Dictionary Entries
Showing 821–840 of 1,963 words
လ
လာဘ်စား
[làbʱ်sá]
Arakanese:
မမှန်မကန် ဖက်လိုက်ပြီးကေ ဆောင်ရွက်ပီးသနန့် တယောက်ယောက်ပါးက ငွီ၊ ကြီး ဝန်အစဟိစွာ ရယူလက်ခံရေ
Burmese:
မမှန်မကန် ဖက်လိုက်၍ ဆောင်ရွက်ပေးသဖြင့် တစ်စုံတစ်ဦးထံမှ ငွေ၊ ကြေး ပစ္စည်းစသည် ရယူလက်ခံသည်
English:
take bribe
Grammar Note:
ကြိယာ
လာဘ်တိတ်
[làbʱ်teɪʔ]
Arakanese:
တခုတရီသော ဝန်ဥစ္စာ ရနှိုင်ဖွယ် ကင်းသော
Burmese:
တစ်စုံတစ်ခုသော ပစ္စည်းဥစ္စာ ရနိုင်ဖွယ် ကင်းသော
English:
cease to enjoy good luck bring ill luck
Grammar Note:
နာမဝိသေသန
လာဘ်ထိုး
[làbʱ်tʰó]
Arakanese:
မမှန်မကန် ဖက်လိုက်ပြီးကေ ဆောင်ရွက်ပီးသနန့် တယောက်ယောက်အား ငွီ၊ ကြီး ဝန်အစဟိစွာ ပီးရေ
Burmese:
မမှန်မကန် ဖက်လိုက်၍ ဆောင်ရွက်ပေးသဖြင့် တစ်စုံတစ်ဦးအား ငွေ၊ ကြေး ပစ္စည်းစသည် ပေးသည်
English:
bribe
Grammar Note:
ကြိယာ
လာဘ်ပိတ်
[làbʱ်peɪʔ]
Arakanese:
လူများ တခုတရီရဖို့့ အရာကို မရယောင် ပိတ်ပင် ဟန်ဟန့်သည်
Burmese:
သူတစ်ပါး တစ်စုံတစ်ခုရမည့် အရာကို မရအောင် ပိတ်ပင် ဟန်တားသည်
English:
cease to enjoy good luck bring ill luck
Grammar Note:
ကြိယာ
လာဘ်ပီးလာဘ်ယူ
[làbʱ်pïlàbʱ်jù]
Arakanese:
ကိုယ့်အလိုသို့ ပါစီလိုပိုင် လက်ဆောင်ပီးခြင်း၊ လက်ခံခြင်း အစဟိရေ မှန်ကန်သော ဥပဒေကို ဖောက်ဖျက်မှု
Burmese:
မိမိအလိုသို့ ပါစေလို၍ လက်ဆောင်ပေးခြင်း၊ လက်ခံခြင်း စသော မှန်ကန်သော ဥပဒေကို ဖောက်ဖျက်မှု
English:
take and give bribe
Grammar Note:
နာမ်
လာဘ်ပုပ်
[làbʱ်poʊʔ]
Arakanese:
ခံစားရဖို့့ အကြောင်းအခွင့် စီးပွား ဥစ္စာ ငွီကြီးအစဟိစွာ့ ရရန် အခွင့် အလမ်း ဟိကေလေ့ ဖင့်နွှဲဆိုင်းတွ ပျက်ပြယ်သည်
Burmese:
ခံစားရမည့် အကြောင်းအခွင့် စီးပွား ဥစ္စာ ငွေကြေးစသည့် ရရန် အခွင့် အလမ်း ယှိသော်လည်း ဖင့်နွှဲဆိုင်းတွ ပျက်ပြယ်သည်
English:
bring about a hindrance to ones chances in business or venture - bring ill luck
Grammar Note:
ကြိယာ
လာဘ်ပွင့်
[làbʱ်pwɪ̀ɴ့]
Arakanese:
လာဘ်လာဘ အဝင်တိစွာ
Burmese:
လာဘ်လာဘ အဝင်များသည်
English:
have a lucky break be auspicious
Grammar Note:
ကြိယာ
လာဘ်မြင်
[làbʱ်mɹɪ̀ɴ]
Arakanese:
ရှေးရှေးရာ ဇာပိုင် ဖြစ်အံ့မည်ကို ကြိုတင် မြော်မြင်တတ်ရေ။ အကျိုးအခွင့် တခုခုကို ရဟိနှိုင်ရေ အခြီအရဲကို သိမြင်တတ်သည်
Burmese:
ရှေးရှေးရာ မည်သို့ ဖြစ်လတ္တံ့မည်ကို ကြိုတင် မြော်မြင်တတ်သည်။ အကျိုးအခွင့် တစ်ခုခုကို ရယှိနိုင်သည့် အခြေအနေကို သိမြင်တတ်သည်
English:
be farsighted - have acumen
Grammar Note:
ကြိယာ
လာဘ်ရ
[làbʱ်ɹ]
Arakanese:
ကောင်းရေ အခွင့်အလမ်းနှင့် ကြုံတွိရေ
Burmese:
ကောင်းသော အခွင့်အလမ်းနှင့် ကြုံကြိုက်သည်
English:
enjoy an inflow of gifts in money or kind
Grammar Note:
ကြိယာ
လာဘ်ရွှင်
[làbʱ်ɹW̯ɪ̀ɴ]
Arakanese:
စီးပွားလာဘ်လာဘ တိုးတက်ရေ
Burmese:
စီးပွားလာဘ်လာဘ တိုးတက်သည်
English:
enjoy an inflow of gifts in money or kind
Grammar Note:
ကြိယာ
လာဘ်ရှင်
[làbʱ်ʃɪ̀ɴ]
Arakanese:
စီးပွား လာဘ်လာဘ တိုးတက်ရေ
Burmese:
စီးပွား လာဘ်လာဘ တိုးတက်သည်
English:
enjoy an inflow of gifts in money or kind
Grammar Note:
ကြိယာ
လာဘ်သပ်ပကာ
[làbʱ်θaʔpkà]
Arakanese:
တယောက်ယောက်ပါးက ပူဇော် ချီးမြှောက်သော ဝန်ဥစ္စာ။ ရွှီ၊ ငွီ စပြီးကေ များစွာ လာဘ်သပ်၊ အဒါအိုကို၊ နှစ်လိုချက်ကြောင့်၊ လက်မာအပ်လို့ (နာရဒ)
Burmese:
တစ်စုံတစ်ဦးထံမှ ပူဇော် ချီးမြှောက်သော ပစ္စည်းဥစ္စာ။ ရွှေ၊ ငွေ စ၍ များစွာ လာဘ်သပ်၊ အဒါအိုကို၊ နှစ်လိုချက်ကြောင့်၊ လက်မှာအပ်လို့ (နာရဒ)
English:
offerings bribe [Sans လာဘသက္ကာရ]
Grammar Note:
နာမ်
လာဘ်ဟင်း
[làbʱ်hɪ́ɴ]
Arakanese:
ဥစ္စာစီးပွား ငွီကြီးအစဟိစွာ တခုတရီ ရဟိရန် အခွင့်အလမ်း ပြတ်လတ် မဟိရေ
Burmese:
ဥစ္စာစီးပွား ငွေကြေးစသည် တစ်စုံတစ်ခု ရယှိရန် အခွင့်အလမ်း ပြတ်လတ် ကင်းမဲ့သော
English:
lack of opportunity
Grammar Note:
နာမဝိသေသန
လားမည်နှင့်ပင်
[lámɛ̀n̥ɪ̰ɴpɪ̀ɴ]
Arakanese:
ရက်ကို နောက်ကို ရွိ့ပြောင်း သတ်မှတ်ရေ။ ၂၊ ကိစ္စ တခုခု ဆောင်ရွက်ရန် လားမေ ပြုရာမာ အချိန် နှောင်းလားရေ။ နောက်ကျ လားရေ။ လားမည်နန့်ပင်၊ ဒို့သျှင်မင်းလည်း၊ သင်းတွဲမြို့ကို၊ ဟိဦးတင်ရေ (စန္ဒြားဖွဲ့)
Burmese:
ရက်ကို နောက်သို့ ရွေ့ပြောင်း သတ်မှတ်သည်။ ၂၊ ကိစ္စ တစ်ခုခု ဆောင်ရွက်ရန် သွားမည် ပြုရာတွင် အချိန် နှောင်းသွားသည်။ နောက်ကျ သွားသည်။ လားမည်နှင့်ပင်၊ ဒို့သျှင်မင်းလည်း၊ သင်းတွဲမြို့ကို၊ ရှိဦးတင်ရေ (စန္ဒြားဖွဲ့)
