Dictionary Entries
Showing 201–220 of 1,963 words
လ
လက်တောက်
[lɛʔtɔ́ɛʔ]
Arakanese:
ဝါဖတ်ရာမာ လေးညှို့ကို ဆွဲခတ်ရရေ ဒုတ်တိုလေး
Burmese:
ဝါဖတ်ရာ၌ လေးညှို့ကို ဆွဲခတ်ရသော ဒုတ်တိုလေး
English:
knobbed stick for plucking the string of a bow-like instrument used in dressing cotton
Grammar Note:
နာမ်
လက်တောင်းတစ်ဆန့်
[lɛʔtáʊɴtɪʔsʰa̰ɴ]
Arakanese:
လူတန်းစိသော ယောက်ျား တယောက် ရပ်စောက်ရပ်ပနာ လက်တဖျား မြှောက်တင်ထားရေ အမြင့် ပမာဏ။ တသူ
Burmese:
လူတန်းစေ့သော ယောက်ျား တစ်ယောက် မတ်တပ်ရပ်၍ လက်တစ်ဖျား မြှောက်တင်ထားသော အမြင့် ပမာဏ။ တသူ
English:
arm’s length [fig.] within one’s reach
Grammar Note:
နာမ်
လက်တော်ရိ.
[lɛʔtɔ̀ɹì.]
Arakanese:
ရခိုင် စပါး အမျိုးအမည် တခု။ (ရခိုင်မင်းများ လက်ထက် တောတင် ပူဇော်ရာမာ လက်တော်ရိ ဆန်ကို မုန့်ပဲ ပြုလုပ်ပနာ အသုံးပြုရေ။
Burmese:
ရခိုင် စပါး အမျိုးအမည် တစ်ခု။ (ရခိုင်မင်းများ လက်ထက် နတ်ပသ ပူဇော်ရာတွင် လက်တော်ရိ ဆန်ကို မုန့်ပဲ ပြုလုပ်၍ အသုံးပြုသည်။
English:
La-Tor-Je paddy
Grammar Note:
နာမ်
လက်တွင်း
[lɛʔtwɪ́ɴ]
Arakanese:
ပိုင်နက် နယ်မြီ။ အာဏာပိုင်စိုး အုပ်ချုပ်မှု အပိုင်းအရာ
Burmese:
ပိုင်နက် နယ်မြေ။ အာဏာပိုင်စိုး အုပ်ချုပ်မှု အပိုင်းအခြား
English:
territory - hands - clutches [as in ရန်သူ့~]
Grammar Note:
နာမ်
လက်တွန့်ပစ်
[lɛʔtʊ̀ɴ့pɪʔ]
Arakanese:
ငါးမျှားတံမဲ့ ကြိုးခွေမာ ငါးမျှားချိတ်များ တပ်ကာ မျှားချိတ်မာ အစာတပ်ပြီး ရေနက်ထဲကို ပစ်မြှောက်၍ မျှားရရေ ငါးရှာနည်း တမျိုး
Burmese:
ကိုင်းတံမဲ့ ကြိုးခွေတွင် ငါးမျှားချိတ်များ တပ်ကာ မျှားချိတ်တွင် အစာတပ်ပြီး ရေနက်ထဲသို့ ပစ်မြှောက်၍ မျှားရသော ငါးရှာနည်း တစ်မျိုး
English:
fishing
Grammar Note:
နာမ်
လက်တွား
[lɛʔtWà]
Arakanese:
ခြည်ခင်မှ ခြည်မျှင်ကို ရစ်သွင်းရာ ဘီးလုံး
Burmese:
ချည်ခင်မှ ချည်မျှင်ကို ရစ်သွင်းရာ ဘီးလုံး
English:
spinning wheel
Grammar Note:
နာမ်
လက်တွီ.
[lɛʔtwí.]
