Dictionary Entries
Showing 141–160 of 1,415 words
ရ
ရင်မှာခံ
[ɹɪ̀ɴm̥àkʰံ]
Arakanese:
မစာမကြေသနန့် ရင်မားမာ ပြည့််တ နိန်ရေ
Burmese:
မစာမကြေသဖြင့် ရင်တွင်းတွင် ပြည့််တစ် နေသည်
English:
be full in the stomach
Grammar Note:
ကြိယာ
ရင်ယှား
[ɹɪ̀ɴʃá]
Arakanese:
အဝတ်မပါ ဗလာတုံးလုံး။ (မမာ့ရို့ အဝတ်မပါ ဗလာတုံးလုံး ရီချိုးရေကို အဝတ်ယှားလို့ ရီချိုးရေ။ ရင်ယှားလို့ ရီချိုးရေဟု ရှီးဟောင်း အသက်ကြီးရေ အဘောင်သျှင်မရို့ သုံးနှုန်းသော ပေါရဏစကား။
Burmese:
အဝတ်မပါ ဗလာတုံးလုံး။ (မိန်းမတို့ အဝတ်မပါ ဗလာတုံးလုံး ရေချိုးသည်ကို အဝတ်ယှားလို့ ရီချိုးရေ။ ရင်ယှားလို့ ရီချိုးရေဟု ရှေးဟောင်း အသက်ကြီးသော အဖွားတို့ သုံးနှုန်းသော ပေါရဏစကား။
English:
undress
Grammar Note:
နာမ်
ရင့်ရင့်ဖတ်ဖတ်
[ɹɪ̰ɴɹɪ̰ɴpʰaʔpʰaʔ]
Arakanese:
သစ်သီး အစဟိစွာရို့ မှည့်လုနီး ဖြစ်ရေ
Burmese:
သစ်သီး စသည်တို့ မှည့်လုနီး ဖြစ်သော
English:
mature
Grammar Note:
နာမဝိသေသန
ရင်းရာရင်းရာ
[ɹɪ́ɴɹàɹɪ́ɴɹà]
Arakanese:
သွေး နံဖီးစပ်ဆုံးသော ဆွီမျိုး။ ၂၊ အလွန် အကျွမ်းဝင် ရင်းနှီးသော သူ။ ရင်းရာရင်းရာ ကလန့်မှ အဆီခြာ (ပုံ)
Burmese:
သွေး အနီးစပ်ဆုံးသော ဆွေမျိုး။ ၂၊ အလွန် အကျွမ်းဝင် ရင်းနှီးသော သူ။ ရင်းရာရင်းရာ ကလန့်မှ အဆီခြာ (ပုံ)
English:
relative
Grammar Note:
နာမ်
ရင်ရူး
[ɹɪ̀ɴɹùး]
Arakanese:
ကိုယ့်အကျိုးငှာ လွန်ကဲသော လိုချင် တောင့်တမှု။ အစွဲကြီးရေ လောဘစိတ်
Burmese:
မိမိအကျိုးငှာ လွန်ကဲသော လိုချင် တောင့်တမှု။ အစွဲကြီးသော လောဘစိတ်
English:
greed
Grammar Note:
နာမ်
ရင့်ရူ
[ɹɪ̰ɴɹù]
Arakanese:
သာယာသော အသံဖြင့် မြည်ရေ။ ငှက်ကေမောင်နှံ၊ ရင့်ကျူးသံကို၊ ကြားပြန်လတ်ကေ (ချစ်မပြေ)။ ကျေးသားရင့်ရူ၊ ဖော်ကွဲသူရို့ (ချစ်မပြေ)
Burmese:
သာယာသော အသံဖြင့် မြည်သည်။ ငှက်ကေမောင်နှံ၊ ရင့်ကျူးသံကို၊ ကြားပြန်လတ်ကေ (ချစ်မပြေ)။ ကျေးသားရင့်ရူ၊ ဖော်ကွဲသူတို့ (ချစ်မပြေ)
English:
proclaim - (of birds)utter a melodious note
Grammar Note:
ကြိယာ
ရင့်ရော်
[ɹɪ̰ɴɹɔ̀]
Arakanese:
အသက်အရွယ် ကြီးပြီးကေ အိုမင်းခြင်းသို့ ရောက်သော။ ကြွီခမင်းနီးနွမ်းဟိရေ။ နွမ်းရိခြောက်သွိသော
Burmese:
အသက်အရွယ် ကြီး၍ အိုမင်းခြင်းသို့ ရောက်သော။ ကြွေလုနီးနွမ်းရှိသော။ နွမ်းရိခြောက်သွေ့သော
English:
old faded or withered
Grammar Note:
နာမဝိသေသန
ရင့်ရွမ်း
[ɹɪ̰ɴɹʊ̀ɴ]
Arakanese:
သစ်သီးရွမ်းပြင်း ဖြစ်လုနီးဟိရေ
Burmese:
သစ်သီးရွမ်းပြင်း ဖြစ်လုနီးရှိသည်
English:
mature
Grammar Note:
ကြိယာ
ရင်းရှိ.ဖျားရှိ.
