Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 401–420 of 1,963 words

    လ

    လက်လှုပ်ခြီးလှုပ်

    [lɛʔɬoʊʔkʰɹïɬoʊʔ]
    တခုတရီ သိစီလိုမှုကို လက်အမူအရာ ခြေအမူအရာနန့် ပြရေ
    တစ်စုံတစ်ရာ သိစေလိုမှုကို လက်အမူအရာ ခြေအမူအရာဖြင့် ပြသည်
    gestured
    ကြိယာ

    လက်လှုပ်ပြ

    [lɛʔɬoʊʔpɹ]
    တခုတရီ သိစီလိုမှုကို လက်အမူအရာ ခြေအမူအရာနန့် ပြသဗျာယ်
    တစ်စုံတစ်ရာ သိစေလိုမှုကို လက်အမူအရာ ခြေအမူအရာဖြင့် ပြသလျက်
    be gesture
    ကြိယာဝိသေသန

    လက်ဝတ်ရတနာ

    [lɛʔwaʔɹtnà]
    ရွှီ၊ ငွီ၊ စိန်၊ ကျောက်၊ ပတ္တမြား အစဟိစွာရို့နန့် ပြုလုပ်ထားရေ ပုတီး၊ နားဋောင်း၊ လက်ကောက်၊ လက်စွပ်အစဟိရေ အဆင်တန်ဆာ ဝန်များ
    ရွှေ၊ ငွေ၊ စိန်၊ ကျောက်၊ ပတ္တမြား စသည်တို့ဖြင့် ပြုလုပ်ထားသော ပုတီး၊ နားဋောင်း၊ လက်ကောက်၊ လက်စွပ်စသော အဆင်တန်ဆာ ပစ္စည်းများ
    jewellery
    နာမ်

    လက်ဝတ်လက်စား

    [lɛʔwaʔlɛʔsá]
    ရွှီ၊ ငွီ၊ ကျောက်သံ ပတ္တမြား အစဟိစွာရို့နန့် ပြုလုပ်ထားရေ လက်ကောက်၊ လက်စွပ် အစဟိရေ အဆင်တန်ဆာ ဝန်များ
    ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြား စသည်တို့ဖြင့် ပြုလုပ်ထားသည့် လက်ကောက်၊ လက်စွပ် စသော အဆင်တန်ဆာ ပစ္စည်းများ
    jewellery
    နာမ်

    လက်ဝီခံ

    [lɛʔwíkʰံ]
    လူတိက ပီးကမ်းမှ (တခုခုကို တိုက်ရိုက်နန့်သော် ပင်ဖြစ်ဖြစ် တနည်း တဆင့်အနိန်နန့်သော် ပင်ဖြစ်ဖြစ် ခံယူရေ။ ဩဇာခံသည်
    သူတစ်ပါးက ပေးကမ်းမှ (တစ်ခုခုကို တိုက်ရိုက်ဖြင့်သော် လည်းကောင်း သို့မဟုတ် တစ်ဆင့်အားဖြင့်သော် လည်းကောင်း ခံယူသည်။ ဩဇာခံသည်
    [ fig ] be dependent upon sbs largesse accept someones patronage
    ကြိယာ

    လက်ဝီခံ၂

    [lɛʔwíkʰံ၂]
    လူတိက ဖန်တီး ခန့်ခွဲသည်၏ အလိုဆန္ဒကို လိုက်လျော ရယူသူ
    သူတစ်ပါးက ဖန်တီး ခန့်ခွဲသည်၏ အလိုဆန္ဒကို လိုက်လျော ရယူသူ
    person who receives handouts
    နာမ်

    လက်ဝီတောင်း

    [lɛʔwítáʊɴ]
    အချိုးကျ ရဟိရေ။ (ကိုယ့်) အဖို့ အစုကို တောင်းရေ။ အဝီ တောင်းသည်
    အချိုးကျ ရယှိသည်။ (မိမိ) အဖို့ အစုကို တောင်းသည်။ ဝေစု တောင်းသည်
    ask for
    ကြိယာ

    လက်ဝဲ

    [lɛʔwɛ]
    ယာဖက်၏ ဆန့်ကျင်ဖက် ဖြစ်ရေ (ဝဲ) ဖက်
    ယာဖက်၏ ဆန့်ကျင်ဖက် ဖြစ်သော (ဝဲ) ဖက်
    left
    နာမ်

