Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 801–820 of 1,963 words

    လ

    လား

    [lá]
    မြည်းနန့် မြင်းရို့ စပ်၍ ပေါက်ပွားသော ဝန်တင် တိရစ္ဆာန်အဖြစ် အသုံးပြုရေ သတ္တဝါ တမျိုး
    မြည်းနှင့် မြင်းတို့ စပ်၍ ပေါက်ပွားသော ဝန်တင် တိရစ္ဆာန်အဖြစ် အသုံးပြုသော သတ္တဝါ တစ်မျိုး
    mule
    နာမ်

    လား၂

    [lá၂]
    ဦးတည် ပေါက်ရောက်ရေ။ ဆက်သွယ်ရေ။ လားရေ။ ၂၊ တခုတရီသော နီရာ၊ ဘုံစဒေပိုင် ကူးရောက်ရေ
    ဦးတည် ပေါက်ရောက်သည်။ ဆက်သွယ်သည်။ သွားသည်။ ၂၊ တစ်စုံတစ်ခုသော နေရာ၊ ဘုံစသည်သို့ ကူးရောက်သည်
    reach
    ကြိယာ

    လား၃

    [lá၃]
    အမီး သဖောထင်ရှားစီရန် ကြိယာ၏ အဆုံးမာ ဆက်ပြီးကေသုံးသော ဝန်စကား။ မိုးထခါ စစ်တွေသို့ လားဖို့လား။ ထမင်းစားပြီး ဗျာယ်လား အစဟိစွာ
    အမေး သဘော ထင်ရှားစေရန် ကြိယာ၏ အဆုံးတွင် ဆက်၍သုံးသော ပစ္စည်းစကား။ နက်ဖြန်ခါ စစ်တွေသို့ လားဖို့လား။ ထမင်းစားပြီး ဗျာယ်လား စသည်
    use when ask a question
    ပစ္စည်း

    လာကတ်

    [làkaʔ]
    ကိုယ်ရို့ နီရာဌာနသို့ လူတိအား လာရန် ဖိတ်ခေါ်သော စကားလုံး
    မိမိတို့ နေရာဌာနသို့ လူများအား လာရန် ဖိတ်ခေါ်သော စကားလုံး
    welcome to
    နာမ်

    လားကတ်တေလာကတ်တေ

    [lákaʔtèlàkaʔtè]
    သွားခြည် လာခြည် ပြုသည်
    သွားချည် လာချည် ပြုသည်
    to and from
    ကြိယာ

    လာကတ်ပတ်စီ

    [làkaʔpaʔsí]
    ကိုယ်ရို့ နီရာဌာနသို့ အတားအဆီး အပိတ်အပင်မဟိ ခွင့်ပြု ထားရေ
    မိမိတို့ နေရာဌာနသို့ အတားအဆီး အပိတ်အပင်မယှိ ခွင့်ပြု ထားသည်
    unrestricted
    ကြိယာ

    လားကတ်မေလတ်

    [lákaʔmèlaʔ]
    တခုတရီသို့ လားဖို့ ကိုယ်နန့်တပါတည်း ခေါ်ယူ ဆောင်ကြဉ်းသည်
    တစ်စုံတစ်ခုသို့ သွားရန် ကိုယ်နှင့်တပါတည်း ခေါ်ယူ ဆောင်ကြဉ်းသည်
    come together
    ကြိယာ

    လာစိ.မေ

    [làsì.mè]
    ဧကန်မုချ လာစီနှိုင်ရေ။ (ဟုအာမခံချက်
    ဧကန်မုချ လာစေနိုင်သည်။ (ဟုအာမခံချက်
    surely - certainly
    ကြိယာ

    လားတတ်သျှေ

    [látaʔʃè]
    အချေများ ရပ်စောက်ရပ်ပနာ လားနှိုင်စ အရွယ်
    ကလေးငယ်များ မတ်တတ်ရပ်၍ သွားနိုင်စ အရွယ်
    baby
    ကြိယာ

