Dictionary Entries
Showing 21–40 of 1,963 words
လ
လက်ကန့်
[lɛʔkàɴ့]
Arakanese:
ဆိုးဝါးသော ကျွဲ၊ နွား၊ ဆိတ် အစဟိစွာရို့၏ လိုင်ဖင်း၌ ၂၊ ၃၊ ၄ တောင် ခန့်ဟိ ကန့်လန့်ချိတ်ဆွဲ ထားရေ တုတ်ချောင်းအချေ
Burmese:
ဆိုးဝါးသော ကျွဲ၊ နွား၊ ဆိတ် စသည်တို့၏ လည်ပင်း၌ ၂၊ ၃၊ ၄ တောင် ခန့်ယှိ ကန့်လန့်ချိတ်ဆွဲ ထားသော တုတ်ချောင်းကလေး
English:
be bolt the stick on neck of bad animals
Grammar Note:
နာမ်
လက်ကာ
[lɛʔkà]
Arakanese:
မလိုလား အလိုမဟိစွာကို ပြရေ။ ဟန့်ရေ။ မြစ်ရေ။ ဟန့်သည်
Burmese:
မလိုလား အလိုမယှိသည်ကို ပြသည်။ တားသည်။ မြစ်သည်။ ဟန့်သည်
English:
prevent or stop someone from doing the hand
Grammar Note:
ကြိယာ
လက်ကာနာ
[lɛʔkànà]
Arakanese:
လက်ညှိုးနှင့် လက်မ နှစ်ခုကြား လက်ခွမာ ဖြစ်တတ်ရေ အနာ
Burmese:
လက်ညှိုးနှင့် လက်မ နှစ်ခုကြား လက်ခွတွင် ဖြစ်တတ်သော အနာ
English:
scbies
Grammar Note:
နာမ်
လက်ကိုင်
[lɛʔkàɪɴ]
Arakanese:
တခုတရီသော ဝန်ဝတ္တုကို အလွယ်ချေ ကိုင်နိုင်ဖို့ တပ်ဆင်ထားရေ ကွင်း၊ ကိုင်းစရေ။ ၂၊ (ဥပစာ) အရင်းအနှီး။ ငွီကြီး။ အဂုတလိုင်း သုံးဖို့ လက်ကိုင် မဟိ ဖြစ်နီရေဂု (အရပ်)။ ၃၊ (ဥပစာ) အားကိုး အားထားရာ။ အမှီသဟဲ။ အားကိုး အားထားရာ သားသမီးလက်ကိုင် မဟိဖြစ်နီရေဂု (အရပ်
Burmese:
တစ်စုံတစ်ခုသော ပစ္စည်းဝတ္တုကို အလွယ်တကူ ကိုင်နိုင်ရန် တပ်ဆင်ထားသော ကွင်း၊ ကိုင်းစသည်။ ၂၊ (ဥပစာ) အရင်းအနှီး။ ငွေကြေး။ အခုတလော သုံးဖို့ လက်ကိုင် မဟိ ဖြစ်နီရေဂု (အရပ်)။ ၃၊ (ဥပစာ) အားကိုး အားထားရာ။ အမှီသဟဲ။ အားကိုး အားထားရာ သားသမီးလက်ကိုင် မဟိဖြစ်နီရေဂု (အရပ်
English:
handle - grip [as in တံခါး~] sth or sb one relies on [as in သုံးဖို့~မဟိ] sth or someone at ones disposal [as in သားသမီး~မဟိ] [fig ] ready cash [as in အရင်းအနှီး~] (in gambling games) bank
Grammar Note:
နာမ်
လက်ကိုင်ကွင်း
[lɛʔkàɪɴkwɪ́ɴ]
Arakanese:
ဝတ္တု ဝန် တခုတရီကို ကိုင်တွယ်ရလေအောင် တပ်ထားရေ ကိုင်စရာကွင်း
Burmese:
ဝတ္တု ပစ္စည်း တစ်စုံတစ်ရာကို ကိုင်တွယ်ရလေအောင် တပ်ထားသော ကိုင်စရာကွင်း
English:
handle - grip [as in တံခါး~]
Grammar Note:
နာမ်
လက်ကိုင်ကွန်ပျူတာ
[lɛʔkàɪɴkʊ̀ɴprùtà]