    လက်ဝဲရံ

    [lɛʔwɛɹံ]
    မြတ်စွာဘုရား သျှင်၏ လက်ဝဲဖက်မှ သီတင်းသုံးလီ့ ဟိရေ အသျှင် မောဂ္ဂလာန် အစဟိရေ သာဝကကြီးများ
    မြတ်စွာဘုရား သျှင်၏ လက်ဝဲဖက်မှ သီတင်းသုံးလေ့ ရှိသော အသျှင် မောဂ္ဂလာန် စသော သာဝကကြီးများ
    Buddha’s disciple-arhat who sits on the left flank of the Buddha
    နာမ်

    လက်ဝဲရစ်

    [lɛʔwɛɹɪʔ]
    လက်ဝဲဖက်ကို အထဲမာ ထားပနာ လှည့်ပတ်၍ လားလာရရေ အဝန်းပတ်လမ်း
    လက်ဝဲဖက်ကို အတွင်း၌ ထား၍ လှည့်ပတ်၍ သွားလာရသော အဝန်းပတ်လမ်း
    anticlockwise
    နာမ်

    လက်ဝါး

    [lɛʔwàး]
    လက်ကောက်ဝတ်မှ လက်ချောင်းဖျား အထိ အထဲဖက် မျက်နှာပြင်
    လက်ကောက်ဝတ်မှ လက်ချောင်းဖျား အထိ အတွင်းဖက် မျက်နှာပြင်
    palm ( of the hand ) handbreadth
    နာမ်

    လက်ဝါးကာ

    [lɛʔwàးkà]
    မလာဖို့၊ မလုပ်ဖို့ အစဟိစွာနန့် ဟန့်တား ပိတ်ပင်ရေ။ တားမြစ်သည်
    မလာဖို့၊ မလုပ်ဖို့ စသည်ဖြင့် တားဆီး ပိတ်ပင်သည်။ တားမြစ်သည်
    [arch.] trigger guard
    ကြိယာ

    လက်ဝါးကြီးအုပ်

    [lɛʔwàးt͡ɕïʔoʊʔ]
    (ဥပစာ) တဦးတည်း တတိုင်သားတည်းက စိုးအုပ် ခြယ်လှယ်ခြင်း ပြုသည်
    (ဥပစာ) တစ်ဦးတည်း တစ်ဖွဲ့တည်းက စိုးအုပ် ခြယ်လှယ်ခြင်း ပြုသည်
    [fig.] monopolize
    ကြိယာ

    လက်ဝါးခတ်

    [lɛʔwàးkʰaʔ]
    အမှန်တရား။ ၂၊ တိုင်တည်ပြီးကေ ဆိုရေ အမှန်အကန် စကား။ တိုင်တည်ပြီးကေ ဂတိပြုရေ စကား။ ၃၊ (ကတိစကား ပျက်ကွက်လျှင် မည်သည့် ဖီးဒဏ် သင့်ပါစီ အစဟိစွာနန့် ကမ္ဘာမြီကြီးကို သက်သီထားပနာ လက်ဝါးရိုက်ကာ သစ္စာဆိုရေ စကား။ မအလိုနှင့်၊ ထိုပွဲကြီးမာ၊ ရှက်ကြီးရလို့၊ နောင်တတခါ၊ မမားပါဟု၊
    အမှန်တရား။ ၂၊ တိုင်တည်၍ ဆိုသော အမှန်အကန် စကား။ တိုင်တည်၍ ဂတိပြုသော စကား။ ၃၊ (ကတိစကား ပျက်ကွက်လျှင် မည်သည့် ဘေးဒဏ် သင့်ပါစေ စသည်ဖြင့် ကမ္ဘာမြေကြီးကို သက်သေထား၍ လက်ဝါးရိုက်ကာ သစ္စာဆိုသော စကား။ မအလိုနှင့်၊ ထိုပွဲကြီးမှာ၊ ရှက်ကြီးရလို့၊ နောင်တတခါ၊ မမှားပါဟု၊
    truth
    နာမ်

