Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 241–260 of 1,963 words

    လ

    လက်ပူးလက်ကပ်

    [lɛʔpùးlɛʔkaʔ]
    ကျပ် လက်ငင်း ဟိဆိုင်။ မျက်မြင် တပ်အပ်
    ကျပ် လက်ငင်း ရင်ဆိုင်။ မျက်မြင် တပ်အပ်
    (catch sb or be caught) in the very act (red-handed)
    ကြိယာဝိသေသန

    လက်ပေါက်

    [lɛʔpaʊʔ]
    နှဲ၊ ပလွီ အစဟိစွာရို့၏ တံပွတ် (ပြောင်းတံ)မာ လိုရာ အသံထွက်ရန် ဖွင့်ပိတ်ပနာ ရနှိုင်ယောင် ဖောက်ထားရေ့ အပေါက်။ (နှဲပေါက်၊ ပလွီပေါက်၊ စောင်းပေါက် အစဟိစွာနန့် သုံးရေ။
    နှဲ၊ ပုလွေ စသည်တို့၏ တံပွတ် (ပြောင်းတံ)တွင် လိုရာ အသံထွက်ရန် ဖွင့်ပိတ်၍ ရနိုင်အောင် ဖောက်ထားသည့် အပေါက်။ (နှဲပေါက်၊ ပုလွေပေါက်၊ စောင်းပေါက် စသည်ဖြင့် သုံးသည်။
    (wood wind instruments) finger hole virtuosity of an instrumentalist
    နာမ်

    လက်ပေါက်ရှာ

    [lɛʔpaʊʔʃà]
    ကြုံရာ (လုပ်ကိုင် စားသောက်ရီ။) အကျွန့်ရို့မာ အမှုထမ်း အရာထမ်းမဟိ၊ ဝယ်ခြမ်းလို့လိ့ မရောင်းစားနိုင်၊ ယင်းပိုင် လက်ပေါက်ရှာ ပြီးကေ စားသောက် ကတ်ပါရေဗျာယ် (အရပ်)
    ကြုံရာ (လုပ်ကိုင် စားသောက်သည်။) အကျွန့်ရို့မှာ အမှုထမ်း အရာထမ်းမဟိ၊ ဝယ်ခြမ်းလို့လည်း မရောင်းစားနိုင်၊ ယင်းပိုင် လက်ပေါက်ရှာ ပြီးကေ စားသောက် ကတ်ပါရေဗျာယ် (အရပ်)
    take up any job that comes by
    ကြိယာဝိသေသန

    လက်ပေါက်လုပ်

    [lɛʔpaʊʔloʊʔ]
    ရင်းနှီးရန် ငွီကြီး အပိုအလျှံမဟိပဲ ကိုယ့်အနိန်နန့် ကိုယ်လုပ်ကိုင် ရသမျှကို မှီခို သုံးစွဲ စားသောက်နိန်ရသူ
    ရင်းနှီးရန် ငွေကြေး အပိုအလျှံမယှိပဲ ကိုယ့်အားဖြင့် ကိုယ်လုပ်ကိုင် ရသမျှကို မှီခို သုံးစွဲ စားသောက်နေရသူ
    dependant
    နာမ်

    လက်ပါခြီပါ

    [lɛʔpàkʰɹìpà]
    (နမူနာ) အစွမ်းဟိ သလောက်။ ဇကုန်
    (ဥပမာ) အစွမ်းယှိ သလောက်။ အစွမ်းကုန်
    utmost
    ကြိယာဝိသေသန

    လက်ပါခြီပါ၂

    [lɛʔpàkʰɹìpà၂]
    စိတ်အလို ဟိသည့်အတိုင်း လောက်အောင် စိတ်ဟိလက်ဟိ။ မောင်သာဖြူ စကားပြောကေလည်း အားရပါးရ လက်ပါခြီပါ ပြောတတ်တေ (အရပ်)
    စိတ်အလို ယှိသည့်အတိုင်း ပြည့်ဝအောင် စိတ်ယှိလက်ယှိ။ မောင်သာဖြူ စကားပြောကေလည်း အားရပါးရ လက်ပါခြီပါ ပြောတတ်တေ (အရပ်)
    as much as one wishes
    ကြိယာဝိသေသန