Arakanese:
လားလီရာ သယ်ယူ အသုံးပြုနှိုင်ရေ အိတ်ဆောင် ကွန်ပျူတာ
Burmese:
လားလေရာ သယ်ယူ အသုံးပြုနိုင်သော အိတ်ဆောင် ကွန်ပျူတာ
English:
(of computers) palmtop
Grammar Note:
နာမ်
လက်ကိုင်စို
[lɛʔkàɪɴsÒ]
Arakanese:
ငွီအရတိစွာ။ ဝင်ငွီတိစွာ။ လှဂလက်ရန်း၊ တန်းထားလက်ရန်း စစွာကို ကိုင်လားဖို့ လက်ကိုင်ပြုရာ တန်းကို ထောက်ထားရေ့ တိုင်
Burmese:
ငွေအရများသည်။ ဝင်ငွေများသည်။ လှေကားလက်ရန်း၊ တံတားလက်ရန်း စသည်ကို ကိုင်သွားရန် လက်ကိုင်ပြုရာ တန်းကို ထောက်ထားသည့် တိုင်
English:
income
Grammar Note:
ကြိယာ
လက်ကိုင်သုံးဒုတ်
[lɛʔkàɪɴθóʊɴdoʊʔ]
Arakanese:
ခြေတဖက် ကာနာရေအခါ လက်ကိုင်သုံးဒုတ်ဖြင့် အားပြု လားနှိုင်သော ဒုတ်
Burmese:
ခြေတစ်ဘက် မသန်စွမ်းသောအခါ လက်ကိုင်သုံးဒုတ်ဖြင့် အားပြု သွားနိုင်သော ဒုတ်
English:
walking stick
Grammar Note:
နာမ်
လက်ကိုပွတ်
[lɛʔkÒpwaʔ]
Arakanese:
လက်ကို ပွတ်ရေ။ ရှောက်စောင်းကြည့်ပြန်၊ မတွိဟန်ကြောင့်၊ ကြံရာမတတ်၊ များဗိုလ်လူရို့၊ လက်ကိုပွတ်လို့၊ ဆင်းလတ်တုံကျင် (ဒွေး)
Burmese:
လက်ကို ပွတ်သည်။ ရှောက်စောင်းကြည့်ပြန်၊ မတွေ့ဟန်ကြောင့်၊ ကြံရာမတတ်၊ များဗိုလ်လူတို့၊ လက်ကိုပွတ်လို့၊ ဆင်းလတ်တုံကျင် (ဒွေး)
English:
give in
Grammar Note:
ကြိယာ
လက်ကုန်
[lɛʔkòʊɴ]
Arakanese:
ကိုယ့် စွမ်းဆောင် နိုင်သမျှ ဇကုန်။ အစွမ်းဟိသမျှ
Burmese:
မိမိ စွမ်းဆောင် နိုင်သမျှ အစွမ်းကုန်။ အစွမ်းယှိသမျှ
English:
to the full - to the utmost [as in ~အစွမ်းကုန်]
Grammar Note:
ကြိယာဝိသေသန
လက်ကုန်စွမ်းကုန်
[lɛʔkòʊɴsʊ̀ɴkòʊɴ]
Arakanese:
လက်မာ ဟိသမျှ အားလုံး။ ၂၊ အစွမ်းဟိသမျှ
Burmese:
လက်တွင် ယှိသမျှ ကုန်စင်အောင်။ ၂၊ အစွမ်းယှိသမျှ
English:
to the full - to the utmost [as in ~ယှိသမျှ]
Grammar Note:
ကြိယာဝိသေသန
လက်ကုန်ဆုပ်
[lɛʔkòʊɴsʰoʊʔ]
Arakanese:
အကပ်အသပ် မဟိအောင် သိမ်းရုံး ယူရေ။ ဉာဏ်စွမ်း ဟိသမျှ တွေးခေါ် ကြံဆသည်
Burmese:
အကြွင်းအကျန် မယှိအောင် သိမ်းရုံး ယူသည်။ ဉာဏ်စွမ်း ရှိသမျှ တွေးတော ကြံဆသည်
English:
[fig.] delve - do one’s utmost - do one’s best think
Grammar Note:
ကြိယာ
လက်ကုန်ဇက်ကုန်
[lɛʔkòʊɴzɛʔkòʊɴ]
Arakanese:
ဇကုန်။ အစွမ်းဟိသမျှ
