Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 581–600 of 1,963 words

    လ

    လစ္ဆဝီ

    [lsɪ́hsawí]
    အပင်ခြုံနွယ်လို အပွင့် ကန်စွန်းပွင့်နှင့် တူ၏ အပွင့်အရင်းပိုင်း ထက်ဝက်မာ ဖြူ၍ အဖျားပိုင်းမာကား ညိုပြာရောင်ဟိသည့် အပင်၏ အဆစ်ရို့မှရာ ပွင့်သော ပန်းတမျိုး။ (ဤလစ္ဆဝီပန်းကို ခူးဖို့အတွက် ထမင်း၊ ဟင်း အဆင်သင့် ထည့်ယူပြီး အဖွဲ့အလိုက် တပျော်တပါး တောထဲတောင်ထဲ
    အပင်ချုံနွယ်လို အပွင့် ကန်စွန်းပွင့်နှင့် တူ၏ အပွင့်အရင်းပိုင်း ထက်ဝက်တွင် ဖြူ၍ အဖျားပိုင်းတွင်ကား ညိုပြာရောင်ယှိသည့် အပင်၏ အဆစ်တို့မှသာ ပွင့်သော ပန်းတစ်မျိုး။ (ဤလစ္ဆဝီပန်းကို ခူးရန်အတွက် ထမင်း၊ ဟင်း အဆင်သင့် ထည့်ယူပြီး အဖွဲ့အလိုက် တပျော်တပါး တောထဲတောင်ထဲ
    flower
    နာမ်

    လစ်

    [lɪʔ]
    ပွင့်ဟရေ။ ၂၊ လပ်သည်
    ပွင့်ဟသည်။ ၂၊ လပ်သည်
    slip out - slip away [as in ရာထူး~ - slip - lapse [as in သတိ ~ -] be missing - be absent [as in အစောင့်~ -၊ လူ~-] [ colloq ] steal [as in ~ခိုး]
    ကြိယာ

    လစ်လပ်

    [lɪʔlaʔ]
    ပြည့်စုံရေ မဟိ။ မပြည့်စုံ မစီစပ် လိုနိန်ရေ။ ၂၊ အပေါင် အပိတ် လပ်သည်
    ပြည့်စုံသည် မယှိ။ မပြည့်စုံ မစေ့စပ် လိုနေသည်။ ၂၊ အဖုံး အပိတ် လပ်သည်
    be vacant [as in တာဝန်~-] be deficient [as in အုပ်ချုပ်ရေးတွင်~-] be devoid of [as in သတိ~-၊ စီးပွား~-]
    ကြိယာ

    လစ်ဟင်း

    [lɪʔhɪ́ɴ]
    တခုတရီ လုပ်ဆောင်ရန် တာဝန် ပျက်ကွက်ရေ။ တတ်ကျွမ်း နားလည်သည် မဟိ။ ၂၊ အကျိုးမဟိ အခြည်းနှီး ကုန်ဆုံးသည်
    တစ်စုံတစ်ခု လုပ်ဆောင်ရန် တာဝန် ပျက်ကွက်သည်။ ကျွမ်းကျင် နားလည်သည် မယှိ။ ၂၊ အကျိုးမယှိ အချည်းနှီး ကုန်ဆုံးသည်
    neglect [as in တာဝန်~-] suffer a lapse setback [as in သတိ~-၊ စီးပွား~-]
    ကြိယာ

    လဆနာ

    [lsʰnà]
    ဗဟရီ ဖြစ်တေ။ အသုံးမဝင် ဖြစ်တေ
    အသုံးမကျ ဖြစ်သည်။ အသုံးမဝင် ဖြစ်သည်
    baseness
    ကြိယာ

    လဆနာ၂

    [lsʰnà၂]
    အသိအလိမ္မာ မဟိရေ သူ။ အထာနပ်ခြင်း မဟိသူ
    အသိအလိမ္မာ ကင်းမဲ့သော သူ။ ပါးနပ်ခြင်း မယှိသူ
    lethargy
    နာမ်

