Dictionary Entries
Showing 921–940 of 1,963 words
လ
လိမ်ရစ်
[lèɪɴɹɪʔ]
Arakanese:
အလျားရှည်၍ ပျော့ပျောင်းရေ အရာဝတ္တုများ တခုနှင့်တခု လိမ်ယှက် ပတ်ရစ်နိန်ရေ
Burmese:
အလျားရှည်၍ ပျော့ပျောင်းသော အရာဝတ္တုများ တစ်ခုနှင့်တစ်ခု လိမ်ယှက် ပတ်ရစ်နေသော
English:
twist
Grammar Note:
နာမဝိသေသန
လိမ်လိမ်
[lèɪɴlèɪɴ]
Arakanese:
လိမ်ကောက် ကွေ့ပတ်နိန်ရေ
Burmese:
လိမ်ကောက် ကွေ့ပတ်နေသော
English:
twist
Grammar Note:
နာမဝိသေသန
လိမ်လိမ်တွန့်တွန့်
[lèɪɴlèɪɴtʊ̀ɴ့tʊ̰ɴ]
Arakanese:
မျက်နှာပြင် ပြန့်ပြူးခြင်း မဟိပဲ စောင်းရွေ့သော။ ပကတိအတိုင်း မတည်ပဲ ခွေလည်နိန်ရေ
Burmese:
မျက်နှာပြင် ပြန့်ပြူးခြင်း မယှိပဲ စောင်းရွေ့သော။ ပကတိအတိုင်း မတည်ပဲ ခွေလည်နေသော
English:
twist
Grammar Note:
နာမဝိသေသန
လိမ်လို့တွန့်လို့
[lèɪɴlo̰tʊ̀ɴ့lo̰]
Arakanese:
မဖြောင့်မတ်သော။ မဖြောင့်တန်းသော။ ကွိကောက် နိန်ရေ
Burmese:
မဖြောင့်မတ်သော။ မဖြောင့်တန်းသော။ ကွေ့ကောက် နေသော
English:
twist
Grammar Note:
နာမဝိသေသန
လိမ်လို့တွန့်လို့ခံ
[lèɪɴlo̰tʊ̀ɴ့lo̰kʰံ]
Arakanese:
အခက်အခဲ ဖီးဒဏ် အန္တရာယ်စစွာကို အားတင်း၍ ကြံ့ကြံ့ခံသည်
Burmese:
အခက်အခဲ ဘေးဒဏ် အန္တရာယ်စသည်ကို အားတင်း၍ ကြံ့ကြံ့ခံသည်
English:
forbear
Grammar Note:
ကြိယာ
လို
[lÒ]
Arakanese:
ရချင်ရေ။ ဆန္ဒဟိရေ။ ၂၊ သဖောချင်း တိုက်ဆိုင် ညီညွတ်ရေ။ ၃၊ သဖောကျရေ။ စုံမက်ရေ။ ၄၊ ကျန်ဟိစွာကို ဖြည့်ရန် ဟိသည်
Burmese:
ရချင်သည်။ ဆန္ဒယှိသည်။ ၂၊ သဘောချင်း တိုက်ဆိုင် ညီညွတ်သည်။ ၃၊ သဘော ကျသည်။ စုံမက်သည်။ ၄၊ ကျန်ယှိသည်ကို ဖြည့်ရန် ယှိသည်
English:
want need lack [as in အလုပ်~] wish for desire [as in သာယာမှုကို~] short of a certain point of reference [as in အလုပ်လုပ်ရန် ငါးမိနစ်~၊ သိုက်မပြည့် ဘူးဝက်~]
Grammar Note:
ကြိယာ
လို့
[lo̰]
Arakanese:
စကား ပြောရာမာ ပြောဆိုကတ်ောင်း ကြိယာမျိုးနန့် အပြောခံကြောင်း ပြောရာမာ စပ်၍ သုံးသော စကားလုံး။ မဖြူ-ထမင်းဖိ သောက်လို့ ပြီးကတ်ဗျာလား (အရပ်)
Burmese:
စကား ပြောရာတွင် ပြောဆိုကြောင်း ကြိယာမျိုးနှင့် အပြောခံကြောင်း ပြောရာတွင် စပ်၍ သုံးသော စကားလုံး။ မဖြူ-ထမင်းစားလို့ သောက်လို့ ပြီးကတ်ဗျာလား (အရပ်)
English:
(part) [ colloq ] particle used in conjunction with interrogatives လား၊ လဲ၊ စွာ to denote immediacy [as in လမ်းလျှောက်~လား။ ဇာလို~လဲ။ ဇာလားဖို့~စွာ။] particle suffixed to a verb for emphasis [as in စား~၊ သောက်~ပြီးကတ်ဗျာလား] particle prefixed to verbs
Grammar Note:
သမ္ဗန္တ
လိုက်
[laɪʔ]
Arakanese:
လိုနိန်ရေမာ ထပ်မံ ဖြည့်စွက်ရေ။ ၂၊ တဦးတယောက် လားရာ နောက်ကို အရာတဦးက လားရေ။ ၃၊ တခုတရီကို မီအောင် နောက်ခါ အဗြီးအလွှား လားရေ။ ၄၊ အသက်မွီးမှု တခုခုမာ ပါဝင် လုပ်ကိုင် ဆောင်ရွက်ရေ။ ၅၊ (နွယ်စဉ်အတိုင်း) တူညီစွာ ဖြစ်တေ။ နပျိုးပင်စိုက် ပုံ
Burmese:
လိုနေသည်တွင် ထပ်မံ ဖြည့်စွက်သည်။ ၂၊ တစ်ဦးတစ်ယောက် သွားရာ နောက်သို့ အခြားတစ်ဦးက သွားသည်။ ၃၊ တစ်စုံတစ်ခုကို မီအောင် နောက်မှ အပြေးအလွှား သွားသည်။ ၄၊ အသက်မွေးမှု တစ်ခုခုတွင် ပါဝင် လုပ်ကိုင် ဆောင်ရွက်သည်။ ၅၊ (နွယ်စဉ်အတိုင်း) တူညီစွာ ဖြစ်သည်။ နပျိုးပင်စိုက် ပုံ
English:
follow [as in ယင်းသူ့နောက်က~] chase - hunt [as in တော~၊ အမဲ~] pursue - go after follow some course of action [as in မျက်နှာ~၊ အဖော်~၊ ခိုးရာ~] (a) pursue a particular vocation [as in တောခိုး~၊ အငှါး~၊ ဇာတ်ထဲ~] - (b) indulge in some activity with abando
Grammar Note:
ကြိယာ
လိုက်၂
[laɪʔ၂]
Arakanese:
တခုတရီ အရာဝတ္တု၏ အဟိကို အဟိတရားအတိုင်း ဖော်ပြရာမာ သုံးသော စကား။ (ရာလိုက်၊ ထောင်လိုက်၊ အပုံလိုက်၊ အလုံးလိုက်၊ အုပ်လိုက်၊ အစုလိုက် စရေ အသုံး ဟိရေ။
Burmese:
တစ်စုံတစ်ခု အရာဝတ္တု၏ အယှိကို အယှိတရားအတိုင်း ဖော်ပြရာတွင် သုံးသော စကား။ (ရာလိုက်၊ ထောင်လိုက်၊ အပုံလိုက်၊ အလုံးလိုက်၊ အုပ်လိုက်၊ အစုလိုက် စသည့် အသုံး ယှိသည်။
English:
emphatic particle suffixed to verbs and adjectives after collocating with ပါ၊ သည်၊ စွာ [as in ပြော~ပါ၊ ပီး~ပါ၊ လှ~စွာ] particle suffixed to nouns to form adverbs indicating adherence to a certain form [as in အလျား~၊ အစု~၊ အပုံ~၊ အလုံး~] word to denote
Grammar Note:
ပစ္စည်း
လိုက်ကာ
[laɪʔkà]
Arakanese:
အခန်းကို ခြားဆီးရန် ဖြစ်စီ၊ မမြင်ရရောင် အကာအရံ ဖြစ်စီ ရွိ့ပြောင်း အသုံးပြုနှိုင်ရေ အကာ
Burmese:
အခန်းကို ခြားဆီးရန် ဖြစ်စေ၊ မမြင်ရအောင် အကာအရံ ဖြစ်စေ ရွေ့ပြောင်း အသုံးပြုနိုင်သော အကာ
English:
movable or folding screen
Grammar Note:
နာမ်
လိုက်စား
[laɪʔsá]
Arakanese:
တူညီ မျှတမှု မဟိပဲ တဖက်ဖက်သို့ ပင်းရေ။ တဦးတယောက် ဖက်သို့ ပါရေ။ ၂၊ ဖြစ်ချင်ရ ဖြစ်ခြင်း သဘောကို စွဲ၍ ပြုလုပ်ဗလင့် ဟိရေ။ သူ့အကျင့်နန့်သူ၊ အပျော်အပါးကို လိုက်စား တတ်တေ (အရပ်)
Burmese:
တူညီ မျှတမှု မယှိပဲ တဖက်ဖက်သို့ ပင်းသည်။ တစ်ဦးတစ်ယောက် ဖက်သို့ ပါသည်။ ၂၊ ဖြစ်ချင်ရ ဖြစ်ခြင်း သဘောကို စွဲ၍ ပြုလုပ်လေ့ ယှိသည်။ သူ့အကျင့်နန့်သူ၊ အပျော်အပါးကို လိုက်စား တတ်တေ (အရပ်)
English:
study things assiduously [as in ဂီတ~-] indulge in some activity [as in အပျော်အပါး~-] [obs] comply with [as in သူ့သဘောကို~-]
Grammar Note:
ကြိယာ
လိုက်တမ်းပြီးတမ်း
[laɪʔtáɴpɹïtáɴ]
Arakanese:
ပါဝင်ရေ အချေတစုက ပြေးပြီးကေ အချေ တယောက်က လိုက်ကာ ထိမိအောင် ဖမ်းရရေ ကစပ်နည်း
Burmese:
ပါဝင်သော ကလေးတစ်စုက ပြေး၍ ကလေး တစ်ယောက်က လိုက်ကာ ထိမိအောင် ဖမ်းရသော ကစားနည်း
English:
game of tag - run and catch game
Grammar Note:
နာမ်
လိုက်ထုတ်
[laɪʔtʰoʊʔ]
Arakanese:
နီရာမှ ထွက်ခွာ လားလီရေ။ မောင်းထုတ်သည်
Burmese:
နေရာမှ ထွက်ခွာ သွားစေသည်။ မောင်းထုတ်သည်
English:
chase
Grammar Note:
ကြိယာ
လိုက်နာ
[laɪʔnà]
Arakanese:
ပြောဆိုဆုံးမချက် စည်းကမ်းဥပဒေ အစဟိစွာမာ ပါရေအတိုင်း လိုက်နာ ဆောင်ရွက်သည်
Burmese:
ပြောဆိုဆုံးမချက် စည်းကမ်းဥပဒေ စသည်တွင် ပါသည့်အတိုင်း နာခံ ဆောင်ရွက်သည်
English:
follow or observe (rules regulations advice instruction)
Grammar Note:
ကြိယာ
လိုက်ပို့
[laɪʔpo̰]
Arakanese:
တယောက်ယောက် ဖဲခွာ ထွက်လှားရာအထိ တတူလားရေ။ မိသားတစု လီဆိပ်အထိ လိုက်ပို့ ခီရေ (အရပ်)
Burmese:
တစ်စုံတစ်ဦး ဖဲခွာ ထွက်သွားရာအထိ အတူသွားသည်။ မိသားတစ်စု လီဆိပ်အထိ လိုက်ပို့ ခီရေ (အရပ်)
English:
send off [as in ဘုတ်ဆိပ်ကို~ရေ] accompany [as in ရုပ်ရှင်~]
Grammar Note:
ကြိယာ
လိုက်ပါ
[laɪʔpà]
Arakanese:
တယောက်ယောက်အား အဖော်ပြုပနာ တတူ လားလာရေ။ လီယာဉ်ပျံနန့် စစ်တွေသို့ လိုက်ပါလတ်ခရေ (အရပ်)
Burmese:
တစ်စုံတစ်ဦးအား အဖော်ပြု၍ အတူ သွားလာသည်။ လီယာဉ်ပျံနန့် စစ်တွေသို့ လိုက်ပါလားခရေ (အရပ်)
English:
accompany
Grammar Note:
ကြိယာ
လိုက်ဖက်
[laɪʔpʰɛʔ]
Arakanese:
တခုနှင့်တခု ဆက်စပ်နိန်ရေ။ အမှီအတွယ် အဆင်ပြေရေ။ တခုနှင့်တခု နိူင်းဖက်ပြေညီသည်
Burmese:
တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။ အမှီအတွယ် အဆင်ပြေသည်။ တစ်ခုနှင့်တစ်ခု ယှဉ်ဖက်ပြေညီသည်
English:
go well with - be compatible - match
Grammar Note:
ကြိယာ
လိုက်ယူ
[laɪʔjù]
Arakanese:
တယောက်ယောက် နောက်ကို ထပ်ကြပ်လိုက်ဗျာယ်။ မောင်ပန်းဦးကို မီအောင် လိုက်ယူကတ်(အရပ်)
Burmese:
တစ်စုံတစ်ဦး နောက်သို့ ထပ်ကြပ်လိုက်လျက်။ မောင်ပန်းဦးကို မီအောင် လိုက်ယူကတ်(အရပ်)
English:
along with go after
Grammar Note:
ကြိယာဝိသေသန
လိုက်လယော
[laɪʔljɔ́]
Arakanese:
တယောက်ယောက်၏ အလိုဟိသည့်အတိုင်း ဖြစ်စီရေ။ တပါး သူ၏ လိုချင်ဖြစ်ချင်ရေ့ သဘောသို့ ပါရေ
Burmese:
တစ်စုံတစ်ဦး၏ အလိုဟိသည့်အတိုင်း ဖြစ်စေသည်။ တစ်ပါး သူ၏ လိုချင်ဖြစ်ချင်သည့် သဘောသို့ ပါသည်
English:
comply with
Grammar Note:
ကြိယာ
လိုကျိုးမရ
[lÒt͡ɕómɹ]
Arakanese:
အလိုဟိတိုင်း မပြည့်စုံ ဖြစ်တေ။ ၂၊ အားကိုးအားထားမရ ဖြစ်တေ
Burmese:
အလိုယှိတိုင်း မပြည့်စုံ ဖြစ်သည်။ ၂၊ အားကိုးအားထားမရ ဖြစ်သည်
English:
wishes are not fulfilled - useless
Grammar Note:
ကြိယာ