Burmese:
အစွမ်းကုန်။ အစွမ်းယှိသမျှ
English:
all-out
Grammar Note:
ကြိယာဝိသေသန
လက်ကူ
[lɛʔkù]
Arakanese:
အကူအညီ အဖော်အဖက် ကောင်းဖြစ်ရေသူ။ လက်စွဲတပည့်။ ၂၊ အကြောင်းဟိမှ သုံးရန် ကြိုတင် သိမ်းဆည်း၍ အသင့်ထားဟိရေ ဝန်
Burmese:
အကူအညီ အဖော်အဖက် ကောင်းဖြစ်သောသူ။ လက်စွဲတပည့်။ ၂၊ အကြောင်းရှိမှ သုံးရန် ကြိုတင် သိမ်းဆည်း၍ အသင့်ထားရှိသော ပစ္စည်း
English:
assistance
Grammar Note:
နာမ်
လက်ကူး
[lɛʔkùး]
Arakanese:
တဦးလက်မှ တဦးလက်သို့ ပိုင်ဆိုင်ခွင့် ရွိ့ပြောင်း ပီးရေ။ ဝန် တခုတရီကို တဦးလက်မှ တဦးလက်သို့ အဆင့်ဆင့် လွှဲပြောင်း ပီးရေ
Burmese:
တစ်ဦးလက်မှ တစ်ဦးလက်သို့ ပိုင်ဆိုင်ခွင့် ရွေ့ပြောင်း ပေးသည်။ ပစ္စည်း တစ်စုံတစ်ခုကို တစ်ဦးလက်မှ တစ်ဦးလက်သို့ အဆင့်ဆင့် လွှဲပြောင်း ပေးသည်
English:
pass sth from one person to another - transfer
Grammar Note:
ကြိယာ
လက်ကူးလက်ဆင့်
[lɛʔkùးlɛʔsʰɪ̰ɴ]
Arakanese:
တဆင့်မှတဆင့် ကူးပြောင်းဆဲ အခိုက်ကာလ။ ကူးပြောင်းဆဲ အခြီအရဲ
Burmese:
တစ်ဆင့်မှတစ်ဆင့် ကူးပြောင်းဆဲ အခိုက်ကာလ။ ကူးပြောင်းဆဲ အခြေအနေ
English:
act of passing sth from one person to another
Grammar Note:
နာမ်
လက်ကောက်
[lɛʔkɔ́ɛʔ]
Arakanese:
ယေဘုယျအနိန်နန့် အမျိုးသမီးရို့ အကွင်းပြုပနာ လက်ဝါး လက်ဆစ် အထက်မာ ဝတ်ဆင်သော အဆင်တန်ဆာ
Burmese:
ယေဘုယျအားဖြင့် အမျိုးသမီးတို့ အကွင်းပြု၍ လက်ဝါး လက်ဆစ် အထက်၌ ဝတ်ဆင်သော အဆင်တန်ဆာ
English:
bangles for arm - bracelet
Grammar Note:
နာမ်
လက်ကောက်မုန့်
[lɛʔkɔ́ɛʔmo̰ʊ̰ɴ]
Arakanese:
လက်ကောက် အကွင်းပိုင် ဂျုံနန့် ပြုလုပ်ထားရေ မုန့်တမျိုး
Burmese:
လက်ကောက် အကွင်းကဲ့သို့ ဂျုံဖြင့် ပြုလုပ်ထားသော မုန့်တစ်မျိုး
English:
glutin rice doughnuts
Grammar Note:
နာမ်
လက်ကောက်ဝတ်
[lɛʔkɔ́ɛʔwaʔ]
Arakanese:
လက်ဝါး၏ လက်ဆစ် အထက်အပိုင်း
Burmese:
လက်ဝါး၏ လက်ဆစ် အထက်အပိုင်း
English:
wrist
Grammar Note:
နာမ်
လက်ကောင်း
[lɛʔkáʊɴ]
Arakanese:
လာဘ်ကောင်းရေ။ ဝန်ဥစ္စာ တစုံတရာ ရဟိနိုင်ဖို့ ကံအခွင့် ဆိုင်ရေ
Burmese:
လာဘ်ကောင်းသော။ ပစ္စည်းဥစ္စာ တစ်စုံတရာ ရယှိနိုင်ရန် ကံအခွင့် ဆိုင်သော
English:
lucky
Grammar Note:
နာမဝိသေသန