Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 301–320 of 1,963 words

    လ

    လက်မျက်စိ.

    [lɛʔmrɛʔsì.]
    လက်ကောက်ဝတ်၏ အပြင်စွန်ဟိ အရိုးဆစ် အဖု
    လက်ကောက်ဝတ်၏ အပြင်စွန်ယှိ အရိုးဆစ် အဖု
    the protruding carpal bone
    နာမ်

    လက်မျောက်

    [lɛʔmrɔ́ɛʔ]
    လက်အငြိမ် မနေပဲ မပြုသင့်ရာ ပြုရေ။ မစဉ်းမစားပဲ ပျက်စီးဖွယ် တခုခုကို အမှတ်မထင် ပြုမူရေ။ ၂၊ (ဥပစာ) ခိုးဝှက်သည်
    လက်အငြိမ် မနေပဲ မပြုသင့်ရာ ပြုသည်။ မစဉ်းမစားပဲ ပျက်စီးဖွယ် တစ်ခုခုကို အမှတ်မထင် ပြုမူသည်။ ၂၊ (ဥပစာ) ခိုးဝှက်သည်
    toy with things - fiddle with things [ fig. ] have kleptomaniacal tendency
    ကြိယာ

    လက်မျောက်ခြီမျောက်

    [lɛʔmrɔ́ɛʔkʰɹìmrɔ́ɛʔ]
    ကကောင်းလျင် သွက်လက်စွာ။ (မကောင်းရေ အရာမာ အသုံး တိစွာ။) အဲ…လက်မျိုးက် ခြီမျိုးက် လုပ်ပစ်ခီဗျာယ် (အရပ်)
    လျင်မြန် သွက်လက်စွာ။ (မကောင်းသည့် အရာ၌ အသုံး များသည်။) အဲ…လက်မျောက် ခြီမျောက် လုပ်ပစ်ခီဗျာယ် (အရပ်)
    quickly
    ကြိယာဝိသေသန

    လက်မြှောက်

    [lɛʔmɹ̯ɔ́ɛʔ]
    (ဥပစာ) အယှုံးပီးရေ။ လက်နက်ချရေ။ နိူင်းပြိုင်မှု တခုခု မာ လက်လျော့ပနာ နိူင်းပြိုင်ဘက်အား အနိုင်ရစီရေ
    (ဥပစာ) အရှုံးပေးသည်။ လက်နက်ချသည်။ ယှဉ်ပြိုင်မှု တစ်ခုခု တွင် လက်လျော့၍ ယှဉ်ပြိုင်ဘက်အား အနိုင်ရစေသည်
    [fig.] give up - surrender
    ကြိယာ

    လက်မွန်

    [lɛʔmʊ̀ɴ]
    ပထမ ရှီးဦးစွာ
    ပထမ ရှေးဦးစွာ
    first
    ကြိယာဝိသေသန

    လက်မွန်၂

    [lɛʔmʊ̀ɴ၂]
    အစဦး ပထမဖြစ်ရေ။ လက်မွန် အစ ပထမလည်းဖြစ်ရေ
    အစဦး ပထမဖြစ်သော။ လက်မွန် အစ ပထမလည်းဖြစ်သော
    first
    နာမဝိသေသန

    လက်မှတ်

    [lɛʔm̥aʔ]
    တာဝန်ဟိသူရို့က တယောက်ယောက်၏ ပြုလုပ် ဆောင်ရွက်နိုင်မှု ကိုယ်စွမ်း ဉာဏ်စွမ်း စစွာကို အသိအမှတ်ပြုပနာ ထုတ်ပီးထားရေ စာရွက်၊ ကတ်ပြား၊ အမှတ်အသား အစဟိစွာ
    တာဝန်ရှိသူတို့က တစ်စုံတစ်ဦး၏ ပြုလုပ် ဆောင်ရွက်နိုင်မှု ကိုယ်စွမ်း ဉာဏ်စွမ်း စသည်ကို အသိအမှတ်ပြု၍ ထုတ်ပေးထားသော စာရွက်၊ ကတ်ပြား၊ အမှတ်အသား စသည်
    certificate of qualification (as in အောင်~) ticket (as in မီးရထား~၊ ဘိုင်စကူ~) ones signature
    နာမ်

    လက်မှိုင်ကျ

    [lɛʔm̥àɪɴt͡ɕ]
    မျှော်လင့်ချက် မဟိပြီဟု စိတ်အားလျော့ရေ။ အကြံအစည် သတ္တိ ကုန်ရာဟု ထင်မြင် ယူဆသည်
    မျှော်လင့်ချက် မယှိပြီဟု စိတ်အားလျော့သည်။ အကြံအစည် သတ္တိ ကုန်ပြီဟု ထင်မြင် ယူဆသည်
    give up in despair
    ကြိယာ

    လက်မှု

    [lɛʔm̥oʊ]
    လက်နန့် လုပ်ကိုင် ဆောင်ရွက်သော လုပ်ငန်း။ လက်နန့် ပြုလုပ် ဆောင်ရွက်ခြင်း
    လက်ဖြင့် လုပ်ကိုင် ဆောင်ရွက်သော လုပ်ငန်း။ လက်ဖြင့် ပြုလုပ် ဆောင်ရွက်ခြင်း
    handiwork
    နာမ်

    လက်မှုပညာ

    [lɛʔm̥oʊpɲà]
    လက်နန့် ပြုလုပ် ဆောင်ရွက်သော အတတ် အမျိုးမျိုး
    လက်ဖြင့် ပြုလုပ် ဆောင်ရွက်သော အတတ် အမျိုးမျိုး
    art craft or trade requiring manual skill - handicraft
    နာမ်