    လဆန်း

    [lsʰáɴ]
    လဆန်းရေ တရက်နိမှ လပြည့်ရီနီထိ ရက်ပိုင်း
    လဆန်းသည့် တစ်ရက်နေ့မှ လပြည့်သည့်နေထိ ရက်ပိုင်း
    (of the moon) wax - (of a month) begin - waxing of the moon
    နာမ်

    လဆိုင်း

    [lsʰáɪɴ]
    (ကြီးချီး ရောင်းရာ ငှါးရာမာ) လပိုင်းနန့် ဆိုင်းပြီးကေ ပြန်ပနာ ပီးဆပ်သော စနစ်
    (ကြေးချေး ရောင်းရာ ငှါးရာတွင်) လပိုင်းနှင့် ဆိုင်းပြီးနောက် ပြန်လည် ပေးဆပ်သော စနစ်
    system of deferring settlement of loan or credit by the month (s) specified
    နာမ်

    လဆုတ်

    [lsʰoʊʔ]
    လပြည့်ကျော် တရက်နိမှ လကွယ်ရီနီ့ထိ ရက်ပိုင်း
    လပြည့်ကျော် တစ်ရက်နေ့မှ လကွယ်သည့်နေ့ထိ ရက်ပိုင်း
    (of the moon) wane - waning of the moon
    နာမ်

    လည်

    [lɛ̀]
    လှည့်ပတ် လားလာရေ။ နီရာများစွာ စိနှံ့အောင် လားလာရေ။ သစ်သီးညိုလေ၊ ဆိမ့်ချိုစားပစ်လို့၊ တောမြိုင်ခြေကို လည်ကတ်မေလေ (ပန်း)။ ၂၊ အဆုံးမှအစ အဖျားမှအရင်းသို့ ခေါက်တုံ့ခေါက်ပြန် ဟိရေ။ ၃၊ မူလနီရာသို့ တဖန်ပြန်ပနာ ဆိုက်ရေ။ ၄၊ ချာချာပတ်၍ ရွိသည်
    လှည့်ပတ် သွားလာသည်။ နေရာများစွာ စေ့နှံ့အောင် သွားလာသည်။ သစ်သီးညိုလေ၊ ဆိမ့်ချိုစားလို့၊ တောမြိုင်ခြေကို လည်ကတ်မေလေ (ပန်း)။ ၂၊ အဆုံးမှအစ အဖျားမှအရင်းသို့ ခေါက်တုံ့ခေါက်ပြန် ယှိသည်။ ၃၊ မူလနေရာသို့ တစ်ဖန်ပြန်၍ ဆိုက်သည်။ ၄၊ ချာချာပတ်၍ ရွေ့လျားသည်
    revolve - rotate - spin [as in ဝဲ~-] (of mills) be running - be working [as in စက်~-] make a round of visits [as in မြို့~-၊ ရွာ~-] make the rounds [as in စည်~ -၊ မောင်းကြေး~-] go round in circles [as in စကားပြောရင်း~နေ-] revert to - regain [as in သ
    ကြိယာ

    လည်း

    [lɛ́]
    နာမ်၊ ကြိယာ အစဟိစွာ ပုဒ်တခုခုကို သုံးစွဲလိုရာမာ ရည်ညွှန်းချက် ဆိုလိုရင်းနန့်သာ မပြီးပဲ၊ ယင်းအကြောင်း ခြင်းရာကို ပေါင်းစည်း၍ ဆွဲငင်သည့် သဘောနန့် သုံးသော စကားလုံး။ ယင်းတိုင်သျှင် လာကေလည်း ရပါယင့်၊ ငိုလည်းငိုရေ၊ ပြောလည်း ပြောရေ
    နာမ်၊ ကြိယာ စသည် ပုဒ်တစ်ခုခုကို သုံးစွဲလိုရာ၌ ရည်ညွှန်းချက် ဆိုလိုရင်းနှင့်သာ မပြီးပဲ၊ ယင်းအကြောင်း ခြင်းရာကို ပေါင်းစည်း၍ ဆွဲငင်သည့် သဘောဖြင့် သုံးသော စကားလုံး။ ယင်းသူ လာကေလည်း ရပါယင့်၊ ငိုလည်းငိုရေ၊ ပြောလည်း ပြောရေ
    word affixed to a noun or verb to mean also word replicated and prefixed to a pair of verbs to denote simultaneous action (equivalent in usage to adverb at the time
    ပစ္စည်း