    လာတောင်း

    [làtáʊɴ]
    ဒါဒေါင်အငမ်း ပီးဆပ်ရေ
    အကြွေးအငမ်း ပေးဆပ်သည်
    repay something owned
    ကြိယာ

    လာနည်းနည်း

    [lànɛ́nɛ́]
    လာရန် ငံ့ဆိုင်းကြိုဆိုရေ။ စောင့်မျှော်နီရေ။ အသည်းပြိုလုကာ လာတဖဲ့ချေ၊ မျက်စိထဲမာ မျှော်ဗျာယ်၊ တမ်းရှာ ကတ်လိ့မေ (ဗမာချီ)
    လာရန် ငံ့ဆိုင်းကြိုဆိုသည်။ စောင့်မျှော်နေသည်။ အသည်းပြိုလုကာ လာနည်းနည်း၊ မျက်စိထဲတွင် မျှော်လျက်၊ တမ်းရှာ ကြလိမ့်မည် (ဗမာချီ)
    long for
    ကြိယာ

    လာနီကျ

    [lànít͡ɕ]
    အမြဲတစေ။ ရက်ပြတ် (လားလာနီရေ။) လရာသီမာ လာနီကျ ကေ (ရီလား)
    အမြဲတစေ။ အမြဲမပြတ် (သွားလာနေသည်။) လရာသီမှာ လာနီကျ ကေ (ရီလား)
    always
    ကြိယာဝိသေသန

    လာပါနိုင်းနိုင်း

    [làpànáɪɴnáɪɴ]
    လာရန် ငံ့ဆိုင်းကြိုဆိုရေ။ စောင့်မျှော်နီရေ။ အသည်းပြိုလုကာ လာတဖဲ့ချေ၊ မျက်စိထဲမာ မျှော်ဗျာယ်၊ တမ်းရှာ ကတ်လိ့မေ (ဗမာချီ)။ မင်းလှစွန္ဒာ၊ နန်းဘုံသာက၊ လာပါနိုင်းနိုင်း၊ နိနိတိုင်းကို၊ ကသိုဏ်းရှုမျှော်၊ နေသရော်လျှင် (ကျောက်ရိုး)။ (လာပါနိုးနိုး လည်းဟူ၏
    လာရန် ငံ့ဆိုင်းကြိုဆိုသည်။ စောင့်မျှော်နေသည်။ အသည်းပြိုလုကာ လာနည်းနည်း၊ မျက်စိထဲတွင် မျှော်လျက်၊ တမ်းရှာ ကြလိမ့်မည် (ဗမာချီ)။ မင်းလှစွန္ဒာ၊ နန်းဘုံသာက၊ လာပါနိုင်းနိုင်း၊ နေ့နေ့တိုင်းကို၊ ကသိုဏ်းရှုမျှော်၊ နေသရော်လျှင် (ကျောက်ရိုး)။ (လာပါနိုးနိုး လည်းဟူ၏
    long for
    ကြိယာ

    လာပါလတ်

    [làpàlaʔ]
    ကိုယ့်ထံပါးသို့ လာရန် ဖိတ်ခေါ်ရေ။ လာရောက်ဖို့ တိုက်တိုးရေ။ အမိကိုခေါ်၊ အဖကိုခေါ်၊ လာပါလတ်ကတ် (ဒွေး)
    မိမိထံပါးသို့ လာရန် ဖိတ်ခေါ်သည်။ လာရောက်ရန် တိုက်တွန်းသည်။ အမိကိုခေါ်၊ အဖကိုခေါ်၊ လာပါလတ်ကတ် (ဒွေး)
    welcome to
    ကြိယာ

    လာဘသက္ကာရ

    [làbʱθkə́kəàɹ]
    ပူဇော် ချီးမြှောက်ရွီတွက်နန့် ပီးကမ်းသော ဝန်ဥစ္စာ
    ပူဇော် ချီးမြှောက်သောအားဖြင့် ပေးကမ်းသော ပစ္စည်းဥစ္စာ
    bribe
    နာမ်

