Dictionary Entries
Showing 41–60 of 1,963 words
လ
လက်ကျ
[lɛʔt͡ɕ]
Arakanese:
တယောက်ယောက် သုံးစွဲပြီးပနာ စွန့်ပယ်သော အရာ။ မဖွယ်မရာ၊ အဂုမာကား၊ ငါစမ်းမိစွာ့၊ ဖွင့်မဆိုကေ၊ ထိုတညည့်က ကြာလှလီခြင်း၊ လက်ကျဖန်လီ၊ အလွန်တိလို့၊ ထွားထွားညက်ကေ (ကော်)။ ၂၊ တခုတရီ ဆောင်ရွက် လုပ်ကိုင်ပုံ။ တီးခတ်ရာမာ လက်အချိန်အဆ
Burmese:
တစ်စုံတစ်ဦး သုံးစွဲပြီး၍ စွန့်ပယ်သော အရာ။ မဖွယ်မရာ၊ ယခုမှာကား၊ ငါစမ်းမိစွာ့၊ ဖွင့်မဆိုကေ၊ ထိုတစ်ညက ကြာလှလေခြင်း၊ လက်ကျဖန်လေ၊ အလွန်များလို့၊ ထွားထွားညက်ကေ (ကော်)။ ၂၊ တစ်စုံတစ်ရာ ဆောင်ရွက် လုပ်ကိုင်ပုံ။ တီးခတ်ရာတွင် လက်အချိန်အဆ
English:
(in instrumental music) touch (as in တယော ~ကောင်း-) skill - craft cast-offs - used articles
Grammar Note:
နာမ်
လက်ကျ၂
[lɛʔt͡ɕ၂]
Arakanese:
တတ်ကျွမ်းရေ။ အလိ အကျင့်ရရေ။ လုပ်ငန်း လက်ရာ တပြေးညီသည်
Burmese:
ကျွမ်းကျင်သည်။ အလေ့ အကျင့်ရသည်။ လုပ်ငန်း လက်ရာ တပြေးညီသည်
English:
practice
Grammar Note:
ကြိယာ
လက်ကျညီ
[lɛʔt͡ɕɲí]
Arakanese:
ဆောင်ရွက် လုပ်ကိုင်ပုံချင်း၊ အရည်အခြင်း၊ အစွမ်းအစချင်း တူညီရေ။ ညီညွတ်သည်
Burmese:
ဆောင်ရွက် လုပ်ကိုင်ပုံချင်း၊ အရည်အချင်း၊ အစွမ်းအစချင်း တူညီသည်။ ညီညွတ်သည်
English:
be in unison (in doing things)
Grammar Note:
ကြိယာ
လက်ကျန်
[lɛʔt͡ɕàɴ]
Arakanese:
သုံးစွဲရာမှ ကြွင်းကျန် ယိုနိန်ရေ ငွီကြီး ဝန်ဝတ္တု အစဟိစွာ
Burmese:
သုံးစွဲရာမှ ကြွင်းကျန် ယိုနေသော ငွေကြေး ပစ္စည်းဝတ္တု စသည်
English:
leftovers - remnant - (of accounts ) balance (as in စာရင်း~) - what is left in ones hand
Grammar Note:
နာမ်
လက်ကျပ်
[lɛʔt͡ɕaʔ]
Arakanese:
လက်မောင်း အရင်း၌ တင့်ရေစွာ ဝတ်ဆင်သော တန်ဆာတမျိုး
Burmese:
လက်မောင်း အရင်း၌ တင့်တယ်စွာ ဝတ်ဆင်သော တန်ဆာတစ်မျိုး
English:
bracelet
Grammar Note:
နာမ်
လက်ကျိတ်
[lɛʔt͡ɕeɪʔ]
Arakanese:
တန်းတောင်က လက်ကောက်ဝတ် အထိ အစိတ်အပိုင်း
Burmese:
တံတောင်ဆစ်မှ လက်ကောက်ဝတ် အထိ အစိတ်အပိုင်း
English:
hand
Grammar Note:
နာမ်
လက်ကျိတ်၂
[lɛʔt͡ɕeɪʔ၂]
Arakanese:
အတိုင်းအရှည်။ အရွယ်အစား။ မြွီဟောက်တကောင် လက်ကျိတ် လောက်ကြီးရေ (အရပ်)။ လက်ကျိတ် ဓါးဆောက်၊ ကျောင်းသားသူငယ်၊ လူမမည်ကေ(ရာမ)