    လည်၂

    [lɛ̀၂]
    လိမ္မာအထာနပ်သော
    လိမ္မာပါးနပ်သော
    be shrewd
    နာမဝိသေသန

    လည်းကောင်း

    [lɛ́káʊɴ]
    ချိတ်ချွတ် ဆိုရေ အနက်ကို ဖော်ပြသော စကားလုံး။ အသင်နန့် ငါ၊ ရှေးတူလည်ကောင်း၊ ဆုတောင်းခဖူး (ကိန္နရီ)
    တစ်ထပ်တည်း ဟူသော အနက်ကို ဖော်ပြသော စကားလုံး။ အသင်နှင့် ငါ၊ ရှေးတူလည်ကောင်း၊ ဆုတောင်းခဲ့ဖူး (ကိန္နရီ)
    as well - also - both (as in အောင်လှစောကို~၊ အောင်လှစိန်ကို~။ စားရာတွင်~၊ သွားရာတွင်~)၎င်း
    ပစ္စည်း

    လည်ပတ်

    [lɛ̀paʔ]
    ချာချာပတ်၍ ရွိသည်
    ချာချာပတ်၍ ရွေ့လျားသည်
    revolve - rotate - spin (as in ဝဲ~-) (of mills) be running - be working ( as in စက်~-) make a round of visits (as in မြို့~-၊ ရွာ~-) (of money) be in circulation be well-versed in (as in အေသူ့မှာ ရည်~-)
    ကြိယာ

    လည်ပေါ်

    [lɛ̀pɔ̀]
    အမိုးအလယ်ခေါင်ကို မြှင့်၍ သီးသန့်ခွဲဖြာ မိုးထားရေ အရာ
    အမိုးအလယ်ခေါင်ကို မြှင့်၍ သီးခြားခွဲဖြာ မိုးထားသော အရာ
    change of roof
    နာမ်

    လည်ပေါ်ခေါင်

    [lɛ̀pɔ̀kʰèàɪ̀ɴ]
    လည်ပေါ် အမိုးပါဟိရေ အဆောင်
    လည်ပေါ် အမိုးပါရှိသော အဆောင်
    roof of a main building
    နာမ်

    လတာပတာ

    [ltàptà]
    ကောင်းမွန်ခြင်း မဟိသော အဖြစ်၊ အရာ
    ကောင်းမွန်ခြင်း မယှိသော အဖြစ်၊ အရာ
    inferior
    နာမ်

    လတာပတာ၂

    [ltàptà၂]
    ကောင်းရေ မဟုတ်ရေ။ ကောင်းမွန်ခိုင်ခံရေ မဟုတ်ရေ
    ကောင်းသည် မဟုတ်သော။ ကောင်းမွန်ခိုင်ခံသည့် မဟုတ်သော
    inferior
    နာမဝိသေသန

    လတာရီ

    [ltàɹí]
    ညံ့ဖျင်းရေ။ နုံချာရေ။ အသိအလိမ္မာ ကင်းမဲ့ရေ။ လူက လတာရီရာ။ တခုမာလည်း သုံးဖို့ပင်ကမရ (အရပ်)
    ညံ့ဖျင်းသည်။ နုံချာသည်။ အသိအလိမ္မာ ကင်းမဲ့သည်။ လူက လတာရီရာ။ တစ်ခုမှာလည်း သုံးဖို့ပင်ကမရ (အရပ်)
    lethargy
    ကြိယာ

    လတားသတ်

    [ltáθaʔ]
    အကျိုးမဲ့ ကုန်ဆုံးစီရေ
    အကျိုးမဲ့ ကုန်ဆုံးစေသည်
    unrewarding
    ကြိယာ