[ɹɪ́ɴʃḭ.pʰráʃḭ.]
Arakanese:
အရင်းအဖျား (မကြီးမငယ်) တူညီမှု ဟိရေ
Burmese:
အရင်းအဖျား (မကြီးမငယ်) တူညီမှု ရှိသည်
English:
equal
Grammar Note:
ကြိယာ
ရင်လက်သပ်
[ɹɪ̀ɴlɛʔθaʔ]
Arakanese:
(ရင်ကို လက်ဖြင့် ပင့်သပ် ရလောက်ယောင်) အံ့ဩငေးမောဗျာယ်၊ အလွန်အကျွံ အံ့ဩဖွယ် ဟိဗျာယ်
Burmese:
(ရင်ကို လက်ဖြင့် ပင့်သပ် ရလောက်အောင်) အံ့ဩငေးမောလျက်၊ အလွန်အမင်း အံ့ဩဖွယ် ရှိလျက်
English:
amazed
Grammar Note:
ကြိယာဝိသေသန
ရင်လယောက်တန်း
[ɹɪ̀ɴljɔ́ɛʔtáɴ]
Arakanese:
မြို့ရိုးထက်မာ ဆောက်လုပ်ထားရေ အဆောက် အအုံ၏ အစွန်အနား အပြင်ဖက်မာ တန်းခါး တဖက်မှ တဖက်ကို ကူးသန်း သွားနှိုင်ယောင် ပျိုင်စီထားရေ ပျိုင်ပြားများ
Burmese:
မြို့ရိုးပေါ်တွင် ဆောက်လုပ်ထားသော အဆောက် အအုံ၏ အစွန်အနား အပြင်ဘက်တွင် တံခါး တစ်ဘက်မှ တစ်ဘက်သို့ ကူးသန်း သွားနိုင်အောင် ကြမ်းခင်းထားသော ပျဉ်ပြားများ
English:
timber
Grammar Note:
နာမ်
ရင်လီး
[ɹɪ̀ɴlï]
Arakanese:
(ဥပစာ)စိုးရိမ် ကြောင့်ကြမှု များပြားရေ။ အဲ … မင်းတယောက် စားရီး သောက်ရီးကို မြင်ရို့ ငါရင်လီး နီဗျယ်ဝေး (အရပ်)
Burmese:
(ဥပစာ)စိုးရိမ် ကြောင့်ကြမှု များပြားသည်။ အဲ … မင်းတစ်ယောက် စားရီး သောက်ရီးကို မြင်ရို့ ငါရင်လီး နီဗျယ်ဝေး (အရပ်)
English:
[fig.] be heavy heart
Grammar Note:
ကြိယာ
ရင်လွှမ်း
[ɹɪ̀ɴlW̯áɴ]
Arakanese:
ရင်ဖတ် နို့သီးကို ဖုံးအုပ် ဆင်မြန်းရရေ တန်ဆာတမျိုး။ ရင်လွှမ်း ဒွါဒရာ၊ မြတန်ဆာကို၊ ကိုယ်မာလေ့သော့ဝတ် (လွမ်းမပြေ)
Burmese:
ရင်ဘတ် သားမြတ်ကို ဖုံးအုပ် ဆင်မြန်းရသော တန်ဆာတစ်မျိုး။ ရင်လွှမ်း ဒွါဒရာ၊ မြတန်ဆာကို၊ ကိုယ်မှာလည်းဝတ် (လွမ်းမပြေ)
English:
bodice
Grammar Note:
နာမ်
ရင်ဝ
[ɹɪ̀ɴw]
Arakanese:
ရင်ဖတ်၏ အပြန့်အပြား။ ၂၊ ချိုင့်နိန်ရေ ရင်၏ အထဲဘက် နီရာ။ ရင်ဝတတောင်၊ နွယ်ကန်ယောင်
Burmese:
ရင်ဘတ်၏ အပြန့်အပြား။ ၂၊ ချိုင့်နေသော ရင်၏ အတွင်းဘက် နေရာ။ ရင်ဝတစ်တောင်၊ နွယ်ကန်ယောင်
English:
chest
