Dictionary Entries
Showing 661–680 of 1,963 words
လ
လမိုင်းသား
[lmáɪɴθá]
Arakanese:
ခေါင်းတလာ
Burmese:
လယ်လုပ်သား
English:
farmer
Grammar Note:
နာမ်
လမုန့်
[lmòʊɴ့]
Arakanese:
ရီငန် ရောက်ရာ မြစ်တလျှောက်မာ ပေါက်ရောက်လီ့ဟိသော အသီး အလယ်မာ စူမောက်ပြီး ပြားသော အသီးသီးသော ပင်လတ်တမျိုး။ လမုန်း သီးတရာ၊ သီးတာ နားက၊ မိုဃ်းကိုခေါ် (တေး)
Burmese:
ရေငန် ရောက်ရာ မြစ်တစ်လျှောက်တွင် ပေါက်ရောက်လေ့ယှိသော အသီး အလယ်တွင် စူမောက်ပြီး ပြားသော အသီးသီးသော ပင်လတ်တစ်မျိုး။ လမုန်း သီးတရာ၊ သီးတာ နားက၊ မိုဃ်းကိုခေါ် (တေး)
English:
mangrove
Grammar Note:
နာမ်
လမူး
[lmùး]
Arakanese:
ဝါးစိတ်ငယ်တိကို ကြိုးဖြင့်စီခတ်၍ ပြုလုပ်ထားရေ ပိုက်ချကိရိယာ
Burmese:
ဝါးစိတ်ငယ်များကို ကြိုးဖြင့်စီခတ်၍ ပြုလုပ်ထားသော ငါးဖမ်းကိရိယာ
English:
roll of bamboo chick - kind of bamboo fish trap laid across tidal creeks
Grammar Note:
နာမ်
လမူးပိတ်
[lmùးpeɪʔ]
Arakanese:
ချောင်းငယ်၊ မြောင်းငယ်ရို့မာ ငါးမထွက်လှားကတ်မေ လမူးဖြင့် ထီး ကာဆီး ထားရေ။ မောင်ယေ-မောင်ယေ လမူးပိတ်ရာ၊ ခြံချရာကို၊ မလားလီကေ့ (တေး)
Burmese:
ချောင်းငယ်၊ မြောင်းငယ်တို့တွင် ငါးမထွက်သွားရအောင် လမူးဖြင့် ပိတ်ဆို့ ကာဆီး ထားသည်။ မောင်ယေ-မောင်ယေ လမူးပိတ်ရာ၊ ခြံချရာကို၊ မလားလီကေ့ (တေး)
English:
finely-split bamboo fish trap
Grammar Note:
ကြိယာ
လမူးပြား
[lmùးpɹá]
Arakanese:
ဝါးစိတ်ငယ်တိကို ကြိုးဖြင့် တနည်း ကြိမ်နန့်ခတ်၍ အပြားအပြင် ပြုလုပ်ထားရေ ဝန်
Burmese:
ဝါးစိတ်ငယ်များကို ကြိုးဖြင့် သို့မဟုတ် ကြိမ်နှင့်ခတ်၍ အပြားအပြင် ပြုလုပ်ထားသော ပစ္စည်း
English:
roll of bamboo chick
Grammar Note:
နာမ်
လမူးလိပ်
[lmùးlìaʔ]
Arakanese:
ခွေလိပ်၍ တင်နှိုင်ရေ မိုဃ်းကာ နီကာ ဝါးစိတ်ငယ်တိနန့် ပြုလုပ်ရေ အလိပ်
Burmese:
ခွေလိပ်၍ တင်နိုင်သော မိုဃ်းကာ နေကာ ဝါးစိတ်ငယ်များဖြင့် ပြုလုပ်သော အလိပ်
English:
roll of bamboo chick
Grammar Note:
နာမ်
လမ်း
[láɴ]
Arakanese:
တခုတရီသို့ ဦးတည် ဖောက်ထားရေ အများလားလာရာ မြီပြင် ခရီးကြောင်း။ ၂၊ ရှေ့ရှု လားလာရာ ခရီးကြောင်း။ ၃၊ လူများ တနီရာမှ တနီရာသို့ ကူးသန်း လားလာရာ ခရီးကြောင်း
Burmese:
တစ်စုံတစ်ခုသို့ ဦးတည် ဖောက်ထားသော အများသွားလာရာ မြေပြင် ခရီးကြောင်း။ ၂၊ ရှေ့ရှု သွားလာရာ ခရီးကြောင်း။ ၃၊ လူများ တစ်နေရာမှ တစ်နေရာသို့ ကူးသန်း သွားလာရာ ခရီးကြောင်း
English:
road - street - pathway [as in~မ၊ ရွာ~၊ ရွာကြီး~] route [as in ရေ~၊ ကုန်း~] orbit - track way path [as in နိဗ္ဗာန်သို့သွားရာ~] way - opportunity [as in လွတ် ~]
Grammar Note:
နာမ်
လမ်းကုန်စွမ်းကုန်
[láɴkòʊɴsʊ̀ɴkòʊɴ]
Arakanese:
တန်ခိုး သတ္တိ ဟိသမျှ။ စွမ်းအား ဟိသမျှ
Burmese:
တန်ခိုး သတ္တိ ရှိသမျှ။ စွမ်းအား ယှိသမျှ
English:
utmost
Grammar Note:
ကြိယာဝိသေသန
လမ်းကူး
[láɴkùး]
Arakanese:
အရာတပါးသော လမ်းတခုနှင့် ဆက်စပ်သော နီရာ
Burmese:
အခြားတစ်ပါးသော လမ်းတစ်ခုနှင့် ဆက်စပ်သော နေရာ
English:
road crossing - crosswalk (Am)
Grammar Note:
နာမ်
လမ်းကျ
[láɴt͡ɕ]
Arakanese:
လမ်းနှင့် မလွတ်ဖြစ်တေ။ လမ်းထက်မာ ကျရောက်ရေ။ ၂၊ တစုံ တခုသော နီရာသို့ ဖြတ်သန်း လားလာရာ နီရာမာ ကျရောက်ရေ
Burmese:
လမ်းနှင့် မလွတ်ဖြစ်သည်။ လမ်းပေါ်တွင် ကျရောက်သည်။ ၂၊ တစ်စုံ တစ်ခုသော နေရာသို့ ဖြတ်သန်း သွားလာရာ နေရာ၌ ကျရောက်သည်
English:
(of a place ) be on the way - be accessible [as in ပေါက်တောကသင်္ဘောနန့်~ရေ] be in the path of [as in စစ်~-] be proper [as in သူပြောစွာ~ရေ]
Grammar Note:
ကြိယာ
လမ်းကြား
[láɴt͡ɕá]
Arakanese:
တိုက်အိမ် အဆောက်အအုံ တောတောင်၊ အပင်၊ ခြုံ နွယ် အစဟိစွာရို့ အထဲဟိ လမ်းကျဉ်းလေး
Burmese:
တိုက်အိမ် အဆောက်အအုံ တောတောင်၊ သစ်ပင်၊ ချုံ နွယ် စသည်တို့ အတွင်းယှိ လမ်းကျဉ်းလေး
English:
alley
Grammar Note:
နာမ်
လမ်းကြုံ
[láɴt͡ɕòʊɴ]
Arakanese:
လားလာမည့် ခရီးမာ အကြောင်း တိုက်ဆိုင်ရေ။ အခွင့် သင့်သည်
Burmese:
သွားလာမည့် ခရီးတွင် အကြောင်း တိုက်ဆိုင်သည်။ အခွင့် သင့်သည်
English:
happen to be on the way one is going
Grammar Note:
ကြိယာ
လမ်းကြောင်း
[láɴt͡ɕáʊɴ]
Arakanese:
အလျားရှည်သွယ်၍ မြင်သာသော လားလာရာ ခရီးကြောင်း
Burmese:
အလျားရှည်သွယ်၍ မြင်သာသော သွားလာရာ ခရီးကြောင်း
English:
route track - path [ fig ] way - path - road [as in ကြီးပွားရာ~] - possibility avenue [as in ဆိပ်ကပ်ရာ~] VIP motorcade
Grammar Note:
နာမ်
လမ်းကြောင်းပီး
[láɴt͡ɕáʊɴpï]
Arakanese:
လိုရာခရီးသို့ လားရောက် နိုင်စီရန် ကူညီရေ့ အနေနန့် လမ်းညွှန် ပြပီးရေ
Burmese:
လိုရာခရီးသို့ သွားရောက် နိုင်စေရန် ကူညီသည့် အနေဖြင့် လမ်းညွှန် ပြပေးသည်
English:
guide - prompt
Grammar Note:
ကြိယာ
လမ်းခင်း
[láɴkʰɪ́ɴ]
Arakanese:
လမ်းဖြစ်ယောင် ဆည်ဖို့ ညှိပြုလုပ်ရေ။ ၂၊ (ဥပစာ) တခုတရီ ပြောဆိုဖို့ အကျိုးတခုခုကို ရဟိနှိုင်ယောင် ကူညီ အစဖော် ပီးရေ
Burmese:
လမ်းဖြစ်အောင် ဆည်ဖို့ ညှိပြုလုပ်သည်။ ၂၊ (ဥပစာ) တစ်စုံတစ်ခု ပြောဆိုရန် အကျိုးတစ်ခုခုကို ရယှိနိုင်အောင် ကူညီ အစဖော် ပေးသည်
English:
build a road pave the way
Grammar Note:
ကြိယာ
လမ်းခရီး
[láɴkʰɹï]
Arakanese:
လားလာရန် ရည်မှတ်ထားရေ့ လမ်းကြောင်း
Burmese:
သွားလာရန် ရည်မှတ်ထားသည့် လမ်းကြောင်း
English:
route - track - path
Grammar Note:
နာမ်
လမ်းခါးမီးဖောက်
[láɴkʰàးmïpʰɔ́ɛʔ]
Arakanese:
ပွရွအောင် မီးဖုတ် တနည်း လောင်းာ်၍ ထားရေ လက်ချား
Burmese:
ပွရွအောင် မီးဖုတ် သို့မဟုတ် လှော်၍ ထားသော လက်ချား
English:
borax
Grammar Note:
နာမ်
လမ်းခါးဝ
[láɴkʰàးw]
Arakanese:
တနီရာသို့ ကူးသန်းဆက်သွယ် လားရောက်ဖို့ ခရီးပွင့်ရေ။ ၂၊ ပိုင်အလာ အဆက်အဆံ ဖြစ်ပေါ်ရေ။ လားလာနီကျ ဖြစ်တေ
Burmese:
တစ်နေရာသို့ ကူးသန်းဆက်သွယ် သွားရောက်ရန် ခရီးပွင့်သည်။ ၂၊ အသွားအလာ အဆက်အဆံ ဖြစ်ပေါ်သည်။ သွားလာနေကျ ဖြစ်သည်
English:
become main road
Grammar Note:
ကြိယာ
လမ်းခါးဝ၂
[láɴkʰàးw၂]
Arakanese:
လားလာ ဝင်ထွက်နှိုင်သော လမ်းဝ
Burmese:
သွားလာ ဝင်ထွက်နိုင်သော လမ်းဝ
English:
gate
Grammar Note:
နာမ်
လမ်းခွ
[láɴkʰw]
Arakanese:
လမ်းနှစ်သွယ် တနည်း လမ်း အများဆုံရာ နီရာ
Burmese:
လမ်းနှစ်သွယ် သို့မဟုတ် လမ်း အများဆုံရာ နေရာ
English:
fork in a road
Grammar Note:
နာမ်