Dictionary Entries
Showing 481–500 of 1,963 words
လ
လခ
[lkʰ]
Arakanese:
ကိုယ်အားဉာဏ်အားဖြင့် လုပ်ကိုင်သော အလုပ် တခုတရီအတွက် ရက်လနန့် ပိုင်းခြား၍ လုပ်အားခ တန်ဖိုး သတ်မှတ်ပီးသော ငွီ
Burmese:
ကိုယ်အားဉာဏ်အားဖြင့် လုပ်ကိုင်သော အလုပ် တစ်စုံတစ်ရာအတွက် ရက်လနှင့် ပိုင်းခြား၍ လုပ်အားခ တန်ဖိုး သတ်မှတ်ပေးသော ငွေ
English:
[informal] monthly salary or pay
Grammar Note:
နာမ်
လခစား
[lkʰsá]
Arakanese:
လခယူပနာ လုပ်ကိုင်သူ
Burmese:
လခယူ၍ လုပ်ကိုင်သူ
English:
worker on payroll - salary earner - salaried worker
Grammar Note:
နာမ်
လခထုတ်
[lkʰtʰoʊʔ]
Arakanese:
လပိုင်းစိသနန့် တလအတွက် လစာ ထုတ်ယူရေ
Burmese:
လပိုင်းစေ့သဖြင့် တစ်လအတွက် လစာ ထုတ်ယူသည်
English:
take salary for monthly
Grammar Note:
ကြိယာ
လချာ
[lɕà]
Arakanese:
အသိဉာဏ် ထုံထိုင်း၍ သွက်လက် ချက်ချာခြင်း မဟိသူ
Burmese:
အသိဉာဏ် ထုံထိုင်း၍ သွက်လက် ချက်ချာခြင်း မယှိသူ
English:
lethargy
Grammar Note:
နာမ်
လချာကရာ
[lɕàkɹà]
Arakanese:
မယဉ်မကျီး ငေါက်ဆတ်ဆတ် ပြောဆိုရေ
Burmese:
မယဉ်မကျေး ငေါက်ဆတ်ဆတ် ပြောဆိုသည်
English:
impoliteness
Grammar Note:
ကြိယာ
လချာနာ
[lɕànà]
Arakanese:
ညံ့ဖျင်းရေ။ စိကေချေရေ။ သိမ်ငယ်သည်
Burmese:
ညံ့ဖျင်းသည်။ သေးနုပ်သည်။ သိမ်ငယ်သည်
English:
nferior
Grammar Note:
ကြိယာ
လချုပ်
[lɕoʊʔ]
Arakanese:
တလလုံးလုံး အတွက် ပြုစုထားရေ စာရင်း
Burmese:
တစ်လလုံးလုံး အတွက် ပြုစုထားသော စာရင်း
English:
end-of-the-month (as in ~အစီရင်ခံစာ၊ ~စာရင်း)
Grammar Note:
နာမ်
လခြမ်း
[lkʰɹáɴ]
Arakanese:
လမပြည့်မီ တွိမြင်ရရေ ပြည့်ဝန်းခြင်း မဟိသော လကွေးပုံစံ
Burmese:
လမပြည့်မီ တွေ့မြင်ရသော ပြည့်ဝန်းခြင်း မယှိသော လကွေးပုံစံ
English:
half moon - crescent
Grammar Note:
နာမ်
လခြွ
[lkʰWɹ]
Arakanese:
မောက်မာရေ။ မာနခက်ထန် ထောင်လွှားရေ။ ၂၊ ငေါက်ဆတ်ဆတ် ပြောရေ
Burmese:
မောက်မာသည်။ မာနခက်ထန် ထောင်လွှားသည်။ ၂၊ ငေါက်ဆတ်ဆတ် ပြောသည်
English:
impoliteness
Grammar Note:
နာမ်
လခွဲ
[lkʰwɛ]
Arakanese:
ရက်သုံးဆယ်၏ (လ၏) ထက်ဝက်ဖြစ်ရေ ၁၅-ရက် ကာလ။ လဝက်
Burmese:
ရက်သုံးဆယ်၏ (လ၏) ထက်ဝက်ဖြစ်သော ၁၅-ရက် ကာလ။ လဝက်
English:
half a month
Grammar Note:
နာမ်
လငန်းတက်
[lŋáɴtɛʔ]
Arakanese:
ဝှေ့စိကို အပြင်းအထန် ထိခိုက်မိရာမှ အနိန်အထား ချွန်ယွင်းခြင်း။ အကြောကို ထိခိုက်မိခြင်း အစဟိစွာအစဟိစွာရို့ကြောင့် လွန်ကဲစွာ နာကြင် သတိလစ်ခြင်း
Burmese:
ဝှေ့စေ့ကို အပြင်းအထန် ထိခိုက်မိရာမှ အနေအထား ချွန်ယွင်းခြင်း။ အကြောကို ထိခိုက်မိခြင်း စသည်စသည်တို့ကြောင့် လွန်ကဲစွာ နာကျင် သတိလစ်ခြင်း
English:
faint
Grammar Note:
နာမ်
လငယ်
[lŋɛ̀]
Arakanese:
လအက္ခရာ၏ အမည်။ (ဠကြီးနန့် ကွဲလွဲစီလိုရာမာ ခေါ်ဆိုရေ။
Burmese:
လအက္ခရာ၏ အမည်။ (ဠကြီးနှင့် ကွဲလွဲစေလိုရာ၌ ခေါ်ဆိုသည်။
English:
name of the alphabet လ as different from ဠ
