Dictionary Entries
Showing 1,361–1,380 of 1,415 words
ရ
ရှီးသူဟောင်း
[ʃïθùháʊɴ]
Arakanese:
လွန်လီဗျာယ်းရေ ခေတ်ကာလက ဟိနန့်ခရေ ပုဂ္ဂိုလ် တစုံ တဦး။ ရှီးသူဟောင်း များ၊ မိန့်မာကြား၊ မှတ်သား၊ နားစိုက်ပါ
Burmese:
လွန်လေပြီးသော ခေတ်ကာလက ရှိနှင့်ခဲ့သော ပုဂ္ဂိုလ် တစ်စုံ တစ်ဦး။ ရှီးသူဟောင်း များ၊ မိန့်မှာကြား၊ မှတ်သား၊ နားစိုက်ပါ
English:
old person who can hark back to the long past
Grammar Note:
နာမ်
ရှီးဟောင်း
[ʃïháʊɴ]
Arakanese:
ကုန်လွန် ခလီဗျာယ်းရေ ခေတ်ကာလအခါက ဖြစ်ပေါ်ခရေ။ နှစ်ကာလ ကြာမြင့်စွာ ရှည်လျားခပြီးကေ ဖြစ်ရေ
Burmese:
ကုန်လွန် ခဲ့လေပြီးသော ခေတ်ကာလအခါက ဖြစ်ပေါ်ခဲ့သော။ နှစ်ကာလ ကြာမြင့်စွာ ရှည်လျားခဲ့ပြီး ဖြစ်သော
English:
ancient - antiquated - antique - archaic
Grammar Note:
နာမဝိသေသန
ရှီးဟောင်းနှောင်းဖြစ်
[ʃïháʊɴn̥áʊɴpʰɹɪʔ]
Arakanese:
ရှေးက ဖြစ်ပျက်ခ ပြီးရေ အကြောင်းအရာ။ အဖြစ်အပျက်
Burmese:
ရှေးက ဖြစ်ပျက်ခဲ့ ပြီးသော အကြောင်းအရာ။ အဖြစ်အပျက်
English:
events of the past
Grammar Note:
နာမ်
ရှီးဟောင်းသုတေသန
[ʃïháʊɴθoʊtèθn]
Arakanese:
ရှီးဟောင်းခေတ် ကာလများစွာက ဟိနန့်ခရေ သက်ဟိသက်မဲ့ ရုပ်ကြွင်းတိနန့် ပတ်သက်ပြီးကေ ပြန်ပနာ စူးစမ်းလီ့လာ ဖော်ဆောင်ပနာ တင်ပြရေ့ ဆောင်ရွက်မှု တရပ်
Burmese:
ရှေးဟောင်းခေတ် ကာလများစွာက ရှိနှင့်ခဲ့သော သက်ရှိသက်မဲ့ ရုပ်ကြွင်းများနှင့် ပတ်သက်၍ ပြန်လည် စူးစမ်းလေ့လာ ဖော်ဆောင်၍ တင်ပြသည့် ဆောင်ရွက်မှု တရပ်
English:
archaeology
Grammar Note:
နာမ်
ရှီးဦး
[ʃïʔú]
Arakanese:
အစ ပထမ ဖြစ်ရေ။ အလျင်ဆုံး ကျသော။ လက်ဦးအစ ဖြစ်ရေ
Burmese:
အစ ပထမ ဖြစ်သော။ အလျင်ဆုံး ကျသော။ လက်ဦးအစ ဖြစ်သော
English:
first
Grammar Note:
နာမဝိသေသန
ရှီးဦးရှီးဖျား
[ʃïʔúʃïpʰrá]
Arakanese:
အဦးအလျင် ဖြစ်ရေ
Burmese:
အဦးအလျင် ဖြစ်သော
English:
first
Grammar Note:
နာမဝိသေသန
ရှီးဦးသင်
[ʃïʔúθɪ̀ɴ]
Arakanese:
(ကျောင်းသူ ကျောင်းသားတိအား) အခြီခံ ရဟိအောင် သင်ကြားရရေ အစကနဦး သင်ကြားရန် ပြဌာန်းထားရေ
Burmese:
(ကျောင်းသူ ကျောင်းသားများအား) အခြေခံ ရရှိအောင် သင်ကြားရသော အစကနဦး သင်ကြားရန် ပြဌာန်းထားသော
English:
course of study
Grammar Note:
နာမဝိသေသန
ရှု
[ʃoʊ]
Arakanese:
(ယှ၊ သျှ၊ ချဟု အသံမထွက်ရပါ။) ရှုမြင်ခြင်း
Burmese:
(ယှ၊ သျှ၊ ချဟု အသံမထွက်ရပါ။) ရှုမြင်ခြင်း
English:
demeanour
Grammar Note:
နာမ်
ရှုံ့
[ʃo̰ʊɴ]
Arakanese:
မျက်နှာကို တွန့်ခေါက်အောင် ပြုရေ။
Burmese:
မျက်နှာကို တွန့်ခေါက်အောင် ပြုသည်။
English:
wrinkle / contract
Grammar Note:
ကြိယာ
ရှု(ရဟု)
[ʃoʊ(ɹhoʊ)]
Arakanese:
(HRU hru ဟု ရခိုင်အသံ ထွက်ရေ။ Shu ယှု၊ သျှု၊ ချုဟုအသံ မထွက်ပါ) ကြည့်ရေ။ လာပါနိုင်းနိုင်း၊ နိနိတိုင်းကို၊ ကသိုဏ်း ရှုမျှော်၊ နန်းဘုံသာက (ကျောက်ရိုး)။ မျှော်ရှုမျှော်ရှု၊ ကသိုဏ်းရှုဗျာယ်၊ သုံးလူ့ဘခင်၊ မြတ်သျှစ်သျှင်ကို မမြင်ရာကား၊ ဪသကြားရို့ (ယင်း)
Burmese:
(HRU hru ဟု ရခိုင်အသံ ထွက်သည်။ Shu ယှု၊ သျှု၊ ချုဟုအသံ မထွက်ပါ) ကြည့်သည်။ လာပါနိုင်းနိုင်း၊ နေ့နေ့တိုင်းကို၊ ကသိုဏ်း ရှုမျှော်၊ နန်းဘုံသာက (ကျောက်ရိုး)။ မျှော်ရှုမျှော်ရှု၊ ကသိုဏ်းရှုလျက်၊ သုံးလူ့ဘခင်၊ မြတ်သျှစ်သျှင်ကို မမြင်ရာကား၊ ဪသကြားတို့ (၎င်း)
English:
look - look at -see - view meditate
Grammar Note:
ကြိယာ
ရှုံ့၂
[ʃo̰ʊɴ၂]
Arakanese:
အထဲကို ကျုံ့ဝင်လှားရေ။ အနံ ကျဉ်းလားရေ။
Burmese:
အတွင်းသို့ ကျုံ့ဝင်သွားသည်။ အနံ ကျဉ်းသွားသည်။
English:
flinch / shrink
Grammar Note:
ကြိယာ
ရှုံ့ကာကားကာ
[ʃo̰ʊɴkàkákà]
Arakanese:
တချက်ချေမာ သဖောအမျိုးမျိုး ပြောင်းလဲ ပြုမှု ပြောဆိုဗျာယ်။
Burmese:
တခဏချင်းတွင် သဘော အမျိုးမျိုး ပြောင်းလဲ ပြုမှု ပြောဆိုလျက်။
English:
fickle / fiddle
Grammar Note:
ကြိယာဝိသေသန
ရှုကွက်
[ʃoʊkwɛʔ]
Arakanese:
ကြည့်စရာ အရပ်ဒေသ
Burmese:
ကြည့်စရာ အရပ်ဒေသ
English:
view
Grammar Note:
နာမ်
ရှုခင်း
[ʃoʊkʰɪ́ɴ]
Arakanese:
ကြည့်စရာနီရာ အဝန်းအခွင့်။ မြင်ကွင်း
Burmese:
ကြည့်စရာနေရာ အဝန်းအခွင့်။ မြင်ကွင်း
English:
scenery - scene
Grammar Note:
နာမ်
ရှုစား
[ʃoʊsá]
Arakanese:
ကြည့်ရေ။ ၂၊ တပ်မက် သာယာသော ဆင်းရဲမှု ချမ်းရာမှုဖြင့် ကြည့်ရေ
Burmese:
ကြည့်သည်။ ၂၊ တပ်မက် သာယာသော ဆင်းရဲမှု ချမ်းသာမှုဖြင့် ကြည့်သည်
English:
look - view ( respectful term used in connexion with royalty or dignitaries ) look meditatively at sth eryoy the view - take in the scene
Grammar Note:
ကြိယာ
ရှုစိမ့်
[ʃoʊsḛɪɴ]
Arakanese:
လိုလားရေ။ နာလိုရေ။ ၂၊ အရီးမထားပဲ နေနှိုင်ရေ
Burmese:
လိုလားသည်။ နာလိုသည်။ ၂၊ အရေးမထားပဲ နေနိုင်သည်
English:
desire
Grammar Note:
ကြိယာ
ရှုတ်
[ʃoʊʔ]
Arakanese:
ပစ တနည်း နခေါင်းဖြင့် တပြိုင်တည်း ဟိုက်သွင်းရေ။
Burmese:
ပါးစပ် သို့မဟုတ် နှာခေါင်းဖြင့် တစ်ချက်တည်း ရှိုက်သွင်းသည်။
English:
gasp / inhale
Grammar Note:
ကြိယာ
ရှုတ်ကနဲ
[ʃoʊʔknɛ]
Arakanese:
ကကောင်းလျင်သော အဟုန်ဖြင့်။
Burmese:
လျင်မြန်သော အဟုန်ဖြင့်။
English:
fleetingly
Grammar Note:
ကြိယာဝိသေသန
ရှုတ်ရှုတ်
[ʃoʊʔʃoʊʔ]
Arakanese:
ဟင်းရည်သောက်သံ တနည်း ဟိုက်ငိုသံ။
Burmese:
အရည်သောက်သံ သို့မဟုတ် ရှိုက်ငိုသံ။
English:
sniveling / slurping
Grammar Note:
နာမ်
ရှုတ်ရှုတ်ရှုတ်ရှုတ်
[ʃoʊʔʃoʊʔʃoʊʔʃoʊʔ]
Arakanese:
လူအများ မငြိမ်မသက် ဝင်ထွက်လှားလာဗျာယ်။
Burmese:
လူအများ မငြိမ်မသက် ဝင်ထွက်သွားလာလျက်။
English:
bustling
Grammar Note:
ကြိယာဝိသေသန