Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 361–380 of 1,963 words

    လ

    လက်ရွန်

    [lɛʔɹʊ̀ɴ]
    ဆောင်ရွက် ပြုလုပ်သင့်စွာထက် ပိုပြီးကေ ပြုလုပ်မိရေ။ အဲ…ငါပြောစွာ လက်ရွန် လားခရေ မလားယေ (အရပ်)။ (သီကြီ ပျက်စီးကတ်ရရေ အထိ ကျူးလွန်မိခြင်းမျိုး၌ သုံးရေ။) ရွှီပြည်ဘုရင်၊ ဧကရာဇ်ကေ၊ ဖြစ်တုံကျင်ရေ၊ လုလင်သင်အား၊ ငါနောက်ထပ်လီ၊ လက်ရွန်မားလို့၊ ပျက်ပြားခန္ဓာ၊ သင့်မာသော်
    ဆောင်ရွက် ပြုလုပ်သင့်သည်ထက် ပိုမို ပြုလုပ်မိသည်။ အဲ…ငါပြောစွာ လက်ရွန် လားခရေ မလားယေ (အရပ်)။ (သေကြေ ပျက်စီးကြရသည် အထိ ကျူးလွန်မိခြင်းမျိုး၌ သုံးသည်။) ရွှေပြည်ဘုရင်၊ ဧကရာဇ်ကေ၊ ဖြစ်တုံကျင်ရေ၊ လုလင်သင်အား၊ ငါတဖန်လေ၊ လက်ရွန်မှားလို့၊ ပျက်ပြားခန္ဓာ၊ သင့်မှာသော်
    go beyond the limit (usually used when such action causes death ) be beyond retrieval redemption
    ကြိယာ

    လက်ရွန်ခြီရွန်

    [lɛʔɹʊ̀ɴkʰɹìɹʊ̀ɴ]
    လူတိ၏ သားမယားနှင့် မှောက်မားရေ။ အဲ …ငါကလေ့ မငွီဖြူနန့် လက်ရွန်ခြီရွန် ကျလှားခဗျာယ် အရာဇာပြောဖို့ သိလဲ (အရပ်)။ ၂၊ ပြောသင့် စွာထက် လွန်ကဲစွာ ပြောမိရေ။ အကျွန်ပြောစွာ လက်ရွန်ခြီရွန် ကျလှားခပါဗျာယ် အမားခံပါယင့် (အရပ်)
    သူတစ်ပါး၏ သားမယားနှင့် မှောက်မှားသည်။ အဲ …ငါကလည်း မငွေဖြူနန့် လက်ရွန်ခြီရွန် ကျလားခဗျာယ် အရာဇာပြောဖို့ သိလဲ (အရပ်)။ ၂၊ ပြောသင့် သည်ထက် လွန်ကဲစွာ ပြောမိသည်။ အကျွန်ပြောစွာ လက်ရွန်ခြီရွန် ကျလားခပါဗျာယ် အမှားခံပါယင့် (အရပ်)
    go beyond the limit (usually used when such action causes death ) be beyond retrieval redemption
    ကြိယာ

    လက်ရွီး

    [lɛʔɹwï]
    သီးသန့်ရွီးချယ် ထားရေ အရာ။ အမျိုးအစား ကောင်းမှန်သော ဝန်
    သီးသန့်ရွေးချယ် ထားသော အရာ။ အမျိုးအစား ကောင်းမှန်သော ပစ္စည်း
    selected or hand-picked people or things
    နာမ်

    လက်ရွီး၂

    [lɛʔɹwï၂]
    အဆက်အဆံ မပြုပဲ ပစ်ပယ် ထားရေ။ ယင်းတိုင်သျှင်ရို့စဏ္ဍလ အမျိုးနန့် မပေါင်း လက်ရွီး ရေ (အရပ်)
    အဆက်အဆံ မပြုပဲ ပစ်ပယ် ထားသည်။ ယင်းသူရို့စဏ္ဍလ အမျိုးနန့် မပေါင်း လက်ရွီး ရေ (အရပ်)
    forsake
    ကြိယာ

    လက်ရွီး၃

    [lɛʔɹwï၃]
    လက်နန့် ရီးသားသော စာလုံးအက္ခရာ အနိန်အထား ပုံစံ
    လက်ဖြင့် ရေးသားသော စာလုံးအက္ခရာ အနေအထား ပုံစံ
    handwriting
    နာမ်

    လက်ရွီးစင်

    [lɛʔɹwïsɪ̀ɴ]
    အမျိုးအစား၊ အရည်အခြင်း အစဟိစွာ့ အထဲက ရွီးချယ်ထားရေ ပုဂ္ဂိုလ်၊ အရာဝတ္တု
    အမျိုးအစား၊ အရည်အချင်း စသည့် အထဲမှ ရွေးချယ်ထားသော ပုဂ္ဂိုလ်၊ အရာဝတ္တု
    selected - choice - elite
    နာမ်