Grammar Note:
နာမ်
လင်
[lɪ̀ɴ]
Arakanese:
တယောက်ယောက်ဧ့ အိမ်ထောင်ဖက်သော ယောက်ျား။ ခင်ပွန်း
Burmese:
တစ်စုံ တစ်ယောက်၏ အိမ်ထောင်ဖက်သော ယောက်ျား။ ခင်ပွန်း
English:
husband
Grammar Note:
နာမ်
လင့်
[lɪ̀ɴ့]
Arakanese:
ရပ်တန့် နားနိန်ရေ။ တန့်မျှော်ရှုရေ။ သားမမာ့ကို ကာလမြင့်စွာ မလင့်ရာတည်း (ဂုတ္တိလ)။ ချိန်ခါရောက်ထွေ၊ ငံ့လင့်ပေက၊ မျိုးဆွေမိဖ၊ အရှက်ရလိမ့် (၄င်း)
Burmese:
ရပ်တန့် နားနေသည်။ ဆိုင်းငံ့ မျှော်ရှုသည်။ သားမိန်းမကို ကာလမြင့်စွာ မလင့်ရာတည်း (ဂုတ္တိလ)။ ချိန်ခါရောက်ထွေ၊ ငံ့လင့်ပေက၊ မျိုးဆွေမိဖ၊ အရှက်ရလိမ့် (၄င်း)
English:
wait - wait for - keep vigil [as in မိုးကို~သော် ပျိုးရင့်မည်။] (of time) be past - be late [as in အချိန်~-၊ အခါ~-]
Grammar Note:
ကြိယာ
လင်း
[lɪ́ɴ]
Arakanese:
လုံးဝ အမိုက် ကင်းစင်သော။ မိုးလင်း ကြက်တင်၊ နီဝင် စပါးလှန်း (ပုံ)။ ထွန်းပသော အလင်းရောင်ဟိသော။ ၂၊ ပိတ်ပင် ဟန့်တားခြင်း မဟိသော။ အဟန့်အတား အဆီးအတား အနှောင့် အယှက်ကင်းသော
Burmese:
လုံးဝ အမှောင် ကင်းစင်သော။ မိုးလင်း ကြက်တင်၊ နီဝင် စပါးလှန်း (ပုံ)။ ထွန်းပသော အလင်းရောင်ယှိသော။ ၂၊ ပိတ်ပင် ဟန့်တားခြင်း မယှိသော။ အဟန့်အတား အဆီးအတား အနှောင့် အယှက်ကင်းသော
English:
bright clear - unobstructed
Grammar Note:
နာမဝိသေသန
လင်ကိုယ်မယား
[lɪ̀ɴkÒɛ̀mjá]
Arakanese:
သားသမီး မဟိသော လင်တကိုယ် မယားတကိုယ် နှစ်ယောက်တည်း အဖြစ်
Burmese:
သားသမီး မယှိသော လင်တစ်ကိုယ် မယားတစ်ကိုယ် နှစ်ယောက်တည်း အဖြစ်
English:
man and wife only - without children
Grammar Note:
နာမ်
လင်းကဲ
[lɪ́ɴkɛ]
Arakanese:
ခန္ဓာကိုယ်မာ နောက်ပိုင်းကို ချန်ထားပနာ ရှေ့ဘက်ကို ဣန္ဒြေ ပုန်းရုံမျှ ဝတ်သော လူမျိုးတမျိုး၊ သက်၊ လင်းကဲ၊ ခမွီး၊ မြို အစဟိရေ လူမျိုးရို့စွာ ရှေးကပိုင် အခွန်ထမ်း ဆောင်ရဖို့ (တောင်)
Burmese:
ခန္ဓာကိုယ်တွင် နောက်ပိုင်းကို ချန်ထား၍ ရှေ့ဘက်ကို ဣန္ဒြေ ပုန်းရုံမျှ ဝတ်သော လူမျိုးတစ်မျိုး၊ သက်၊ လင်းကဲ၊ ခမွီး၊ မြို စသော လူမျိုးတို့သည် ရှေးကကဲ့သို့ အခွန်ထမ်း ဆောင်ရမည် (တောင်)
English:
lin ke (the name of Arakan ethnic)
Grammar Note:
နာမ်
လင်းကဲ၂
[lɪ́ɴkɛ၂]
Arakanese:
အဝတ်မပါ ဗလာသတ်သတ်။ အခြည်းစည်း
Burmese:
အဝတ်မပါ ဗလာသက်သက်။ အချည်းစည်း
English:
in the nude
Grammar Note:
ကြိယာဝိသေသန
လင်းကဲတုံးတုံး
[lɪ́ɴkɛtóʊɴtóʊɴ]
Arakanese:
အဝတ်မဟိသော ကိုယ်ခန္ဓာ
Burmese:
အဝတ်မယှိသော ကိုယ်ခန္ဓာ
English:
in the nude body
Grammar Note:
နာမ်
လင်းကြက်ဆော်
[lɪ́ɴt͡ɕɛʔsʰɔ̀]
Arakanese:
မိုးထအာရုဏ်ကျင်း၍ အလင်းရောင် လှာချိန်မာ တွန်သော ကြက်။ အာရုဏ်ကျူးသော် လင်းကြက်ဆော်ကေ၊ မေလည်းဆွမ်းချက်၊ ဝတ်မပျက်ဘဲ (တေး)
Burmese:
နံနက်အရုဏ်ကျင်း၍ အလင်းရောင် လာချိန်တွင် တွန်သော ကြက်။ အရုဏ်ကျူးသော် လင်းကြက်ဆော်ကေ၊ မေလည်းဆွမ်းချက်၊ ဝတ်မပျက်ဘဲ (တေး)
English:
cook which crows at day break
Grammar Note:
နာမ်