    လက်ပါးစေ

    [lɛʔpàးsè]
    အမှုငယ် လုပ်ကိုင်ပီးဖို့ နံဖီးအပါး၌နီသူ။ အငှားသမား
    အမှုသေးငယ် လုပ်ကိုင်ပေးရန် အနီးအပါး၌နေသူ။ အစေခံ
    personal servant - lackey
    နာမ်

    လက်ပျက်လိုက်

    [lɛʔprɛʔlaɪʔ]
    လက်ချောင်းနှစ်ခုရို့၏ ခွကြား၌ ဖြစ်တတ်ရေ အနာ
    လက်ချောင်းနှစ်ခုတို့၏ ခွကြား၌ ဖြစ်တတ်သော အနာ
    scapies
    နာမ်

    လက်ပျင်းလိုက်

    [lɛʔprɪ́ɴlaɪʔ]
    လက်ချောင်းများ (လျှပ်စစ်ကာ ရန်းလိုက်ပိုင်) မခံသာယောင် တောင့်တင်း တက်ကြွမှု ဝေဒနာကို ခံစားရမိခြင်း
    လက်ချောင်းများ (လျှပ်စစ်ကာ ရန်းလိုက်သကဲ့သို့) မခံသာအောင် တောင့်တင်း တက်ကြွမှု ဝေဒနာကို ခံစားရမိခြင်း
    (of hand muscles) be seized with cramps
    နာမ်

    လက်ပျဉ်း

    [lɛʔprɪ́ɴ]
    လက်မောင်းရင်း၌ အောက်ကို ပျိုင်းတွဲ ကျနီသော အရီပြား
    လက်မောင်းရင်း၌ အောက်သို့ ပျဉ်းတွဲ ကျနေသော အရေပြား
    triceps
    နာမ်

    လက်ပြခြီပြ

    [lɛʔpɹkʰɹìpɹ]
    တခုတရီကို လျှို့ဝှက် ရိပ်ခြေ သိဟိအောင် လက်ခြေရို့ကို လှုပ်ရှားပြရေ။ ၂၊ ဟန်အမူအရာနန့် လက်ခြေရို့ကို သရုပ်ပေါ် လွင်အောင် လှုပ်ရှားပြရေ
    တစ်စုံတစ်ရာကို လျှို့ဝှက် ရိပ်ခြေ သိယှိအောင် လက်ခြေတို့ကို လှုပ်ရှားပြသည်။ ၂၊ ဟန်အမူအရာဖြင့် လက်ခြေတို့ကို သရုပ်ပေါ် လွင်အောင် လှုပ်ရှားပြသည်
    gesticulate - gesture
    ကြိယာ

    လက်ပြန်

    [lɛʔpɹàɴ]
    လက်ကို နောက်ကျောဘက်ကို ထားဗျာယ်။ ၂၊ လက်အလိုက်သင့် မဟုတ်ဘဲ စောင်းရွေ့ဗျာယ်။ လက်လှည့် မသင့်ပဲ ဖြစ်ရေအနိန်နန့်
    လက်ကို နောက်ကျောဘက်သို့ ထားလျက်။ ၂၊ လက်အလိုက်သင့် မဟုတ်ဘဲ စောင်းရွေ့လျက်။ လက်လှည့် မသင့်ပဲ ဖြစ်သောအားဖြင့်
    (pour sth or strike) with a backhanded movement (pass or throw) backward over ones shoulder
    ကြိယာဝိသေသန

    လက်ပြန်သည်

    [lɛʔpɹàɴθɛ̀]
    ကုန်စည် လက်ကား ရောင်းချသူ။ (ငါးဗျာရီ၊ ဟင်းဗျာရီ၊ ကွင်းဗျာရီ အစဟိစွာနန့်ရာ အသုံးဟိရေ။) ၂၊ ကုန်ဝန်ကို တဆင့်ယူပနာ ရောင်းသူ
    ကုန်စည် လက်ကား ရောင်းချသူ။ (ငါးဗျာရီ၊ ဟင်းဗျာရီ၊ ကွင်းဗျာရီ စသည်ဖြင့်သာ အသုံးယှိသည်။) ၂၊ ကုန်ပစ္စည်းကို တစ်ဆင့်ယူ၍ ရောင်းသူ
    wholesale
    နာမ်

