Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 261–280 of 1,963 words

    လ

    လက်ဖဝါး

    [lɛʔpʰwàး]
    လက်ငါးချောင်း အရင်းနှင့် လက်ဖနောင့် အထဲဘက် မျက်နှာပြင်
    လက်ငါးချောင်း အရင်းနှင့် လက်ဖနောင့် အတွင်းဘက် မျက်နှာပြင်
    palm - thenar
    နာမ်

    လက်ဖဝါးသည်း

    [lɛʔpʰwàးθɛ́]
    လက်ဝါးပြင် အလယ်တည့်တည့် စိကေချေ ခွက်ပနာပျင်ဗျာယ် ခွက်နိန်ရေ အရာ
    လက်ဝါးပြင် အလယ်တည့်တည့် အနည်းငယ် ချိုင့်၍ ခွက်နေသော အရာ
    palm (of the hand) handbreadth
    နာမ်

    လက်ဖား

    [lɛʔpʰá]
    ရောင်းဝယ်ရာမာ အပိုရရေ စိကေချေလောင်းာက်သာ အရာ။ ၂၊ ဝန် ဝယ်ယူရာမာ သီးသန့် အပိုပီးရေ အရာဝတ္တု
    ရောင်းဝယ်ရာတွင် အပိုရသော အနည်းငယ်မျှသာ အရာ။ ၂၊ ပစ္စည်း ဝယ်ယူရာတွင် သီးသန့် အပိုပေးသော အရာဝတ္တု
    excess
    နာမ်

    လက်ဖျား

    [lɛʔpʰrá]
    ဗုံ၊ ပတ္တလား အစဟိစွာ့ တီးခတ်ရာမာ ညာဘက် အစွန်းဆုံးဖြစ်ရေ အရာ။ (မည်သည့် အရာမျိုးမဆို ညာဘက် အစွန်းဆုံးသည် ပင်လျှင် လက်ဖျား ဖြစ်ကတ်ောင်း။ လက်ရင်းလက်ဖျား နှိုင်းနိူင်းကြည့်ပါ။
    ဗုံ၊ ပတ္တလား စသည့် တီးခတ်ရာတွင် လက်ယာဘက် အစွန်းဆုံးဖြစ်သော အရာ။ (မည်သည့် အရာမျိုးမဆို လက်ယာဘက် အစွန်းဆုံးသည် ပင်လျှင် လက်ဖျား ဖြစ်ကြောင်း။ လက်ရင်းလက်ဖျား နှိုင်းယှဉ်ကြည့်ပါ။
    the additional bet to the original stakes - side bet cf လက်ရင်း
    နာမ်

    လက်ဖျားခါ

    [lɛʔpʰrákʰà]
    လက်ဖျား လှုပ်ခါလောက်ယောင်ထိ အံ့ဩရေ။ အထူး ပိုပြီးကေ အံ့ဩသည်
    လက်ဖျား လှုပ်ခါလောက်အောင်ထိ အံ့ဩသည်။ အထူး ပိုမို အံ့ဩသည်
    express amazement by flicking ones hand vigorously [ fig. ] marvel - show amazement - be awed
    ကြိယာ

    လက်ဖျားခါ၂

    [lɛʔpʰrákʰà၂]
    ပြုမူဆောင်ရွက်လိုသည့် ကိစ္စရပ်များဟိကေလေ့ ကြောက်ရွံ့အတွက်နန့် ဆက်ပနာ မဆောင်ရွက်ပဲ လက်လျှော့လိုက်ရေ။ ၂၊ နိူင်းပြိုင်မှု တခုခုမာ လက်လျော့ပနာ နိူင်းပြိုင်ဘက်အား အနိုင်ရစီရေ။ အယှုံးပီးရေ။ လက်မြှောက်သည်
    ပြုမူဆောင်ရွက်လိုသည့် ကိစ္စရပ်များယှိသော်လည်း ကြောက်ရွံ့သောကြောင့် ဆက်လက် မဆောင်ရွက်ပဲ လက်လျှော့လိုက်သည်။ ၂၊ ယှဉ်ပြိုင်မှု တစ်ခုခုတွင် လက်လျော့၍ ယှဉ်ပြိုင်ဘက်အား အနိုင်ရစေသည်။ အရှုံးပေးသည်။ လက်မြှောက်သည်
    express amazement by flicking ones hand vigorously [ fig. ] marvel - show amazement - be awed
    ကြိယာ

    လက်ဖျားဆွတ်

    [lɛʔpʰrásʰwaʔ]
    လွယ်လင့်တကူ။ အခက်အခဲမဟိပဲ
    လွယ်လင့်တကူ။ အခက်အခဲမယှိပဲ
    in readiness [as in ~စောင့်နီ] - opportunely - easily
    ကြိယာဝိသေသန

