Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 601–620 of 1,963 words

    လ

    လတိုင်း

    [ltáɪɴ]
    လူသီရို့ကို စွန့်ပစ်ရာ နီရာ။ တစပြင်။ သုသာန်
    လူသေတို့ကို စွန့်ပစ်ရာ နေရာ။ တစပြင်။ သုသာန်
    cemetery - grave yard
    နာမ်

    လတိုင်းကုန်း

    [ltáɪɴkóʊɴ]
    လူသီရို့ကို စွန့်ပစ်ရာ နီရာ။ တစပြင်။ သုသာန်
    လူသေတို့ကို စွန့်ပစ်ရာ နေရာ။ တစပြင်။ သုသာန်
    cemetery - grave yard
    နာမ်

    လံတောင်

    [lံtàʊɴ]
    အလံနန့် တိုင်းထွာသော ပမာဏ
    အလံဖြင့် တိုင်းထွာသော ပမာဏ
    size as measured with measuring chain
    နာမ်

    လတ္တံ့

    [lt̪t̪a̰ံ့]
    နောင် အနာဂတ် ကာလကို ဖော်ပြလိုရာမာ ကြိယာအဆုံးမာ ဆက်တွဲ သုံးလီ့ ဟိသော စကားလုံး။ ဘုရားခြီရင်း၊ စစ်တလင်းလည်း ဖြစ်အံ့ (ကျောင်းရိုးဝင်)
    နောင် အနာဂတ် ကာလကို ဖော်ပြလိုရာ၌ ကြိယာအဆုံးတွင် ဆက်တွဲ သုံးလေ့ ယှိသော စကားလုံး။ ဘုရားခြီရင်း၊ စစ်တလင်းလည်း ဖြစ်လတ္တံ့ (ကျောင်းရိုးဝင်)
    postpositional marker suffixed to a verb to indicate a statement presaging some event ( as in နိုင်ငံပေါ်~၊)
    ဝိသေသန

    လတ္တံ့

    [lt̪t̪a̰ံ့]
    ရှေးပညာဟိကြီးရို့က နောင်မာ ဖြစ်အံ့သော အကြောင်းအရာရို့ကို ကြိုတင် ဟောထားခရေ စာ၊ စကား ထိုမြို့ကိုကား၊ မြောက်ဦးမြို့ဟု၊ မာအံ့ (ဗျာဒိတ်သိုက်)
    ရှေးပညာယှိကြီးတို့က နောင်တွင် ဖြစ်အံ့သော အကြောင်းအရာတို့ကို ကြိုတင် ဟောထားခဲ့သော စာ၊ စကား ထိုမြို့ကိုကား၊ မြောက်ဦးမြို့ဟု၊ တွင်လတ္တံ့ (ဗျာဒိတ်သိုက်)
    will
    နာမ်

    လတ်

    [laʔ]
    မကြီးလွန်း မငယ်လွန်းသော။ လူလတ်ပိုင်းဖြစ်နီဗျာယ်(အရပ်)။ မနည်းလွန်း မကကောင်းများရေ။ ကျီမာစပါး အလတ်ရာ ရောက်သိရေ(အရပ်)။ ၂၊ မမည်းလွန်း မဖြူလွန်းသော။ မမည်းမဖြူ၊ လှမိုးသူမာ သားလတ်သူတည်း (ပန်း)
    မကြီးလွန်း မငယ်လွန်းသော။ လူလတ်ပိုင်းဖြစ်နီဗျာယ်(အရပ်)။ မနည်းလွန်း မများလွန်းသော။ ကျီမှာစပါး အလတ်ရာ ရောက်သိရေ(အရပ်)။ ၂၊ မမည်းလွန်း မဖြူလွန်းသော။ မမည်းမဖြူ၊ လှမိုးသူမှာ သားလတ်သူတည်း (ပန်း)
    (of size age or class) medium - middle [as in လူ~ပိုင်း] (a)(of complexion)fair [as in အသား မ~ဆတ်ဗျာယ်] - (b)(of condition)fair [as in အင်္ကျီ အ~ဆိုင်း] - (c)(of condition)fresh [as in အေဟင်း မ~ဆတ်ဗျာယ်]
    နာမဝိသေသန