    လက်ဝါးခတ်၂

    [lɛʔwàးkʰaʔ၂]
    (နမူနာ) အချင်းချင်း ကြိုတင် စီစပ် သဘောတူရေ။ သဖောတူညီချက် တခုတရီကို ကြိုတင် ညှိနှိုင်း ပြုလုပ်ရေ။ ၂၊ ကတိ စကား ပျက်ကွက်လျှင် မည်သည့် ဖီးဒဏ် သင့်ပါစီ အစဟိစွာနန့် ကမ္ဘာမြီကြီးကို သက်သီ တည်ပြီးကေ လက်ဝါးရိုက်ကာ သစ္စာ ဆိုရေ။ သစ္စာ ပြုရေ။ ဘုရားသတ်ပါစီဒေ၊ အကျွ
    (ဥပမာ) အချင်းချင်း ကြိုတင် စေ့စပ် သဘောတူသည်။ သဘော တူညီချက် တစ်စုံတစ်ရာကို ကြိုတင် ညှိနှိုင်း ပြုလုပ်သည်။ ၂၊ ကတိ စကား ပျက်ကွက်လျှင် မည်သည့် ဘေးဒဏ် သင့်ပါစေ စသည်ဖြင့် ကမ္ဘာမြေကြီးကို သက်သေ တည်၍ လက်ဝါးရိုက်ကာ သစ္စာ ဆိုသည်။ သစ္စာ ပြုသည်။ ဘုရားသတ်ပါစီဒေ၊ အကျွ
    agree
    ကြိယာ

    လက်ဝါးလက်ပြန်

    [lɛʔwàးlɛʔpɹàɴ]
    လက်ဝါးနှင့် တခေါက် လက်ဖမိုးနှင့် တခေါက် တလှည့်စီ အနိန်နန့်။ ၂၊ တလှည့်စီ တပြန်စီ။ ၃၊ လက်အလိုက်သင့် မဟုတ်ဘဲ လိမ်ဖယ်ဗျာယ်
    လက်ဝါးနှင့် တစ်ကြိမ် လက်ခုံနှင့် တစ်ကြိမ် တစ်လှည့်စီ အားဖြင့်။ ၂၊ တစ်လှည့်စီ တစ်ပြန်စီ။ ၃၊ လက်အလိုက်သင့် မဟုတ်ပဲ လိမ်ဖယ်လျက်
    none
    ကြိယာဝိသေသန

    လက်သ

    [lɛʔθ]
    ကိုယ့် အစွမ်းအစကို သိုဝှက် ထားရေ
    မိမိ အစွမ်းအစကို သိုဝှက် ထားသည်
    hoard
    ကြိယာ

    လက်သင်

    [lɛʔθɪ̀ɴ]
    အတွိအကြုံ နည်းသိမ့်သော သင်ကြားစ ပညာသင်။ လေ့ကျင့် သင်ကြားစ ပညာသင်
    အတွေ့အကြုံ နည်းသေးသော သင်ကြားစ ပညာသင်။ လေ့ကျင့် သင်ကြားစ ပညာသင်
    beginner - novice small where the trainees learn and perfect the art of plying the paddles
    နာမ်

    လက်သင့်

    [lɛʔθɪ̀ɴ့]
    ကိုယ့်နှင့် ချစ်ကြည် ရင်းနှီးသော။ တဆိတ်စာကေ၊ ငံ့ကေလည်း၍၊ ကိုယ်လက်သင့်ရာ၊ ရယ်မောကာနန့် (လွမ်း)။ ကိုင်တွယ် ဆောင်ရွက်ရန် လွယ်ကူသော
    မိမိနှင့် ချစ်ကြည် ရင်းနှီးသော။ တဆိတ်စာလျှင်၊ ငံ့ပါလျက်၍၊ ကိုယ်လက်သင့်ရာ၊ ရယ်မောကာဖြင့် (လွမ်း)။ ကိုင်တွယ် ဆောင်ရွက်ရန် လွယ်ကူသော
    (anyone or anything) at hand - handy - convenient
    နာမဝိသေသန

    လက်သင့်ခံ

    [lɛʔθɪ̀ɴ့kʰံ]
    သူတိနှင့် မဆန့်ကျင်ရယောင် သင့်လျော်ပိုင် နိန်ရေ။ ၂၊ အညံ့ခံသည်
    သူများနှင့် မဆန့်ကျင်ရအောင် သင့်လျော်သလို နေသည်။ ၂၊ အညံ့ခံသည်
    accept - receive accommodate or harbour sb (as in သူခိုး ~ထားရေ။)
    ကြိယာ