    လာဘ်

    [làbʱ်]
    ဗေဒင်အရ ကိုယ့် မွီးဖွားချိန် တဆယ့် နှစ်ရာသီ လဂ်ဂြိုလ်ခွင်မှ လက်ဝဲရစ် ၁၁-ကွက်မြောက် ဂြိုဟ်ခွင်
    ဗေဒင်အရ မိမိ မွေးဖွားချိန် တစ်ဆယ့် နှစ်ရာသီ လဂ်ဂြိုလ်ခွင်မှ လက်ဝဲရစ် ၁၁-ကွက်မြောက် ဂြိုဟ်ခွင်
    sth received honorarium fee (given to an astrologer fortune teller ) bribe - graft - kickback [Pali လာဘ]
    နာမ်

    လာဘ်

    [làbʱ်]
    ကိုယ့် အကျိုးကို ဆောင်ရွက် ပီးမှုကြောင့် ကျေးဇုအတွက် ပီးရေ လက်ဆောင်။ ယင်းပိုင် ပီးလှာစွာကို သိပျားကေခံယူသော ငွီ၊ ကြီးဝန်။ ၂၊ ထိုက်တန်၍ ရောက်ဟိ ရဟိသော ဝန်ဥစ္စာ။ ၃၊ တခုတရီ ဉာဏ်ပညာအတွက် ပူဇော်သော ဥစ္စာ
    မိမိ၏ အကျိုးကို ဆောင်ရွက် ပေးမှုကြောင့် ကျေးဇူးအတွက် ပေးသော လက်ဆောင်။ ယင်းသို့ ပေးလာသည်ကို သိလျက်ခံယူသော ငွေ၊ ကြေးပစ္စည်း။ ၂၊ ထိုက်တန်၍ ရောက်ယှိ ရယှိသော ပစ္စည်းဥစ္စာ။ ၃၊ တစ်စုံတစ်ခု ဉာဏ်ပညာအတွက် ပူဇော်သော ဥစ္စာ
    sth received bribe - graft - kickback honorarium fee (given to an astrologer fortune teller) [Pali လာဘ]
    နာမ်

    လာဘ်ကောင်

    [làbʱ်kàʊɴ]
    လူသီာ် ပင်ဖြစ်ဖြစ်၊ ငှက်သော် ပင်ဖြစ်ဖြစ် ရောက်ဟိ နားလာသနန့် စီးပွားဥစ္စာ တိုးတက်မှုကို အကြောင်းပြပြီးကေကေ ခေါ်ဝေါ် ပြောဆိုရေ အမည်
    လူသော် လည်းကောင်း၊ ငှက်သော် လည်းကောင်း ရောက်ယှိ နားလာသဖြင့် စီးပွားဥစ္စာ တိုးတက်မှုကို အကြောင်းပြု၍ ခေါ်ဝေါ် ပြောဆိုသော အမည်
    mascot
    နာမ်

    လာဘ်ကောင်း

    [làbʱ်káʊɴ]
    တိုးတက် ဖြစ်ထွန်းလာမည့် အခြီအရဲ ဆောင်သော။ ၂၊ တခုတရီသော ဝန်ဥစ္စာ ရနိုင်စရာ ကံအခွင့် ကြုံသော
    တိုးတက် ဖြစ်ထွန်းလာမည့် အခြေအနေ ဆောင်သော။ ၂၊ တစ်စုံတစ်ရာသော ပစ္စည်းဥစ္စာ ရနိုင်စရာ ကံအခွင့် ကြုံသော
    have a lucky break be auspicious
    နာမဝိသေသန

    လာဘ်ခေါ်

    [làbʱ်kʰɔ̀]
    တခုတရီသော ဝန်ရရန် အကြောင်း အစီအမံ တခုခု ပြုလုပ် ထားရေ
    တစ်စုံတစ်ခုသော ပစ္စည်းရရန် အကြောင်း အစီအမံ တစ်ခုခု ပြုလုပ် ထားသည်
    do sth to induce good luck solicit bribe
    ကြိယာ