    လတ်၂

    [laʔ၂]
    ကြိယာ၏ အနက်သဘောကို လီးနက်စီရန် သုံးသော စကားလုံး။ စစ်တိမှ ဘာဘာလည်း လာလတ်တေ (အရပ်)။ သီဒါပျိုလေ၊ ညိုနှမကို၊ ချိုမြသာကြည်၊ ဆိုလတ်တေက (ရာမ)။ ၂၊ ကြိယာ၏ အနက်သဘောကို လီးနက်စီရန် အဆုံးသတ်သီာ စကားလုံး။ အယင်ကခါ ကျုတ်ခဲချေနန့် သစ်ရွက်ချေ အဆွီခင်ပွန်း မွှန်းကတ်တေလတ်
    ကြိယာ၏ အနက်သဘောကို လေးနက်စေရန် သုံးသော စကားလုံး။ စစ်တွေမှ ဘာဘာလည်း လာလတ်တေ (အရပ်)။ သီဒါပျိုလေ၊ ညိုနှမကို၊ ချိုမြသာကြည်၊ ဆိုလတ်တေက (ရာမ)။ ၂၊ ကြိယာ၏ အနက်သဘောကို လေးနက်စေရန် အဆုံးသတ်သော စကားလုံး။ အယင်ကခါ ကျုတ်ခဲချေနန့် ဖက်ရွက်ချေ အဆွီခင်ပွန်း မွှန်းကတ်တေလတ်
    particle suffixed to a verb for emphasis
    ပစ္စည်း

    လတ်၃

    [laʔ၃]
    အထဲကို ကျုံ့ဝင် တွန့်ခေါက်ရေ။ ပျိုင်ချပ်က အသားမသိနှိုင်ပါ လတ်တေ (အရပ်)
    အတွင်းသို့ ကျုံ့ဝင် တွန့်ခေါက်သည်။ ပျဉ်ချပ်က အသားမသိလို့ လတ်တေ (အရပ်)
    shrink - contract
    ကြိယာ

    လတ်တလော

    [laʔtlɔ́]
    ခုအဂု အနိန်နန့်။ ၂၊ အဂု မျက်မှောက် ကာလမားမှ အဖြစ်အပျက်အနိန်နန့်
    ခုချက်ချင်း အားဖြင့်။ ၂၊ ယခု မျက်မှောက် ကာလတွင်းမှ အဖြစ်အပျက်အားဖြင့်
    suddenly [as in ~သေ] presently - currently for the time being - for the moment [as in ~ထင်မှတ်]
    ကြိယာဝိသေသန

    လတ်တလောဉာဏ်

    [laʔtlɔ́ɲàn်]
    ကြိုတင် တွေးဆထားခြင်း မဟိပဲ အကြောင်းပေါ်မှ ဗြုန်းခနဲ ကြံဆ ဖော်ထုတ် အသုံးပြုသည့် ဉာဏ်။ ဗြုန်းကနဲ ဖြစ်ပေါ်လှာသော ဉာဏ်
    ကြိုတင် တွေးဆထားခြင်း မယှိပဲ အကြောင်းပေါ်မှ ရုတ်တရက် ကြံဆ ထုတ်ဖော် အသုံးပြုသည့် ဉာဏ်။ ဗြုန်းကနဲ ဖြစ်ပေါ်လာသော ဉာဏ်
    ready wit - quick mind Also တင်္ခဏုပ္ပတ္တိဉာဏ်
    နာမ်

    လတ်တလောအခြေအနေ

    [laʔtlɔ́ʔkʰɹèʔnè]
    ဗြုန်းကနဲ အမှတ်မထင် ဖြစ်ပေါ်သည်
    ဗြုန်းကနဲ အမှတ်မထင် ဖြစ်ပေါ်သည်
    suddenly [as in ~သေ] presently - currently for the time being - for the moment [as in ~ထင်မှတ်]
    ကြိယာဝိသေသန

    လတ်ပြု

    [laʔpɹoʊ]
    အရီးတယူ လုပ်ရေ။ ၂၊ သတိမူရေ။ ယင်းတိုင်သျှင်ဇာရို့ လားမလားကို လတ်ပြုလို့ ကြည့်နီစွာရာ (အရပ်)
    အရေးတယူ လုပ်သည်။ ၂၊ သတိမူသည်။ ယင်းသူဇာတို့ လားမလားကို လတ်ပြုလို့ ကြည့်နီစွာရာ (အရပ်)
    take heed - take notice of
    ကြိယာ

    လတ်မပြုမိ

    [laʔmpɹoʊmì]
    စီစပ်စွာ သတိမပြုနိုင်သနန့် မမြင်မတွိမိ ဟိရေ။ သတိမမူခဲ့မိ ဟိရေ။ တခုတရီ၌ အာရုံစွဲစိုက်ခြင်းမဟိ ဖြစ်တေ
    စေ့စပ်စွာ သတိမပြုနိုင်သဖြင့် မမြင်မတွေ့မိ ယှိသည်။ သတိမမူခဲ့မိ ယှိသည်။ တစ်စုံတစ်ခု၌ အာရုံစွဲစိုက်ခြင်းမယှိ ဖြစ်သည်
    careless
    ကြိယာ