    လက်ဖျားဆွတ်၂

    [lɛʔpʰrásʰwaʔ၂]
    လူများ ကြိုးပမ်းမှုကို အခွင့်ကောင်း ယူဗျာယ်
    သူတစ်ပါး ကြိုးပမ်းမှုကို အခွင့်ကောင်း ယူလျက်
    to take occasion
    ကြိယာဝိသေသန

    လက်ဖျားဆွဲ

    [lɛʔpʰrásʰwɛ]
    မမာ့အား ချစ်ကြိုက်၍သော် ပင်ဖြစ်ဖြစ်၊ တယောက်တလီသော သူအား အကျိုးအကြောင်း အနိန်နန့် ပြောလိုရေတွက်နန့်သော် ပင်ဖြစ်ဖြစ် ဆွဲကိုင်သည်
    မိန်းမအား ချစ်ကြိုက်၍သော် လည်းကောင်း၊ တစ်စုံတစ်ယောက်သော သူအား အကျိုးအကြောင်း အားလျော်စွာ ပြောလို၍သော် လည်းကောင်း ဆွဲကိုင်သည်
    negotiate a business transaction by means of a code transmitted by the touching of the fingers between the two parties place a side bet
    ကြိယာ

    လက်ဖြစ်

    [lɛʔpʰɹɪʔ]
    (စက်နန့် မပြုလုပ်ဖိပဲ) ကိုယ့်လက်နန့် ပြုလုပ်သူ။ ကိုယ်တိုင် ကိုယ်ကျ ပြုလုပ်သူ။ ၂၊ လက်မှု ပညာစွမ်းအင် ထက်မြက်ခြင်း
    (စက်ဖြင့် မပြုလုပ်တော့ပဲ) မိမိလက်ဖြင့် ပြုလုပ်သူ။ ကိုယ်တိုင် ကိုယ်ကျ ပြုလုပ်သူ။ ၂၊ လက်မှု ပညာစွမ်းအင် ထက်မြက်ခြင်း
    handmade
    နာမ်

    လက်ဖြန့်

    [lɛʔpʰɹàɴ့]
    (တခုတရီ) ပီးဖို့ ပြောရေ။ တောင်းခံသည်
    (တစ်စုံတစ်ရာ) ပေးရန် ပြောသည်။ တောင်းခံသည်
    [fig.] beg for sth from someone - ask for
    ကြိယာ

    လက်ဖွီး

    [lɛʔpʰwï]
    ယောက်ျား တဦးနှင့်တဦး အားအစွမ်းပြိုင်၍ အနိုင်လုံး ထွေးသတ်ပုတ်သည့် အတတ်။ ယင်းပိုင် သတ်ပုတ်သည့်ပွဲ။ လက်ဖွီး လက်ပမ်း၊ များဝှမ်းလူသျှင် သဘင်ပွဲမ၊ ဆယ့်နှစ်လကို (ရှီးထုံး)
    ယောက်ျား တစ်ဦးနှင့်တစ်ဦး အားအစွမ်းပြိုင်၍ အနိုင်လုံး ထွေးသတ်ပုတ်သည့် အတတ်။ ယင်းသို့ သတ်ပုတ်သည့်ပွဲ။ လက်ဖွီး လက်ပမ်း၊ များဝှမ်းလူသျှင် သဘင်ပွဲမ၊ ဆယ့်နှစ်လကို (ရှေးထုံး)
    boxing - wrestle
    နာမ်

    လက်ဖွီးတိုက်

    [lɛʔpʰwïtaɪʔ]
    လက်မနှင့် လက်ခလယ် ထိပ်ချင်း ဖိပွတ်ခြင်းနန့် လက်ခလယ်ဖျားက အားအငေါင်းကာ လက်ဖနောင့်သို့ ရိုက်ခတ်မိရေ အသံ
    လက်မနှင့် လက်ခလယ် ထိပ်ချင်း ဖိပွတ်ခြင်းဖြင့် လက်ခလယ်ဖျားက အားအချိန်လွန်ကာ လက်ဖနောင့်သို့ ရိုက်ခတ်မိသည့် အသံ
    snap one’s finger
    နာမ်

    လက်ဖွီးတီး

    [lɛʔpʰwïtï]
    လက်မနှင့် လက်ခလယ် ထိပ်ချင်း ဖိပွတ်ခြင်းနန့် လက်ခလယ်ဖျားက အားအချိန် လွန်ကာ လက်ဖနောင့်သို့ ရိုက်ခတ်မိရေ အသံ
    လက်မနှင့် လက်ခလယ် ထိပ်ချင်း ဖိပွတ်ခြင်းဖြင့် လက်ခလယ်ဖျားက အားအချိန် လွန်ကာ လက်ဖနောင့်သို့ ရိုက်ခတ်မိသည့် အသံ
    snap one’s finger
    နာမ်

