Dictionary Entries
Showing 61–80 of 1,963 words
လ
လက်ခ
[lɛʔkʰ]
Arakanese:
တခုတရီ လုပ်အား ဆောင်ရွက်ပီးသည့်အတွက် ပီးရရေ ငွီ၊ ဝန် အစဟိစွာ တန်ဖိုး
Burmese:
တစ်စုံတစ်ခု လုပ်အား ဆောင်ရွက်ပေးသည့်အတွက် ပေးရသော ငွေ၊ ပစ္စည်း စသည် တန်ဖိုး
English:
fee or charge for services rendered
Grammar Note:
နာမ်
လက်ခချည်း
[lɛʔkʰɕɛ́]
Arakanese:
ဝန် ဥစ္စာ မပါရာနန့် လက်မဲ့အနိန်နန့်
Burmese:
ပစ္စည်း ဥစ္စာ မပါပဲ လက်မဲ့အားဖြင့်
English:
fee or charge for services rendered
Grammar Note:
ကြိယာဝိသေသန
လက်ခစဲ
[lɛʔkʰsɛ]
Arakanese:
အကျိုးမဟိပဲ။ အကျိုးမဲ့ သတ်သတ်။ အလဟဿ။ ၂၊ ဝန် ဥစ္စာ မပါရာနန့် လက်မဲ့အနိန်နန့်။ နှမတော်လျှင်၊ ဇာရွာတိုင်းပြည်၊ ဇာဌာနသို့ လားလီသနည်း၊ မေ့မောင်တော်မာ ကြမ္မာညှက်ကေ၊ လက်ခစဲးလေ (လွမ်း)။ အိမ်မာမယား၊ လက်ခစဲးသာ၊ သားမပါရေ်၊ တောမာကျားထက်၊ ဆိုးငြားလီရေ (ပဒုမ
Burmese:
အကျိုးမယှိပဲ။ အကျိုးမဲ့ သက်သက်။ အလဟဿ။ ၂၊ ပစ္စည်း ဥစ္စာ မပါပဲ လက်မဲ့အားဖြင့်။ နှမတော်လျှင်၊ ဘယ်ရွာတိုင်းပြည်၊ ဘယ်ဌာနသို့ သွားလေသနည်း၊ မေ့မောင်တော်မှာ ကြမ္မာညှက်ကေ၊ လက်ခစဲးလေ (လွမ်း)။ အိမ်တွင်မယား၊ လက်ခစဲးသာ၊ သားမပါသော်၊ တောမှာကျားထက်၊ ဆိုးငြားတော့သည် (ပဒုမ
English:
waste
Grammar Note:
ကြိယာ
လက်ခတ်
[lɛʔkʰaʔ]
Arakanese:
ရက်ကန်းစင်၌ ယိုင်လားကို ညှပ်သွင်း ထားပြီးသား ဖောက်ခြည်ပင်ကို ပူးကပ်စီရန် ဆွဲခတ်ရရေ ကိရိယာ။ ၂၊ သံစည်၊ ပတ္တလား အစဟိစွာ့ တူရိယာ မျိုးကို တီးခတ်ရန် ပြုလုပ်ထားရေ ကိရိယာ။ ၃၊ အိုးလုပ်ရာမာ တမန်းသားတိ မာကျစ် သိပ်သည်းအောင် ဖိနှိပ်ရိုက်ရရေ လက်ရိုက်
Burmese:
ယက်ကန်းစင်၌ ယဉ်သွားကို ညှပ်သွင်း ထားပြီး ဖောက်ချည်ပင်ကို ပူးကပ်စေရန် ဆွဲခတ်ရသော ကိရိယာ။ ၂၊ ကြေးစည်၊ ပတ္တလား စသည့် တူရိယာ မျိုးကို တီးခတ်ရန် ပြုလုပ်ထားသော ကိရိယာ။ ၃၊ အိုးလုပ်ရာ၌ မြေသားများ မာကျစ် သိပ်သည်းအောင် ဖိနှိပ်ရိုက်ရသော လက်ရိုက်
English:
frame of the reed in a loom small striker or hammer used in playing some musical instruments (as in ပတ္တလား~) plectrum
Grammar Note:
နာမ်
လက်ခတ်၂
[lɛʔkʰaʔ၂]
Arakanese:
ဆိုးဝါးသော ကျွဲ၊ နွား၊ ဆိတ်အစဟိစွာရို့၏ လိုင်ဖင်း၌ ၂၊ ၃၊ ၄ တောင် ခန့်ဟိ ကန့်လန့် ချိတ်ဆွဲထားရေ တုတ်ချောင်းအချေ
Burmese:
ဆိုးဝါးသော ကျွဲ၊ နွား၊ ဆိတ်စသည်တို့၏ လည်ပင်း၌ ၂၊ ၃၊ ၄ တောင် ခန့်ယှိ ကန့်လန့် ချိတ်ဆွဲထားသော တုတ်ချောင်းကလေး
English:
be bolt the stick on neck of bad animals
Grammar Note:
နာမ်
လက်ခတ်ကြိုး
[lɛʔkʰaʔt͡ɕó]
Arakanese:
လက်ခတ်ကို ဆွဲလံထားရေ ကြိုး
Burmese:
လက်ခတ်ကို ဆွဲချည်ထားသော ကြိုး
English:
string
Grammar Note:
နာမ်
လက်ခတ်မကျ
[lɛʔkʰaʔmt͡ɕ]
Arakanese:
မာကျယ်သည်၊ အရောင်း ကောင်းရေ။ အရောင်း သွက်ရေ။ ရခိုင်မုန့်တီ လက်ခတ်မကျ (အရပ်)
Burmese:
တွင်ကျယ်သည်၊ အရောင်း ကောင်းသည်။ အရောင်း သွက်သည်။ ရခိုင်မုန့်တီ လက်ခတ်မကျ (အရပ်)
English:
best sell
Grammar Note:
ကြိယာ
လက်ခနှုန်း
[lɛʔkʰn̥óʊɴ]
Arakanese:
လက်ခစား တဦးအတွက် မူရင်းလစာ နှစ်တိုးနှင့် နောက်ဆုံးလစာ ပြဌာန်း သတ်မှတ်ချက်
Burmese:
လက်ခစား တစ်ဦးအတွက် မူရင်းလစာ နှစ်တိုးနှင့် နောက်ဆုံးလစာ ပြဌာန်း သတ်မှတ်ချက်
English:
fee or charge for services rendered
Grammar Note:
နာမ်
လက်ခပမ်းကျ
[lɛʔkʰpáɴt͡ɕ]
Arakanese:
အတွိအကြုံ၊ အကိုင်အတွယ်၊ အသုံးအပြု တိစွာ
Burmese:
အတွေ့အကြုံ၊ အကိုင်အတွယ်၊ အသုံးအပြု များသည်
English:
serve
Grammar Note:
ကြိယာ
လက်ခမောက်ခတ်
[lɛʔkʰmɔ́ɛʔkʰaʔ]
Arakanese:
စိတ်မာန် တက်ကြွရေအခါမျိုး၊ ဝင့်ကြွားလိုရေ အခါမျိုးရို့မာ တံတောင်နှစ်ဘက်ကို လက်ယှက် ကွေးပိုက်ပြီး ကွေးထားရေ တံတောင်ချိုင့်ကို ယာဖက်ရေ ဝဲ၊ ဝဲဖက်ရေ ယာ၊ လက်ဝါးနန့် တဖြောင်းဖြောင်း မြည်အောင် ရိုက်ခတ်ရေ။ လက်ပမ်းပေါက် ခတ်ရေ။ တချို့လျှင်လေ၊ လွန်ရွှင်လန်းက
Burmese:
စိတ်မာန် တက်ကြွသည့်အခါမျိုး၊ ဝင့်ကြွားလိုသော အခါမျိုးတို့၌ တံတောင်နှစ်ဘက်ကို လက်ယှက် ကွေးပိုက်ပြီး ကွေးထားသော တံတောင်ချိုင့်ကို ယာဖက်သည် ဝဲ၊ ဝဲဖက်သည် ယာ၊ လက်ဝါးဖြင့် တဖြောင်းဖြောင်း မြည်အောင် ရိုက်ခတ်သည်။ လက်ပမ်းပေါက် ခတ်သည်။ တချို့လျှင်လေ၊ လွန်ရွှင်လန်းက
English:
whack with an open palm over the crook of the elbow of the other arm folded across one’s chest (to throw a challenge in the Arakan wrestle) [fig.] show jubilation over one’s triumph Also လက်ခမောင်းခတ်
