Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 221–240 of 1,963 words

    လ

    လက်ထွက်ခြည်

    [lɛʔtʰwɛʔkʰɹɛ]
    (လူ) ကိုယ့်ကိုယ်မာ ဗိုင်းတောင့်မှ ရစ်နန့် ကျစ်ယူရရေ ခြည်
    (လူ) မိမိကိုယ်တွင် ဗိုင်းတောင့်မှ ရစ်ဖြင့် ကျစ်ယူရသော ချည်
    handmade cotton
    နာမ်

    လက်နက်

    [lɛʔnɛʔ]
    လက်နန့် ထိုး၊ ခုတ်၊ ရိုက်၊ ပစ် ပြုလုပ်နှိုင်ရေ ကိရိယာဝန်
    လက်ဖြင့် ထိုး၊ ခုတ်၊ ရိုက်၊ ပစ် ပြုလုပ်နိုင်သော ကိရိယာပစ္စည်း
    weapon - arms [fig] weapon (fig) [as in သပိတ်~၊ သဘောတရား~]
    နာမ်

    လက်နန့်ဖဝါး

    [lɛʔnàɴ့pʰwàး]
    ဝန် ဥစ္စာမပါရာနန့် လက်မဲ့အနိန်နန့်။ အကျိုး တခုတရီ ဖြစ်ထွန်းခြင်း မဟိပဲ။ အခြည်းနှီး။ ဗလချိဗလချာ။ အသီးတပြွတ်၊ ပန်းတပြွတ်မှ၊ လက်ကိုင်မပါ၊ အိမ်သို့လာကာ၊ မျက်နှာမျက်ခွက်၊ မှုန်တက်တက်ကေ၊ လက်နန့်ဖဝါး၊ နို့တိုင်းဝယ်ကေ၊ ဖောက်စွာအရို့၊ ရောက်ငြားထပ်ထပ် (ပဒု
    ပစ္စည်း ဥစ္စာမပါပဲ လက်မဲ့အားဖြင့်။ အကျိုး တစ်စုံတစ်ရာ ဖြစ်ထွန်းခြင်း မယှိပဲ။ အချည်းနှီး။ အလကား။ သစ်သီးတစ်ခိုင်၊ ပန်းတစ်ခိုင်မှ၊ လက်ကိုင်မပါ၊ အိမ်ကိုလာကာ၊ မျက်နှာမျက်ခွက်၊ မှုန်တက်တက်ကေ၊ လက်နန့်ဖဝါး၊ နို့တိုင်းဝယ်ကေ၊ ဖောက်သည်များတို့၊ ရောက်ငြားထပ်ထပ် (ပဒု
    free
    ကြိယာဝိသေသန

    လက်နား

    [lɛʔná]
    မြစ်ကမ်း ဆင်ခြီလျှောမာ ပိုက်ချရန် ပြုလုပ်ထားရေ (ဗဝန်း၊ မြစ်ကွင်း) ခြံလမု ပိုက်ချ ကိရိယာ၏ အနားနှစ်ဖက်ကို ခေါ်သောစကား
    မြစ်ကမ်း ဆင်ခြေလျှောတွင် ငါးဖမ်းရန် ပြုလုပ်ထားသော (ဗဝန်း၊ မြစ်ကွင်း) ခြံလမု ငါးဖမ်း ကိရိယာ၏ အနားနှစ်ဖက်ကို ခေါ်သောစကား
    kind of bamboo fish trap laid across tidal creeks
    နာမ်

    လက်နားပေါက်

    [lɛʔnápaʊʔ]
    ရေပြည့်ရွှန်နိန်ရေအခါ ပိုလျှံနိန်ရေ ရေတိကို လွှဲ၍ ထုတ်ပစ်ရန် ရေလွှဲပေါက်။ ရီထုတ်ပေါက်
    ရေပြည့်လျှံနေသည့်အခါ ပိုလျှံနေသော ရေများကို လွှဲ၍ ထုတ်ပစ်ရန် ရေလွှဲပေါက်။ ရေထုတ်ပေါက်
    drain
    နာမ်