Burmese:
အတိုင်းအရှည်။ အရွယ်အစား။ မြွီဟောက်တစ်ကောင် လက်ကျိတ် လောက်ကြီးရေ (အရပ်)။ လက်ကျိတ် ဓါးဆောက်၊ ကျောင်းသားသူငယ်၊ လူမမည်ကေ(ရာမ)
English:
size
Grammar Note:
နာမ်
လက်ကျိုင်း
[lɛʔt͡ɕáɪɴ]
Arakanese:
တယောက်ယောက် သုံးစွဲပြီးပနာ စွန့်ပယ်သော အရာ။ မဖွယ်မရာ၊ အဂုမာကား၊ ငါစမ်းမိစွာ့၊ ဖွင့်မဆိုကေ၊ ထိုတညည့်က၊ ကြာလှလီခြင်း၊ လက်ကျဖန်လီ၊ အလွန်တိလို့၊ ထွားထွားညက်ကေ (ကော်)။ ၂၊ တခုတရီ ဆောင်ရွက် လုပ်ကိုင်ပုံ။ တီးခတ်ရာမာ လက်အချိန်အဆ
Burmese:
တစ်စုံတစ်ဦး သုံးစွဲပြီး၍ စွန့်ပယ်သော အရာ။ မဖွယ်မရာ၊ ယခုမှာကား၊ ငါစမ်းမိစွာ့၊ ဖွင့်မဆိုကေ၊ ထိုတစ်ညက၊ ကြာလှလေခြင်း၊ လက်ကျဖန်လေ၊ အလွန်များလို့၊ ထွားထွားညက်ကေ (ကော်)။ ၂၊ တစ်စုံတစ်ရာ ဆောင်ရွက် လုပ်ကိုင်ပုံ။ တီးခတ်ရာတွင် လက်အချိန်အဆ
English:
throw away sth
Grammar Note:
နာမ်
လက်ကျော့ထိုး
[lɛʔt͡ɕɔ̰tʰó]
Arakanese:
လက်ကတော့တင်ပနာ သင်္ကန်းကို ရုံခြင်း ပြုသည်
Burmese:
လက်ကတော့တင်၍ သင်္ကန်းကို ရုံခြင်း ပြုသည်
English:
(of monks) wear the robe wrapped around the body with one end draped over the left shoulder
Grammar Note:
ကြိယာ
လက်ကြား
[lɛʔt͡ɕá]
Arakanese:
လမ်းမကြီးမှ ခွဲဖြာထွက်သော လမ်း
Burmese:
လမ်းမကြီးမှ ခွဲဖြာထွက်သော လမ်း
English:
alley
Grammar Note:
နာမ်
လက်ကြား၂
[lɛʔt͡ɕá၂]
Arakanese:
ငွီကို ဖောဖောသီသီ သုံးစွဲလေ့ ဟိရေ။ အသုံးအစွဲ ကြီးရေ။ အသုံးအဖြုန်း လွန်ကဲသည်
Burmese:
ငွေကို ဖောဖောသီသီ သုံးစွဲလေ့ ရှိသည်။ အသုံးအစွဲ ကြီးသည်။ အသုံးအဖြုန်း လွန်ကဲသည်
English:
be extravagant
Grammar Note:
ကြိယာ
လက်ကြားတင်
[lɛʔt͡ɕátɪ̀ɴ]
Arakanese:
အမျိုးအစား၊ အရည်အခြင်းစွာ သာလွန် ကောင်းမွန်ချက် အရ ရွီးချယ်ထားရေ ပုဂ္ဂိုလ်၊ အရာတ္တု
Burmese:
အမျိုးအစား၊ အရည်အချင်းသည် သာလွန် ကောင်းမွန်ချက် အရ ရွေးချယ်ထားသော ပုဂ္ဂိုလ်၊ အရာတ္တု
English:
best thing
Grammar Note:
နာမ်
လက်ကြားမမြင်တမြင်
[lɛʔt͡ɕámmɹɪ̀ɴtmɹɪ̀ɴ]
Arakanese:
လင်းစဦးချိန်။ မိုက်စဦးချိန်
Burmese:
လင်းစဦးချိန်။ မှောင်စဦးချိန်
English:
dusk
Grammar Note:
နာမ်
လက်ကြားယို