English:
change date
Grammar Note:
ကြိယာ
လားမိလားရာ
[lámìláɹà]
Arakanese:
ခြေဦး တည့်ရာ။ ရည်မှန်းချက် မဟိ ဆိုက်ရောက်သမျှ ကြုံရာနီရာ
Burmese:
ခြေဦး တည့်ရာ။ ရည်မှန်းချက် မယှိ ဆိုက်ရောက်သမျှ ကြုံရာနေရာ
English:
without intention
Grammar Note:
နာမ်
လားရာဂတိ
[láɹàɡtì]
Arakanese:
လူသတ္တဝါရို့ သီလွန်ပြီးကေ တဖန်ဘဝ သစ်၌ ဖြစ်ရာ ဘုံဌာန
Burmese:
လူသတ္တဝါတို့ သေလွန်ပြီးနောက် တစ်ဖန်ဘဝ သစ်၌ ဖြစ်ရာ ဘုံဌာန
English:
the next existence
Grammar Note:
နာမ်
လားရာလား
[láɹàlá]
Arakanese:
နှိုးဆော် ခိုင်းစီရေ။ စိဆော်ရေ။ မြှောက်ပင့်ပီးရေ။ ကြောက်ဖို့မဟိ လားရာလား (အရပ်)။ ငါရို့ရယောင်၊ ယှာရဖို့လို့၊ မဖြစ်ကေေ၊ ဟာလူပြဒါး လားရာလားဟု (ကော်)
Burmese:
နှိုးဆော် ခိုင်းစေသည်။ စေ့ဆော်သည်။ လှုံ့ဆော်သည်။ ကြောက်စရာမဟိ လားရာလား (အရပ်)။ ငါတို့ရအောင်၊ ရှာရမည်ဟု၊ မဖြစ်ပါကေ၊ ဟာလူပြဒါး လားရာလားဟု (ကော်)
English:
stimulate
Grammar Note:
ကြိယာ
လာရာလာလတ်
[làɹàlàlaʔ]
Arakanese:
ကိုယ့်ထံပါးသို့ လာရန် ဖိတ်ခေါ်ရေ။ လာရောက်ဖို့ တိုက်တိုးရေ။ အမိကိုခေါ်၊ အဖကိုခေါ်၊ လာပါလတ်ကတ် (ဒွေး)။ တဖက်ကေ လိမ္မာ၊ တတ်ပညာ၊ လာရာလာလတ်၊ ထိပ်ပြက်သျှေမာ ရွှီးပြားချလို့၊ ရွှတ်လိုက်မေ (တေး)
Burmese:
မိမိထံပါးသို့ လာရန် ဖိတ်ခေါ်သည်။ လာရောက်ရန် တိုက်တွန်းသည်။ အမိကိုခေါ်၊ အဖကိုခေါ်၊ လာပါလတ်ကတ် (ဒွေး)။ တဖက်ကေ လိမ္မာ၊ တတ်ပညာ၊ လာရာလာလတ်၊ ထိပ်ပြက်သျှေမှာ ရွှီးပြားချလို့၊ ရွှတ်လိုက်မေ (တေး)
English:
welcome to
Grammar Note:
ကြိယာ
လာရုပ်ရုပ်
[làɹoʊʔɹoʊʔ]
Arakanese:
ဆိုက်ရောက် လာစီလိုပိုင် စောင့်စားနိန်ရေ အားတက် နှစ်သိမ့်ဖွယ် ပိုင် အလာ
Burmese:
ဆိုက်ရောက် လာစေလို၍ စောင့်စားနေသော အားတက် နှစ်သိမ့်ဖွယ် အလား အလာ
English:
welcome to
Grammar Note:
ကြိယာ
လာရူဆုပ်
[làɹùsʰoʊʔ]
Arakanese:
ပေါက်ပေါက် ပွင့်ကို ထန်းညှက်ရည်၊ သကာရည် အစဟိစွာအနိန်နန့် နယ်၍ အလုံးအဆုပ် ပြုလုပ်ထားရေ စားဖွယ်
Burmese:
ပေါက်ပေါက် ပွင့်ကို ထန်းလျက်ရည်၊ သကာရည် စသည်ဖြင့် နယ်၍ အလုံးအဆုပ် ပြုလုပ်ထားသော စားဖွယ်
English:
fistful of food - ball of food
Grammar Note:
နာမ်