Dictionary Entries
Showing 741–760 of 1,963 words
လ
လယ်ခန့်စာနာ
[lɛ̀kʰàɴ့sànà]
Arakanese:
လယ်ယာ မြေမာ စိုက်ပျိုး လုပ်ကိုင်ယင့်အတွက် အစိုးရအား ပီးဆောင်ရရေ အခွန်တော်
Burmese:
လယ်ယာ မြေတွင် စိုက်ပျိုး လုပ်ကိုင်သည့်အတွက် အစိုးရအား ပေးဆောင်ရသည့် အခွန်တော်
English:
[obs.] tax on paddy land - land revenue
Grammar Note:
နာမ်
လယ်ချောင်းတာရီ
[lɛ̀ɕáʊɴtàɹí]
Arakanese:
ကောက်ပဲ သီးနှံ စိုက်ပျိုးခြင်း လုပ်ငန်း။ ယင်းလုပ်ငန်းခွင်
Burmese:
ကောက်ပဲ သီးနှံ စိုက်ပျိုးခြင်း လုပ်ငန်း။ ယင်းလုပ်ငန်းခွင်
English:
agricultural land
Grammar Note:
နာမ်
လယ်ငှားခ
[lɛ̀ŋ̊ákʰ]
Arakanese:
လယ် အလုပ်လုပ်သူက လယ်ရှင်အား ပီးရရေ သီးစားခ
Burmese:
လယ် အလုပ်လုပ်သူက လယ်ရှင်အား ပေးရသော သီးစားခ
English:
[obs.] rent paid by the tenant farmer to the owner - farm-rent
Grammar Note:
နာမ်
လယ်ငှားခံ
[lɛ̀ŋ̊ákʰံ]
Arakanese:
လူတိ၏ လယ်မာ အခယူပနာ လုပ်ကိုင်ပေးသူ။ စာရင်းငှား
Burmese:
သူတစ်ပါး၏ လယ်တွင် အခယူ၍ လုပ်ကိုင်ပေးသူ။ စာရင်းငှား
English:
paid patty field worker
Grammar Note:
နာမ်
လယ်ငှားပီး
[lɛ̀ŋ̊ápï]
Arakanese:
လယ်သမား တဦးတလီအား သတ်မှတ်ထားရေ လယ်ကွက်မာ စိုက်ပျိုး လုပ်ကိုင်ခွင့် ပီးအပ်ရေ
Burmese:
လယ်သမား တစ်ဦးဦးအား သတ်မှတ်ထားသော လယ်ကွက်တွင် စိုက်ပျိုး လုပ်ကိုင်ခွင့် ပေးအပ်သည်
English:
farm out one’s paddy fields
Grammar Note:
ကြိယာ
လယ်စွက်
[lɛ̀swɛʔ]
Arakanese:
ကန်သင်းဖြင့် ပိုင်းခြာထားရေ စိုက်ကွက် လယ်ခင်း
Burmese:
ကန်သင်းဖြင့် ပိုင်းခြားထားသော စိုက်ကွက် လယ်ခင်း
English:
paddy field
Grammar Note:
နာမ်
လယ်တိုးပီး
[lɛ̀tópï]
Arakanese:
ကောက်ပဲ သီးနှံပေါ်ချိန်မာ အတိုးနန့်တကွ ပြန်ပနာ ဆပ်ရန် ငွီကြိုတင် ချီးရေ စနစ်
Burmese:
ကောက်ပဲ သီးနှံပေါ်ချိန်တွင် အတိုးနှင့်တကွ ပြန်၍ ဆပ်ရန် ငွေကြိုတင် ချေးသည့် စနစ်
English:
loan repayable with interest at the harvest time - such a system of lending money
Grammar Note:
နာမ်
လယ်တော
[lɛ̀tɔ́]
Arakanese:
လယ် စိုက်ပျိုးရာ ပြင်လယ်ဂေါင်။ လယ်လုပ်ခွင်
Burmese:
လယ် စိုက်ပျိုးရာ ကွင်းပြင်။ လယ်လုပ်ခွင်
English:
stretch of paddy fields
Grammar Note:
နာမ်
လယ်တဲ
[lɛ̀tɛ]
Arakanese:
လယ်လုပ်သူရို့ လယ်လုပ်စဉ် ကာလအထဲ နိန်ရန် ပြင်လယ်ကောင်မာ ဆောက်လုပ် ထားရေ တဲ
Burmese:
လယ်လုပ်သူတို့ လယ်လုပ်စဉ် ကာလအတွင်း နေရန် လယ်ကွင်းပြင်တွင် ဆောက်လုပ် ထားသော တဲ
English:
field hut for temporary habitation during cultivation time
Grammar Note:
နာမ်
လယ်ထွင်
[lɛ̀tʰwɪ̀ɴ]
Arakanese:
ကောက်စပါး စိုက်ခင်း ပြုလုပ်ဖို့ မြီရိုင်းကို ခုတ်ထွင် ပြုပျင်ညှိဖို့သည်
Burmese:
ကောက်စပါး စိုက်ခင်း ပြုလုပ်ရန် မြေရိုင်းကို ခုတ်ထွင် ပြုပြင်ညှိဖို့သည်
English:
plough (a field)
Grammar Note:
ကြိယာ
လယ်ထွန်
[lɛ̀tʰʊ̀ɴ]
Arakanese:
လယ်မြီများ ကြီညက်စီပနာ အသင့်ဖြစ်ယောင် ထွန်ယက်သည်
Burmese:
လယ်မြေများ ကြေညက်စေ၍ အသင့်ဖြစ်အောင် ထွန်ယက်သည်
English:
plough (a field)
Grammar Note:
ကြိယာ
လယ်ထွန်ကျင့်
[lɛ̀tʰʊ̀ɴt͡ɕɪ̀ɴ့]
Arakanese:
နပေါက်အချေကို ထွန်ချရန် သင်ရေ
Burmese:
နွားပေါက်ကလေးကို လယ်ထွန်ရန် သင်သည်
English:
teach
Grammar Note:
ကြိယာ
လယ်ထွန်မင်္ဂလာ
[lɛ̀tʰʊ̀ɴmŋ̇galà]
Arakanese:
ရှေးက ဘုရင်ရို့ ကိုယ်တိုင် လယ်ကွက်သို့ ဆင်းပနာ ထွန်ချးခြင်းကို ပြုလုပ်ရေ အခမ်းအနား
Burmese:
ရှေးက ဘုရင်တို့ ကိုယ်တိုင် လယ်ကွက်သို့ ဆင်း၍ လယ်ထွန်းခြင်းကို ပြုလုပ်သည့် အခမ်းအနား
English:
royal ploughing ceremony
Grammar Note:
နာမ်
လယ်ပလပ်
[lɛ̀plaʔ]
Arakanese:
ကင်းလွတ်ခွင့် ရရီမြီ
Burmese:
ကင်းလွတ်ခွင့် ရသည့်မြေ
English:
dismiss land
Grammar Note:
နာမ်
လယ်ပလပ်မြီ
[lɛ̀plaʔmɹì]
Arakanese:
မစိုက်မပျိုးပဲ အလပ်ထားရေ မြေ
Burmese:
မစိုက်မပျိုးပဲ အလွတ်ထားသည့် မြေ
English:
dismiss land
Grammar Note:
နာမ်
လယ်ပျက်
[lɛ̀prɛʔ]
Arakanese:
မစိုက်ပျိုးပဲ စွန့်ပစ်ထားရေ လယ်ကွက်။ ၂၊ စိုက်ပျိုးပြီးကေ ထားနန့်ပြီးမှ သဘာဝ ဖီးအန္တရာယ် တခုခုကြောင့် အောင်မြင်ခြင်း မဟိသော လယ်ကွက်
Burmese:
မစိုက်ပျိုးပဲ စွန့်ပစ်ထားသော လယ်ကွက်။ ၂၊ စိုက်ပျိုး၍ ထားနှင့်ပြီးမှ သဘာဝ ဘေးအန္တရာယ် တစ်ခုခုကြောင့် အောင်မြင်ခြင်း မယှိသော လယ်ကွက်
English:
abandoned paddy field paddy land which is no longer productive
Grammar Note:
နာမ်
လယ်ပြင်
[lɛ̀pɹɪ̀ɴ]
Arakanese:
အကြားမဟိ တဆက်တည်း ညီညာ ကျယ်ဝန်းသော လယ်ပြင်အပြင်
Burmese:
အကြားမယှိ တစ်ဆက်တည်း ညီညာ ကျယ်ဝန်းသော လယ်ကွင်းအပြင်
English:
expanse of paddy fields
Grammar Note:
နာမ်
လယ်ဗျာခေါ်
[lɛ̀bràkʰɔ̀]
Arakanese:
ကိုယ့်လယ်မာ ပျိုးစိုက်ကာ လုပ်ငန်း ပြီးပြတ်စီရန် တရက်တာ အကူအညီ တောင်းခံသည်
Burmese:
မိမိလယ်တွင် ကောက်စိုက်ကာ လုပ်ငန်း ပြီးပြတ်စေရန် တစ်ရက်တာ အကူအညီ တောင်းခံသည်
English:
get help from the community for one day to complete a phase of paddy cultivation
Grammar Note:
ကြိယာ
လယ်ဗျာလိုက်
[lɛ̀bràlaɪʔ]
Arakanese:
တယောက်ယောက်၏ လယ်ပြင်မာ တရက်တာအတွက် လားရောက် ကူညီ လုပ်ဆောင်ပီးရေ
Burmese:
တစ်စုံတစ်ဦး၏ လယ်ကွင်းတွင် တစ်ရက်တာအတွက် သွားရောက် ကူညီ လုပ်ဆောင်ပေးသည်
English:
contribute one day’s labour to another farmer
Grammar Note:
ကြိယာ
လယ်မြီ
[lɛ̀mɹì]
Arakanese:
စပါးစိုက်ပျိုးသော မြီကွက်
Burmese:
စပါးစိုက်ပျိုးသော မြေကွက်
English:
paddy field
Grammar Note:
နာမ်