Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 121–140 of 1,415 words

    ရ

    ရင်ပေါင်တန်း

    [ɹɪ̀ɴpèàɪ̀ɴtáɴ]
    နံစောင်းချင်း ညီစွာ ပြိုင်ဗျာယ်။ ၂၊ (ဥပစာ) အတန်းညီ ပြိုင်ဗျာယ်။ မနိမ့်မမြင့် တန်းတူမီဗျာယ်
    နံစောင်းချင်း ညီစွာ ပြိုင်လျက်။ ၂၊ (ဥပစာ) အတန်းညီ ပြိုင်လျက်။ မနိမ့်မမြင့် တန်းတူမီလျက်
    abreast [fig.] on equal terms (as in မိန်းမများသည် ယောကျ်ားများနှင့် ~ အလုပ်လုပ်ကတ်ရေ)
    ကြိယာဝိသေသန

    ရင်ပြင်

    [ɹɪ̀ɴpɹɪ̀ɴ]
    ရင်ဖတ် ဝန်းကျင် အပြန့်အပြင်။ စာတီဘုရား၊ ကျောင်း၊ နန်းတော် အစဟိစွာဟိ ညီညာ ပြန့်ကျယ်သော မျက်နှာပြင်
    ရင်ဘတ် ဝန်းကျင် အပြန့်အပြင်။ စေတီဘုရား၊ ကျောင်း၊ နန်းတော် စသည်ရှိ ညီညာ ပြန့်ကျယ်သော မျက်နှာပြင်
    platform or flat ground around a pagoda or palace square - plaza
    နာမ်

    ရင်ပြည့််

    [ɹɪ̀ɴpɹɛ့်]
    အစာ မကြေခြင်းကြောင့် ရင်ထဲမာ နှစ်သိုက့် နိန်ရေ
    အစာ မကြေခြင်းကြောင့် ရင်ထဲ၌ တစ်ပြည့် နေသည်
    be surfeited with food
    ကြိယာ

    ရင်ဖတ်

    [ɹɪ̀ɴpʰaʔ]
    သတ္တဝါရို့၏ လိုင်ဖင်း၌ ဝမ်း အကြားဟိ အပြင် စနီမာကေ၊ ရွှီရင်ဖတ်မာ၊ နို့သီးကျေးစုံ (ရာမ)
    သတ္တဝါတို့၏ လည်ပင်း၌ ဝမ်းဗိုက် အကြားရှိ အပြင် စနီတွင်ကေ၊ ရွှေရင်ဖတ်မှာ၊ သားမြတ်ကျေးစုံ (ရာမ)
    breast
    နာမ်

    ရင်ဖတ်တီး

    [ɹɪ̀ɴpʰaʔtï]
    ပူပင်ခြင်း ကြီးစွာဖြင့် ရင်ဖတ်ကို ပြင်းစွာ ထုခတ်ဗျာယ်။ ရင်မာထုသတ်၊ ထိုနီရာကို မြင်ပြန်လတ်က၊ ကျလတ်မျက်ရည်၊ စီးကာသွယ်ကေ (နာရဒ)။ ကြောက်အင်ပြင်းစွာ၊ မခံရာကေ၊ ကြံရာမပြီး၊ ရင်ဖတ်တီးဗျာယ် (ရခိုင်ကာ)
    ပူပန်ခြင်း ကြီးစွာဖြင့် ရင်ဘတ်ကို ပြင်းစွာ ထုခတ်လျက်။ ရင်တွင်ထုသတ်၊ ထိုနေရာကို မြင်ပြန်လတ်က၊ ကျလတ်မျက်ရည်၊ စီးကာသွယ်ကေ (နာရဒ)။ ကြောက်အင်ပြင်းစွာ၊ မခံသာလျှင်၊ ကြံရာမပြီး၊ ရင်ဖတ်တီးလျက် (ရခိုင်ကာ)
    be alive with teeming crowd - [fig.] in anguish - heart-rendingly
    ကြိယာဝိသေသန

