Dictionary Entries
Showing 521–540 of 1,963 words
လ
လင်းညှီ
[lɪ́ɴɲ̯í]
Arakanese:
ရီစွတ်ရာ မြေ၌ ရှင်သန် ပေါက်ဖွားလေ့ ဟိသော အနံ့ပြင်း ဥမြစ်ဟိသည့် ရွက်ဖတ်မြာတိုင်ဟိ ဆီးဖက်ဝင် အပင်ငယ် တမျိုး။ အဘောင်သျှင်ရို၊ လင်းညှီလက် (တေး)
Burmese:
ရေစိုစွတ်ရာ မြေ၌ ရှင်သန် ပေါက်ဖွားလေ့ ယှိသော အနံ့ပြင်း ဥမြစ်ယှိသည့် ရွက်ဖတ်အူတိုင်ယှိ ဆေးဖက်ဝင် အပင်ငယ် တစ်မျိုး။ အဘောင်သျှင်ရို၊ လင်းညှီလက် (တေး)
English:
herbal plant
Grammar Note:
နာမ်
လင်းတ
[lɪ́ɴt]
Arakanese:
လဒ အဂေါင်းပြောင်၍ နှုတ်သီးထက်ကာ လိုင်ဖင်း ရှည်ပြီး အာကာ အမြင့်မာ ပျံဝဲဗျာယ် မြီကြီးပေါ်ဟိ အသီကောင် အပုပ်ကောင်တိကို ရှာဖွီ စားသောက်လဲ ဟိရေ ငှက်ကြီးတမျိုး
Burmese:
လဒ ဦးခေါင်းပြောင်၍ နှုတ်သီးထက်ကာ လည်ပင်း ရှည်ပြီး ကောင်းကင် အမြင့်တွင် ပျံဝဲလျက် မြေကြီးပေါ်ယှိ အသေကောင် အပုပ်ကောင်များကို ရှာဖွေ စားသောက်လေ့ ရှိသည့် ငှက်ကြီးတစ်မျိုး
English:
vulture
Grammar Note:
နာမ်
လင်တင်
[lɪ̀ɴtɪ̀ɴ]
Arakanese:
ကိုယ့်ချစ်ကြိုက် နိန်ရေ ယောက်ျားအား အိမ်ထောင်ဖက် ပြုဖို့ မိဖမသိစဉ် အိမ်ထက်ရို့ တင်ထားရေ
Burmese:
မိမိချစ်ကြိုက် နေသော ယောက်ျားအား အိမ်ထောင်ဖက် ပြုရန် မိဖမသိစဉ် အိမ်ပေါ်သို့ တင်ထားသည်
English:
living together
Grammar Note:
ကြိယာ
လင်းတစာ
[lɪ́ɴtsà]
Arakanese:
ရွက်နု အမွီးပါဟိ၍ အဖြူရောင်၊ အပြာနုရောင် အပွင့်ငယ် ပွင့်သော နှစ်ကြာခံ ခြုံရိုင်း ပေါင်းပင်ယောင် တမျိုး။ (ဇာမနီ၊ ဇာမရီ၊ ဂျာမနီ၊ ဂျာမရီ၊ ဂတံလိုင်း၊ ဝေလပင် ဆိုပနာလည်း ခေါ်ကတ်သိမ့်ရေ။
Burmese:
ရွက်နု အမွေးပါယှိ၍ အဖြူရောင်၊ အပြာနုရောင် အပွင့်ငယ် ပွင့်သော နှစ်ကြာခံ ချုံရိုင်း ပေါင်းပင်ယောင် တစ်မျိုး။ (ဇာမနီ၊ ဇာမရီ၊ ဂျာမနီ၊ ဂျာမရီ၊ ဂတံလိုင်း၊ ဝေလပင် ဟူ၍လည်း ခေါ်ကြသေးသည်။
English:
kind of weed which proliferates rapidly Alternanthera pungens [ Eng Germany ]
Grammar Note:
နာမ်
လင်တစ်ကိုယ်မယားတစ်ကိုယ်
[lɪ̀ɴtɪʔkÒɛ̀mjátɪʔkÒɛ̀]
Arakanese:
သားသမီး မဟိသော လင်နှင့်မယား နှစ်ယောက်တည်း အဖြစ်
Burmese:
သားသမီး မယှိသော လင်နှင့်မယား နှစ်ယောက်တည်း အဖြစ်
English:
husband and wife
Grammar Note:
နာမ်
လင်တရီ
[lɪ̀ɴtɹí]
Arakanese:
အလွန်ပါးသော
Burmese:
အလွန်ပါးသော
English:
thin
Grammar Note:
နာမဝိသေသန
လင်တရီ၂
[lɪ̀ɴtɹí၂]
Arakanese:
အလွန်ပါးသော အဝတ်အထည်။ အရာဝတ္တု
Burmese:
အလွန်ပါးသော အဝတ်အထည်။ အရာဝတ္တု
English:
cloth of thin