    လက်ရွီးမူ

    [lɛʔɹwïmù]
    ပုံနှိပ်ခြင်းကို မပြုရသိမ့်ရေ လက်နန့် ရီးရင်းစာမူ
    ပုံနှိပ်ခြင်းကို မပြုရသေးသော လက်ဖြင့် ရေးရင်းစာမူ
    handwriting
    နာမ်

    လက်ရွဲးပစ်

    [lɛʔɹwɛးpɪʔ]
    ခဲကိုကိုင်ပနာ တခုတရီကို ထိမှန်ယောင် လက်နှင့်ပစ်သည်
    ခဲကိုကိုင်၍ တစ်စုံတစ်ခုကို ထိမှန်အောင် လက်နှင့်ပစ်သည်
    throw
    ကြိယာ

    လက်ရွှတ်

    [lɛʔɹW̯aʔ]
    ပိုင်ဆိုင်ခွင့် စွန့်ရွှတ်ရေ။ တာဝန်ယူခြင်း ရပ်စဲရေ။ ၂၊ ကြိုးစား ဆောင်ရွက်နိုင်စရာ မဟိတော့ဟု မျှော်လင့်ချက် စွန့်ကာ လုပ်ဆောင်မှု ရပ်စဲရေ
    ပိုင်ဆိုင်ခွင့် စွန့်လွှတ်သည်။ တာဝန်ယူခြင်း ရပ်စဲသည်။ ၂၊ ကြိုးစား ဆောင်ရွက်နိုင်စရာ မယှိတော့ဟု မျှော်လင့်ချက် စွန့်ကာ လုပ်ဆောင်မှု ရပ်စဲသည်
    let go sth which is in ones possession - relinquish cease taking further responsibility - wash ones hands off give up - stop trying
    ကြိယာ

    လက်ရှက်

    [lɛʔʃɛʔ]
    လက်ရဟက် တခုတရီ ယူမည် ပြုဖို့လို့ ရွယ်ပြီးမှ နှစ်ပွင့်ဆိုင် ဆုံကျပနာ ယူခွင့်မသာပဲ ဖြစ်တေ
    လက်ရဟက် တစ်စုံတစ်ရာ ယူမည် ပြုမည်ဟု ရွယ်ပြီးမှ နှစ်ပွင့်ဆိုင် ဆုံကျ၍ ယူခွင့်မသာပဲ ဖြစ်သည်
    draw back ones hand in embarrassment ( when one is frustrated while reaching out for sth)
    ကြိယာ

    လက်ရှည်

    [lɛʔʃɛ̀]
    လက်ငြိမ်လို့မနိန်ဘဲ တိုင်းလို့မနိန်ဘဲ မပြုသင့်ရာ ပြုရေ။ မစဉ်းမစားပဲ ပျက်စီးဖွယ် တခုခုကို အမှတ်မထင် ပြုမူရေ။ ၂၊ (ဥပစာ) ခိုးဝှက်သည်
    လက်အငြိမ်မနေပဲ မပြုသင့်ရာ ပြုသည်။ မစဉ်းမစားပဲ ပျက်စီးဖွယ် တစ်ခုခုကို အမှတ်မထင် ပြုမူသည်။ ၂၊ (ဥပစာ) ခိုးဝှက်သည်
    toy with things - fiddle with things [ fig. ] have kleptomaniacal tendency - steal
    ကြိယာ

    လက်လံ

    [lɛʔlံ]
    ရက်ကန်းယက်ရာမာ ယောက်လုံးမှ ခြည်မျှင်ကို တိုင်မာ ရစ်ပတ်ရန် ဆွဲယူရရေ ထိပ်ဖျား၌ အပေါက် (အခွံ) ပါရေ တုတ်တံငယ်
    ယက်ကန်းယက်ရာ၌ ယောက်လုံးမှ ချည်မျှင်ကို တိုင်တွင် ရစ်ပတ်ရန် ဆွဲယူရသည့် ထိပ်ဖျား၌ အပေါက် (အခွံ) ပါသော တုတ်တံငယ်
    none
    နာမ်

    လက်လံ၂

    [lɛʔlံ၂]
    လေးတောင် တလံနန့်လံသော အတိုင်းအတာ
    လေးတောင် တစ်လံဖြင့်လံသော အတိုင်းအတာ
    fathom
    နာမ်