    လက်နှီး

    [lɛʔn̥ï]
    အတွိအကြုံ၊ အကိုင်အတွယ်၊ အသုံးအနှုန်း တိစွာ
    အတွေ့အကြုံ၊ အကိုင်အတွယ်၊ အသုံးအနှုန်း များသည်
    have experience
    ကြိယာ

    လက်ပံ

    [lɛʔpံ]
    လဲမှို့စာထွက်သော အသီးသီးသည့် ပင်လတ်တမျိုး
    လဲမှို့စာထွက်သော အသီးသီးသည့် ပင်လတ်တစ်မျိုး
    red silk cotton tree Salmalia malabarica
    နာမ်

    လက်ပစ်ကူး

    [lɛʔpɪʔkùး]
    မျက်နှာကို တပြန်စီ စောင်းပြီးကေ လက်တဖက်ကို ဟိကို ဆန့်ကားထုတ်ပနာ ယက်ကာယက်ကာ ရီကူးရေ
    မျက်နှာကို တစ်ပြန်စီ စောင်းလျက် လက်တစ်ဘက်ကို ရှေ့သို့ ဆန့်တန်းထုတ်၍ ယက်ကာယက်ကာ ရေကူးသည်
    swim the crawl
    ကြိယာ

    လက်ပစ်ခြီပစ်

    [lɛʔpɪʔkʰɹìpɪʔ]
    ညောတရိညာတရာ နွမ်းရိအတွက်နန့် လက်များ ဆက်ပနာ လှုပ်ရှားနိုင်စွမ်းမဟိ ဖြစ်တေ။ အင်အား ဆုတ်ယုတ် လျော့ပါးသည်
    ညောင်းညာ နွမ်းနယ်သောကြောင့် လက်များ ဆက်လက် လှုပ်ရှားနိုင်စွမ်းမယှိ ဖြစ်သည်။ အင်အား ဆုတ်ယုတ် လျော့ပါးသည်
    tired
    ကြိယာ

    လက်ပစ်ခြီပစ်ကျ

    [lɛʔpɪʔkʰɹìpɪʔt͡ɕ]
    ညောတရိညာတရာ နွမ်းရိအတွက်နန့် လက်များ ဆက်ပနာ လှုပ်ရှားနိုင်စွမ်းမဟိ ဖြစ်တေ။ အင်အား ဆုတ်ယုတ် လျော့ပါးသည်
    ညောင်းညာ နွမ်းနယ်သောကြောင့် လက်များ ဆက်လက် လှုပ်ရှားနိုင်စွမ်းမယှိ ဖြစ်သည်။ အင်အား ဆုတ်ယုတ် လျော့ပါးသည်
    tired
    ကြိယာ

    လက်ပံဇိုင်

    [lɛʔpံzàɪɴ]
    အညွန့်ဖျား ဖြစ်ရေ အခက်ကိုင်း။ အပွင့်ကိုခြွီ၊ သီးတံချီချ၊ လက်ပံဇိုင်မာ မကိုယ-လေ၊ မကိုယ (တေး)
    အညွန့်ဖျား ဖြစ်သော အခက်ကိုင်း။ အပွင့်ကိုခြွီ၊ သီးတံချီချ၊ လက်ပံဇိုင်မှာ မကိုယ-လေ၊ မကိုယ (တေး)
    none
    နာမ်

    လက်ပတ်ဖြူ

    [lɛʔpaʔpʰɹù]
    နိုင်ငံရီး ပြည်သူ့ရဲဘော် တခု၏ အဖွဲ့အသင်းကို ခေါ်သော အမည်
    နိုင်ငံရေး ပြည်သူ့ရဲဘော် တစ်ခု၏ အဖွဲ့အသင်းကို ခေါ်သော အမည်
    public police
    နာမ်

