ʃïsʰàɴ]
    ရှီးခေတ် ကာလ၏ ပုံပန်းသဏ္ဌာန် ပေါက်သည်
    ရှေးခေတ် ကာလ၏ ပုံပန်းသဏ္ဌာန် ပေါက်သည်
    be old-fashioned
    ကြိယာ

    ရှီးဆရာ

    [ʃïsʰɹà]
    ရှီးကာလက ကျမ်းပြု ဆရာရို့၏ ဆိုလိုချက်၊ ယူဆချက် ပြုခရရေ ပညာဟိပုဂ္ဂိုလ်
    ရှေးကာလက ကျမ်းပြု ဆရာတို့၏ ဆိုလိုချက်၊ ယူဆချက် ပြုခဲ့ရသည့် ပညာရှိပုဂ္ဂိုလ်
    adage
    နာမ်

    ရှီးထုံး

    [ʃïtʰóʊɴ]
    ရှေးက ပြုလုပ်ရိုး ပြုလုပ်စဉ် အလိအထ။ ရှီးရိုး စဉ်ဆက်မပျက် လိုက်နာ ကျင့်သုံးလာခရေ စနစ်။ ဥပဒေသ
    ရှေးက ပြုလုပ်ရိုး ပြုလုပ်စဉ် အလေ့အထ။ ရှေးရိုး စဉ်ဆက်မပျက် လိုက်နာ ကျင့်သုံးလာခဲ့သော စနစ်။ ဥပဒေသ
    tradition - precedent
    နာမ်

    ရှီးထုံးရှီးနည်း

    [ʃïtʰóʊɴʃïnɛ́]
    ရှေးက ပြုမြဲဖြစ်မြဲ ထုံးတမ်းအလာ လိုက်နာ မှတ်သားခရေ နည်းလမ်း
    ရှေးက ပြုမြဲဖြစ်မြဲ ထုံးတမ်းအလာ လိုက်နာ မှတ်သားခဲ့သည့် နည်းလမ်း
    tradition - precedent
    နာမ်

    ရှီးနည်း

    [ʃïnɛ́]
    ရှီးကာလက လိုက်နာခရေ ဥပဒေသ
    ရှေးကာလက နာခံခဲ့သော ဥပဒေသ
    same way (as before)
    နာမ်

    ရှီးပဝေဏီ

    [ʃïpwèní]
    အလွန် ကွာဝီးသော ရှေးရှေးသော ကာလ
    အလွန် ကွာဝေးသော ရှေးရှေးသော ကာလ
    time long past [Arakan ရှီး + Pali ပဝေဏီ]
    နာမ်

    ရှီးဖြစ်ဟောင်း

    [ʃïpʰɹɪʔháʊɴ]
    အယင်က ဖြစ်ပျက်ခပြီးရေ တခုတရီ၏ ဖြစ်ပျက်မှု ခြင်းရာ။ အဖြစ်အပျက်
    ယခင်က ဖြစ်ပျက်ခဲ့ပြီးသော တစ်စုံတစ်ခု၏ ဖြစ်ပျက်မှု ခြင်းရာ။ အဖြစ်အပျက်
    past event
    နာမ်

    ရှီးဘဝ

    [ʃïbʱw]
    အဂု ပစ္စက္ခဘဝ မရောက်ခင်က ဘဝများ
    ယခု ပစ္စက္ခဘဝ မတိုင်မီက ဘဝများ
    previous existences
    နာမ်

    ရှီးဘုန်းရှီးကံ

    [ʃïbʱóʊɴʃïkံ]
    အဂု မျက်မှောက်ဘဝမာ အကျိုး ပေါ်ထွန်း လာစီနှိုင်ရေ ရှီးဘဝက ပြုခဖူးသော ကောင်းမှု။ ကုသိုလ်
    ယခု မျက်မှောက်ဘဝတွင် အကျိုး ပေါ်ထွန်း လာစေနိုင်သော ရှေးဘဝက ပြုခဲ့ဖူးသော ကောင်းမှု။ ကုသိုလ်
    merit - glory and authority acquired on account of the deeds of previous existences
    နာမ်

    ရှီးမီနောက်မီ

    [ʃïmínɔ́ɛʔmí]
    အယင်ကာလနန့် အဂုကာလ ရို့မာ ဖြစ်ပျက်ခသည်ရို့ကို မြင်သိမီသောသူ
    ယခင်ကာလနှင့် ယခုကာလ တို့တွင် ဖြစ်ပျက်ခဲ့သည်တို့ကို မြင်သိမီသောသူ
    old person who can hark back to the long past - person who has lived through both past and present events
    နာမ်

    ရှီးရိုး

    [ʃïɹó]
    ရှေး အစိုင်အဆက် မှတ်သား လိုက်နာလာခရေ လျော်ကန်ရေ အမှု
    ရှေး အစဉ်အဆက် မှတ်သား လိုက်နာလာခဲ့သော လျော်ကန်သည့် အမှု
    old ways - traditionally accepted ways and ideas adj old - old-fashioned
    နာမ်

    ရှီးရိုးစဉ်လာ

    [ʃïɹósɪ̀ɴlà]
    ရှေး အစိုင်အဆက် ပြုလုပ်လာခရေ အလိအထ။ အလိ အကျင့်
    ရှေး အစဉ်အဆက် ပြုလုပ်လာခဲ့သည့် အလေ့အထ။ အလေ့ အကျင့်
    tradition - precedent
    နာမ်

    ရှီးရှု

    [ʃïʃoʊ]
    မျက်နှာမူရာ အရပ်
    မျက်နှာမူရာ အရပ်
    aim or direct (one’s attention) - look forward to
    ကြိယာ

    ရှီးရှု၂

    [ʃïʃoʊ၂]
    မျက်နှာမူရာ အရပ်
    မျက်နှာမူရာ အရပ်
    frontage
    နာမ်

    ရှီးလူကြီး

    [ʃïlùt͡ɕï]
    ကုန်လွန်လီဗျာယ်းရေ ကာလ (ခေတ်ဟောင်း)ကို မီလိုက်သော ပုဂ္ဂိုလ်။ ရှီးလူကြီးများ၊ ပြောစကား မှတ်သား လိုက်နာပါ။
    ကုန်လွန်လေပြီးသော ကာလ (ခေတ်ဟောင်း)ကို မီလိုက်သော ပုဂ္ဂိုလ်။ ရှီးလူကြီးများ၊ ပြောစကား မှတ်သား လိုက်နာပါ။
    person of older generation
    နာမ်

    ရှီးသရောအခါ

    [ʃïθɹɔ́ʔkʰà]
    အရင်ခေါက်ကခါ
    ရှေးသရောအခါ
    long long ago
    နာမ်