Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 861–880 of 1,963 words

    လ

    လိန်ကရာ

    [lèɪɴkɹà]
    အလုံးသွယ်၍ အနံ့မွှီးကြိုင်ပြီး ချိုအီးလီးနက်ရေ အရသာဟိသော နွားစားသရက် တမျိုး။ သပြီထောက်ရှာ၊ ဝယိုင်ရာမာ၊ ပဒေကာ ပဒကာသီး သရက်လိန်ကရာ၊ သီးဩဇာကေ၊ နော်နာများနှင့် (ပန်း)
    အလုံးသွယ်၍ အနံ့မွှေးကြိုင်ပြီး ချိုအေးလေးနက်သော အရသာယှိသော သရက်သီး တစ်မျိုး။ သပြီထောက်ရှာ၊ ဝယိုင်သာမှာ၊ ပဒေကာ သင်္ဘောသီး သရက်လိန်ကရာ၊ သီးဩဇာကေ၊ နော်နာများနှင့် (ပန်း)
    mango
    နာမ်

    လိန်ကရာပိန်ကရာ

    [lèɪɴkɹàpèɪɴkɹà]
    ယှူရေသော သစ်သီးဝလံ
    မအောင်မြင်သော သစ်သီးဝလံ
    useless fruits
    နာမ်

    လိန်ကရာပိန်ကရာ၂

    [lèɪɴkɹàpèɪɴkɹà၂]
    အသားအရီ ကြုံလှီ၍ အင်အား နည်းပါးဗျာယ် တက်ကြွလှုပ်ရှားခြင်း မပြုနှိုင်ရေ
    အသားအရေ ကြုံလှီ၍ အင်အား နည်းပါးလျက် တက်ကြွလှုပ်ရှားခြင်း မပြုနိုင်သော
    skinny
    နာမဝိသေသန

    လိန်ကျာ

    [lèɪɴt͡ɕà]
    ခြီထောက်တဖက် ကာနာသူ
    ခြေထောက်တစ်ဖက် မသန်စွမ်းသူ
    cripple
    နာမ်

    လိန်ကျာပိန်ကျာ

    [lèɪɴt͡ɕàpèɪɴt͡ɕà]
    အသားအရီ ကြုံလှီ၍ အသားနှင့်အရိုး ထိစပ်လုသော
    အသားအရေ ကြုံလှီ၍ အသားနှင့်အရိုး ထိစပ်လုသော
    skinny
    နာမဝိသေသန

    လိန်ကျိလိန်ကျာ

    [lèɪɴt͡ɕìlèɪɴt͡ɕà]
    ခြီထောက်တဖက် ကာနာသူ လမ်းလျှောက် သပိုင်ယှောင်
    ခြေထောက်တစ်ဘက် မသန်စွမ်းသူ လမ်းလျှောက် သကဲ့သို့သော
    crippled
    နာမဝိသေသန

    လိန်ကျီလိန်ကျစ်

    [lèɪɴt͡ɕílèɪɴt͡ɕɪʔ]
    ခြီထောက်တဖက် ကာနာသူ
    ခြေထောက်တစ်ဖက် မသန်စွမ်းသူ
    cripple
    နာမ်

    လိပ်

    [lìaʔ]
    အခွီဖြစ်ယောင် ပတ်ရစ်ထားရေ။ ၂၊ အပြားအချပ် အလိုက် ရစ်ပတ်သည်
    အခွေဖြစ်အောင် ပတ်ရစ်ထားသည်။ ၂၊ အပြားအချပ် အလိုက် ရစ်ပတ်သည်
    roll sth up [as in အိပ်ရာ~] - be rolled up [as in လျှာ~] - (of edges)be curled up [as in အနား~]
    ကြိယာ