    ရင်ဖတ်နာ

    [ɹɪ̀ɴpʰaʔnà]
    ရင်မား၌ ထိုးကျင့် ကိုက်ခဲနာကြင်သော ဝေဒနာ
    ရင်တွင်း၌ ထိုးကျင့် ကိုက်ခဲနာကျင်သော ဝေဒနာ
    chestache
    နာမ်

    ရင်ဖတ်သတ်

    [ɹɪ̀ɴpʰaʔθaʔ]
    (ရင်ကို လက်ဖြင့် ပင့်သပ် ရလောက်ယောင်) အံ့ဩငေးမောဗျာယ်၊ အလွန်အကျွံ အံ့ဩဖွယ် ဟိဗျာယ်
    (ရင်ကို လက်ဖြင့် ပင့်သပ် ရလောက်အောင်) အံ့ဩငေးမောလျက်၊ အလွန်အမင်း အံ့ဩဖွယ် ရှိလျက်
    amazed
    ကြိယာဝိသေသန

    ရင်ဖုံး

    [ɹɪ̀ɴpʰóʊɴ]
    ရင်ဖတ်ထက်မာ ဖုံးလွှမ်းသော အဆင် တန်ဆာတမျိုး
    ရင်ဘတ်ပေါ်တွင် ဖုံးလွှမ်းသော အဆင် တန်ဆာတစ်မျိုး
    front flap of a jacket
    နာမ်

    ရင်ဖုံးအင်္ကျီ

    [ɹɪ̀ɴpʰóʊɴʔŋ̇karí]
    ရင်တခြမ်း ထက်ရို့ ထပ်ဖုံးသော အလွှာပါရေ အင်္ကျီတမျိုး
    ရင်တစ်ခြမ်း ပေါ်သို့ ထပ်ဖုံးသော အလွှာပါသည့် အင်္ကျီတစ်မျိုး
    Arakan-Rakhine jacket with an overlapping flap in front
    နာမ်

    ရင်ဖွင့်

    [ɹɪ̀ɴpʰwɪ̰ɴ]
    (ဥပစာ) မျိုသိပ် ထိမ်ချန်မထားပဲ အကြောင်းအရာ အားလုံးကို ဖွင့်လှစ် ပြောဆိုရေ
    (ဥပစာ) မျိုသိပ် ထိမ်ချန်မထားပဲ အကြောင်းအရာ အားလုံးကို ဖွင့်လှစ် ပြောဆိုသည်
    open one’s heart - unburden one’s feelings
    ကြိယာ

    ရင်မ

    [ɹɪ̀ɴm]
    စိတ်ပူရေ။ ကြောင့်ကတ်တေ။ ပူပင်ရေ။ စိုးရိမ်ရေ။ မောင်သာဖြူ အေအမှုကို မပါပါစီ ကေ့လို့ ရင်မနီပါရေ (အပြင်းပြင်းမပါ) (အရပ်)
    စိတ်ပူသည်။ ကြောင့်ကြသည်။ ပူပင်သည်။ စိုးရိမ်သည်။ မောင်သာဖြူ အေအမှုမှာ မပါပါစီ ကေ့လို့ ရင်မနီပါရေ (အပြင်းပြင်းမပါ) (အရပ်)
    be in great anxiety or suspense
    ကြိယာ

    ရင့်မာ

    [ɹɪ̰ɴmà]
    ကိုယ်ဝန် ပဋိသန္ဓေ မွီးဖွားခါနီး ဖြစ်ရေ။ ဆယ်လပြည့််ခါနီး ဖြစ်ရေ
    ကိုယ်ဝန် ပဋိသန္ဓေ မွေးဖွားခါနီး ဖြစ်သော။ ဆယ်လပြည့််ခါနီး ဖြစ်သော
    mature (as in ပါရမီ~)
    နာမဝိသေသန

    ရင်မာတစ်ကျိပ်

    [ɹɪ̀ɴmàtɪʔt͡ɕìaʔ]
    တေမိ၊ ဇနက၊ သုဝဏ္ဏသာမ၊ နေမိမင်း၊ မဟောသဓာ၊ ဘူရိဒတ်၊ စန္ဒကုမာရ၊ နာရဒ၊ ဝိဓူရ၊ ဝေဿန္တရာ
    တေမိ၊ ဇနက၊ သုဝဏ္ဏသာမ၊ နေမိမင်း၊ မဟောသဓာ၊ ဘူရိဒတ်၊ စန္ဒကုမာရ၊ နာရဒ၊ ဝိဓူရ၊ ဝေဿန္တရာ
    the ten forthcoming Buddhas the ten moet widely known out of the many reincarnations of the Bodhisattva constituting the Ten Great Jatakas (ဇာတ်ကြီးဆယ်ဘွဲ့)
    နာမ်