    လက်ပန်ပွတ်

    [lɛʔpàɴpwaʔ]
    အဝတ် ဖွပ်လျှော်ခြင်းနန့် အသက်မွီးသူ။ အထမ်းသည်
    အဝတ် ဖွပ်လျှော်ခြင်းဖြင့် အသက်မွေးသူ။ ခဝါသည်
    launderer - laundress
    နာမ်

    လက်ပမ်းသည်

    [lɛʔpáɴθɛ̀]
    ယောက်ျား တဦးနှင့် တဦးအား အစွမ်းပြိုင်၍ အနိုင် လုံးထွေး သတ်ပုတ်သည့် အတတ်။ ယင်းပိုင် သတ်ပုတ်ရေ ပွဲ
    ယောက်ျား တစ်ဦးနှင့် တစ်ဦးအား အစွမ်းပြိုင်၍ အနိုင် လုံးထွေး သတ်ပုတ်သည့် အတတ်။ ယင်းသို့ သတ်ပုတ်သည့် ပွဲ
    wrestler
    နာမ်

    လက်ပိုက်

    [lɛʔpaɪʔ]
    လက်နှစ်ဘက် တန်းတောင်ကို ကွေးယှက်ကာ ရင်ဖတ်ထက်မာ တင်ထားရေ
    လက်နှစ်ဘက် တံတောင်ဆစ်ကို ကွေးယှက်ကာ ရင်ဘတ်ပေါ်တွင် တင်ထားသည်
    fold one’s arms
    ကြိယာ

    လက်ပိုက်ကြည့်

    [lɛʔpaɪʔt͡ɕɛ့̀]
    (နမူနာ) တခုတရီမှ ပြောဆို ပြုလုပ်ခြင်းမဟိပဲ ဖယ်ယှောင်နီရေ။ လူလုပ်စွာကို အေလိုက်တိုင်း လက်ပိုက်ကြည့် နီကတ်တေ (အရပ်)
    (ဥပမာ) တစ်စုံတစ်ခုမှ ပြောဆို ပြုလုပ်ခြင်းမယှိပဲ ရှောင်ဖယ်နေသည်။ လူလုပ်စွာကို အေလိုက်တိုင်း လက်ပိုက်ကြည့် နီကတ်တေ (အရပ်)
    [fig.] look on with indifference
    ကြိယာ

    လက်ပုန်းကျား

    [lɛʔpóʊɴt͡ɕá]
    လက်ခွအကြား (လက်ကတီးအကြား)၌ အဖြူကွက်ပါရေ ကျွဲ၊ နွား
    လက်ခွအကြား (လက်ကတီးအကြား)၌ အဖြူကွက်ပါသော ကျွဲ၊ နွား
    (of cattle) axilla - armpit
    နာမ်

    လက်ပုန်းသီး

    [lɛʔpóʊɴθï]
    (ဥပစာ) လူတိကိုထိပါးရန် လျှို့ဝှက် ကြံစည်ချက်
    (ဥပစာ) သူတစ်ပါးကို ထိပါးရန် လျှို့ဝှက် ကြံစည်ချက်
    secret
    နာမ်

    လက်ပူး

    [lɛʔpùး]
    လက်ချောင်း ငါးချောင်းထက် အပိုပေါက်သော လက်ချောင်းငယ်
    လက်ချောင်း ငါးချောင်းထက် အပိုပေါက်သော လက်ချောင်းငယ်
    extra finger - sexidigitate digit Also တက်ပူး
    နာမ်

    လက်ပူတိုက်

    [lɛʔpùtaɪʔ]
    လက်ဝါးချင်း ပြင်းပြင်း ပွတ်ပနာ ဖြစ်ပေါ်သော အပူဟိန်နန့် ထိခိုက် ရမ်းရာကို ဖိအုံပီးရေ။ ကျပ်ပူတိုက်သည်
    လက်ဝါးချင်း ပြင်းပြင်း ပွတ်၍ ဖြစ်ပေါ်သော အပူငွေ့ဖြင့် ထိခိုက် ရောင်ရမ်းရာကို ဖိအုံပေးသည်။ ကျပ်ပူတိုက်သည်
    do a quick fix just to meet and urgent need
    ကြိယာ