Dictionary Entries
Showing 341–360 of 1,963 words
လ
လက်ရာ
[lɛʔɹà]
Arakanese:
တခုတရီကို လက်နန့် ထိကိုင်သနန့် ကျန်ရစ်ခရေ အမှတ်အသား အရီးအကြောင်း။ ၂၊ (နမူနာ) တယောက်တလီ၏ ပြုလုပ် ဆောင်ရွက်ချက်။ တယောက်တလီ၏ လက်မှု ပညာဆိုင်ရာ လုပ်ဆောင်ချက်
Burmese:
တစ်စုံတစ်ခုကို လက်ဖြင့် ထိကိုင်သဖြင့် ကျန်ရစ်ခဲ့သော အမှတ်အသား အရေးအကြောင်း။ ၂၊ (ဥပမာ) တစ်စုံတစ်ယောက်၏ ပြုလုပ် ဆောင်ရွက်ချက်။ တစ်စုံတစ်ယောက်၏ လက်မှု ပညာဆိုင်ရာ လုပ်ဆောင်ချက်
English:
finger or hand print [fig.] (someones) handiwork workmanship
Grammar Note:
နာမ်
လက်ရာခြီရာ
[lɛʔɹàkʰɹìɹà]
Arakanese:
တဦးတယောက် ပိုင်ဆိုင်ကြောင်း အမှတ်အသား
Burmese:
တစ်ဦးတစ်ယောက် ပိုင်ဆိုင်ကြောင်း အမှတ်အသား
English:
clue
Grammar Note:
နာမ်
လက်ရာမြောက်
[lɛʔɹàmɹɔ́ɛʔ]
Arakanese:
လက်ရာ ကောင်းမွန်ရေ
Burmese:
လက်ရာ ကောင်းမွန်သည်
English:
be of exquisite workmanship
Grammar Note:
ကြိယာ
လက်ရိပ်ပြ
[lɛʔɹìaʔpɹ]
Arakanese:
တခုတရီကို သိစီလိုမှုနန့် လက်၊ ခြေ အစဟိစွာ့ အမူအရာနန့် ပြရေ
Burmese:
တစ်စုံတစ်ရာကို သိစေလိုမှုဖြင့် လက်၊ ခြေ စသည့် အမူအရာဖြင့် ပြသည်
English:
give a covert signal with the hand
Grammar Note:
ကြိယာ
လက်ရိပ်လက်ခြီပြ
[lɛʔɹìaʔlɛʔkʰɹìpɹ]
Arakanese:
တခုတရီကို သိစီ လိုမှုဖြင့် လက်၊ ခြေအစဟိစွာ့ အမူအရာနန့် ပြရေ
Burmese:
တစ်စုံတစ်ရာကို သိစေ လိုမှုဖြင့် လက်၊ ခြေစသည့် အမူအရာဖြင့် ပြသည်
English:
give a covert signal with the hand
Grammar Note:
ကြိယာ
လက်ရိုး
[lɛʔɹó]
Arakanese:
ဘိုးဘွားစဉ်ဆက် လိုက်နာ ကျင့်သုံးလာခရေ အလိအထ။ ၂၊ ရှေးအစိုင်အဆက် ကိုးကွယ်ပသ လာခရေ နတ်
Burmese:
ဘိုးဘွားစဉ်ဆက် လိုက်နာ ကျင့်သုံးလာခဲ့သော အလေ့အထ။ ၂၊ ရှေးအစဉ်အဆက် ကိုးကွယ်ပသ လာခဲ့သော နတ်
English:
traditionally through past generation
Grammar Note:
နာမ်
လက်ရိုက်
[lɛʔɹaɪʔ]
Arakanese:
ဆောက်၊ စူး၊ စို့ စစွာကို ရိုက်ရန် သစ်သားနန့် ပြုလုပ်ထားရေ လက်ကိုင် ရိုက်တံပါ တမျိုး။ ထမ်းပိုး လက်ရိုက် မီးတိုက် မီးခတ်၊ မချန်လွတ်ပဲ (ဆဒ္ဒန်)
Burmese:
ဆောက်၊ စူး၊ စို့ စသည်ကို ရိုက်ရန် သစ်သားဖြင့် ပြုလုပ်ထားသော လက်ကိုင် ရိုက်တံပါ တစ်မျိုး။ ထမ်းပိုး လက်ရိုက် မီးတိုက် မီးခတ်၊ မချန်လွတ်ပဲ (ဆဒ္ဒန်)
English:
mallet
Grammar Note:
နာမ်
လက်ရိုင်
[lɛʔɹàɪɴ]
Arakanese:
သစ်သား ကျုံ့ယုံ့မှု လျော့ပါး၍ အသား သေစီရန် အလွယ်ချေ ခုတ်လှဲနိုင်ဖို့ အပင်၏ အောက်ခြီပိုင်းမှ ပင်လုံးကိုရစ်၍ အခွံ အကာတိကို ခုတ်ထစ် ခွါပစ်သည်
Burmese:
သစ်သား ကျုံ့ယုံ့မှု လျော့ပါး၍ အသား သေစေရန် အလွယ်တကူ ခုတ်လှဲနိုင်ရန် သစ်ပင်၏ အောက်ခြေပိုင်းမှ ပင်လုံးကိုရစ်၍ အခွံ အကာများကို ခုတ်ထစ် ခွါပစ်သည်
English:
chop
Grammar Note:
ကြိယာ
လက်ရိုင်း
[lɛʔɹáɪɴ]
Arakanese:
အတွိအကြုံ မဟိသိမ့်ရေ။ တခုတရီသော အလုပ်ကို လုပ်ဗလင့် လုပ်ထ မဟိသိမ့်ရေ
Burmese:
အတွေ့အကြုံ မယှိသေးသော။ တစ်စုံတစ်ခုသော အလုပ်ကို လုပ်လေ့ လုပ်ထ မယှိသေးသော
English:
no experience
Grammar Note:
နာမဝိသေသန
လက်ရီး
[lɛʔɹï]
Arakanese:
လက်နန့် ရီးသားသော စာလုံး အက္ခရာ အနိန်အထား ပုံစံ
Burmese:
လက်ဖြင့် ရေးသားသော စာလုံး အက္ခရာ အနေအထား ပုံစံ
English:
handwriting physical accomplishment - action
Grammar Note:
နာမ်
လက်ရီးမူ
[lɛʔɹïmù]
Arakanese:
ပုံနှိပ်ခြင်းကို မပြုရသိမ့်ရေ လက်နန့် ရီးရင်းစာမူ
Burmese:
ပုံနှိပ်ခြင်းကို မပြုရသေးသော လက်ဖြင့် ရေးရင်းစာမူ
English:
hand written script
Grammar Note:
နာမ်
လက်ရီးလက်သား
[lɛʔɹïlɛʔθá]
Arakanese:
လက်နန့် ရီးသားသော စာလုံး အက္ခရာ အနိန်အထား ပုံစံ
Burmese:
လက်ဖြင့် ရေးသားသော စာလုံး အက္ခရာ အနေအထား ပုံစံ
English:
handwriting physical accomplishment - action
Grammar Note:
နာမ်
လက်ရုံး
[lɛʔɹóʊɴ]
Arakanese:
မင်းကြမ်းရွှီဘန်းသည် ဘုန်းလက်ရုံးနန့် ပြည့်စုံသူ တယောက်။ ရေမထွက် မဝင်ရယောင် ပိတ်ဆီးဖို့ လုပ်ထားရေ မြေတန်း
Burmese:
မင်းသားကြီးရွှေဘန်းသည် ဘုန်းလက်ရုံးနှင့် ပြည့်စုံသူ တစ်ယောက်။ ရေမထွက် မဝင်ရအောင် ပိတ်ဆီးဖို့ လုပ်ထားသော မြေတန်း
English:
upperarm fighting ability [as in ဘုန်း~နှင့်ပြည့်စုံ] dependable person [as in ~ တစ်ဆူ အားကိုးတော်မူသော] handrail along the side of a boat [See illus at လှေ] handrail of a bullock cart [See illus at လှည်း] arm of a Myanmar harp [See illus at စောင်းက