[lɛʔt͡ɕájÒ]
Arakanese:
ထောပတ်ထမင်း ချက်ရာမာ လက်နှင့် ဆုပ်ကိုင်ကေ လက်မာ မစဲမကပ်စီပဲ လက်ကြားမှ ယိုထွက်ရုံလောက် ချက်နည်း
Burmese:
ထောပတ်ထမင်း ချက်ရာ၌ လက်နှင့် ဆုပ်ကိုင်လျှင် လက်တွင် မစဲမကပ်စေပဲ လက်ကြားမှ ယိုထွက်ရုံလောက် ချက်နည်း
English:
none
Grammar Note:
နာမ်
လက်ကြားယို၂
[lɛʔt͡ɕájÒ၂]
Arakanese:
(ဥပစာ) အခြည်းနှီး အလဟဿ ကုန်ဆုံးဗျာယ်။ သဲထဲရေ ကျပိုင် ဖြစ်ဗျာယ်
Burmese:
(ဥပစာ) အချည်းနှီး အလဟဿ ကုန်ဆုံးလျက်။ သဲထဲရေ ကျသလို ဖြစ်လျက်
English:
[fig.] go to waste
Grammar Note:
ကြိယာဝိသေသန
လက်ကြားလမ်း
[lɛʔt͡ɕáláɴ]
Arakanese:
လမ်းမကြီး နှစ်ခုကို ဆက်သွယ် ကူးထားရေ လမ်းကြားလေး
Burmese:
လမ်းမကြီး နှစ်ခုကို ဆက်သွယ် ကူးထားသော လမ်းကြားလေး
English:
by-path
Grammar Note:
နာမ်
လက်ကြီး
[lɛʔt͡ɕï]
Arakanese:
ငွီကို ဖောဖောသီသီ သုံးစွဲလိဟိရေ။ အသုံးအစွဲ ကြီးရေ။ အသုံးအဖြုန်း လွန်ကဲသည်
Burmese:
ငွေကို ဖောဖောသီသီ သုံးစွဲလေ့ရှိသည်။ အသုံးအစွဲ ကြီးသည်။ အသုံးအဖြုန်း လွန်ကဲသည်
English:
be extravagant - lack the sense of proportion in spending
Grammar Note:
ကြိယာ
လက်ကြောသီ
[lɛʔt͡ɕɔ́θí]
Arakanese:
လက်ချောင်းတိကို အသုံးပြု လှုပ်ရှားဖန် များသနန့် ဆက်ပနာ လှုပ်ရှားနိုင်စွမ်း မဟိအောင် ဖြစ်တေ။ ၂၊ ကုဌနူနာကြောင့် လက်မနှင့် လက်ညှိုးခွကြားဟိ ခသလုံးသေ သနန့် လက်မ ကုတ်လားရေ
Burmese:
လက်ချောင်းများကို အသုံးပြု လှုပ်ရှားဖန် များသဖြင့် ဆက်လက် လှုပ်ရှားနိုင်စွမ်း မယှိအောင် ဖြစ်သည်။ ၂၊ ကုဌနူနာကြောင့် လက်မနှင့် လက်ညှိုးခွကြားယှိ ကြွက်သားသေ သဖြင့် လက်မ ကုတ်သွားသည်
English:
(of hands) be numb with fatigue
Grammar Note:
ကြိယာ
လက်ကြွယ်
[lɛʔt͡ɕwɛ̀]
Arakanese:
လက်သန်းနှင့် လက်ခလယ် အကြားဟိ လက်ချောင်း
Burmese:
လက်သန်းနှင့် လက်ခလယ် အကြားယှိ လက်ချောင်း
English:
the ring finger
Grammar Note:
နာမ်
လက်ကွင်းရစ်
[lɛʔkwɪ́ɴɹɪʔ]
Arakanese:
ခြည်မျှင်ကြိုး အစဟိစွာ့ အရာဝတ္တု တခုခုကို အကွင်းဖြစ်ယောင် လက်မာ ရစ်သည်
Burmese:
ချည်မျှင်ကြိုး စသည့် အရာဝတ္တု တစ်ခုခုကို အကွင်းဖြစ်အောင် လက်တွင် ရစ်သည်
English:
spin(yarn) by hand
Grammar Note:
ကြိယာ