    လက်ယက်တွင်း

    [lɛʔjɛʔtwɪ́ɴ]
    မြစ်၊ ချောင်း သဲပြင်ရှည်၌ လက်နန့်ယက်၍ တူးဖော် ထားရေ ရီကြိုင်သဲမား
    မြစ်၊ ချောင်း သဲသောင်ပြင်၌ လက်ဖြင့်ယက်၍ တူးဖော် ထားသော ရေကြည်သဲတွင်း
    hands cooped waterhole
    နာမ်

    လက်ယက်ရည်

    [lɛʔjɛʔɹɛ̀]
    တဗျင်း ကြွယ်ပွားရေလို့ ဆိုရလောက်ယောင်
    များများစားစား ကြွယ်ပွားသည်ဟု ဆိုရလောက်အောင်
    rich
    ကြိယာဝိသေသန

    လက်ယင်

    [lɛʔjɪ̀ɴ]
    လက်၏ လှုပ်ရှား ဆောင်ရွက်မှု ကကောင်းလျင်သော။ ၂၊ (ဥပစာ) လုပ်ကိုင် ဆောင်ရွက်မှု ပေါ့ပါး ကကောင်းလျင်သော။ ၃၊ လူတိကိုအလွယ်ချေ ပုတ်ခတ်ထိပါး တတ်ရေ
    လက်၏ လှုပ်ရှား ဆောင်ရွက်မှု လျင်မြန်သော။ ၂၊ (ဥပစာ) လုပ်ကိုင် ဆောင်ရွက်မှု ပေါ့ပါး လျင်မြန်သော။ ၃၊ သူတစ်ပါးကို အလွယ်တကူ ပုတ်ခတ်ထိပါး တတ်သော
    quick
    နာမဝိသေသန

    လက်ယင်ခြီယင်

    [lɛʔjɪ̀ɴkʰɹìjɪ̀ɴ]
    ကကောင်းလျင် သွက်လက်စွာ
    လျင်မြန် သွက်လက်စွာ
    quick to act
    ကြိယာဝိသေသန

    လက်ယင်လိုက်

    [lɛʔjɪ̀ɴlaɪʔ]
    အတီးအမှုတ် အစဟိစွာမာ လက်စွမ်း ပေါက်ရောက်ရေ။ ၂၊ စာရီးရာမာ များများအယင် ရီးနှိုင်ရေ
    အတီးအမှုတ် စသည်တွင် လက်စွမ်း ပေါက်ရောက်သည်။ ၂၊ စာရေးရာ၌ များများမြန်မြန် ရေးနိုင်သည်
    professional in instrumental music
    ကြိယာ

    လက်ယဉ်

    [lɛʔjɪ̀ɴ]
    တတ်ကျွမ်းသော။ အလိအကျင့် ရရေ။ အလုပ်တခုကို အမြဲတမ်း လုပ်နီကေ ယင်းအလုပ်ရေ လက်ယဉ် ရနီဗျာယ်မလား ယေ (အရပ်)
    ကျွမ်းကျင်သော။ အလေ့အကျင့် ရသော။ အလုပ်တစ်ခုကို အမြဲတမ်း လုပ်နီကေ ယင်းအလုပ်ရေ လက်ယဉ် ရနီဗျာယ်မလား ယေ (အရပ်)
    professional
    နာမဝိသေသန

    လက်ယဉ်လိုက်

    [lɛʔjɪ̀ɴlaɪʔ]
    တွိကြုံ ပြုလုပ်ဗလင်ဟိ နိန်ရေ။ အလိရရေ။ လိမ္မာ တတ်ကျွမ်းနိန်ရေ
    တွေ့ကြုံ ပြုလုပ်လေယှိ နေသည်။ အလေ့ရသည်။ လိမ္မာ ကျွမ်းကျင်နေသည်
    be a practiced hand
    ကြိယာ

    လက်ယဉ်သင့်

    [lɛʔjɪ̀ɴθɪ̀ɴ့]
    အခေါက်ခေါက် စွဲစိုက် ပြုလုပ်ခြင်းကြောင့် ရဟိလာရေ အကျင့်။ ဗုံကိုလေ့ တီးဖန်များလာကေ အမားမဟိ လက်ယဉ်သင့် နီဗျာယ် မလားယေ (အရပ်)
    အကြိမ်ကြိမ် စွဲစိုက် ပြုလုပ်ခြင်းကြောင့် ရယှိလာသော အကျင့်။ ဗုံကိုလည်း တီးဖန်များလာကေ အမှားမဟိ လက်ယဉ်သင့် နီဗျာယ် မလားယေ (အရပ်)
    be a practiced hand
    နာမ်

    လက်ယန်း

    [lɛʔjáɴ]
    အပြင်သို့ မကျူး ရောက်စီရန် လက်ကိုင်ရန် အကာပြု လုပ်ထားရေတန်း
    အပြင်သို့ မကျူး ရောက်စေရန် လက်ကိုင်ရန် အကာပြု လုပ်ထားသောတန်း
    railing
    နာမ်

    လက်ယန်း၂

    [lɛʔjáɴ၂]
    လူတိကိုအနှောင့်အယှက် ဖြစ်ယောင် ကိုယ်ချင်း မစာနာပဲ ထင်ရာ ပြုရေ။ အဆင်ခြင်မဲ့ပြုရေ။ ရမ်းသည်
    သူတစ်ပါးကို အနှောင့်အယှက် ဖြစ်အောင် ကိုယ်ချင်း မစာနာပဲ ထင်ရာ ပြုသည်။ အဆင်ခြင်မဲ့ပြုသည်။ ရမ်းသည်
    rash and wayward person
    ကြိယာ