    လတ်မသီ

    [laʔmθí]
    ပစ်လုံးအစဟိစွာ တခုတရီသော အရာဝတ္တု၌ အပေါက်အကွဲ ဟိနိန်ပနာ (ရေ-လေ အစဟိစွာ) မလုံဖို့လဲဖြစ်တေ။ ပစ်လုံးက အပေါက်ရာ လတ်မသီ ဆီယိုရေ (အရပ်)
    ပစ်လုံးစသည် တစ်စုံတစ်ခုသော အရာဝတ္တု၌ အပေါက်အကွဲ ယှိနေ၍ (ရေ-လေ စသည်) မလုံမလဲဖြစ်သည်။ ပစ်လုံးက အပေါက်ရာ လတ်မသီ ဆီယိုရေ (အရပ်)
    broke
    ကြိယာ

    လတ်ယားလတ်ယား

    [laʔjálaʔjá]
    ရည်ရွယ်ချက် တခုတရီ မဟိပဲ လားလာ လှည့်ပတ်ကာ ဖဖုံပစ်သော အနိန်နန့်
    ရည်ရွယ်ချက် တစ်စုံတစ်ရာ မယှိပဲ သွားလာ လှည့်ပတ်ကာ အချိန်ဖြုန်းသော အားဖြင့်
    pass the time idly - aimlessly
    ကြိယာဝိသေသန

    လတ်လတ်

    [laʔlaʔ]
    မဆိုင်းမတွ အဂုအနိန်နန့်။ လက်ငင်း။ ထက်ခွင်သိကြား၊ မြီးတပါးဟု၊ ပီးငြားသည်စု၊ ဓိဌာန်ပြုကေ၊ အဂုလတ်လတ်၊ ငါ့အဂေါင်းလျှင်၊ ထောင်းထောင်းပြတ်မည် (ကော်)
    မဆိုင်းမတွ ချက်ချင်းအားဖြင့်။ လက်ငင်း။ ထက်ခွင်သိကြား၊ မြီးတစ်ပါးဟု၊ ပီးငြားသည်စု၊ ဓိဌာန်ပြုကေ၊ ယခုလတ်လတ်၊ ငါ့ဦးခေါင်းလျှင်၊ ထောင်းထောင်းပြတ်မည် (ကော်)
    at once - immediately - at the present time
    ကြိယာဝိသေသန

    လတ်လတ်လောလော

    [laʔlaʔlɔ́lɔ́]
    မပုပ်မသိုး မညှိုးမနွမ်းသော။ သစ်လွင်ကောင်း မွန်ဟိသော။ ၂၊ အခိုးအနံ့ အစဟိစွာ ကင်းစင်သော
    မပုပ်မသိုး မညှိုးမနွမ်းသော။ သစ်လွင်ကောင်း မွန်ယှိသော။ ၂၊ အခိုးအနံ့ စသည် ကင်းစင်သော
    fresh
    နာမဝိသေသန

    လထပ်

    [ltʰaʔ]
    တနှစ်မာ တဆယ့်နှစ်လ ဟိရေအနက် တဆယ့်သုံးလ အဖြစ် တလ ထပ်တိုးသည်
    တစ်နှစ်တွင် တစ်ဆယ့်နှစ်လ ယှိသည့်အနက် တစ်ဆယ့်သုံးလ အဖြစ် တစ်လ ထပ်တိုးသည်
    intercalate a month in the lunar year to coincide with the solar year
    ကြိယာ

    လထီးဆောင်း

    [ltʰïsʰáʊɴ]
    လစန်း၏ အထက်ပတ်လည်မာ အဝါနှင့် ပန်းနုရောင် ထင်သော ရောင်ခြည်ဝန်း တစိတ်တဒီသ မိုးအုပ် ဖြစ်ပေါ်နိန်ရေ
    လစန်း၏ အထက်ပတ်လည်တွင် အဝါနှင့် ပန်းနုရောင် ထင်သော ရောင်ခြည်ဝန်း တစ်စိတ်တစ်ဒေသ မိုးအုပ် ဖြစ်ပေါ်နေသည်
    (of the moon ) have a partial halo cf လအိမ်ဖွဲ့
    ကြိယာ

    လထွက်

    [ltʰwɛʔ]
    အဟိမျက်နှာမာ မြီပြင်နန့် မိုးသားအစပ် ကြားမှ လဝန်းစတင် ထွက်ပေါ်စ အချိန်
    အရှေ့မျက်နှာတွင် မြေပြင်နှင့် မိုးသားအစပ် ကြားမှ လဝန်းစတင် ထွက်ပေါ်စ အချိန်
    moonrise
    နာမ်