Grammar Note:
နာမ်
လင်တရူး
[lɪ̀ɴtɹùး]
Arakanese:
လင်ရလိုခြင်း တနည်း ကွဲကွာနိန်ရေ လင်နှင့် ပြန်ပေါင်းလိုခြင်း ရို့အတွက် စိတ်ဝေဒနာ ဖြစ်နီသူ။ (နမူနာ) ၂၊ လင်ရလိုရေ စိတ်ပြင်းပြသော မမာ့။ သားလင်လိုမှု လင်တရူးကေ၊ ထူးထွေသောသွင်၊ ဖြစ်ခြင်းအင်ကို (လွမ်း)
Burmese:
လင်ရလိုခြင်း သို့မဟုတ် ကွဲကွာနေသော လင်နှင့် ပြန်ပေါင်းလိုခြင်း တို့အတွက် စိတ်ဝေဒနာ ဖြစ်နေသူ။ (ဥပမာ) ၂၊ လင်ရလိုသော စိတ်ပြင်းပြသော မိန်းမ။ သားလင်လိုမှု လင်တရူးကေ၊ ထူးထွေသောသွင်၊ ဖြစ်ခြင်းအင်ကို (လွမ်း)
English:
woman distracted by the loss of her husband woman yearning for a married life
Grammar Note:
နာမ်
လင်တီးခေါင်
[lɪ̀ɴtïkʰèàɪ̀ɴ]
Arakanese:
အများအနိန်နန့် အိမ်နောက်ဖက်မာ အိမ်မကြီး အမိုးကို ထိစပ်၍ သီးသန့် တွယ်ဆက်ထားရေ့ အဆောင်။ မောင်းဂါ
Burmese:
အများအားဖြင့် အိမ်နောက်ဖက်တွင် အိမ်မကြီး အမိုးကို ထိစပ်၍ သီးခြား တွယ်ဆက်ထားသည့် အဆောင်။ အဖီ
English:
barren plain
Grammar Note:
နာမ်
လင်နီစပ်
[lɪ̀ɴnísaʔ]
Arakanese:
လင်နီသားမွီးသော
Burmese:
လင်နီသားမွီးသော
English:
(of age) nubile
Grammar Note:
နာမဝိသေသန
လင်နီသားမွီး
[lɪ̀ɴníθámwï]
Arakanese:
မမာ့ အိမ်ထောင် ပြုသည်
Burmese:
မိန်းမ အိမ်ထောင် ပြုသည်
English:
marry
Grammar Note:
နာမ်
လင်နောက်လိုက်
[lɪ̀ɴnɔ́ɛʔlaɪʔ]
Arakanese:
ကလိန့်မေသျှေက မိဖ အုပ်ထိန်းသူ မသိစီပဲ ကိုယ့်ချစ်သူနှင့် ပေါင်းသင်း နီထိုင်ဖို့အတွက် လိုက်ပါလားရေ
Burmese:
မိန်းကလေးက မိဖ အုပ်ထိန်းသူ မသိစေပဲ မိမိချစ်သူနှင့် ပေါင်းသင်း နေထိုင်ဖို့ရန် လိုက်ပါသွားသည်
English:
elope with a man
Grammar Note:
ကြိယာ
လင်နှောင်း
[lɪ̀ɴn̥áʊɴ]
Arakanese:
နောက်ခါ ယူသော လင်
Burmese:
နောက်မှ ယူသော လင်
English:
lover of a married woman
Grammar Note:
နာမ်
လင်ပိုင်သားပိုင်ပြော
[lɪ̀ɴpàɪɴθápàɪɴpɹɔ́]
Arakanese:
ကိုယ့် လင်သားပိုင် ပိုင်စိုးပိုင်နင်း ပြောဆိုခြင်း
Burmese:
မိမိ လင်သားကဲ့သို့ ပိုင်စိုးပိုင်နင်း ပြောဆိုခြင်း
English:
(among women) talk concerning married life
Grammar Note:
နာမ်
လင်ပါသား
[lɪ̀ɴpàθá]
Arakanese:
အယင် မယားနှင့် ရရေ (အများအနိန်နန့် ဖခင် နောက်အိမ်ထောင် ပြုရာ တတူလိုက်ပြီးကေ နီထိုင်သော) သားသမီး
Burmese:
ယခင် မယားနှင့် ရသော (အများအားဖြင့် ဖခင် နောက်အိမ်ထောင် ပြုရာ အတူလိုက်၍ နေထိုင်သော) သားသမီး
English:
son of husband form a previous marriage - step child (of a woman)
Grammar Note:
နာမ်
လင်းပြန်
[lɪ́ɴpɹàɴ]
Arakanese:
အကျင့်သိက္ခာ ယိုယွင်း ဆိုးယုတ်သူ။ လူသွမ်း။ ၂၊ မိုက်မဲသူ။ အသိ ဉာဏ် ဆင်ခြင်မှု ကင်းမဲ့သူ။ ယောက်ျားလင်းပြန်၊ မမာ့လင်းပြန် နှစ်မျိုးဟိရေ။ ယောက်ျားလင်းပြန် ဆောက်စိုက်ထူကေ၊ ထီးဖြူရိပ်မာ၊ တိရစ္ဆာန်လေ (ပန်း)။ လကျယ်လင်းပြန် မျိုးမမှန်သည် (ဗမာချီ)
Burmese:
အကျင့်သိက္ခာ ယိုယွင်း ဆိုးယုတ်သူ။ လူသွမ်း။ ၂၊ မိုက်မဲသူ။ အသိ ဉာဏ် ဆင်ခြင်မှု ကင်းမဲ့သူ။ ယောက်ျားလင်းပြန်၊ မိန်းမလင်းပြန် နှစ်မျိုးယှိသည်။ ယောက်ျားလင်းပြန် ဆောက်စိုက်ထူကေ၊ ထီးဖြူရိပ်မှာ၊ တိရစ္ဆာန်လေ (ပန်း)။ လူမိုက်လင်းပြန် မျိုးမမှန်သည် (ဗမာချီ)
English:
lawless person
Grammar Note:
နာမ်
လင်းပြန်မ
[lɪ́ɴpɹàɴm]
Arakanese:
စာရိတ္တ ကိုယ်ကျင့် ပျက်ပြားသော မမာ့။ အရှက်အကြောက် မဟိဘဲ နီထိုင် အသက်မွီးသော မမာ့။ အလွန်မိုက်လှ၊ ချွန်းသန်ကေ၊ လင်းပြန်မမာ (ပဋာ)
Burmese:
စာရိတ္တ ကိုယ်ကျင့် ပျက်ပြားသော မိန်းမ။ အရှက်အကြောက် ကင်းမဲ့စွာ နေထိုင် အသက်မွေးသော မိန်းမ။ အလွန်မိုက်လှ၊ ကမြင်းသန်ကေ၊ လင်းပြန်မမှာ (ပဋာ)
English:
prostitute
Grammar Note:
နာမ်
လင်းပြန်လုပ်
[lɪ́ɴpɹàɴloʊʔ]
Arakanese:
အဖိုးအခ ယူဗျာယ် ကာမလိုအင် ဖြည့်စွမ်းသော သူ။ ဖောက်ပြန် ပြင်းထန် ချွန်းသန်ကေ၊ လင်းပြန်ပနားလုပ် (မျိုးက်)
Burmese:
အဖိုးအခ ယူလျက် ကာမလိုအင် ဖြည့်စွမ်းသော သူ။ လော်လည် ပြင်းထန် ကမြင်းသန်ကေ၊ လင်းပြန်လည်းလုပ် (မျောက်)
English:
prostitute
Grammar Note:
နာမ်
လင်းပြာ
[lɪ́ɴpɹà]
Arakanese:
အပူပိုင်း ဒေသမာ အုပ်ဖွဲ့နီလေ့ ဟိ၍ လည်ကုပ်မာ အနက်ပက်ဟိကာ ကိုယ်အောက်ပိုင်း ပြာမွဲသော ဂြိုးငှက်မျိုး
Burmese:
အပူပိုင်း ဒေသတွင် အုပ်ဖွဲ့နေလေ့ ယှိ၍ လည်ကုပ်တွင် အနက်ပက်ယှိကာ ကိုယ်အောက်ပိုင်း မွဲပြာသော ချိုးငှက်မျိုး
English:
collared dove - ring dove Streptopelia decaocto Also လင်းပြာ
Grammar Note:
နာမ်
လင်းဖန်
[lɪ́ɴpʰàɴ]
Arakanese:
နှုတ်သီးချွန်း ဝိုင်း၍ ရီယက်နှင့် ပတုံးနှစ်ခွက် ပါဟိပြီး ရီထက်မာ အသက်ရှူ တတ်ရေ ပင်လယ် ကမ်းစမာ ကျက်စားသည့် ရီသတ္တဝါ တမျိုး။ လင်းချူလေ့ရောက်၊ မီးကျောင်းလေ့ပျောက် (ပုံ)
Burmese:
နှုတ်သီးချွန်း ဝိုင်း၍ ရေယက်နှင့် အမြီးနှစ်ခွက် ပါယှိပြီး ရေပေါ်တွင် အသက်ရှူ တတ်သော ပင်လယ် ကမ်းစပ်တွင် ကျက်စားသည့် ရေသတ္တဝါ တစ်မျိုး။ လင်းချူလည်းရောက်၊ မီးကျောင်းလည်းပျောက် (ပုံ)
English:
dolphin
Grammar Note:
နာမ်