Dictionary Entries
Showing 1,401–1,415 of 1,415 words
ရ
ရှေး
[ʃé]
Arakanese:
(HREE shee ဟုသာ ရခိုင်အသံထွက် ပီပီ ဖတ်ရပါဖို့။ Shee ယှေး၊ သျှေး၊ ချီး ဟု အသံမထွက်ရပါ။) ရှီး ဟုသာ ရခိုင် အသံထွက်ရေ။ ယှီး၊ သျှီး၊ ချီး ဟု အသံမထွက်ရပါ။) ရှည်မြင့်စွာသော ကာလ ကုန်လွန်ခလီဗျာယ်းရေ အချိန်။ ကွာဝီး (ဝီးကွာ)သော ကာလ။ အယင်ကာလ
Burmese:
(HREE shee ဟုသာ ရခိုင်အသံထွက် ပီပီ ဖတ်ရပါမည်။ Shee ယှေး၊ သျှေး၊ ချေး ဟု အသံမထွက်ရပါ။) ရှီး ဟုသာ ရခိုင် အသံထွက်သည်။ ယှီး၊ သျှီး၊ ချီး ဟု အသံမထွက်ရပါ။) ရှည်မြင့်စွာသော ကာလ ကုန်လွန်ခဲ့လေပြီးသော အချိန်။ ကွာဝေး (ဝေးကွာ)သော ကာလ။ ယခင်ကာလ
English:
the past
Grammar Note:
နာမ်
ရှောက်
[ʃɔ́ɛʔ]
Arakanese:
ခါးသိမ်ရွက်နန့် စူးဟိရေအပင်မှ သီးသော အသီးတမျိုး။ (Citrus limon)
Burmese:
ခါးသိမ်ရွက်နှင့် ဆူးယှိသည့်အပင်မှ သီးသော အသီးတစ်မျိုး။ (Citrus limon)
English:
lemon / lime
Grammar Note:
နာမ်
ရှောက်၂
[ʃɔ́ɛʔ၂]
Arakanese:
အဂေါင်းကို ဟိကို ငိုက်ချရေ။ တစုံတရာကို ငုံ့ကြည့် တနည်း ချောင်းကြည့်ရေ။ ခြီရာခံ လိုက်ရေ။
Burmese:
ဦးခေါင်းကို ရှေ့သို့ ငိုက်ချသည်။ တစ်စုံတရာကို ငုံ့ကြည့် သို့မဟုတ် ချောင်းကြည့်သည်။ ခြေရာခံ လိုက်သည်။
English:
look / peep / track
Grammar Note:
ကြိယာ
ရှောက်ကြည့်
[ʃɔ́ɛʔt͡ɕɛ̰]
Arakanese:
လူများ မမြင်ယောင် တိတ်တိတ်ခိုး ကြည့်ရေ။ အောက်ကို ငုံ့ကြည့်ရေ။
Burmese:
သူတစ်ပါး မမြင်အောင် တိတ်တိတ်ခိုး ကြည့်သည်။ အောက်သို့ ငုံ့ကြည့်သည်။
English:
peep / look down
Grammar Note:
ကြိယာ
ရှောက်ခုံတောက်
[ʃɔ́ɛʔkʰòʊɴtɔ́ɛʔ]
Arakanese:
ခွင်ခလောက်လောက်နန့် တူသော ချိုင်ပြင်းသော အကြီးစား ယှောက်ချိုသီးတမျိုး။
Burmese:
မီးဖိုခုံလောက်နှင့် တူသော ချဉ်ပြင်းသော အကြီးစား ရှောက်သီးတစ်မျိုး။
English:
large lime
Grammar Note:
နာမ်
ရှောက်ချဉ်
[ʃɔ́ɛʔɕɪ̀ɴ]
Arakanese:
မကြီးမငယ် ချိုင်သော ယှောက်ချိုသီးတမျိုး။
Burmese:
မကြီးမငယ် ချဉ်သော ရှောက်သီးတစ်မျိုး။
English:
lime