Grammar Note:
ကြိယာ
လက်ခမောင်းတီး
[lɛʔkʰmáʊɴtï]
Arakanese:
စိတ်မာန် တက်ကြွရေအခါမျိုး၊ ဝင့်ကြွားလိုရေ အခါ မျိုးရို့မာ တံတောင်ကို ကွေး၍ လက်ပမ်းပေါက်တီးခတ်ရေ။ တတိုင်းလုံးကို၊ ထုံးပိုင်ခြီ၊ ရီပိုင်နှောက်၊ တိုက်ဖျက်ရန်ကို၊ ဆန်တကျိုးမျှ၊ စိုးမထီဟု၊ လက်ခမောင်းတီး အသီးသီးလျှင် ခတ်သီးအောင်စည် (ဥဒိန်သာ)။ ၂၊ အခွင
Burmese:
စိတ်မာန် တက်ကြွသည့်အခါမျိုး၊ ဝင့်ကြွားလိုသော အခါ မျိုးတို့၌ တံတောင်ကို ကွေး၍ လက်ပမ်းပေါက်တီးခတ်သည်။ တတိုင်းလုံးကို၊ ထုံးကဲ့သို့ခြီ၊ ရီကဲ့သို့နှောက်၊ တိုက်ဖျက်ရန်ကို၊ ဆန်တကျိုးမျှ၊ စိုးမကြောက်ဟု၊ လက်ခမောင်းတီး အသီးသီးလျှင် ခတ်သီးအောင်စည် (ဥဒိန်သာ)။ ၂၊ အခွင
English:
whack with an open palm over the crook of the elbow of the other arm folded across one’s chest (to throw a challenge in the Arakan wrestle) [fig.] show jubilation over one’s triumph Also လက်ခမောင်းခတ်
Grammar Note:
ကြိယာ
လက်ခမွီးတင်
[lɛʔkʰmwïtɪ̀ɴ]
Arakanese:
လက်နှစ်ဘက်နှင့် ရင်ဖတ် အကြား၌ ညှပ်ပိုက်ဗျာယ်
Burmese:
လက်နှစ်ဘက်နှင့် ရင်ဘတ် အကြား၌ ညှပ်ပိုက်လျက်
English:
cuddle
Grammar Note:
ကြိယာဝိသေသန
လက်ခု
[lɛʔkʰoʊ]
Arakanese:
ပူသော အိုးခွက် စစွာကို ကိုင်တွယ်ရာမာ မပူစီရန် ကြားခံ ကိုင်လေ့ဟိသော အဝတ်ချာ
Burmese:
ပူသော အိုးခွက် စသည်ကို ကိုင်တွယ်ရာတွင် မပူစေရန် ကြားခံ ကိုင်လေ့ယှိသော အဝတ်စ
English:
potholder - cloth used when handling hot cooking utensils
Grammar Note:
နာမ်
လက်ခုံ
[lɛʔkʰòʊɴ]
Arakanese:
လက်ဖဝါး၏ ကျောဘက်
Burmese:
လက်ဖဝါး၏ ကျောဘက်
English:
back of the hand Also လက်ခုံ
Grammar Note:
နာမ်
လက်ခုပ်
[lɛʔkʰoʊʔ]
Arakanese:
ပူသော အိုးခွက် စစွာကို ကိုင်တွယ်ရာမာ မပူစီရန် ကြားခံ ကိုင်လေ့ဟိသော အဝတ်ချာ
Burmese:
ပူသော အိုးခွက် စသည်ကို ကိုင်တွယ်ရာတွင် မပူစေရန် ကြားခံ ကိုင်လေ့ယှိသော အဝတ်စ
English:
potholder - cloth used when handling hot cooking utensils
Grammar Note:
နာမ်
လက်ခုပ်၂