Arakanese:
ကိုယ်တိုင် စမ်းသပ် တွိမြင် ဆောင်ရွက်ဖူးသော အတွိအကြုံ။ ကိုယ်တိုင် တွိကြုံ ခံစား သိမြင်ဖူးရရေ ဖြစ်ပျက် အကြောင်းအရာ
Burmese:
ကိုယ်တိုင် စမ်းသပ် တွေ့မြင် ဆောင်ရွက်ဖူးသော အတွေ့အကြုံ။ ကိုယ်တိုင် တွေ့ကြုံ ခံစား သိမြင်ဖူးရသော ဖြစ်ပျက် အကြောင်းအရာ
English:
practical experience personal experience
Grammar Note:
နာမ်
လက်တွီ.စမ်း
[lɛʔtwí.sáɴ]
Arakanese:
ကိုယ့်ဆောင်ရွက် လုပ်ကိုင်မှု ထိမိအောင်မြင်ခြင်း ဟိမဟိ စမ်းသပ်သည့် သဘောနှင့် ဆောင်ရွက်သည်
Burmese:
မိမိဆောင်ရွက် လုပ်ကိုင်မှု ထိမိအောင်မြင်ခြင်း ယှိမယှိ စမ်းသပ်သည့် သဘောနှင့် ဆောင်ရွက်သည်
English:
practical experience
Grammar Note:
ကြိယာ
လက်တွဲ
[lɛʔtwɛ]
Arakanese:
တဦးနှင့်တဦး လက်ချင်း ချိတ်ဆက်ရေ
Burmese:
တစ်ဦးနှင့်တစ်ဦး လက်ချင်း ချိတ်ဆက်သည်
English:
join hands with ally oneself to
Grammar Note:
ကြိယာ
လက်ထက်
[lɛʔtʰɛʔ]
Arakanese:
ခေတ်ကာလ အပိုင်းအရာ။ ထင်ရှားသော ပုဂ္ဂိုလ် မင်းတပါးပါး၏ စိုးမိုး အုပ်ချုပ်ရေ ခေတ်ကာလ အစဟိစွာ တခုခုကို အမှတ်အသား ပြုပနာ ပိုင်းခြား ရည်ညွှန်းသည့် ကာလ၊၊ ဘုရင်မင်းပါကြီး လက်ထက် ရန်အောင်ဇေယျ ပုထိုးတော်ကြီးကို ဆောက်လုပ် လှူဒါန်းခရေ
Burmese:
ခေတ်ကာလ အပိုင်းအခြား။ ထင်ရှားသော ပုဂ္ဂိုလ် မင်းတစ်ပါးပါး၏ စိုးမိုး အုပ်ချုပ်သော ခေတ်ကာလ စသည် တစ်ခုခုကို အမှတ်အသား ပြု၍ ပိုင်းခြား ရည်ညွှန်းသည့် ကာလ၊၊ ဘုရင်မင်းပါကြီး လက်ထက် ရန်အောင်ဇေယျ ပုထိုးတော်ကြီးကို ဆောက်လုပ် လှူဒါန်းခဲ့သည်
English:
span of time associated with a personality - reign [as in ဘုရင်မင်းပါကြီး~၊ ဘုရား~တော်]
Grammar Note:
နာမ်
လက်ထက်ကပ်
[lɛʔtʰɛʔkaʔ]
Arakanese:
အဂုအဂု။ လက်ငင်း။ မဆိုင်းမငံ့
Burmese:
ယခုချက်ချင်း။ လက်ငင်း။ မဆိုင်းမငံ့
English:
immediately
Grammar Note:
ကြိယာဝိသေသန
လက်ထက်ပွား
[lɛʔtʰɛʔpWà]
Arakanese:
လင်မယားအဖြစ် ပေါင်းသင်းနီထိုင်ရားမှ ဖြစ်ထွန်းလာရေ ဝန်ဥစ္စာ
Burmese:
လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ပြီးမှ ဖြစ်ထွန်းလာသော ပစ္စည်းဥစ္စာ
English:
[Buddhist law] property acquired during the married life of a couple
Grammar Note:
နာမ်
လက်ထပ်မင်္ဂလာ
[lɛʔtʰaʔmŋ̇galà]
Arakanese:
အိမ်ထောင် ပြုရေ။ မင်္ဂလာ ဆောင်ရေ။ လင်မယား အဖြစ်နှင့် နိန်ရေ
Burmese:
အိမ်ထောင် ပြုသည်။ မင်္ဂလာ ဆောင်သည်။ လင်မယား အဖြစ်နှင့် နေသည်
English:
marry - wed
Grammar Note:
ကြိယာ
လက်ထပ်သင်
[lɛʔtʰaʔθɪ̀ɴ]
Arakanese:
တတက်ကပ် သင်ပီးရေ။ စာရီး သင်စ အချေ၏ လက်ကို ငုံ့ထပ်ကိုင်ပနာ ထိမ်းမြား ရီးသင်ရေ
Burmese:
အနီးကပ် သင်ပေးသည်။ စာရေး သင်စ ကလေး၏ လက်ကို ငုံ့ထပ်ကိုင်၍ လက်ထပ် ရေးသင်သည်
English:
teach
Grammar Note:
ကြိယာ
လက်ထိတ်
[lɛʔtʰeɪʔ]
Arakanese:
အပြစ်ဟိသူရို့အား ဖမ်းဆီး ချုပ်နှောင်ဖို့အတွက် လက်တဖက်ကိုသော် ပင်ဖြစ်ဖြစ်၊ နှစ်ဖက်ကိုသော် ပင်ဖြစ်ဖြစ် ကွင်းစွပ် လျှိုပိတ်ရန် ပြုလုပ်ထားရေ တန်ဆာပလာ
Burmese:
အပြစ်ယှိသူတို့အား ဖမ်းဆီး ချုပ်နှောင်ရန်အတွက် လက်တစ်ဖက်ကိုသော် လည်းကောင်း၊ နှစ်ဖက်ကိုသော် လည်းကောင်း ကွင်းစွပ် လျှိုပိတ်ရန် ပြုလုပ်ထားသော တန်ဆာပလာ
English:
manacles - handcuffs
Grammar Note:
နာမ်
လက်ထိလက်ရောက်
[lɛʔtʰìlɛʔɹɔ́ɛʔ]
Arakanese:
တက်စားထားပနာ ပြုလုပ်ခြင်း မဟုတ်ဘဲ လက်တွိ ကာယကံမြောက်။ ၂၊ ကိုယ့် လက်နှင့် ကိုင်တွယ်ဗျာယ် အရာပုဂ္ဂိုလ်၏ လက်သို့ ရောက်ရေ အထိ
Burmese:
ကိုယ်စားထား၍ ပြုလုပ်ခြင်း မဟုတ်ပဲ လက်တွေ့ ကာယကံမြောက်။ ၂၊ မိမိကိုယ်တိုင် လက်နှင့် ကိုင်တွယ်လျက် အခြားပုဂ္ဂိုလ်၏ လက်သို့ ရောက်သည် အထိ
English:
(deliver) by hand directly to the hand of the addressee (do sth)in person - (commit sth) physically
Grammar Note:
ကြိယာဝိသေသန
လက်ထိုးပန်း
[lɛʔtʰópáɴ]
Arakanese:
အထည်ထက်မာ အပ်ခြည် အဖြူအရဲ အစဟိစွာနန့် ပုံစံအမျိုးမျိုး ခြုပ်လုပ်သော ပန်းထိုးမျိုး
Burmese:
အထည်ပေါ်တွင် အပ်ချည် အဖြူအနီ စသည်ဖြင့် ပုံစံအမျိုးမျိုး ချုပ်လုပ်သော ပန်းထိုးမျိုး
English:
embroidery
Grammar Note:
နာမ်
လက်ထုတ်
[lɛʔtʰoʊʔ]
Arakanese:
ဓါတ်ပျက် ဝမ်းရောဂါမာ အခေါက်ကို ဆီးဖော်စပ်၍ အသုံးပြုရေ ဆီးဖက်ဝင် အပင်တမျိုး
Burmese:
ဝမ်းကိုက် ဝမ်းရောဂါတွင် အခေါက်ကို ဆေးဖော်စပ်၍ အသုံးပြုသော ဆေးဖက်ဝင် အပင်တစ်မျိုး
English:
herbal plant
Grammar Note:
နာမ်
လက်ထောက်
[lɛʔtʰɔ́ɛʔ]
Arakanese:
အကူအညီအဖြစ် လုပ်ဆောင်ရန် တာဝန် ထမ်းဆောင်သူ
Burmese:
အကူအညီအဖြစ် လုပ်ဆောင်ရန် တာဝန် ထမ်းဆောင်သူ
English:
assistant rising cf တံကူ (See illus. at လှေ)
Grammar Note:
နာမ်
လက်ထောက်ချာ့
[lɛʔtʰɔ́ɛʔɕà့]
Arakanese:
တဦးတယောက်၏ အကြောင်းအရာကို အထဲကျကျ သိသူ။ တဦးက အရာတဦးအား အသိပီးရေ။ လျှို့ဝှက် အထဲ သတင်းပီးသည်
Burmese:
တစ်ဦးတစ်ယောက်၏ အကြောင်းအရာကို အတွင်းကျကျ သိသူ။ တစ်ဦးက အခြားတစ်ဦးအား အသိပေးသည်။ လျှို့ဝှက် အတွင်း သတင်းပေးသည်
English:
give inside information give inside information contributing towards the commission of a crime one who is privy to personal and confidential metter
Grammar Note:
ကြိယာ