    လက်ပြောင့်

    [lɛʔpɹàʊɴ့]
    လက်တည့်သော
    လက်တည့်သော
    be a marksman
    နာမဝိသေသန

    လက်ပြောင်းလက်ပြန်

    [lɛʔpɹáʊɴlɛʔpɹàɴ]
    ပိုင်ဆိုင်သူ တနည်း ကိုင်တွယ်သူ အဆင့်ဆင့် ပြောင်းလဲမှု
    ပိုင်ဆိုင်သူ သို့မဟုတ် ကိုင်တွယ်သူ အဆင့်ဆင့် ပြောင်းလဲမှု
    change of hands or transfer of ownership
    နာမ်

    လက်ပွတ်သီး

    [lɛʔpwaʔθï]
    လက်ဝါးပြင်နှစ်ခုနန့် ဖိပွတ်တိုက်ပနာ စားရရေ သစ်သီးတမျိုး
    လက်ဝါးပြင်နှစ်ခုဖြင့် ဖိပွတ်တိုက်၍ စားရသော သစ်သီးတစ်မျိုး
    kind of fig Ficus cunia [Mon ကဒေါတ်]
    နာမ်

    လက်ပွီးတီး

    [lɛʔpwïtï]
    လက်မနှင့် လက်ခလယ် ထိပ်ချင်း ဖိပွတ်ခြင်းနန့် လက်ခလယ်ဖျားက အားအချိန် လွန်ကာ လက်ဖနောင့်သို့ ရိုက်ခတ်မိရေ အသံ
    လက်မနှင့် လက်ခလယ် ထိပ်ချင်း ဖိပွတ်ခြင်းဖြင့် လက်ခလယ်ဖျားက အားအချိန် လွန်ကာ လက်ဖနောင့်သို့ ရိုက်ခတ်မိသည့် အသံ
    snap one’s finger
    နာမ်

    လက်ပွီးသတ်

    [lɛʔpwïθaʔ]
    တဦးနှင့်တဦး လက်သီးစွမ်းပြိုင်၍ အနိုင်ထိုးသတ်သီာ အတတ်။ ယင်းပိုင် ထိုးသတ်သီာ ပွဲ။ လှီကစပ်တေ၊ မြစ်၏ပြည့်၊ မွမ်းဖျင်မျှ၊ လက်ပွီးလျင်သတ် ကတ်ရာ ပတ်ဆိုင်းတီးပြီးကေ ထဗျာယ်ကကတ်ပါ၏ (ဗမာချီ)
    တစ်ဦးနှင့်တစ်ဦး လက်သီးစွမ်းပြိုင်၍ အနိုင်ထိုးသတ်သော အတတ်။ ယင်းသို့ ထိုးသတ်သော ပွဲ။ လှီကစားသည်၊ မြစ်၏ပြည့်၊ မွမ်းဖျင်မျှ၊ လက်ပွီးလျင်သတ် ကြရာ ပတ်ဆိုင်းတီး၍ ထလျက်ကကြပါ၏ (ဗမာချီ)
    martial art
    နာမ်

    လက်ဖနောင့်

    [lɛʔpʰna̰ʊɴ]
    ဖောင်းမို့နိန်ရေ လက်ဝါးပြင်၏ အရင်းပိုင်း
    ဖောင်းမို့နေသော လက်ဝါးပြင်၏ အရင်းပိုင်း
    heel of the hand
    နာမ်

    လက်ဖံရိုး

    [lɛʔpʰံɹó]
    တန်းတောင်က လက်ကောက်ဝတ်အထိ အစိတ်အပိုင်း
    တံတောင်ဆစ်မှ လက်ကောက်ဝတ်အထိ အစိတ်အပိုင်း
    forearm
    နာမ်