    ရင်းမြစ်

    [ɹɪ́ɴmɹɪʔ]
    မူလအခြီခံ၊ ဇာစ်မြစ်။ ပင်မ။ ပင်မ ရင်းမြစ်ပါ မကျန် အားလုံး တူးဖြို ဖျက်ဆီး ပစ်လီ၏
    မူလအခြေခံ၊ ဇာစ်မြစ်။ ပင်မ။ ပင်မ ရင်းမြစ်ပါ မကျန် အားလုံး တူးဖြို ဖျက်ဆီး ပစ်လေ၏
    root - origin etymon - etymology
    နာမ်

    ရင်မွန်းနာ

    [ɹɪ̀ɴmʊ́ɴnà]
    အသက်ရှု ချောမြေ့ လွတ်လပ်ခြင်း မဟိရေ အနာရောဂါ။ ဝေဒနာ။ အသက်ရှု ပင်ပန်းသော ဝေဒနာ
    အသက်ရှု ချောမြေ့ လွတ်လပ်ခြင်း မရှိသော အနာရောဂါ။ ဝေဒနာ။ အသက်ရှု ပင်ပန်းသော ဝေဒနာ
    have difficult in breathing
    နာမ်

    ရင်မွန်းနာ၂

    [ɹɪ̀ɴmʊ́ɴnà၂]
    ယင်းပိုင်သော ရောဂါ ဝေဒနာမျိုးကို ခံစားရရေ
    ယင်းကဲ့သို့သော ရောဂါ ဝေဒနာမျိုးကို ခံစားရသည်
    have difficult in breathing
    ကြိယာ

    ရင်မွီး

    [ɹɪ̀ɴmwï]
    ယောက်ျားရို့၏ နို့နန့်ညှပ်ရိုးအကြား (ရင်)မာ ပေါက်သော အမွီး
    ယောက်ျားတို့၏ နို့နှင့်ညှပ်ရိုးအကြား (ရင်)တွင် ပေါက်သော အမွေး
    chest hair
    နာမ်

    ရင်မွီ.

    [ɹɪ̀ɴmwí.]
    ကေမှထွက်သော အပူဟိန်
    ရင်မှထွက်သော အပူငွေ့
    body temperature of chest
    နာမ်

    ရင်မွီးဖွားဖွား

    [ɹɪ̀ɴmwïpʰWàpʰWà]
    ရင်မာ အမွီး အမျှင် အစဟိစွာ ပွရောင်၍ ကားပြန့်နိန်ရေ (အမွီးအမျှင်) ရင်မွီးဖွားဖွား၊ လက်သာဆိုကေ၊ ထိုကုလားမာ (ထာနု)
    ရင်တွင် အမွေး အမျှင် စသည် ပွရောင်၍ ကားပြန့်နေသော (အမွေးအမျှင်) ရင်မွီးဖွားဖွား၊ လက်သာဆိုကေ၊ ထိုကုလားမှာ (ထာနု)
    soft body hair
    နာမဝိသေသန

    ရင်မွီးဟွားဟွား

    [ɹɪ̀ɴmwïhWàhWà]
    ရင်မာ အမွီးအမျှင် အစဟိစွာ ပွရောင်၍ ကားပြန့်နိန်ရေ (အမွီးအမျှင်) ရင်မွီးဖွားဖွား၊ လက်သာဆိုကေ၊ ထိုကုလားမာ (ထာနု)
    ရင်တွင် အမွေးအမျှင် စသည် ပွရောင်၍ ကားပြန့်နေသော (အမွေးအမျှင်) ရင်မွီးဖွားဖွား၊ လက်သာဆိုကေ၊ ထိုကုလားမှာ (ထာနု)
    soft body hair
    နာမ်