[lɛʔkʰoʊʔ၂]
Arakanese:
လက်ဝါးနှစ်ဖက်ကို ရိုက်ခတ်ရာမှ မြည်သော အသံ။ ၂၊ လက်ဝါး နှစ်ဖက်ကို ပူးဗျာယ် ကျုံ့ခွက်အောင် ပြုထားရေ အရာ
Burmese:
လက်ဝါးနှစ်ဖက်ကို ရိုက်ခတ်ရာမှ မြည်သော အသံ။ ၂၊ လက်ဝါး နှစ်ဖက်ကို ပူးလျက် ကျုံ့ခွက်အောင် ပြုထားသော အရာ
English:
cupped hand measure as can be contained in two cupped hands kind of tree Sterculia foetida
Grammar Note:
နာမ်
လက်ခုပ်ခတ်
[lɛʔkʰoʊʔkʰaʔ]
Arakanese:
လက်ဝါးနှစ်ဖက်ကို အသံမြည်အောင် ရိုက်ခတ်ရေ။ ၂၊ ပြောင်လောင်းာင်သည့် သဘောနန့် လက်ခုတ်တီးပြီးကေ ဟစ်အော်ကတ်တေ
Burmese:
လက်ဝါးနှစ်ဖက်ကို အသံမြည်အောင် ရိုက်ခတ်သည်။ ၂၊ ပြောင်လှောင်သည့် သဘောဖြင့် လက်ခုတ်တီး၍ ဟစ်အော်ကြသည်
English:
clap hands
Grammar Note:
ကြိယာ
လက်ခုပ်တီး
[lɛʔkʰoʊʔtï]
Arakanese:
လက်ဝါးနှစ်ဖက်ကို အသံမြည်အောင် ရိုက်ခတ်ရေ။ ၂၊ ပြောင်လောင်းာင်သည့် သဘောနန့် လက်ခုတ်တီးပြီးကေ ဟစ်အော်ကတ်တေ။ယင်းခါမာ ဟားဟားလည်းရယ်၊ လက်ခုပ်တီးဗျာ၊ ဆိုလတ်တေက (ဓမ္မသာ)
Burmese:
လက်ဝါးနှစ်ဖက်ကို အသံမြည်အောင် ရိုက်ခတ်သည်။ ၂၊ ပြောင်လှောင်သည့် သဘောဖြင့် လက်ခုတ်တီး၍ ဟစ်အော်ကြသည်။ထိုအခါမှာ ဟားဟားလည်းရယ်၊ လက်ခုပ်တီးဗျာ၊ ဆိုလတ်တေက (ဓမ္မသာ)
English:
clap hands
Grammar Note:
ကြိယာ
လက်ခုပ်လက်ဝါး
[lɛʔkʰoʊʔlɛʔwàး]
Arakanese:
ချီးကျူး စကား ပြောဆိုဗျာယ်။ ၂၊ လက်ခုပ်လက်ဝါး တီးခြင်း ကျွီးခြင်း အစဟိစွာပြုလုပ်ပနာ ကောင်းချီး ပေးစွာ
Burmese:
ချီးကျူး စကား ပြောဆိုလျက်။ ၂၊ လက်ခုပ်လက်ဝါး တီးခြင်း အော်ဟစ်ခြင်း စသည်ပြုလုပ်၍ ကောင်းချီး ပေးစွာ
English:
interchangeably
Grammar Note:
ကြိယာဝိသေသန
လက်ခုပ်သီး
[lɛʔkʰoʊʔθï]
Arakanese:
ကန့်လန့်ကျင် ဖကပ် အစဟိစွာရို့ကို ချိတ်ဆွဲပနာ သော့တံနန့် ဖွင့်နိုင်၊ ပိတ်နှိုင်ယောင် ပြုလုပ်ထားရေ ကိရိယာတမျိုး။ လက်ခုပ်သီးနှင့် ထိပ်ကိုနှက် မျက်ရည်စက်စက်ထွက် (တေး)
Burmese:
ကန့်လန့်ကျင် မျောက်လက် စသည်တို့ကို ချိတ်ဆွဲ၍ သော့တံဖြင့် ဖွင့်နိုင်၊ ပိတ်နိုင်အောင် ပြုလုပ်ထားသော ကိရိယာတစ်မျိုး။ လက်ခုပ်သီးနှင့် ထိပ်ကိုနှက် မျက်ရည်စက်စက်ထွက် (တေး)
English:
lock
Grammar Note:
နာမ်