    လက်ဖွီးသတ်

    [lɛʔpʰwïθaʔ]
    တဦးနှင့်တဦး လက်သီး အစွမ်းပြိုင်၍ အနိုင်အထ ထိုးကြိတ် သတ်ပုတ်ကတ်တေ
    တစ်ဦးနှင့်တစ်ဦး လက်သီး အစွမ်းပြိုင်၍ အနိုင်အထ ထိုးကြိတ် သတ်ပုတ်ကြသည်
    boxing - wrestle
    ကြိယာ

    လက်ဖွဲ

    [lɛʔpʰwɛ]
    ဖီးရန် ကာဆီးရန်နှင့် အကျိုး အာနိသင် တခုတရီ ရဟိစီရန် လက်၊ လိုင်ဖင်း၊ ခါးအစဟိစွာရို့မာ ဆွဲဆင်ရန် ရွှီပြား၊ ငွီပြား အစဟိစွာ၌ စမ ချပြီးကေလိပ်၍ ခြည်နန့် ရစ်ဖွဲ့ထားရေ အဆောင်ဝန်။ ချင်းမ လက်ဖွဲ ထိုးလတ်တေ၊ မြိုမ လက်ဖွဲ ထိုးလတ်တေ (တေး)
    ဘေးရန် ကာဆီးရန်နှင့် အကျိုး အာနိသင် တစ်စုံတစ်ရာ ရယှိစေရန် လက်၊ လည်ပင်း၊ ခါးစသည်တို့၌ ဆွဲဆင်ရန် ရွှေပြား၊ ငွေပြား စသည်၌ အင်းကွက် ချကာလိပ်၍ ချည်ဖြင့် ရစ်ဖွဲ့ထားသော အဆောင်ပစ္စည်း။ ချင်းမ လက်ဖွဲ ထိုးလတ်တေ၊ မြိုမ လက်ဖွဲ ထိုးလတ်တေ (တေး)
    amulet to keep off evil goodwill gift
    နာမ်

    လက်ဖွဲ့

    [lɛʔpʰwé]
    တယောက်တလီသော သူ၏ မွီးနိ မင်္ဂလာ။ စုံဖက် မင်္ဂလာ အစဟိစွာ၌ ချမ်းရာကေ ချမ်းသာပိုင် ရွှီ၊ ငွီ၊ လယ်ယာ ဝတ္တုဝန် တခုခုနန့် ချီးမြှင့်သည်
    တစ်စုံတစ်ယောက်သော သူ၏ မွေးနေ့ မင်္ဂလာ။ ထိမ်းမြား မင်္ဂလာ စသည်၌ ချမ်းသာလျှင် ချမ်းသာသလို ရွှေ၊ ငွေ၊ လယ်ယာ ဝတ္တုပစ္စည်း တစ်ခုခုဖြင့် ချီးမြှင့်သည်
    give a present on such occasions as birthdays weddings etc
    ကြိယာ

    လက်ဗွီ

    [lɛʔbwí]
    လက်ချောင်း တိ၏ ထိပ်ဖျား၌ အသားပြင် အရီပြား ထက်မာ မြင်သာသော အရီးအကြောင်း။ ယင်းလက်ဖျားကို မင်သတ် လူး၍ စာရွက် အစဟိစွာအပေါ်၌ ဖိနှိပ်ခြင်းနန့် အမှတ်အသား ပေါ်ထင်ရစ်သော ပုံစံ
    လက်ချောင်း များ၏ ထိပ်ဖျား၌ အသားပြင် အရေပြား ပေါ်တွင် မြင်သာသော အရေးအကြောင်း။ ယင်းလက်ဖျားကို မင်သတ် လိမ်း၍ စာရွက် စသည်အပေါ်၌ ဖိနှိပ်ခြင်းဖြင့် အမှတ်အသား ပေါ်ထင်ရစ်သော ပုံစံ
    whorl on the finger pad fingerprint
    နာမ်

    လက်မ

    [lɛʔm]
    ဂျပ်ခုတ် ယက်လုပ်ရာမာ လက်ခတ်ပိုင် ခြည်မျှင် သိပ်သည်းစီရန် ခတ်သွင်းရရေ (နှစ်လက်မခွဲ၊ သုံးလက်မခန့်ဟိ) သစ်သားပြား
    ဂျပ်ခုတ် ယက်လုပ်ရာတွင် လက်ခတ်ကဲ့သို့ ချည်မျှင် သိပ်သည်းစေရန် ခတ်သွင်းရသည့် (နှစ်လက်မခွဲ၊ သုံးလက်မခန့်ယှိ) သစ်သားပြား
    thumb inch
    နာမ်

    လက်မကျခြီမကျ

    [lɛʔmt͡ɕkʰɹìmt͡ɕ]
    (ဥပစာ) အလွန် အလုပ်များရေ။ အလုပ် ရှုပ်သော
    (ဥပစာ) အလွန် အလုပ်များသော။ အလုပ် ရှုပ်သော
    busy
    နာမဝိသေသန