Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 701–720 of 1,963 words

    လ

    လမ်းပြ

    [láɴpɹ]
    တခုတရီသော နီရာသို့ လားမေ့ခရီးကို ညွှန်သည်
    တစ်စုံတစ်ခုသော နေရာသို့ သွားမည့်ခရီးကို ညွှန်သည်
    give directions to a certain place guide - give guidance
    ကြိယာ

    လမ်းပြတ်

    [láɴpɹaʔ]
    ဟိကို ဆက်ပနာပြီးကေ လားနှိုင်ခြင်းမဟိ ဖြစ်တေ။ ၂၊ (ဥပစာ) အဆက်အသွယ် မဟိ ကင်းကွာရေ။ ၃၊ လားရောက်နှိုင်ရေ လမ်း တဆက်တည်းမဟိ ခြာရေ
    ရှေ့သို့ ဆက်လက်၍ သွားနိုင်ခြင်းမယှိ ဖြစ်သည်။ ၂၊ (ဥပစာ) အဆက်အသွယ် မယှိ ကင်းကွာသည်။ ၃၊ သွားရောက်နိုင်သည့် လမ်း တစ်ဆက်တည်းမယှိ ခြားသည်
    (of communication) be cut off [fig.] (of people) become estranged
    ကြိယာ

    လမ်းပြောင့်

    [láɴpɹàʊɴ့]
    လမ်းကွေ့ လမ်းကောက်ခြင်း မဟိ သွယ်တန်းနိန်ရေ
    လမ်းကွေ့ လမ်းကောက်ခြင်း မယှိ သွယ်တန်းနေသော
    (of a road) be straight - (of a place) be easy to reach - be accessible
    နာမဝိသေသန

    လမ်းပွင့်

    [láɴpwɪ̀ɴ့]
    လားနှိုင်လာနိုင်ခြင်း ဟိသော ခရီးလမ်း ပေါ်ပေါက်ရေ။ ၂၊ ဖောက်လုပ် ထားရေ လမ်းပန်း အစဟိစွာ ပြီးစီး အောင်မြင်သည်
    သွားနိုင်လာနိုင်ခြင်း ယှိသော ခရီးလမ်း ပေါ်ပေါက်သည်။ ၂၊ ဖောက်လုပ် ထားသော လမ်းပန်း စသည် ပြီးစီး အောင်မြင်သည်
    (of road an communications) be cleared of obstructions (of newly constructed roads) be open - come into use [fig.] find one’s way open for a certain pursuit
    ကြိယာ

    လမ်းဖယ်

    [láɴpʰɛ̀]
    တနီရာရာသို့ သွားသာ လာသာနှိုင်ယောင် လမ်းပီးသည်
    တစ်နေရာရာသို့ သွားသာ လာသာနိုင်အောင် လမ်းပေးသည်
    give way for others to pass - make way [fig.] remove obstacles
    ကြိယာ

    လမ်းဖြတ်

    [láɴpʰɹaʔ]
    (ဥပစာ) တဦးနှင့်တဦး ဆက်သွယ်မှု မပြုပဲ နိန်ရေ
    (ဥပစာ) တစ်ဦးနှင့်တစ်ဦး ဆက်သွယ်မှု မပြုပဲ နေသည်
    out of contact
    ကြိယာ

    လမ်းဖြတ်၂

    [láɴpʰɹaʔ၂]
    သာမန် လားလမ်းနန့် ရောက်နှိုင်ရေ နီရာသို့ ယင်းထက်ခရီးကို အပြင်းလားနှိုင်သော လမ်း။ ၂၊ (ဥပစာ) အပြင်းအလွယ် ပြီးစီးနှိုင်ရီနည်း
    သာမန် သွားလမ်းဖြင့် ရောက်နိုင်သော နေရာသို့ ထို့ထက်ခရီးကို အမြန်သွားနိုင်သော လမ်း။ ၂၊ (ဥပစာ) အမြန်အလွယ် ပြီးစီးနိုင်သောနည်း
    short-cut
    နာမ်

    လမ်းဖြာ

    [láɴpʰɹà]
    လမ်းသွယ်မှ ခွဲဖြာထွက်သော လမ်းသေး
    လမ်းသွယ်မှ ခွဲဖြာထွက်သော လမ်းသေး
    branch road
    နာမ်

    လမ်းဘေး

    [láɴbʱé]
    ကျယ်ပြန့်သော လမ်းမကြီး၏ နံပါး တဖက်တချက်
    ကျယ်ပြန့်သော လမ်းမကြီး၏ နံပါး တစ်ဖက်တစ်ချက်
    roadside pavement - sidewalk (Am.)
    နာမ်

    လမ်းမ

    [láɴm]
    ကျယ်ပြန့်သော အရင်းခံ လမ်းမကြီး
    ကျယ်ပြန့်သော အရင်းခံ လမ်းမကြီး
    main road
    နာမ်

    လမ်းမကြီး

    [láɴmt͡ɕï]
    ကျယ်ပြန့် ဖြောင့်ဖြူးသော ပဓာနကျသော လမ်းကြီး
    ကျယ်ပြန့် ဖြောင့်ဖြူးသော ပဓာနကျသော လမ်းကြီး
    main road - highway
    နာမ်