Grammar Note:
နာမ်
ရှောက်ချို
[ʃɔ́ɛʔɕÒ]
Arakanese:
အရသာချို၍ အရည်ရွှမ်းသော ယှောက်ချိုသီးတမျိုး။ (Citrus medica)
Burmese:
အရသာချို၍ အရည်ရွှမ်းသော ရှောက်သီးတစ်မျိုး။ (Citrus medica)
English:
sweet lime
Grammar Note:
နာမ်
ရှောက်ချောင်း
[ʃɔ́ɛʔɕáʊɴ]
Arakanese:
ချက်ကောင်းကို တတိန်းချေ စောင့်မျှော်နီရေ။
Burmese:
ချက်ကောင်းကို တိတ်တဆိတ် စောင့်မျှော်နေသည်။
English:
bide time
Grammar Note:
နာမ်
ရှောက်ခြမ်း
[ʃɔ́ɛʔkʰɹáɴ]
Arakanese:
အလျားလိုက် ခွဲစိတ်ထားရေ ဝါးစိတ်။
Burmese:
အလျားလိုက် ခွဲစိတ်ထားသည့် ဝါးစိတ်။
English:
bamboo slat
Grammar Note:
နာမ်
ရှောက်ခွန်း
[ʃɔ́ɛʔkʰʊ́ɴ]
Arakanese:
အလျားလိုက် ခွဲစိတ်ထားရေ ဝါးစိတ် တနည်း မီးဖိုစရာ ဝါးခြမ်း အတိုအစ။
Burmese:
အလျားလိုက် ခွဲစိတ်ထားသည့် ဝါးစိတ် သို့မဟုတ် မီးမွှေးစရာ ဝါးခြမ်း အတိုအစ။
English:
bamboo slat / kindling
Grammar Note:
နာမ်
ရှောက်စောင်း
[ʃɔ́ɛʔsáʊɴ]
Arakanese:
တဖက်ကို စောင်း၍ စွေကြည့်ရေ။
Burmese:
တစ်ဘက်သို့ စောင်း၍ စွေကြည့်သည်။
English:
stare askance
Grammar Note:
ကြိယာ
ရှောက်ပလီ
[ʃɔ́ɛʔplí]
Arakanese:
နှုတ်ခမ်းပတ်လည်၌ အမွီးနီဟိသော ဖြတ်လတ်ရေ ငှက်ငယ်တမျိုး။
Burmese:
နှုတ်ခမ်းပတ်လည်၌ အမွေးနီယှိသော ဖျတ်လတ်သည့် ငှက်ငယ်တစ်မျိုး။
English:
bird species
Grammar Note:
နာမ်
ရှောက်ရာ
[ʃɔ́ɛʔɹà]
Arakanese:
(ကျွဲ၊ နွား) သကျိမားဟိ အချင်း။
Burmese:
(ကျွဲ၊ နွား) သားအိမ်တွင်းရှိ အချင်း။
English:
placenta (cattle)
Grammar Note:
နာမ်
ရှောက်အူနီ
[ʃɔ́ɛʔʔùní]
Arakanese:
အသီးခွံ ထူပွပြီး အထဲသား အရောင်နီသော ရှောက်မျိုး။
Burmese:
အသီးခွံ ထူပွပြီး အတွင်းသား အရောင်နီသော ရှောက်မျိုး။
English:
lemon (red pulp)
Grammar Note:
နာမ်
ရှောက်အူဖြူ
[ʃɔ́ɛʔʔùpʰɹù]
Arakanese:
အသီးခွံ ထူပွပြီး အထဲသား အရောင်ဖြူသော ရှောက်မျိုး (အူနီသီး)။
Burmese:
အသီးခွံ ထူပွပြီး အတွင်းသား အရောင်ဖြူသော ရှောက်မျိုး (ကျွဲကောသီး)။
English:
pomelo
Grammar Note:
နာမ်