    လက်လက်

    [lɛʔlɛʔ]
    ထွန်းလင်း တောက်ပြောင်ရေ။ တတောဝင်လို့၊ တပြင်ထွက်ကေ၊ လက်လက်အရောင်၊ မောင်နန်းဆောင်က၊ ထွန်းပြောင်ပဝင်း (ဥဒိန်သာ)
    ထွန်းလင်း တောက်ပြောင်သည်။ တတောဝင်လို့၊ တပြင်ထွက်လျှင်၊ လက်လက်အရောင်၊ မောင်နန်းဆောင်က၊ ထွန်းပြောင်ပဝင်း (ဥဒိန်သာ)
    be ablaze
    ကြိယာ

    လက်လက်၂

    [lɛʔlɛʔ၂]
    မှိန်ခြည် လင်းခြည် ဖြစ်ဗျာယ်။ ထို-တောင်နားမာ မီးလက်လက် မြင်ရေကာ (အရပ်)
    မှိန်ချည် လင်းချည် ဖြစ်လျက်။ ထို-တောင်နားမှာ မီးလက်လက် မြင်ရေကာ (အရပ်)
    be glint
    ကြိယာဝိသေသန

    လက်လံတွား

    [lɛʔlံtWà]
    နွယ်ပင်မျိုး၌ ရှည်လျား သန်စွမ်းစွာ ထိုးထွက်သော ပင်တံရှည်။ နွယ်ပင်၏ အဆစ်အမျက်မှ ဖြာထွက်သော ကုပ်တွယ်ရန် နွယ်လက်တံ။ နှာမောင်း။ ဗူးပင်မာ အလိုက်တိုင်း အညွှန့်တိ လက်လံတွား နီကတ်တေ (အရပ်)
    နွယ်ပင်မျိုး၌ ရှည်လျား သန်စွမ်းစွာ ထိုးထွက်သော ပင်တံရှည်။ နွယ်ပင်၏ အဆစ်အမျက်မှ ဖြာထွက်သော ကုပ်တွယ်ရန် နွယ်လက်တံ။ နှာမောင်း။ ဗူးပင်မှာ အလိုက်တိုင်း အညွှန့်တိ လက်လံတွား နီကတ်တေ (အရပ်)
    tendril
    နာမ်

    လက်လယ်

    [lɛʔlɛ̀]
    လက်ငါးချောင်းမာ အလယ်ကျသော အရှည်ဆုံး လက်ချောင်း
    လက်ငါးချောင်းတွင် အလယ်ကျသော အရှည်ဆုံး လက်ချောင်း
    middle finger
    နာမ်

    လက်လိပ်

    [lɛʔlìaʔ]
    ရက်ကန်းစင်၌ ရက်ပြီးအထည်ကို ရစ်ပတ်၍ ထားရရေ အလျားရှည် သစ်သားလုံး။ ၂၊ သင်္ကန်းအစဟိစွာ လျော်ဖွပ်ပြီးကေ ခြောက်သွိချိန်မာ ပြန်သန့်စင်အောင် ပတ်၍ ထားရရေ သစ်သားလုံးငယ်
    ယက်ကန်းစင်၌ ရက်ပြီးအထည်ကို ရစ်ပတ်၍ ထားရသော အလျားရှည် သစ်သားလုံး။ ၂၊ သင်္ကန်းစသည် လျော်ဖွပ်ပြီးနောက် ခြောက်သွေ့ချိန်တွင် ပြန်သန့်စင်အောင် ပတ်၍ ထားရသော သစ်သားလုံးငယ်
    loom of roll wood
    နာမ်

    လက်လိပ်တင်

    [lɛʔlìaʔtɪ̀ɴ]
    ရက်ပြီးရေ ရက်ကန်းသား အထည်ကို လက်လိပ်မာ ထည့်လိပ်သည်
    ရက်ပြီးသော ယက်ကန်းသား အထည်ကို လက်လိပ်တွင် ထည့်လိပ်သည်
    spin by hand
    ကြိယာ

    လက်လိပ်တိုင်

    [lɛʔlìaʔtàɪɴ]
    ရက်ကန်းစင်မာ ခြည်လိပ်လုံးကို ထိုးရန် စိုက်ထားရေ စင်ဦးဟိ တိုင်တိုတမျိုး။ ၂၊ ခြည်ရစ်သော ခုံပေါ်၌ ရစ်ဘီး တပ်ဆင်ရန် စိုက်ထားရေ တိုင်ငယ်
    ယက်ကန်းစင်တွင် ချည်လိပ်လုံးကို ထိုးရန် စိုက်ထားသော စင်ဦးယှိ တိုင်တိုတစ်မျိုး။ ၂၊ ချည်ရစ်သော ခုံပေါ်၌ ရစ်ဘီး တပ်ဆင်ရန် စိုက်ထားသော တိုင်ငယ်
    pillar wood ( on a loom)
    ကြိယာ