Grammar Note:
နာမ်
လက်ရုံး၂
[lɛʔɹóʊɴ၂]
Arakanese:
ရခိုင်စပါး အမျိုးအမည်တခု
Burmese:
ရခိုင်စပါး အမျိုးအမည်တစ်ခု
English:
Type of rakhine’s paddy
Grammar Note:
နာမ်
လက်ရုံးတန်း
[lɛʔɹóʊɴtáɴ]
Arakanese:
ရက်ကန်းစင်မာ တိုင်ခြည်ရို့ကို ခံထားရေ ကုန်းဖြီ နှစ်ချောင်းနှင့် လက်ထိပ် အနားဟိ သစ်သားတန်း
Burmese:
ယက်ကန်းစင်တွင် တိုင်ချည်တို့ကို ခံထားသော ထုတ်တန်း နှစ်ချောင်းနှင့် လက်ထိပ် အနားယှိ သစ်သားတန်း
English:
none
Grammar Note:
နာမ်
လက်ရုံးတန်း၂
[lɛʔɹóʊɴtáɴ၂]
Arakanese:
(ဥပစာ) ကိုယ့် စွမ်းအားကို ယုံကြည်စွာ အားမာန် ကြားဝင့်ကာ ကြုံးဝါးရေ။ လာမှလာပါစီ နှက်ဖို့လို့ လက်ရုံးတန်းတော် မူသည် (ရှီးထုံး)
Burmese:
(ဥပစာ) မိမိ၏ စွမ်းအားကို ယုံကြည်စွာ အားမာန် ကြားဝင့်ကာ ကြုံးဝါးသည်။ လာမှလာပါစေ နှက်မည်ဟု လက်ရုံးတန်းတော် မူသည် (ရှေးထုံး)
English:
proclaim
Grammar Note:
ကြိယာ
လက်ရုံးရည်
[lɛʔɹóʊɴɹɛ̀]
Arakanese:
ခုခံ ကာကွယ်တိုက်ခိုက် အောင်မြင်နိုင်စွမ်း ဟိခြင်း အစဟိရေ ကာယစွမ်းရည်
Burmese:
ခုခံ ကာကွယ်တိုက်ခိုက် အောင်မြင်နိုင်စွမ်း ယှိခြင်း စသော ကာယစွမ်းရည်
English:
martial prowess - physical strength
Grammar Note:
နာမ်
လက်ရော
[lɛʔɹɔ́]
Arakanese:
တခုတရီ ပြုလုပ်ဖို့ လက်နန့် ချိန်ရွယ်သည်
Burmese:
တစ်စုံတစ်ခု ပြုလုပ်ရန် လက်ဖြင့် ချိန်ရွယ်သည်
English:
aim
Grammar Note:
ကြိယာ
လက်ရောက်
[lɛʔɹɔ́ɛʔ]
Arakanese:
တယောက်တလီသော သူ၏ လက်ထဲကို ရောက်ဟိသည့် အထိ
Burmese:
တစ်စုံတစ်ယောက်သော သူ၏ လက်ထဲသို့ ရောက်ယှိသည့် အထိ
English:
by hand - personally
Grammar Note:
ကြိယာဝိသေသန
လက်ရဲ
[lɛʔɹɛ]
Arakanese:
လူတိကိုအလွယ်ချေ ပုတ်ခတ် ထိပါးတတ်ရေ။ ၂၊ အတွိအကြုံများ သနန့် ရဲဝံ့စွာ လုပ်ကိုင်ရေ။ အတင့်ရဲသည်
Burmese:
သူတစ်ပါးကို အလွယ်တကူ ပုတ်ခတ် ထိပါးတတ်သည်။ ၂၊ အတွေ့အကြုံများ သဖြင့် ရဲဝံ့စွာ လုပ်ကိုင်သည်။ အတင့်ရဲသည်
English:
have the nerve to do sth - brashly and audaciously
Grammar Note:
ကြိယာ