Grammar Note:
နာမ်
ရင်ဝအီ
[ɹɪ̀ɴwʔí]
Arakanese:
ရင်ထဲမာ ကြည်လင် ချမ်းမြေ့မှုကို ခံစားရရေ။ ပူပင် ကြောင့်ကြမှုမှ ကင်းသည်
Burmese:
ရင်ထဲ၌ ကြည်လင် ချမ်းမြေ့မှုကို ခံစားရသည်။ ပူပင် ကြောင့်ကြမှုမှ ကင်းသည်
English:
[fig.] be relieved - have peace of mind
Grammar Note:
ကြိယာ
ရင့်သန်
[ɹɪ̰ɴθàɴ]
Arakanese:
အလိအထုံ ဝါသနာအရ အရည်အခြင်း တိုးတက်ရေ။ စည်ပင် ပြန့်ပွား နနောင်းသည်
Burmese:
အလေ့အထုံ ဝါသနာအရ အရည်အချင်း တိုးတက်သည်။ စည်ပင် ပြန့်ပွား ခိုင်မာသည်
English:
(of mind) grow in strength - mature
Grammar Note:
ကြိယာ
ရင်သား
[ɹɪ̀ɴθá]
Arakanese:
ရင်၌ ဖြစ်ရေ သား၊ သမီး။ သားရင်း၊ သမီးရင်း။ ဤမင်းစွာကား၊ ကြောသား ရင်သား ခွဲခြားသလော မခွဲခြားသလော (တောင်)
Burmese:
ရင်၌ ဖြစ်သော သား၊ သမီး။ သားရင်း၊ သမီးရင်း။ ဤမင်းသည်ကား၊ ကြောသား ရင်သား ခွဲခြားသလော မခွဲခြားသလော (တောင်)
English:
ones children - off spring breasts
Grammar Note:
နာမ်
ရင်းသီးရင်းဖတ်
[ɹɪ́ɴθïɹɪ́ɴpʰaʔ]
Arakanese:
နှစ်လ တာရှည် ဖျားနာနေသနန့် နာလန် မထူနိုင် ဖြစ်တေ
Burmese:
နှစ်လ ကြာရှည်စွာ ဖျားနာနေသဖြင့် နာလန် မထူနိုင် ဖြစ်သည်
English:
chronic illness
Grammar Note:
ကြိယာ
ရင်းသီးရင်းသတ်
[ɹɪ́ɴθïɹɪ́ɴθaʔ]
Arakanese:
နှစ်လ တာရှည် စွဲကပ်နိန်ရေ ရောဂါ
Burmese:
နှစ်လ ကြာရှည်စွာ စွဲကပ်နေသော ရောဂါ
English:
chronic illness
Grammar Note:
နာမ်
ရင်သျှား
[ɹɪ̀ɴʃá]
Arakanese:
အဝတ်မပါ ဗလာတုံးလုံး။ (မမာ့ရို့ အဝတ်မပါ ဗလာတုံးလုံး ရီချိုးရေကို အဝတ်ယှားလို့ ရီချိုးရေ။ ရင်ယှားလို့ ရီချိုးရေဟု ရှီးဟောင်း အသက်ကြီးရေ အဘောင်သျှင်မရို့ သုံးနှုန်းသော ပေါရဏစကား။
Burmese:
အဝတ်မပါ ဗလာတုံးလုံး။ (မိန်းမတို့ အဝတ်မပါ ဗလာတုံးလုံး ရေချိုးသည်ကို အဝတ်ယှားလို့ ရီချိုးရေ။ ရင်ယှားလို့ ရီချိုးရေဟု ရှေးဟောင်း အသက်ကြီးသော အဖွားတို့ သုံးနှုန်းသော ပေါရဏစကား။
English:
undress
Grammar Note:
နာမ်