    လိပ်၂

    [lìaʔ၂]
    ခေါင်းနှင့် ခြေလက်ရို့ကို ကိုယ်ခွံမာအထဲထဲကို ကျုံ့ဝင်ထွက်နှိုင်သော ရီနီ ကုန်းနီ သတ္တဝါတမျိုး။ (လိပ်အမျိုးအစား ရို့မာ ရီနီ ကုန်းနီဆိုပနာ နှစ်မျိုးဟိ၏။ လိပ်ကမ္ဘာမ၊ တောင်လိပ်၊ လိပ်ငန်းမ၊ ပြင်သာလိပ်၊ သပေါက်စာလိပ်၊ လိပ်ကြည်း၊ ဟင်းညံ့လိပ်၊ လိပ်ပြောက် အစဟိစွာဖ
    ခေါင်းနှင့် ခြေလက်တို့ကို ကိုယ်ခွံမာအတွင်းထဲသို့ ကျုံ့ဝင်ထွက်နိုင်သော ရေနေ ကုန်းနေ သတ္တဝါတစ်မျိုး။ (လိပ်အမျိုးအစား တို့တွင် ရေနေ ကုန်းနေဟူ၍ နှစ်မျိုးယှိ၏။ လိပ်ကမ္ဘာမ၊ တောင်လိပ်၊ လိပ်ငန်းမ၊ ပြင်သာလိပ်၊ သပေါက်စာလိပ်၊ လိပ်ကြည်း၊ ဟင်းညံ့လိပ်၊ လိပ်ပြောက် စသည်ဖ
    tortoise - turtle
    နာမ်

    လိပ်ကမ္ဘာမ

    [lìaʔkm̪a̰b̪a̰àm]
    ရီနီ ပြင်သာလိပ် တမျိုး။ အဝကလေ့၊ ပိုက်ကြီးထောင်၊ အဖျားကလေ့၊ ပိုက်ကြီးဆီး၊ အမင်လိပ်ကမ္ဘာ အောက်က သျှို့လားလီ (ပုံပြင်)
    ရေနေ ပင်လယ်လိပ်ကြီး တစ်မျိုး။ အဝကလည်း၊ ပိုက်ကြီးထောင်၊ အဖျားကလည်း၊ ပိုက်ကြီးဆီး၊ အမင်လိပ်ကမ္ဘာ အောက်က သျှို့လားလီ (ပုံပြင်)
    turtle
    နာမ်

    လိပ်ကုန်း

    [lìaʔkóʊɴ]
    လုံးခြမ်းပုံ။ ခုံးသောပုံ။ လုံးခြမ်းပုံအမိုး
    လုံးခြမ်းပုံ။ ခုံးသောပုံ။ လုံးခြမ်းပုံအမိုး
    dome-like structure
    နာမ်

    လိပ်ကျောက်

    [lìaʔt͡ɕɔ́ɛʔ]
    ဝိုင်းပြားသော ကိုယ်ထည်ဟိ၍ မြီးတံရှည်မာ စူးဟိပြီး အကြီးမဲ့ နောက်ကုန်း၌၊ မာကျောသော ကျောက်တုံးငယ်များ ဟိသော သတ္တဝါတမျိုး
    ဝိုင်းပြားသော ကိုယ်ထည်ယှိ၍ မြီးတံရှည်တွင် ဆူးယှိပြီး အကြေးမဲ့ ကျောကုန်း၌၊ မာကျောသော ကျောက်တုံးငယ်များ ယှိသော သတ္တဝါတစ်မျိုး
    ray - skate
    နာမ်

    လိပ်ကျောက်စူး

    [lìaʔt͡ɕɔ́ɛʔsùး]
    လိပ်ကျောက်၏ ပတုံးတံ အရင်း၌ ပေါက်သော စူးတက်
    လိပ်ကျောက်၏ အမြီးတံ အရင်း၌ ပေါက်သော ဆူးတက်
    sting of a ray
    နာမ်

    လိပ်ကျောက်စွန်

    [lìaʔt͡ɕɔ́ɛʔsʊ̀ɴ]
    ကိုယ်ထည်၌ အတောင်ပိုင် ကျယ်ကားသော စူးတောင် နှစ်ဖက်ဟိ အလွန်ရှည်သော ပတုံးတံဟိသည့် ရီသတ္တဝါ တမျိုး
    ကိုယ်ထည်၌ အတောင်ကဲ့သို့ ကျယ်ကားသော ဆူးတောင် နှစ်ဖက်ယှိ အလွန်ရှည်သော အမြီးတံယှိသည့် ရေသတ္တဝါ တစ်မျိုး
    turtle
    နာမ်