    လမ်းများ

    [láɴmrá]
    (ဥပစာ) ရက်ပြတ် လားလာတတ်ရေ။ ထိုထိုဒေဒေ ပြုလုပ်ဖို့ အကြောင်း အစဟိစွာ ထွေပြားစွာ ဟိသော
    (ဥပစာ) အမြဲမပြတ် သွားလာတတ်သော။ ထိုထိုဤဤ ပြုလုပ်ရန် အကြောင်း စသည် ထွေပြားစွာ ယှိသော
    have or find one reason or another to go to one place after another
    နာမဝိသေသန

    လမ်းမျှောင်

    [láɴmr̯àʊɴ]
    လမ်းမကြီး၏ ဖီး တဖက်၌ ဖြစ်စီ၊ နှစ်ဘက်၌ ဖြစ်စီ၊ သွယ်ပြိုင်နိန်ရေ လမ်းငယ်။ ၂၊ လမ်းမနှင့် လမ်းငယ်ရို့ ပြိုင်ဗျာယ် သီးသန့် သွယ်တန်းနိန်ရေ လမ်း
    လမ်းမကြီး၏ ဘေး တစ်ဘက်၌ ဖြစ်စေ၊ နှစ်ဘက်၌ ဖြစ်စေ၊ သွယ်ပြိုင်နေသော လမ်းငယ်။ ၂၊ လမ်းမနှင့် လမ်းငယ်တို့ ပြိုင်လျက် သီးခြား သွယ်တန်းနေသော လမ်း
    subway
    နာမ်

    လမ်းမွိန့်

    [láɴmwèɪɴ့]
    ခရီးလွှဲချော်သော။ လားလိုရင်း မဟုတ်ရေ အရာ တနီရာသို့ ရောက်ဟိသော။ ၂၊ (ဥပစာ) နည်းလမ်းကျန မှန်ကန်လို့ ဆောင်ရွက်ခြင်း မပြုရေ
    ခရီးလွှဲချော်သော။ သွားလိုရင်း မဟုတ်သော အခြား တစ်နေရာသို့ ရောက်ယှိသော။ ၂၊ (ဥပစာ) နည်းလမ်းကျန မှန်ကန်စွာ ဆောင်ရွက်ခြင်း မပြုသော
    take the wrong road
    နာမဝိသေသန

    လမ်းမွိန့်၂

    [láɴmwèɪɴ့၂]
    အရပ်မျက်နှာနှင့် လာလမ်း ပြန်လမ်းအစဟိစွာ မသိပဲ တဝဲလည်လည် ဟိသည် မျက်စိ မူးမိုက်ရေ။ ၂၊ အမြင်အာရုံ အနှောင့်အယှက် ဖြစ်တေ။ ၃၊ (ဥပစာ) အမြင်မရှင်းပဲ လွဲမားစွာ မြင်ရေ။ မဟာဂနိုင်၊ နဝရတ်ဟု၊ မြတ်ရီအိုင်ကို၊ ကိုယ်တိုင်ရောက်လှား၊ အရပ်လည်ကေ၊ လမ်းဝယ်မွိန့်လို့ (ကော်)
    အရပ်မျက်နှာနှင့် လာလမ်း ပြန်လမ်းစသည် မသိပဲ တဝဲလည်လည် ယှိသည် မျက်စိ မူးမိုက်သည်။ ၂၊ အမြင်အာရုံ အနှောင့်အယှက် ဖြစ်သည်။ ၃၊ (ဥပစာ) အမြင်မရှင်းပဲ လွဲမှားစွာ မြင်သည်။ မဟာဂနိုင်၊ နဝရတ်ဟု၊ မြတ်ရီအိုင်ကို၊ ကိုယ်တိုင်ရောက်သွား၊ မျက်စိလည်ကေ၊ လမ်းဝယ်မွိန့်လို့ (ကော်)
    disturb
    ကြိယာ

    လမ်းမွိန့်လာ

    [láɴmwèɪɴ့là]
    မရည်ရွယ်၊ မစီစိုင်ပဲ အမှတ်မထင်သော ခရီးသို့ ဆိုက်ရောက်ရေ
    မရည်ရွယ်၊ မစီစဉ်ပဲ အမှတ်မထင်သော ခရီးသို့ ဆိုက်ရောက်သည်
    reach somewhere unexpectedly
    ကြိယာ

    လမ်းမှန်

    [láɴm̥àɴ]
    နည်းလမ်း မျှတစွာ ဆောင်ရွက်သော
    နည်းလမ်း မျှတစွာ ဆောင်ရွက်သော
    take the right path
    နာမဝိသေသန

    လမ်းမှန်၂

    [láɴm̥àɴ၂]
    လိုရာသို့ ဖြောင့်တန့်စွာ ရောက်သော ခရီးလမ်း
    လိုရာသို့ ဖြောင့်တန့်စွာ ရောက်သော ခရီးလမ်း
    the right way
    နာမ်

    လမ်းမှန်စမ်းမှန်

    [láɴm̥àɴsáɴm̥àɴ]
    သဘာဝ နည်းလမ်း အတိုင်း
    သဘာဝ နည်းလမ်း အတိုင်း
    the right way
    ကြိယာဝိသေသန

    လမ်းရိုး

    [láɴɹó]
    (ဥပစာ) အမြဲအစွဲ လိုက်နာလေ့ ဟိသော နည်းလမ်းဟောင်း
    (ဥပစာ) အမြဲအစွဲ လိုက်နာလေ့ ယှိသော နည်းလမ်းဟောင်း
    old method
    နာမ်