    လိပ်ကျောက်မတုံး

    [lìaʔt͡ɕɔ́ɛʔmtóʊɴ]
    ကျာပွတ်တံပိုင် ရိုက်ရန် အသုံးပြုရရေ လိပ်ကျောက်၏ ပတုံးတံရှည်
    ကျာပွတ်တံကဲ့သို့ ရိုက်ရန် အသုံးပြုရသည့် လိပ်ကျောက်၏ အမြီးတံရှည်
    tail of a sting ray
    နာမ်

    လိပ်ကျွန်း

    [lìaʔt͡ɕʊ́ɴ]
    လိပ်များ ကျင်းယက်၍ ဥချလေ့ဟိသော ပင်လယ်စပ် သဲပြင်ရှည်
    လိပ်များ ကျင်းယက်၍ ဥချလေ့ယှိသော ပင်လယ်စပ် သဲသောင်ပြင်
    sand bank
    နာမ်

    လိပ်ခွပ်

    [lìaʔkʰwaʔ]
    မျက်နှာပြင် ပြန့်ပြူးခြင်း မဟိပဲ စောင်းရွေသော။ ပကတိအတိုင်း မတည်ပဲ ခွေလည်နိန်ရေ
    မျက်နှာပြင် ပြန့်ပြူးခြင်း မယှိပဲ စောင်းရွေသော။ ပကတိအတိုင်း မတည်ပဲ ခွေလည်နေသော
    twist
    နာမဝိသေသန

    လိပ်ခွပ်ကြီး

    [lìaʔkʰwaʔt͡ɕï]
    မျက်နှာပြင် ပြန့်ပြူးခြင်း မဟိပဲ စောင်းရွေသော။ ပကတိအတိုင်း မတည်ပဲ ခွေလည်နိန်ရေ
    မျက်နှာပြင် ပြန့်ပြူးခြင်း မယှိပဲ စောင်းရွေသော။ ပကတိအတိုင်း မတည်ပဲ ခွေလည်နေသော
    twist
    နာမဝိသေသန

    လိပ်ခွံရဖြီး

    [lìaʔkʰwံɹpʰɹï]
    လိပ်ခွံနန့် ပြုလုပ်ထားရေ ဘီး
    လိပ်ခွံဖြင့် ပြုလုပ်ထားသော ဘီး
    tortoise shell comb
    နာမ်

    လိပ်ဂေါင်း

    [lìaʔɡèàɪ́ɴ]
    (ဥပစာ) (လိပ်ရို့ မည်ကပင်ာ အဂေါင်းကို ထွက်လိုက် ဝင်လိုက်ပြု တတ်ကတ်သနန့်) လူရို့စွာလေ့ အလုပ်တခုခုကို စစွဲမမြဲ လုပ်မကိုင်ပဲ တနည်း သျှင်ရဟန်းနန့် အမြဲတစေ မနိန်ဘဲနန့် ဝင်လိုက်ထွက်လိုက် ပြုလုပ်နေစွာကို တင်စားပနာ သုံးနှုန်း ပြောဆိုရေ စကားလုံး
    (ဥပစာ) (လိပ်တို့ မည်သည်မှာ ဦးခေါင်းကို ထွက်လိုက် ဝင်လိုက်ပြု တတ်ကြသဖြင့်) လူတို့သည်လည်း အလုပ်တစ်ခုခုကို စွဲစွဲမြဲမြဲ လုပ်မကိုင်ပဲ သို့မဟုတ် ရှင်ရဟန်းဖြင့် အမြဲတစေ မနေတော့ပဲ ဝင်လိုက်ထွက်လိုက် ပြုလုပ်နေသည်ကို တင်စား၍ သုံးနှုန်း ပြောဆိုသော စကားလုံး
    in and out
    နာမ်